Skip to product information
1 of 4

Other Websites

ဖေမြင့် - စာအုပ်ကမ္ဘာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစကား 

စာသမားသည်။ အကြောင်းအချက်ကို သိလို၍ စာဖတ်၏။

စာထဲက ဇာတ်လမ်းဇာတ်ကွက်တို့တွင် နစ်မျောရသော အရသာကို နှစ်သက်၍လည်း စာဖတ်၏၊

အလားတူ စာကပေးသော အသိသစ် အမြင်သစ် ခံစားမှု အသစ် တို့ဖြင့် ထက်သန်လှုပ်ရှားခြင်းကြောင့်လည်း စာဖတ်၏၊

 

အကြောင်းအမျိုးမျိုးတို့ဖြင့် စာဖတ်ရင်း စာသမားသည် စာ၌ မွေ့လျော်သကဲ့သို့ စာအုပ်ဟူသည်ကို စွဲမက်လာ၏ စာအုပ်စာပေ ရေးသားသူတို့ကို ရင်းနှီး ခင်တွယ်လာသကဲ့သို့၊ စာဖတ်သမား အချင်းချင်းကိုလည်း မိမိနှင့် အရင်းအချာများသဖွယ် မှတ်ယူလာ၏။

 

သည်အခါ စာသမားအဖို့ စာအုပ်များထဲက အကြောင်း အချက်နှင့် ဇာတ်လမ်းဇာတ်ကွက်များသာမက၊ စာရေးသူတို့၏ ဘဝအတ္ထုပ္ပတ္တိများသည်လည်းကောင်း၊ စာအုပ်များကိုယ်တိုင်၏ ရာဇဝင်သမိုင်းတို့သည်လည်းကောင်း၊ သိချင်မှတ်ချင်စရာ၊ ဆင့်ကမ်း မျှဝေစရာ အကြောင်းခြင်းရာများ ဖြစ်၍လာပေသည်။ ။

 

တစ်နည်းပြောရသော်၊ စာ၌ မွေ့လျော်ရင်း စာအုပ်ကမ္ဘာသို့ ဖြန့်ကြက်ရောက်ရှိလာခြင်း ဖြစ်သည်။

“စာအုပ်ကမ္ဘာ” ဟု အမည်ပေးထားသည့် ယခုစာအုပ်ကို စာချစ်စိတ် ရင့်သန်သော အဆိုပါ စာသမားတို့အတွက် ရွယ် ပြုစုခဲ့ခြင်း ဖြစ်ပါသည်။

 

သည်စာအုပ်တွင် အဓိကအားဖြင့်၊လူအများကို လှုပ်ရှားတက်ကြွစေခဲ့သော အသိသစ် အမြင်သစ် ပေးသော၊ ထိုနောက်၊ ထိုအသိအမြင် ထိုလှုပ်ရှားမှုများ အားဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲစေခဲ့သော စာပေများ၊ ... တစ်နည်း ဆိုရသော် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အယူအဆနှင့် အရေးအသား များ

သည့်အပြင်၊ ရွံ့စေးပြားပေါ်မှာ၊ ကျောက်သားပြင်မှာ ကျူချပ်လွှာပေါ်မှာ သားရေပါးလွှာထက်မှာ၊ စက္ကူပေါ်မှာ ထိုနောက်တွင် အီလက်ထရွန်နစ် ပစ္စည်းများပေါ်မှာ ရေးသားဖြန့်ချိခဲ့ကြသည့် စာအုပ် စာတမ်းများနှင့် အဆိုပါ အသွင်သဏ္ဌာန် အမျိုးမျိုးရှိသော စာအုပ် စာတမ်းတို့ကို စုစည်းသိုမှီးရာ အသိပညာ ဘဏ္ဍာတိုက်များဖြစ်သည့် ခေတ်အဆက်ဆက်က စာကြည့်တိုက်ကြီးငယ်များ။

 

ထိုနောက်၊စောင်ရေ သန်းချီရောင်းချရသည့် စာအုပ်၊ လေလံပွဲမှာ တန်ဖိုး ကြီးပေးဝယ်ကာ တရိုတသေ သိမ်းဆည်းရသည့် ရှားပါးစာအုပ်၊ စာချစ်သူလောကမှာ ကိုးကွယ်သလောက်နီးပါး အမြတ်တနိုး တန်ဖိုး ထားခြင်း ခံရသော စာအုပ်၊ မလိုလားသူ အသိုင်းအဝိုင်းက တွေ့ရာ သင်္ချိုင်း မဆိုင်း ဟုလိုက်လံရှာဖွေ ဖော်ထုတ်ဖျက်ဆီးခြင်း ခံရသော စာအုပ်၊ လူအများအတွက် အန္တရာယ်ဖြစ်စေသည် ဟူ၍ ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း၊ မီးပုံရှို့ခြင်း ခံရသည့် စာအုပ်၊ ... စသည့် စသည့် စာအုပ်များ။ ထိုနောက်၊ပညာရှိ ကဝိစာဆိုကြီး၊ ပါရမီထူးကဲသော ဖန်တီးရှင်ကြီး စသဖြင့် အလေးအမြတ်ပြုခြင်း ခံရသည့် စာရေးသူများ၊ မထင်မရှား မွဲမွဲတေတေ နှစ်ပေါင်းများစွာ နေခဲ့ပြီး တစ်ချိန်သောအခါ၌ မိမိ၏ တစ်ခုသောလက်ရာကြောင့် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက် ရှိကြသူများ၊ ထို့အပြင်၊.. စာအရေးအသားအတွက် ထောင်သွင်း အကျဉ်းချခြင်း၊ ကားစင်တင်၍ စီရင်ခြင်း၊ မိမိရေး သော စာအုပ်များနှင့်အတူ မီးရှို့သုတ်သင်ခြင်း ခံရသည့် စာရေး ဆရာများ၊ ကျမ်းပြု ပုဂ္ဂိုလ်များ။

 

ထိုနောက်၊စာမသင်ရ၊ စာမဖတ်ရ ဟု ကြီးလေးသောပြစ်ဒဏ်များနှင့် တကွ ကွပ်ညှပ်ထားသည့်ကြားက စာတစ်လုံးချင်း ပေါင်းဖတ်ကာ စာအုပ် ကမ္ဘာထဲ စွန့်စားဝင်ရောက်ခဲ့သူများ၊ စာကြည့်တိုက် စာအုပ်သိုက် များကြားမှာ တစ်သက်တာပတ်လုံး နှစ်မြုပ်ပျော်မွေ့ ခဲ့ကြသူများ၊ မိမိတို့ ယုံကြည်မြတ်နိုးစွာ ဆည်းပူးရယူခဲ့သည့် စာအုပ်ထဲက အသိ ပညာများအတွက် အရှင်လတ်လတ် မြေမြှုပ် စီရင်ခြင်း အပါအဝင် အန္တရာယ်မျိုးစုံကို ရပ်တည်ရင်ဆိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ... ။

စသည့် စသည့် ... စာနှင့် နှီးနွယ်သော၊ သို့မဟုတ် “စာအုပ်” နှင့် ဆက်စပ်ပတ်သက်သော အကြောင်းအရာစုံတို့ကို မိတ်ဆွေ ရင်းချာချင်း ဆင့်ကမ်းမျှဝေသော သဘောဖြင့် စုစည်း

ဖော်ပြ ပေးထားရာ၊ စာသမားတို့ စိတ်ဝင်စားနိုင်ကြလိမ့်မည် ဟုမျှော်လင့် ယုံကြည်မိပါသည်။

စာဖတ်သူအားထာ၀စဥ်လေးစားလျက်

ဖေမြင့်

 

 

ချစ်စရာ စာကြည့်တိုက်ကလေး

 

အခါအခွင့်သင့်၍ နိုင်ငံရပ်ခြားသို့ အခိုက်အတန့် ရောက်ရှိသည့် အခါတိုင်း စာကြည့်တိုက်များ စာအုပ် ဆိုင်ကြီးများသို့ ကျွန်တော် အပြေးအလွှား သွား ရောက်လေ့ရှိသည်။ တိုင်းတစ်ပါးတွင် စိတ်ဝင်စား စရာတွေ ပေါများလှပါသည်။ သို့သော် ထူးခြားသည့် အရာ မှန်သမျှကို လိုက်လံမောနေဖို့ မဖြစ်နိုင်ရာ၊ ရရှိသည့် အချိန်ကလေးတွင် မိမိနှင့် အသက်ဆိုင် ကဏ္ဍ၌ အာရုံစိုက်ရခြင်း ဖြစ်သည်။

 

စာကြည့်တိုက်နှင့် စာအုပ်ဆိုင် အနက် စာအုပ်ဆိုင်ကို ကျွန်တော် ပိုသဘောကျသည်။ အကြောင်းက ကိုယ့်မှာပါသောငွေကြေးနှင့် တိုင်းတာကာ အနှစ်သက်ဆုံး စာအုပ်တချို့ကိုတော့ ဝယ်ယူ နိုင်ခြင်းကြောင့် ဖြစ်သည်။ စာကြည့်တိုက်မှာမူ ကိုယ်က ခဏတစ်ဖြတ်လာသည့် ဧည့်သည်ဖြစ်ရာ တစ်အုပ်တလေ ငှားရမ်း ဖတ်ရှုဖို့ပင် မဖြစ်နိုင်၊ မြောက်မြားလှစွာသော စာအုပ်စာတမ်းများကို ပြည် တစ်ခုကြည့်သလို တအံ့တဩ မောင်း စိတ်ထဲမှာ အမြဲ မသက်မသာ ခံစားရလေ့ရှိသည်။

 

မည်သို့ဆိုစေ၊ တလောက စင်ကာပူနိုင်ငံသို့ ရောက်သည့်အခါမှာလည်း စာအုပ်ဝါသနာပါသော လူငယ်လေးများနှင့်အတူ အမျိုးသားစာကြည့်တိုက်ကြီး သို့ သွား၍ ကြည့်ရှုဖြစ်ပြန်ပါသည် စာကြည့်တိုက်က အထပ်တွေများလှသည်။ တစ်ထပ်စီမှာလည်း စာအုပ်တွေ အမြောက်အမြား၊ သည်စာအုပ်တွေကို လှန်လှော ကြည့်ရှုနေနိုင်သော အခြေအနေ မရှိသို့သော် ရောက်တုန်း ရောက် ခိုက် အထပ်စုံအောင် တက်ကြည့်ဖြစ်သည်။ စာအုပ်စင်တွေ တစ်မျှော်တစ်ခေါ် ရှိသည့် ခန်းမကြီးများကို အပြေးအလွှား တစ်ပတ်ပြည့်အောင် ပတ်ကြည့်သည်။ စာအုပ်စင်တွေ ဘေးက ပတ်လျှောက်ရင်း စင်မှာရေးထိုးထားသည့် ဘာသာရပ် အမည်တွေ ဖတ်ကြည့်ကာ ပိုစိတ်ဝင်စားမိသော စင်တစ်ခုတလေမှ စာအုပ် တစ်အုပ်တလေလောက် ကောက်ဆွဲကြည့်မိသည်။

 

ခြေထောက်ညောင်းလျှင် တစ်နေရာမှာထိုင်ကာ လက်သင့်ရာစာတစ်အုပ်ကို ကိုင်ရင်း စာကြည့်တိုက်၏ ခေတ်မီသစ်လွင်သော အခင်းအကျင်း အဆင်အပြင်များကို ကြည့်ရှုသည်။ သည့်နောက်တွင်တော့ စာကြည့်တိုက် သုံးစွဲပုံ စာအုပ်ငှားရမ်းပုံ၊ ပြန်အပ်ပုံစသည်များကို ဗဟုသုတ အလို့ငှာ မေးမြန်း မှတ်သားခဲ့ပြီးလျှင် ကိုယ်နှင့် မဆိုင်သော ကိစ္စကို ခပ်မြန်မြန် သံယောဇဉ် ဖြတ်ကာ စာကြည့်တိုက်ထဲက ထွက်လာခဲ့မိသည်။

 

သို့သော်စင်ကာပူနိုင်ငံမှာပဲကျွန်တော့်မိတ်ဆွေများနေထိုင်ရာရပ်ကွက်ရှိနယ်မြေစာကြည့်တိုက်ကလေးသို့ ရောက်သည့်အခါ၌မူ ကျွန်တော် အတော်ပင် ကြည်နူးသွားမိသည်။ မြို့လယ်ကောင်က အထပ်ပေါင်းများစွာ မြင့် သည့် စာကြည့်တိုက်ကြီးကို တစ်ခေါက်ရောက်ခဲ့ဖူးသဖြင့် နည်းနည်းဘဝင်မြင့်ချင် နေသော ကျွန်တော့်မျက်စိထဲတွင် သည်စာကြည့်တိုက်က သေးသေးလေး ဖြစ်နေသည်။ သို့သော်၊ တကယ်ကမူ အထပ်သုံးထပ်ပါသည့် အဆောက်အအုံ တစ်ခု ဖြစ်ပါသည်။ အပေါ်ဆုံးထပ်မှာ ပြပွဲ၊ ကပွဲ၊ ဆွေးနွေးပွဲ စသည်များ ကျင်းပသည့် အခန်းများရှိပြီး အောက်နှစ်ထပ်က စာအုပ်စင်များ စာဖတ်ခန်း များ ဖြစ်သည် ။

 

အောက်ဆုံးထပ်မှာရှိသည့် ကလေးသူငယ်များဆိုင်ရာ စာအုပ်ခန်း၊ စာဖတ်ခန်းများ ဘက်သို့ ကျွန်တော် အရင်ဝင်ကြည့်ဖြစ်သည်။

ပထမဆုံး သတိပြုမိလိုက်သည်က ဆေးရောင်စုံခြယ်ထားသော တိုက် ကလေးများပုံစံ ပြုလုပ်ထားသည့် စာအုပ်စင်ကလေးများ ဖြစ်သည်။ ကလေး တစ်ရပ်သာသာလောက် ရှိသည့် စင်အီမ်ကလေးများတွင် စာအုပ်တွေ အစီအရီ ထည့်ထားသည်။ စာအုပ်စင်များမှာ စာအုပ်အမျိုးအစားများအပြင် ၎င်းစာအုပ် များနှင့် အဓိကသက်ဆိုင်သော အသက်အရွယ်ကိုလည်း ရေးထိုးထားသည်။ အသက်အငယ်ဆုံးက 0 - 4 (ဇီးရိုး-တူ-ဖိုး) တဲ့။ ၄ နှစ်အောက် ကလေးများ အတွက် စာအုပ်များ။ အသက်သုညဆိုသည်က အမိဝမ်းတွင်းမှ ကျွတ်တံဆဲဆဲ ဖြစ်သည်။ ကျွတ်လျှင် သုညထက်ကျော်ပြီ။ အဲဒါဆိုလျှင် သည်စာအုပ်စင် စာအုပ်ခန်းနှင့် သက်ဆိုင်ပြီ။

 

သို့သော် သုညတင်းတင်း မပြည့်သေးသူ တစ်ယောက်လည်း သူ့အစ်ကိုအစ်မများနှင့်အတူ အမိဝမ်းတွင်းမှ လိုက်ပါကာ စာအုပ်စင်တွေကြား လျှောက်သွားနေတာ သတိပြုမိသည်း တစ်နှစ်မပြည့် တပြည့် ကလေးတစ်ယောက်ကတော့ ကုလားထိုင်ပေါ်မှာရပ်ကာ ပါးစပ်က ဗူးဝါးဝါးအော်ရင်း ကွန်ပျူတာခလုတ်တွေ လျှောက်နှိပ်နေသည်။ စင်အိမ်ကလေးများအနီးရှိ ဆေးရောင်စုံ မီးရထားတွဲကလေးပေါ်တွင် ကလေး နှစ်ယောက်သုံးယောက် စာထိုင်ဖတ်နေကြသည်။

 

စာအုပ်သမားလေးတချို့ စင်ပေါ်က စာအုပ်တွေ ဆွဲယူနေကြတာတွေ့ရသည်။ စာအုပ်တွေကို ဖတ်သူကဖတ်၊ လျှောက်လှန်သူက လှန်နေသည်။ ကလေးတစ်ယောက်က စာအုပ်ကို တစ်ရွက်ချင်းလှန်ပြီး ရုပ်ပုံတွေကို လက်ညှိုး ထိုးကာ တစ်ကိုယ်တည်း တီးတိုးရေရွတ်ဖတ်ရှုနေသည်။ သူ့စာအုပ်မှာ စာမပါ။ ရုပ်ပုံတွေချည်း ဖြစ်သည်။ ကလေးတစ်ယောက်ကတော့ သူ စောစောက စင်များပေါ်မှ ယူ၍ကြည့်ခဲ့သည့် စာအုပ်တစ်ထပ်ကို ဖတ်ပြီးစာအုပ်များ ပြန် ထည့်ရန် ဟုစာတမ်းထိုးထားသည့်ကြီးထဲသို့ တစ်အုပ်ပြီးတစ်အုပ် ထည့်နေသည်။ စာကြည့်တိုက်များ ထုံးစံအတိုင်း သည်စာအုပ်တွေကို နောက်တော့မှစာကြည့်တိုက်ဝန်ထမ်းများက သက်ဆိုင်ရာ စင်အသီးသီးရှိ၎င်းတို့နေရာ များမှာ အစီအစဉ်တကျ ပြန်ထားပေးကြမည် ဖြစ်သည်။

 

0.4 ရှိသလို 5 - 6 ရှိသည်။ 5 - 9 ရှိသည် 10-12 ရှိသည်။ ပြီးလျှင် သူတို့ထက် ကြီးသွားသည့် ကလေးများ၊ လူငယ်များ အတွက် 13-19 ရှိသည်။

 

ကလေးတွေအတွက် သိလိုသမျှ ဖြေကြားပေးနေသည့် စာအုပ်အကြံ ပေး စာကြည့်တိုက်မှူးလည်း ရှိသည်။ ဘယ်စာအုပ် ဖတ်ရမှန်း မသိသူကို လမ်းညွှန်သည်။ ဘယ်စာအုပ်မျိုး ဖတ်ချင်သည် ဆိုသူကို ရှာဖွေပေးသည်။

 

ကျောင်းက ဘယ်ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးခိုင်းလိုက်သည်၊ အဲဒါ ဘယ် စာအုပ်တွေ ဖတ်ရမလဲ မေးလာသူအားလည်း ဘယ်စာအုပ် ဘယ်စာအုပ်ကို ဖတ် ဟူ၍ ရွေးချယ်ငှားရမ်းပေးသည်။

ကလေးငယ်များကို ရုပ်ပုံတွေချည်းပါသော စာအုပ်တစ်မျက်နှာလုံးမှာ စာတစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါသည့် စာအုပ်တွေ ဖတ်စေပြီးသော် လူကြီးမိဘများ သိမှတ်ယုံကြည်ထားသည့် အသိသညာများ၊ ကောင်းသည် မှန်သည် လိုက်နာကျင့်သုံးအပ်သည် ဟုခံယူထားသော အယူအဆများ ကလေး တို့ ဦးခေါင်းထဲ စိမ့်ဝင်ရောက်ရှိစေမည့် စာများကို ရုပ်ပုံများ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ပေးပြန်သည်။ သည်လို စာအုပ်မျိုးတွေ စုဝေးထားရှိသည့် စာအုပ်စင် အိမ်ကတစ်မှာ ရေးထိုးထားသည့် အမည်က Corp Books for 5-6 Years Old ဟူ၍ဖြစ်သည်။ concept ဆိုသည်မှာစောစောကပြောသည့် အသိအမြင် အမှတ်သညာများ ဖြစ်သည်။

 

ဥပမာ ဆိုပါစို့။

စာတစ်ပုဒ်မှာ ဒိုဒို (Dodo)ဆိုသော ငှက်ကြီးတစ်ကောင်ပုံကို ရေးခြယ် ပြထားသည်။ ငှက် (bird) အမျိုးအစား ဖြစ်သော်လည်း လေမှာမပျံနိုင်။ ကြက်ဆင်ထက်ကြီးသည်။ သို့သော် တောင်ပံက သူ့ခန္ဓာကိုယ်နှင့် စာသော်သေးသေးလေး။ အမြီးလည်း သေသေချာချာ မရှိ။ ရုတ်တရက်ကြည့်သော် သူ့ပုံက ကြက်မမြီးတိုကြီးနှင့် တူသည်။ သို့သော် နှုတ်သီးနှင့် ခြေထောက်ကြီး များကတော့ လင်းယုန်လိုလို လင်းတလိုလို။

 

သည်ငှက်ကြီးအကြောင်းကို စိတ်ဝင်စားအောင် ပြုပြီးသည့်နောက် တွင်မူ၊ ဒိုဒိုကြီးကို တိရစ္ဆာန်ရုံမှာ သွားကြည့်ရင်တော့ မြင်ရမှာ မဟုတ်ဘူးကွာ ဘာကြောင့်လဲဆိုတော့ သူ့ခမျာ မရှိရှာတော့ဘူး၊ သူက လေထဲလည်း မပျံနိုင်၊ မြန်မြန်လည်း မပြေးနိုင်တော့ လူတွေ တခြားတိရစ္ဆာန်တွေ နှိပ်စက်သတ်ဖြတ် သမျှ ခံရတာပေါ့။ အခု သူတို့အမျိုးတွေ တစ်ကောင်မှ မရှိကြတော့ဘူး၊ စသဖြင့် ရေးသားကာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ လောက်က မျိုးပြုတ်သွားသော ဒိုဒိုငှက်ကြီးများအတွက် ကလေးရင်ထဲမှာ နှမြောစိတ်၊ သနားကြင်နာစိတ် ဝင်လာအောင် ဖန်တီးပေးသည်။ ရှားပါးသတ္တဝါများ မျိုးမပြတ်အောင် ထိန်းသိမ်းရန် လိုအပ်ပုံ သဘာဝပတ်ဝန်းကျင်များ မပျက်စီးအောင် ကာကွယ် စောင့်ရှောက်သင့်ပုံ စသည့် လူကြီးများ၏ အမြင်အတွေးများကို နှောက် အသိဉာဏ်ဖြင့် မစဉ်းစား နားမလည်တတ်သေးမီမှာပင် ကလေး: နှလုံးသား က ခံစားနားလည်မိသွားအောင် ကြိုတင်ပြင်ဆင်ပေးထားသော သဘောပင်။

 

| concept စာအုပ်တွေကို စိတ်ဝင်တစား လျှောက်လှန် ဖတ်ရှုရင်း ကလေးများအဖို့ မိမိ ကြီးပြင်းကျင်လည်ရမည့် လူ့အဖွဲ့အစည်း၏ အမှတ် သညာများ အလေးအနက်ပြုသောအရာ တန်ဖိုးထားသောအရာများ၊ မှန် မှား မှတ်ချက်များနှင့် တစ်စတစ်စ ကျွမ်းကျင်ယဉ်ပါးခွင့် ရစေပေသည်။

အလားတူ၊ ကလေးများအား ပန်းချီအနုပညာ ခံစားတတ်အောင် ကွန့်မြူးတတ်သောဉာဏ် ရှိလာအောင်းသဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စား တတ်အောင်းကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ မိသားစုဘဝ စသည်တို့ဆိုင်ရာ အသိဉာဏ် ဗဟုသုတများ တစ်စချင်း ပြည့်ဝလာအောင် ပြည့်တင်းပေးမည့် စာအုပ်စာတမ်းတွေလည်း အသက်အရွယ် အဆင့်အတန်းအလိုက် စီစဉ် ထားသည်။

သို့သော် ကလေးတွေ ပိုမိုနှစ်သက်ကြသည်က ပုံပြင်စစ်စစ်များ ဖြစ် သည်။ ၆ နှစ်မှ ၉ နှစ်အရွယ် ကလေးတွေအတွက် ၎င်းတို့၏ စာဖတ်နိုင်စွမ်း နှင့် လျော်ညီသည့် ပုံပြင်စာအုပ်ကလေးတွေ၊ ၁၀ နှစ်မှ ၁၂ နှစ်အထိ ကလေး တွေအတွက် ပို၍ ထူထူထဲထဲရှိလာသည့် ဂန္တဝင်နှင့် ခေတ်သစ်ပုံဝတ္ထုတွေ အများအပြား ရှိနေသည်။ ။

စာအုပ်တွေ ဖတ်ရှုခွင့် ငှားရမ်းခွင့်ရအောင် စုစည်းစီစဉ်ပေးထားတာ အပြင် ကလေးများအတွက် စာဖတ်အရည်အသွေးရော ပေါင်းသင်းဆက်ဆံ

နေပါ တိုးတက်အောင် ကိုယ်ပိုင်ဉာဏ်ထုတ်သည့် အလေ့အထရအောင် ဖန်တီးပေးထားသည့် အထူးအစီအစဉ်လေးများလည်း ရှိသေးသည်။ ။

ဥပမာ၊ ကလေးအချင်းချင်း ပုံပြင်ဖတ်ပြသော အစီအစဉ်တစ်ခု ရှိသည်၊ အသက် ၄ နှစ်နှင့် ၇ နှစ်ကြား ကလေးပရိသတ်အား ၎င်းတို့နှင့် အရွယ်ချင်း မတိမ်းမယိမ်းရှိသည့် စာဖတ်ကျွမ်းကျင်ပြီးသား ကလေးများက မိမိတို့ နှစ်သက် ရာ ပုံပြင်များကို ဖတ်ပြသည့် ပွဲမျိုးတွေ စီစဉ်ပေးခြင်းဖြင့် နားထောင်သူကလေး များ၌ ကိုယ်တိုင် ပုံပြင်ဖတ်ချင်စိတ် ဖြစ်ပေါ်အောင် နိုးဆွ ပေးသကဲ့သို့၊ ဖတ်ပြ

သော အဆင့်ရောက်လာသည့် ကလေးများအားလည်း စာဖတ်ဝါသနာ ပို၍ ရင့်သန်အောင် မြေတောင်မြှောက်ပေးခြင်း ဖြစ်သည်။

သည်လိုဝိုင်းမျိုးအပြင် စာဝါသနာအိုးလေးများအချင်းချင်း မိမိဖတ်မိ နှစ်သက်မိသည့် ပုံပြင် သို့မဟုတ် စာအုပ်ကို အခြားသူများအား လက်တို့အသိ ပေးရန် စီစဉ်ပေးထားတာလည်း ရှိသည်။ နံရံကပ်စာစောင်ကပ်သည့် ကြော်ငြာ သင်ပုန်းမျိုး သေးသေးနိမ့်နိမ့်ကလေးများတွင် စာရွက်ကလေးတွေရေးပြီး

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)