ဖားအောက်တောရဆရာတော် - အာနာပါနကျင့်စဉ်မှဝိပဿနာသို့
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အခုအချိန်အခါဟာ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေတဲ့ အချိန်ဖြစ် တယ်။ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဒီပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? အင်မတန် ချောမောလှပနေတဲ့ ရုပ်ပုံသဏ္ဌာန်ကလေးတွေ တစ်ချိန်မှာ ပေါ်လာမယ်၊ မကျွမ်းမကျင်ဘဲနဲ့ ပန်းချီကားတစ်ချပ်ကို သွားပြီးတော့ မိုက်မိုက် ကန်းကန်းနဲ့ ရေးဆွဲမိခဲ့မယ်ဆိုရင် အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ ပန်းချီကားတစ်ချပ် ပေါ်လာလိမ့်မယ်။
သို့သော် ဉာဏ်ပညာမျက်စိ မရှိတဲ့ အန္ဓဗာလ ပုထုဇန် ငမိုက်သားက ရေးဆွဲလိုက်ခဲ့လို့ရှိရင် ကျွမ်းကျွမ်းကျင်ကျင်နှင့်ပဲဖြစ်ဖြစ်၊ မကျွမ်းကျင်နှင့်ပဲ ဖြစ်ဖြစ်, လိမ်လိမ်မာမာနှင့်ပဲဖြစ်ဖြစ် မိုက်မိုက်ကန်းကန်းနှင့်ပဲဖြစ်ဖြစ် သူရေး ဆွဲလို့ဖြစ်ပေါ်လာမဲ့ ပန်းချီကားတစ်ချပ်သည် ချောမောလှပတဲ့ ပန်းချီကားပဲ ဖြစ်ချင်ဖြစ်ပါစေ, အကျည်းတန် အရုပ်ဆိုးတဲ့ ပန်းချီကားပဲ ဖြစ်ချင်ဖြစ်ပါစေ သူဖြစ်အောင်လုပ်နိုင်တဲ့ ဒီပန်းချီကားချပ်ကို ပရမတ္ထသစ္စာနယ်ဘက်က ဓာတ် ခွဲလိုက်တော့ ဘာတွေသာရှိသလဲ? ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာငါးပါးပဲ၊ သူဖြစ်အောင်လုပ်နိုင်တဲ့ စွမ်းအားသည် ဘယ်လို သဘောသာရှိမလဲ? - ခန္ဓာငါးပါးပဲ။ အဲဒီ ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင် လုပ်နိုင်တယ်၊ ဘာကြောင့်လဲ? - ဒီပုထုဇန်ငမိုက်သားရဲ့ ဘဝဟာ ခန္ဓာငါးပါး ဆိုတဲ့ ချည်တိုင်မှာ တဏှာတည်းဟူသော သံယောဇဉ်ကြိုးနှင့် ခိုင်ခိုင်ခံခံ အချည်နှောင်ခံနေရတဲ့ ဘဝသာဖြစ်တယ်။ ဒိဋ္ဌိဆိုတဲ့ တောက်ကြီးကိုလည်း သူ့ရဲ့ လည်ပင်းမှာ ဆွဲထားပြန်သေးတယ်။ သူ့ရဲ့ ဘဝဟာ ခန္ဓာငါးပါးဆိုတဲ့ ချည်တိုင်နားမှာ တဝဲလည်လည်နှင့် ငါပဲ-ငါ့ဟာပဲ-ငါ၏အတ္တပဲဆိုပြီး ကပ်ကပ် နေရတဲ့ ဘဝသာ ဖြစ်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သူဟာ ရုပ်နာမ်တွေကို ပရမတ်ဆိုက်အောင်လည်း ထိုးထွင်းမသိသေးဖူး။ မသိတဲ့ အတွက် သူ့မှာ ပရမတ္ထဉာဏ်ပညာမျက်စိက မရှိလေတော့ သူက ဖြစ်အောင် လုပ်နိုင်လျှင် ဘာကိုသာ ဖြစ်အောင်လုပ်နိုင်မလဲ? ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင်လုပ်နိုင်မယ်။ ခန္ဓာငါးပါးဖြစ်ရေးအတွက်သာ သူက ကံတွေကိုထူထောင်နိုင်မယ်။ အဲဒီခန္ဓာငါးပါးသည် ဘယ်လို သဘောရှိသလဲ? ဘုရားရှင် က ဒီအပိုင်းကျတော့ ဝိပဿနာပိုင်း လှည့်သွားပြီ၊ ဒီညလည်း ဝိပဿနာပိုင်း ကိုပဲ အတိုချုပ်ပြီး ပြောဖို့ ရည်ရွယ်ထား ပါတယ်။
တေပရိဝဋဓမ္မဒေသနာ
တံ ကို မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ၊ ယံ ပနာနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မံ၊ ကညံ နု တံ သမနုပဿိတုံ “ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ”တိ။ နော ဟေတံ ဘ၊ (သံ-၂-၁၂၄။)
ဘိက္ခဝေ ချစ်သား ရဟန်းတို့ ... ။ တံ ထို ငါဘုရားမေးမည့် မေးခွန်းကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ကိ မညထ • အဘယ်သို့ အောက်မေ့ မှတ်ထင် ယူဆကြကုန်သနည်း။ ရုပံ ရုပ်တရားသည်။ နိစ္စ ဝါ နိစ္စလေလော။ အနိစ္စ ဝါး အနိစ္စလေလော။ ဣတိ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ - အရှင်ဘုရား ... ။ အနိစ္စ = အနိစ္စဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ ဤသို့ ရွှေနားတော်ကြား အောင် လျှောက်ထားကြလေကုန်ပြီ။
ချစ်သား ရဟန်းတို့ ... ကျွမ်းကျင်တဲ့ ပန်းချီဆေးရေးသမားတစ်ဦးက ပဲဖြစ်ဖြစ် မကျွမ်းကျင် မလိမ္မာတဲ့ ပန်းချီဆေးရေးသမားတစ်ဦးကပဲဖြစ်ဖြစ် ရေးဆွဲလိုက်တဲ့ ပန်းချီကားချပ်ကို ဓာတ်ခွဲကြည့်လိုက်တော့ ခန္ဓာငါးပါးပဲ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးပဲ၊ အဲဒီ ခန္ဓာငါးပါး သာရှိတဲ့အတွက် သင်ချစ်သားတို့ကို ငါဘုရား မေးခွန်းတစ်ခုမေးမယ်၊ အဲဒီ ရုပ်တရားသည် နိစ္စလား, အနိစ္စလား? ဒီလို မေးတော်မူလိုက်တယ်။ အဲဒီလို မေးတော့ ရဟန်းတွေက ဘယ်လိုဖြေသလဲ? အနိစ္စပါဘုရား - လို့ ဖြေတယ်၊ နောက်တစ်ခု -
ယံ ပနာနိစ္စ ဒုက္ခ ဝါတံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ၊
အဲဒီ အနိစ္စမှန်နေတဲ့ ဒီရုပ်တရားသည် ဒုက္ခလား သုခလားလို့ ဒီလို မေးတော်မူလိုက်တယ်။ အဲဒီလိုမေးတော့ ဒုက္ခပါလို့ ဖြေတယ်။
ယံ ပနာနိစ္စ ဒုက္ခံ ဝိပရိဏာမဓပ္ပံ၊ ကပ္ပိ နု တံ သမနုပဿိတုံ “ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ”တိ။ နော ဟေတံ ဘန္တေ။
(သံ-၂-၁၂၄။) ယံ • အကြင်ရုပ်တရားသည်။ အနိစ္စ • အနိစ္စတရားသာတည်း။ [ဘာဖြစ်လို့လဲ? အနိစ္စ, ဖြစ်ပြီးပျက်နေလို့ ] ဒုက္ခံ - ဒုက္ခတရားသာတည်း။ ဘာဖြစ်လို့လဲ? ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲ ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့အတွက် ဒုက္ခပဲ။
ယံ = အကြင်ရုပ်တရားသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ ဒုက္ခ • ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓပ္ပံ • ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမ သဘောတရားသာတည်း။
ဘယ်လို ဖောက်ပြန်ပျက်စီးသလဲ? ဖြစ်ပြီးတဲ့နောက် မပျက်ဘဲနဲ့ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နိုင်တဲ့စွမ်းအား မရှိဘူး၊ ဋီကာလကနေပြီး ပျက်မည့် ဘင်ကာလဘက်သို့ အမြဲတမ်း ယိုင်လဲနေတဲ့သဘောကလေးပဲ။ ဒါကို ဝိပရိဏာမဓမ္မ ဖောက်ပြန် ပျက်စီးတတ်တဲ့သဘော, ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတယ်ဆိုပြီး ဘာသာပြန်ထားတယ်။ ဒါကြောင့် -
ယံ = အကြင်ရုပ်တရားသည်။ အနိစ္စ - အနိစ္စတရားသာတည်း။ ဒုက္ခ • ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓပ္ပံ • ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမသဘောတရားသာတည်း။ တံ •ထိုအနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဖြစ်၍နေတဲ့ ရုပ်တရားကို။ ဧတံ - ဤရုပ်တရားသည်။ မမ • ငါရဲ့ ရုပ်တရားတည်း။ ဧသော - ဤရုပ်တရားသည်။ အဟမသ္မိံ ငါတည်း။ ဧသော - ဤရုပ်တရားသည်။ မေ - ငါ၏။ အတ္တာတိ - အတ္တတည်းဟူ၍။ သမနုပဿိတုံ - စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ ကပ္ပိ နု - သင့်တင့် လျောက်ပတ်ပါမည်လော?
အဲဒီရုပ်တရားဟာ အနိစ္စလည်း မှန်တယ်၊ ဒုက္ခလည်း မှန်တယ်၊ ဖောက် ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်နေတယ်၊ ဒါကြောင့် ဒီရုပ်တ ရားကြီးကို သင်ချစ်သားတို့တစ်တွေ, သင်ချစ်သမီးတို့တစ်တွေဟာ ဒီရုပ်တရား ဟာ ငါ့ရဲ့ ရုပ်တရားပဲ, ဒီရုပ်တရားဟာ ငါပဲ, ဒီရုပ်တရားဟာ ငါ့ရဲ့ အတ္တပဲလို့ ဒီလို စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါမလားလို့ မြတ်စွာဘုရားက မေးတယ်၊ အဲဒီအချိန်အခါမှာ ရဟန်းတော်များကလည်း - နော ဟေတံ ဘ မသင့်ပါဘူး မြတ်စွာဘုရား ...လို့ ပြန်လျှောက်ထားကြတယ်၊ ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ်တရားတွေကိုလည်း ပုံစံတူပဲ မေးပါတယ်။
အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ် အမေးအဖြေ ပြုလုပ်နေတာပဲ၊ ပုံစံတူမေးတဲ့အခါမှာလည်း ရဟန်းတွေက ပုံစံတူပဲ ပြန်ပြီး တော့ အဖြေပေးကြတော့ ခန္ဓာငါးပါးရှုကွက် အမေးအဖြေ ပြီးသွားပြီ။
ဒီအမေးအဖြေကို ကြည့်လိုက်တော့ ရဟန်းတွေက - ဒီရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးကိုလည်း သိတယ်၊ ဒီခန္ဓာငါးပါး တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောကိုလည်း သိတယ်လို့ ဒီလို အဓိပ္ပါယ်ထွက်လာတယ်။ အဲဒီအခါကျတော့မှ မြတ်စွာဘုရားက ရွှေ ဆက်ပြီး ဝိပဿနာရှုရမည့် လုပ်ငန်းခွင်ကို ညွှန်ကြားတော်မူတယ်။ ဘယ်လို ညွှန်ကြားတော်မူသလဲ?
တသွာတိဟ ဘိက္ခဝေ ယံ ကိဠိ ရုပ် အတီတာနာဂတပစ္စုပ္ပန္ဒ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဇူရေ သန္တိကေ ဝါ၊ သံ ရူပံ “နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ”တိ ဧ၀မေတံ ယထာဘူတံ သမ္မဉ္စညာယ ဒဌံ။
(သံ-၂-၁၂၄။) ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ... ။ တသ္မာ - ထို့ကြောင့်။ ဣဟ - ဤသာသနာတော်မြတ်အတွင်း၌။ တုမှေး • သင်ချစ်သားတို့သည် သင် ချစ်သမီးတို့သည်။ အတီတာနာဂတပစ္စုပ္ပန္န - အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဲဒီ ရုပ် တရားကို ဘယ်လောက်တဲ့လဲ? ယံ ကိဉ္စ ရူပံ အလုံးစုံသော ရုပ်တရားသည် လည်းကောင်း၊ ရုပ်ကလေးတစ်လုံး ဟုတ်သလား? မဟုတ်ဘူး၊ အတိတ် ရုပ်တရား နှစ်ဆယ့်ရှစ်မျိုး ရှိတယ်၊ အမျိုးအစားက နှစ်ဆယ့်ရှစ်မျိုးပဲ - နော်၊ တစ်မျိုး တစ်မျိုးမှာ အရေအတွက်ကတော့ မရေမတွက်နိုင်အောင် များပြား ပါတယ်၊ အတိတ်ရုပ် (၂၈)မျိုး အကုန်လုံး, အနာဂတ်ရုပ် (၂၈)မျိုးလည်း အကုန်လုံး ပစ္စုပ္ပန်ရုပ် (၂၈)မျိုးလည်း အကုန်လုံးပဲ။ ဒါကြောင့် -
အတီတာနာဂတပစ္စုပ္ပန္နံ- အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော။ ယံ ကိဠိ ရူပံ - အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တံ ဝါ - မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌မူလည်းဖြစ်သော။ ဗဟိဒ္ဓါ ဝါ • အပြင် အပ ဗဟိဒ္ဓလောက၌မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ = အလုံးစုံသော ရုပ် တရားသည်လည်းကောင်း။
အဇ္ဈတ္တရုပ်တရား (၂၈)မျိုး, ဗဟိဒ္ဓရုပ်တရား (၂၈)မျိုး၊ ဒါက ယောက်ျား, မိန်းမ မခွဲဘဲပြောတာ၊ ခွဲခြားပြီးပြောမယ်ဆိုရင်တော့ အဇ္ဈတ္တမှာ အမျိုးသမီး များအတွက် (၂၇)မျိုး, အမျိုးသားများအတွက် (၂၇)မျိုးပဲ၊ ဘာဝရုပ်က တစ် မျိုးစီပဲ ယေဘုယျအားဖြင့် ရှိကြတယ်၊ ဗဟိဒ္ဓမှာကတော့ ယောက်ျား မိန်းမ မခွဲခြားဘဲ သာမန် ပေါင်းစုခြုံငုံပြောရင် ဘာဝရုပ်က နှစ်မျိုးရှိနိုင်တဲ့အတွက် ဗဟိဒ္ဓမှာတော့ ရုပ် (၂၈)မျိုးပဲ၊ ဒီတော့ အဲဒီ ရုပ်တရားကိုလည်း ဘယ်လောက် လဲ? ယံ ကိ၌ ရူပံ အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ ရုပ်အားလုံး လို့ ပြောတယ်။ ။
သြဠာရိကံ ဝါ - ရုန့်ရင်းကြမ်းတမ်းသည်မူလည်းဖြစ်သော။ သုခုမံ ဝါ • သိမ်မွေ့သည်မူလည်းဖြစ်သော။ ယံ ကိ ရူပံ • အလုံးစုံသော ရုပ်တရား သည်လည်းကောင်း။
စက္ခုပသာဒ မျက်စိအကြည်, သောတပသာဒ = နားအကြည်, ယာန ပသာဒ နှာခေါင်းအကြည်, ဇိဝှါပသာဒ လျှာအကြည်, ကာယပသာဒ = ကိုယ်အကြည်၊ အကြည်ရုပ်က (၅)ခု၊.
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ (ဖောဋ္ဌဗ္ဗာရုံကတော့ ပထဝီ တေဇော ဝါယော) - ပေါင်းလိုက်တော့ အာရုံရုပ် (၇)ခု၊ | အကြည်ရုပ် (၅)ခုနှင့် အာရုံရုပ် (၇)ခုကို ပေါင်းလိုက်ရင် ရုပ် (၁၂)မျိုး၊ အဲဒီ (၁၂)မျိုးသော ရုပ်တရားတွေကတော့ ရှုနေတဲ့ယောဂီရဲ့ အသိဉာဏ် ထဲမှာ ထင်ရှားတဲ့အတွက်ကြောင့် သိလွယ် မြင်လွယ်တဲ့ ရုပ်တွေ ဖြစ်ခြင်းကြောင့် သူတို့ကို သြဠာရိကရုပ်လို့ ခေါ်ထားပါတယ်၊ အဲဒီ သြဠာရိကရုပ်က ဘယ်လောက်ရှိသလဲ? (၁၂)မျိုး။
သုခုမဆိုတာက ရုပ် (၂၈)ပါးမှာ ကျန်နေတဲ့ ရုပ်တွေကို သုခုမရုပ်လို့ ခေါ်ပါတယ်၊ အဲဒီတော့ သြဠာရိကရုပ်ပဲဖြစ်ဖြစ်, သုခုမရုပ်ပဲဖြစ်ဖြစ် ရုပ် အကုန်လုံးကို၊ ယံ ကိဉ္စိ ရူပံ အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အကုန်လုံးကို ဒီမှာ ဝိပဿနာရှုဖို့ ဘုရားရှင်က ညွှန်ကြားနေတယ်။
ဟီနံ ဝါ - ယုတ်ညံ့သည်မူလည်းဖြစ်သော။ ပဏီတံ ဝါ - မွန်မြတ် သည်မူလည်းဖြစ်သော။ ယံ ကိ ရူပံ • အလုံးစုံသော ရုပ်တရားသည် လည်းကောင်း။
ယုတ်ညံ့တဲ့ ရုပ်ပဲဖြစ်ဖြစ်, မွန်မြတ်တဲ့ ရုပ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ရဲ့ အကျိုး ဖြစ်တဲ့ ရုပ်တွေကိုတော့ ယုတ်ညံ့တယ်, ကုသိုလ်ရဲ့ အကျိုးတရားဖြစ်တဲ့ ရုပ် တွေကိုတော့ မွန်မြတ်တယ် စသည်ဖြင့် ဒီလိုခွဲပါတယ်။ ဒီအယုတ်အမြတ်က တော့ အဆင့်အတန်း, ဘုံကိုလိုက်ပြီး ခွဲမယ်ဆိုရင်တော့ အပါယ်သားသတ္တဝါ တွေရဲ့ ရုပ်တွေက သုဂတိသတ္တဝါတွေရဲ့ ရုပ်တွေထက် ပိုပြီးတော့ အဆင့် နိမ့်တယ်, ယုတ်ညံ့တယ်၊ သုဂတိသတ္တဝါတွေကိုတော့ မွန်မြတ်တယ်၊ သုဂတိ သတ္တဝါတွေမှာလည်း အဆင့်ဆင့် ခွဲလိုက်ရင်တော့ - တစ်ဆင့်နှင့် တစ်ဆင့် ယုတ်တာ မြတ်တာတွေ ဖြစ်သွားပါတယ်၊ ဒီတော့ (၃၁)ဘုံအတွင်းရှိ ရုပ် အကုန်လုံးလို့ ဆိုလိုပါတယ်။
ဟီနံ ဝါ = ယုတ်ညံ့သည်မူလည်းဖြစ်သော။ ပဏီတံ ဝါ - မွန်မြတ်သည် မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ • အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ စုရေ ဝါ • အသိဉာဏ်နှင့်ဝေးသည်မူလည်းဖြစ်သော။ သန္တိကေ
ဝါ - အသိဉာဏ်နှင့် နီးသည်မူလည်းဖြစ်သော။ ယံ ကိဉ္စ ရူပံ = အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ အတ္ထိ - ရှိချေ၏။
ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၁၁)မျိုး။
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, သြဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ် ရဲ့ အသိဉာဏ်နှင့် ဝေးတဲ့ရုပ်တရား, သုခုမရုပ်တွေပဲ၊ သန္တိကခေါ်တဲ့ ရှုနေတဲ့ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နှင့် နီးကပ်နေတဲ့ ရုပ်တရား, ခုနက သြဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရားတွေပဲ - ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၁၁)မျိုး၊ အဲဒီလို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေကို ဘာလုပ်ရမလဲ
သဗ္ဗံရူပံ = ဤအလုံးစုံသော ရုပ်တရားကို။ ဧတံ = ဤ (၁၁)မျိုးသော ရုပ်တရားသည်။ န မမ = ငါရဲ့ ရုပ်တရား မဟုတ်။ ဧသော ဤ (၁၁)မျိုး သော ရုပ်တရားသည်။ န အဟမသို့ ငါမဟုတ်။ ဧသော ဤ (၁၁)မျိုး သော ရုပ်တရားသည်။ န မေ အတ္တာတိ -ငါရဲ့ အတ္တမဟုတ်ဟူ၍။ ဧဝံ - ဤသို့လျှင်။ ဧတံ =ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အလုံးစုံသော ရုပ်တရားကို။ ယထာဘူတံ - မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သမ္မဉ္စညာယ = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ဉာဏ်အလင်းဓာတ်ဖြင့်။ ဒဋ္ဌဗ္ဗ - ရှုပွားသုံးသပ်အပ်ပေ၏။
ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံအဖြစ် မြတ်စွာဘုရားက ရုပ်တရားတွေ ကို စာရင်းထုတ်ပြလိုက်တာ ဘယ်နှစ်မျိုး ရှိသွားပြီလဲ? (၁၁)မျိုး၊ အဲဒီ (၁၁) မျိုးသော ရုပ်တရားတွေကို - နေတံ မမ ငါရဲ့ ရုပ်တရား မဟုတ်ဘူး၊ နေသော ဟမသ္မိံ ငါမဟုတ်ဘူး၊ နု မေသော အတ္တာ ငါရဲ့ အတ္တ မဟုတ်ဘူးလို့ ဒီလို ရှုပါတဲ့။ ဟို ဆန္ဒောဝါဒသုတ္တန်အဋ္ဌကထာများအရကတော့ “အနိစ္စလို့