Skip to product information
1 of 7

Other Websites

ပေါက်ပေါက် - ဆေးဖက်ဝင်သီးနှံများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးအကြောင်း

သိကောင်းစရာ

         

            ဗုံလုံသီးပင်တို့သည် တစ်နှစ်ပတ်လုံးအသီးသီးသော အပင်ဖြစ်ကာ၊အကြီးမြန်သောနွယ်ပင်တစ်မျိုးဖြစ်၏။ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ မှန်ကူကွက်သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက အပင်ဖြစ်

ထွန်းမှုမြန်ဆန်ပါတယ်။ ဗုံလုံသီးတို့သည် အုပ်မိုးထားသောအရွက်များအောက်မှတွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အ

မှတ်တမဲ့ကြည့်ပါက မြွေနှင့်ခပ်ဆင်ဆင်တူခြင်း၊ အလွန်အမင်းအလျားလိုက်ရှည်ထွက်ကာ အသီးသီးခြင်း၊ တစ်ခါ

တစ်ရံတွင် အလျား လိုက်မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဖက်မှ နောက်အဖျားစွန်း တစ်ဖက်ထိ မိမိကိုယ်ကို ခွေပတ်တွန့်လိမ်စွာအသီးသီးခြင်း၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်းနုရောင်(သို့မဟုတ်) အဖြူရောင်အကြောင်

အကျားများ ပါရှိခြင်း စသည်တို့ကြောင့် အချို့အရပ်ဒေသ များတွင် ဗုံလုံသီးကိုပဲလင်းမြွေသီးဟုခေါ်ဆိုကြပါတယ်။

          အသီးရင့်လာပါက အထဲရှိ အစေ့များလည်း ရင့်မာလာတတ် သဖြင့်၊ နချိန်မှာ ခူးဆွတ်စားသင့်ပါတယ်။ အသီးသာမက အရွက်ကို လည်း ဟင်းချက်စားနိုင်ပါတယ်။ မလတ်ဆတ်သော အရွက်တွင် အလွန်စူးရှသော အနံ့အသက်ဆိုးများထွက်ရှိ၏။ အသီး၏ အရသာမှာ ချိုပေါ့ပေါ့အရသာ ရှိပါတယ်။ နု၍လတ်ဆတ်သောအသီးတွင် အရည် ဓာတ် မြောက်မြားစွာ ပါရှိသောကြောင့် အပူပေး ချက်ပြုတ်ရာ၌ လျင်မြန်စွာကျက်လွယ်၏။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးကို ငါး၊ နှပ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်း ကောင်း၊ အသီးနှင့် အရွက်နုတို့ကို ပြုတ်ကာ ငပိရည် အတို့အမြှုပ်အဖြစ် လည်းကောင်း၊ အရွက်ကို ဟင်းချို၊ စွပ်ပြုတ်၊ ကြော်ချက် ချက်၍သော် လည်းကောင်း၊ အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါတယ်။

 

 ဗုံလုံသီးနှင့်ကျန်းမာရေး။

          ဗုံလုံသီးထဲမှာလူသားတို့အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုသည့်ဗီတာမင်နှင့်သတ္တုဓာတ်

တို့အမြောက်အမြားပါရှိလို့အထူးသဖြင့်အိန္ဒိယရိုးရာကျေးလက်ကုထုံးများတွင်ဗုံလုံသီးနှင့်အရွက်တို့ကိုတွင်

တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိနေကြပါတယ်။ဆေးသုတေသီများ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ၁ဝဝဂရမ်ရှိ

သော ဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓာတ် ၉၄.၆%.၊ ပရိုတင်း ၀.၅% ၊ အဆီဓာတ် ၀.၃% ၊ အမျှင်ဓာတ် ၀.၈% ၊ကစီဓာတ် ၃.၃၊ ကယ်လ်စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီဂရမ်၊ သံဓာတ် ၀.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ၀.၀၄မီလီဂရမ်၊ရီဘိုဖလာဗင်၀.၀၆မီလီဂရမ်၊ နီအာစင်၀.၃မီလီဂရမ်တို့ အသီးသီးပါရှိကြ

လို့ လူသားတို့ ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

           ၁။  ဗုံလုံသီးသည် ချွဲ၊ သလိပ်၊ ပြည်တို့ကို ပျော်စေနိုင်စွမ်းရှိပြီး၊ အဆုတ်နာ၊

                 တီဘီနာဝေဒနာရှင်များကို များစွာကောင်းကျိုးပြုပါတယ်။ ဗုံလုံသီးပင် 

                 အရွက်ကလည်း ညချွေးထွက်လွန်ခြင်းနှင့် အဆုတ် တီဘီရောဂါတို့ကို 

                  သက်သာစေပါ တယ်။

           ၂။  ဗုံလုံသီးထဲတွင်ပါရှိသော ရေဓာတ်နှင့်သတ္တုဓာတ်များက အရေပြား

                ခြောက်သွေ့မှုကို သက်သာလျော့နည်းစေသည့်အပြင် ခန္ဓာကိုယ် ၏ 

                အရေဓာတ်ထုပ်လုပ်မှုကိုလည်း များစွာ အထောက်အပံ့ပေးပါ တယ်။

                အပူငြိမ်းကာ ခန္ဓာကိုယ်တွင်းကို     အေးမြစေလို့ ပူပြင်းသောနွေရာ

                သီတွင်များများစားပေးသင့်ပါတယ်။ 

           ၃။  အသည်းကို လွန်စွာကောင်းကျိုးပြုပါတယ်။ 

           ၄။  ဗုံလုံသီးသည် နှလုံးအားကောင်းစေတဲ့အတွက် နှလုံးဝေဒနာရှင်

                များ စားပေးသင့်ပါတယ်။ နှလုံးပုံမှန် အလုပ်မလုပ်နိုင်ခြင်းကြောင့်

                 နှလုံးခုန်မမှန်တော့ဘဲ ရင်တုန်ပန်းတုန်ဖြစ်လာပါက ဗုံလုံရွက်

                 လတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်ပြီး စားပွဲတင် ဇွန်း (၁) ဇွန်း

                (၂) ဇွန်းအထိတစ်နေ့လျှင် ၃-ကြိမ် သောက်သုံးပေးရုံမျှဖြင့် နှလုံး

                ကိုပြန်လည်၍   ပုံမှန်အလုပ်လုပ်လာစေနိုင်၏။

           ၅။  ကိုယ်ပူ အပြင်းဖျားနာခြင်းတို့အတွက် ဗုံလုံသီးနှင့် အရွက်တို့က

                 အသက်ကယ်ဆေးကဲ့သို့ အားကိုးလောက်ပါတယ်။ ဗုံလုံသီးနှင့်

                အရွက်တို့ကို ကျိတ်ချေ၍ ပျားရည်ဖြင့် ရောသောက်ပေးပါက ဖျားနာ

                ခြင်းကို ယူပစ်သလို ပျောက်ကင်းစေပါတယ်။ ထို့ပြင် ဗုံလုံသီးအရွက်နှင့်

                နံနံပင်တို့ကို ၁၂ ဂရမ်စီ ဆတူရော၍ရေအေး ထဲတွင် တစ်ညစိမ်ထားပါ။

               ထို ညသိပ်ရေကို အဖျားလုံးဝမကျ နိုင်ဘဲ အပြင်းဖျားနာနေသည့် ဝေဒနာ

               သည်များကို ခန္ဓာကိုယ်အနှံ့လိမ်းကျံပေးနိုင်ပါတယ်။

          ၆။  ဗုံလုံသီးထဲတွင်ပါရှိသော အမျှင်ဓာတ်များက ကလူးကို့စ် ပမာဏ

                ကို ထိန်းသိမ်းပေးနိုင်သောကြောင့် ဆီးချိုရောဂါကို ကျစေပါတယ်။

               အထူးသဖြင့်   တရုတ်တိုင်းရင်းဆေးကုထုံးတွင် ဗုံလုံသီးပင်၏

                အမြစ်ဖြင့် ဆီးချိုရောဂါကို ကုသလေ့ရှိကြပါတယ်။

          ၇။  ဗုံလုံရွက်ကို နံနံစေ့နှင့်ရောကာ အပူပေးပြုတ်ထားသည့် အရည်ကို

               တစ်နေ့လျှင် (၃) ကြိမ် ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေးခြင်းဖြင့် အသည်းရောင်

               အသားဝါကို ကောင်းစွာ ကုသနိုင်ပါတယ်။

          ၈။  ဗုံလုံသီးတွင် ရေဓာတ်ပါဝင်မှုများသောကြောင့် ကယ်လိုရီနည်း

               သော ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည့်စုံလုံလောက်

               သောအာဟာရများကို ဖြည့်တင်းပေးနိုင်တာမို့ ခန္ဓာကိုယ် အလေး ချိန်

               ထိန်းလိုသူများအတွက် အထူးသင့်တော်ပါတယ်။

         ၉။  အမျှင်ဓာတ်ကြွယ်ဝစွာပါရှိလို့အစာချေစနစ်ကိုတိုးတက် ကောင်းမွန်

               စေပါတယ်။

        ၁၀။  ဝမ်းချုပ်ခြင်းအတွက် စိတ်မညစ်ပါနှင့်။ ဗုံလုံသီးသာမက အရွက်၊

                အမြစ်နှင့် အစေ့တို့ကလည်း အူထဲတွင်ချောဆီအဖြစ် စွမ်းဆောင်

                ပေးကာ ဝမ်းနူးစေပါတယ်။ လူကြီးဝမ်းချုပ်ခြင်းအတွက် ဗုံလုံရွက်၊

                အမြစ်နှင့် အစေ့တို့ကို ညက်ညက် ဝါးစားပေးနိုင်ပါတယ်။ ကလေး ငယ်များ

                ဝမ်းချုပ်ခြင်းအတွက် ဗုံလုံရွက်နှင့် အစေ့တို့၏ သတ္တုရည် ကို နံက်တိုင်း

                လက်ဖက်ရည် ဇွန်း (၁)ဇွန်းစီ တိုက်ကျွေးပေးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။

         ၁၁။  ဦးရေပြားတွင် မှိုစွဲ၍ ဗောက်ထသူများအတွက် ဗုံလုံသီး သတ္တုရည် ဖြင့်

                 ဦးရေပြားကို   နှိပ်နယ်ပေးခြင်းဖြင့် မိမိဘာသာ အိမ်တွင်းဆေးမြီး

                 တိုအဖြစ် ဗောက်များကင်းစင်အောင် ကုသနိုင်ပါတယ်။ ဦး ဗုံလုံရွက်

                 သတ္တုရည်ဖြင့် ဦးရေပြားကို လိမ်းပေးရုံမျှဖြင့် ထိပ်ပြောင်ခြင်းကို

                 သက်သာလျော့နည်းစေပါတယ်။

          ၁၂။  ဗုံလုံသီးတို့သည် ဆီးများ၊ လေသက်စေကာ ခန္ဓာကိုယ်အတွင်းရှိ

                  အဆိပ်အတောက်များကို နှင်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

 

 အထူးသတိပြုရန် 

          ၁။  ဗုံလုံစေ့ဟာ ဝမ်းသက်စေတာမှန်သော်လည်း ထိုအစေထဲ့တွင်

               အဆီဓာတ်ပါဝင်မှု မြင့်မားလို့ လွန်ကဲစွာစားသုံးမိပါက အစာမကြေ

               ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

         ၂။   ဗုံလုံသီးပင်အမြစ်ဟာ ဝမ်းသက်စေလို့ ကိုယ်ဝန်သည်များ မစား

               သင့်ပါဘူး။ အဆင်မသင့်ရင် သားပျက်၊ သားလျာဖြစ်စေပါတယ်။

         ၃။   ဗုံလုံသီးနဲ့ပီလောပီနံတို့ တွဲမစားသင့်ပါဘူး။ အော့အန်တတ်ပါတယ်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)