ပုသိမ်ကိုလေး - သူရဲကောင်း
“ကျွန်ုပ်တို့သည် စိုးရိမ်ကြောင့်ကြခံ၍ မလွတ်လပ် သောဘဝတွင် အညံ့ခံကာ အလဟဿ အချိန်ဖြုန်းနေမည့် အစား ရည်မှန်းချက်တစ်ခုထား၍ ကိုယ်ထိလက်ရောက် ပြုလုပ်ကြရန် လိုပေသည်” ။
ကားလ်မာခ်(စ)
ခရစ်နှစ် ၁၇၈၉ ခုနှစ်တွင် ကမ္ဘာကျော် ပြင်သစ်အရေးတော်ပုံ ကြီး ဖြစ်ပေါ်ခဲ့၏။ ထိုအချိန်တွင် ပြင်သစ်ပြည် အရှေ့တောင်ဘက် နယ်စပ်ရှိ မြေထဲပင်လယ် ကမ်းခြေပေါ်၌ နစ်(စ်)ခေါ် မြို့တစ်မြို့ရှိ၏။ ၁၇၂၉ ခုနှစ်သို့ ရောက်သောအခါ ၎င်းမြို့သို့ ပြင်သစ်ပြည်မှ သမ္မတနိုင်ငံ အစိုးရကို ကြောက်ရွံ့၍ ထွက်ပြေးလာကြသော မင်းဆွေမင်းမျိုးမှူးမတ် များစွာ လာရောက်ခိုလှုံသဖြင့် နစ်(စ်)မြို့သည် အထူးပင် စည်စည်ကားကားဖြစ်နေ၏။ အဆိုပါ လာရောက်ခိုလှုံသူများသည် တစ်နေ့နေ့တွင် ပြင်သစ်ပြည်တွင်းသို့ နိုင်ငံခြားစစ်တပ်များအကူအညီနှင့် ပြန်လည်ဝင် ရောက်စိုးမိုးရန် ကျိတ်၍ ကြံစည်နေကြ၏။ နစ်(စ်)မြို့ရှိ သမ္မတနိုင်ငံ လိုလားသူများကလည်း အဆိုပါမင်းဆွေမင်းမျိုးများနှင့် မိမိတို့မြို့ခံ အထက်တန်းစားများ၏ အကဲကို သတိနှင့် စောင့်ကြည့်ရင်း ပြင်သစ် သမ္မတနိုင်ငံ စစ်တပ်များ ချီတက်လာမည့်လမ်းကို မျှော်မှန်းနေကြ၏။
မကြာမီပင် ပြင်သစ် သမ္မတနိုင်ငံစစ်တပ်တစ်တပ်သည် နစ်(စ်) မြို့သို့ ချီတက်လာလေရာ နစ်(စ်) မြို့သူမြို့သားများက အားရဝမ်းသာစွာ ကြိုဆိုလေ၏။ ထိုသို့ဖြစ်ပျက်ပြီး တစ်နှစ်ခန့်ကြာ၍ စစ်မက်ရေးရာများ ပြီးစီးသွားသောအခါ နစ်(စ်)မြို့သူမြို့သားများ၏ ဆန္ဒအတိုင်း နစ်(စ်)မြို့ သည် ပြင်သစ်သမ္မတနိုင်ငံထဲပါဝင်သွားရာ ထုံးစံအတိုင်း ပဲရစ်မြို့ ကွန် ဗင်းရှင်းအစည်းအဝေးကြီးသို့ နစ်(စ်)မြို့မှ ကိုယ်စားလှယ်အမတ်နှစ်ဦး စေလွှတ်ရလေ၏။ ၎င်းကိုယ်စားလှယ် အမတ်နှစ်ဦးအနက် တစ်ဦးမှာ ဂျင်ဒိုမိနစ်ဘလင်ကီဖြစ်လေသည်။ ။
ဂျင်ဒိုမိနစ်ဘလင်ကီမှာ ချောင်ချောင်လည်လည်ရှိသော သားရေ နယ်သမားတစ်ဦး၏သား ဖြစ်လေသည်။ ပညာကောင်းမွန်စွာ သင်ကြား ခဲ့ရ၏။ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်ပြည် ဆူပူမှုကြီး ဖြစ်ပေါ်နေစဉ် ဂျင် ဘလင်ကီသည် နစ်(စ်)မြို့သိပ္ပံကျောင်း၌ အမ်အေဘွဲ့ထူးကို ဆွတ်ခူးနေ ၏။ ဂျင်ဘလင်ကီ၏ မိဘများကလည်း အလယ်တန်းစားထဲက ဖြစ် သည့်ပြင် သူ့စိတ်ကလည်း အလယ်တန်းစား စိတ်နေသဘောထား ဖြစ် သဖြင့် သူသည် အလယ်အလတ် သမ္မတနိုင်ငံရေးသမား ဖြစ်ခဲ့၏။ ထို့ကြောင့် ၁၇၉၃ ခုနှစ်တွင် နစ်(စ်)မြို့ကိုယ်စားလှယ်အမတ်အဖြစ်ဖြင့် ပဲရစ်မြို့ ကွန်ဗင်းရှင်းအစည်းအဝေးကြီးသို့ တက်ရောက်သောအခါ ဂျင် ဘလင်ကီသည် သူနှင့် ဝါဒချင်းတူသော ဂီရွန်းဒစ်ဂိုဏ်းထဲ ဝင်လေ၏။
ဂီရွန်းဒစ်ဂိုဏ်းသားများကား အလယ်အလတ်မျှသော စက်မှုလက်မှု လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သွယ်ရေးသမားများ(အလယ်တန်းစား)၏ ကိုယ်စားလှယ်အမတ်များ ဖြစ်ကြ၏။ ဂျင်ဘလင်ကီ ပဲရစ်မြို့သို့ ရောက်၍မှ ရက်မလည်မီ ဂီရွန်းဒစ်နှင့် ဂျက်ကိုဘင်ခေါ် ပဲရစ်မြို့မှ ပြုပြင်ပြောင်းလဲရေးကို လိုလားသော လက်မှုပညာသည်ကလေးများ၊ ဓနရှင် ကလေးများ၏ ကိုယ်စားလှယ်အမတ်များ ပါဝင်သော နိုင်ငံရေးအာဏာ လုပွဲကြီး ပေါ်ပေါက်လာလေသည်။
ဂျက်ကိုဘင်ဂိုဏ်းသားများသည် ပြင်သစ်ဘုရင်ကို သုတ်သင် ပစ်ရန် အတင်းအကျပ်ပြုခဲ့ရုံမက ဂျင်ဘလင်ကီ ပဲရစ်မြို့သို့ ရောက် လာသောအချိန်၌ မြေပိုင်ရှင်ကြီးများ၏ အခွင့်အရေး (Feudal Rights) များနှင့် ဆင်းရဲသားများက မြေပိုင်ရှင်ကြီးများကို ပေးရန်ရှိသော ကြွေးမြီး များကို ဖျက်သိမ်းပစ်ရန်၊ လူအများသုံး အစားအစာများအပေါ်တွင် အမြတ်များစွာတင်၍ ရောင်းချသူများကို တရားစွဲဆို၍ နှိပ်ကွပ်ရန်၊ စစ် စရိတ်အတွက် လူချမ်းသာများထံမှ အခွန်တော်ငွေကောက်ရန် စသည်တို့ ကို ဂီရွန်းဒစ်များ ဆောင်ရွက်ရန် လေမာမာနှင့် တောင်းဆိုနေလေ၏။
ထိုစဉ်အခါ၌ ဂီရွန်းဒစ်တို့ စီမံအုပ်ချုပ်ပုံမှာ များစွာညံ့ဖျင်း ကြောင်းကို ထင်ရှားစေသော သက်သေခံအထောက်အထားများ ဖြစ် ပေါ်နေ၍ ဂီရွန်းဒစ်တို့ခန့်ခွဲသော ပြင်သစ်သမ္မတနိုင်ငံစစ်တပ်များသည် ပွဲတိုင်းလိုလို ရှုံးနေ၏ ။ ဂီရွန်းဒစ်ဂိုဏ်းခေါင်းဆောင် စစ်ဗိုလ်တစ်ယောက် သည် ရန်သူဘက်သို့ ဝင်သွားလေ၏။ ထို့ပြင် ဂီရွန်းဒစ်များသည် ပြင် သစ်ဆူပူမှုကြီးကို ရှေ့သို့တိုး၍ ခရီးရောက်အောင် မဆောင်ရွက်နိုင်သော် လည်း ပုဂ္ဂိုလ်စွဲအားဖြင့် ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို ကန့်သတ်ထားရေးဟူ
သော လူတို့ လိုလားချက်ကို အပြင်းအထန် ကန့်ကွက်နေ၏။ နိုင်ငံခြား က ရန်သူစစ်တပ်များ၊ ပဲရစ်မြို့တော်သို့ ချီတက်၍လာနေသည့်အချိန်တွင် ဂျက်ကိုဘင်ဂိုဏ်းသားများက တရားမဲ့သော ငွေကြေးရှင် သူဌေးကြီး များနှင့် အမြတ်ရှာသမားများကို အပြစ်ဖော်ပြောဆိုသည်ကို ဂီရွန်းဒစ် များက ကြားဝင်ကာ ခုခံကာကွယ်ပေးနေလေသည်။
ထို့ကြောင့်ပင် ဂျင်ဘလင်ကီ ပဲရစ်မြို့သို့ ရောက်၍ ခုနစ်ရက်မှ မလည်ခင် ကွန်ဗင်းရှင်း လွှတ်တော်ကြီးထဲ၌ အတွင်းမီးထတောက်လေ ရာ ၁၇၉၃ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဂီရွန်းဒစ်တို့ အာဏာတန်ခိုး လက်လွတ်ဖြစ်ကြကုန်လေ၏။ ထိုသို့ဖြစ်သည်နှင့် ဂီရွန်းဒစ်ဂိုဏ်းသား များထဲမှ အဖမ်းခံရသူခံရ၍ လွတ်ပြေးသူများကလည်း နယ်ထွက်ပြီး ဂျက်ကိုဘင်တို့ သြဇာပျက်စီးအောင် ပြုပြင်ရေးကို လှုံ့ဆော်ပေးလေ၏။ ဂျင်ဘလင်ကီသည် ကန့်ကွက်စာတစ်စောင်တင်သွင်းပြီး အစည်းအဝေး ကို ဆက်၍မတက်ဘဲ နေလိုက်လေ၏။ ဂျက်ကိုဘင်တို့ နိုင်ငံရေးအာ ဏာပိုင်ဖြစ်လာသောအခါ သူတို့သည် မြေပိုင်ရှင်စနစ်ကို အစအနမကျန် အောင် ပြုပြင်ပစ်လိုက်ပြီးလျှင် ဂီရွန်းဒစ်များစနက်ကြောင့် နယ်က ဆူပူ ခြင်းကိုလည်း အောင်မြင်စွာ နှိမ်နင်းလေ၏။ ၎င်းနှစ် အောက်တိုဘာလထဲ တွင် ဂီရွန်းဒစ်ဂိုဏ်းသားများကို ထပ်မံဖမ်းဆီးလေရာ ဂျင်ဘလင်ကီ လည်း ပါသွားလေသည်။
ဂျက်ကိုဘင်တို့ ကြိုးစားဆောင်ရွက်ခြင်းကြောင့် ၁၇၉၄ ခုနှစ်တွင် ပြင်သစ် အဓိကရုဏ်းကြီးမှာ တည်တံ့ခိုင်မြဲသွားလေ၏။ သူတို့သည် နိုင်ငံတွင်း နိုင်ငံပ ရန်သူများကို နှိမ်နင်းအောင်မြင်သော်လည်း ဂိုဏ်း အတွင်းရေးသည် တစ်နေ့တခြား ရှုပ်ထွေးလာလေ၏။ ၁၇၉၂ ခုနှစ်ခန့် က အစပြု၍ ဂျက်ကိုဘင်ဂိုဏ်းထဲ၌ “ရိုးဘို့စပါး” ဆိုသူ ခေါင်းဆောင်သော အလွန်ပင် အင်အားကောင်းသည့်လူတစ်စုရှိ၏။ ထိုလူစုသည် လူတို့ ပုဂ္ဂိုလ်စွဲနှင့် ဥစ္စာပစ္စည်းထားခြင်းရှိမှ ဖြစ်မည်ဟု အယူရှိသည့် “စိတ်ကူးအလွန်ယဉ်” သူများဖြစ်ပေသည်။ သူတို့သည် ငွေကြေးရှင်များ၊မြေပိုင်ရှင်ကြီးများကိုလည်းကောင်း၊ ဆင်းရဲသူဆင်းရဲသား ဓနမဲ့များ၏ အရေးကို ဆောင်ရွက်သူများကိုလည်းကောင်း ဖယ်ရှားပစ်လိုကြ၏။ ထို့ကြောင့်ပင် ဂျက်ကိုဘင်ဂိုဏ်း အာဏာရသည်နှင့်တစ်ပြိုင်နက် လူ တိုင်း အစစအရာရာ ညီမျှရမည်ဟူသော စနစ်မရှိသည့် ဘုံဝါဒသမား “ရူး” ဆိုသူကို ဝိုင်းပယ်ပစ်လိုက်၏။ ထို့နောက် ၁၇၉၄ ခုနှစ်ထဲတွင် ဆိုရှယ်လစ်ဝါဒဆန်ဆန်ကလေး ပုဂ္ဂိုလ်စွဲအားဖြင့် ဥစ္စာပစ္စည်းများ ပိုင် ဆိုင်ခြင်းကို ကန့်သတ်ရမည်ဟု ပြောသော “ဟီးဘား”နှင့် လူတစ်စု ကို ခေါင်းဖြတ်စက်နှင့် အသက်ထွက်စေလေ၏။ ရှင်ဘုရင်ကို လိုလားသောဂိုဏ်းနှင့် အဆက်အသွယ်ပြု၍ ငွေရေးကြေးရေး အမြတ်ရှာရေးတွင် ပါဝင်သော ဂီရွန်းဒစ်လေသံပါသူ “ဒွန်တွန်” တို့ လူစုကိုလည်း ခေါင်း ဖြတ်၍ သတ်ပစ်လေ၏။
ထိုသို့ အတိုက်အခံမှန်သမျှ သုတ်သင်ပစ်လိုက်သော်လည်း ၁၇၉၄ ခုနှစ်တွင် “ရိုးတဲ့စပါး” ကြီးမှူးသော ဂျက်ကိုဘင်ဂိုဏ်း၏ သြဇာ မှာ ဆုတ်သောလပမာ ရှိနေ၏။ ဂီရွန်းဒစ်ဂိုဏ်းလက်ထဲမှ နိုင်ငံရေး အာဏာကို ရယူပြီးနောက် “ရိုးဘို့စပါး” သည် သူ၏ စီးပွားရေးနှင့် ပေါင်းသင်းဆက်ဆံရေးစနစ်ကို လက်တွေ့ လုပ်ရန် ကြံစည်လေ၏။ အထက်ပါစနစ်အရ ဥစ္စာပစ္စည်းများကို ပုဂ္ဂိုလ်စွဲပိုင်ဆိုင်ခြင်းကို လုံးဝ မဖျက်သိမ်းသော်လည်း ကန့်သတ်ထားမည်ဖြစ်၏။ ထို့နောက် အမြတ် ရှာသမားများကို နှိပ်ကွပ်မည့်အပြင် ကိုယ်တွင်းရေး၌လည်းကောင်း၊ အများနှင့်ဆက်ဆံရေးတွင်လည်းကောင်း၊ စာရိတ္တကောင်းပုံမရသူများကို အများနှင့်ပတ်သက်ဆက်ဆံသော လုပ်ငန်းများထဲက ထုတ်ပယ်ပစ်မည် ဖြစ်၏။ ရိုးတဲ့စပါးသည် “ယူတိုးပီးယား” ခေါ် စိတ်ကူး၍ အလွန် ကောင်းသော်လည်း စနစ်မရှိသဖြင့် တကယ်တမ်း လက်တွေ့ မဖြစ်နိုင် သော “ပဒေသာပင်” နိုင်ငံတစ်မျိုး တည်ထောင်ချင်၏။ သူတည်ထောင်မည့်နိုင်ငံတွင် လူအားလုံးသည် ညီတူညီမျှနေရမည့်အပြင် လယ်ယာစိုက် ပျိုးခြင်းသာလျှင် လူများ၏ အဓိကအလုပ် ဖြစ်ပေလိမ့်မည်။
ဤသို့ “ရိုးဘို့စပါး” ကြံရွယ်ရုံဖြင့် အလယ်တန်းစားများက မကျေ မနပ်ဖြစ်လာပြီး “ရိုးဘို့စပါး” ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ကြ လေ၏။ ၎င်းအလယ်တန်းစားတို့က ကမ္ဘာကျော် ပြင်သစ်ဆူပူမှုကြီးကို ဖြစ်ပေါ်စေသော စက်ကြီး၏ အရင်းခံသံပတ်ကြီးနှင့်တူ၏။ ထို့ကြောင့် ၎င်းအလယ်တန်းစားများအကျိုးနှင့် ဆန့်ကျင်ကာ ဆောင်ရွက်လုပ်ကိုင် ၍ မဖြစ်နိုင်ပေ။ ထို့ပြင် တောသူတောင်သားများ၊ ဈေးဆိုင်များနှင့် ကုန် သည်ကလေးများ “ချို့တဲ့သော အလယ်တန်းစား” သည် ရှင်ဘုရင် အုပ်စိုးခြင်းနှင့် မှူးမျိုးမတ်နွယ်များ လူတွင်ကျယ်လုပ်ခြင်းကို သုတ်သင် ရှင်းလင်းပြီးပြီဖြစ်သဖြင့် ကျေနပ်ကာ ပြောင်းလဲပြုပြင်ရေးကို စွန့်ပစ်ကြလေ ပြီ။ သူတို့ အေးအေးဆေးဆေး ငြိမ်းချမ်းစွာ တိုးတက်ကြီးပွားကြောင်းကို လုပ်ကိုင်နိုင်ရန်လည်းကောင်း၊ ဓနရှင်ကြီးများက တိုင်းပြည်ကို ကြီးစိုးရန် အကြံကိုလည်းကောင်း၊ နှိမ်နင်းဖျက်ဆီးပစ်မည့် ခိုင်မြဲတောင့်တင်းသော အစိုးရကိုသာ အလိုရှိနေ၏။ ထို့ကြောင့်ပင် “ရိုးဘို့စပါး” ကြီးမှူးသော ဂျက်ကိုဘင်ဂိုဏ်းသည် တိုင်းပြည်က လူထုကြီးနှင့် အကွဲကြီး ကွဲသွား လေရာ ၁၇၉၅ ခုနှစ်တွင် “ရိုးတဲ့စပါး” မှာ ခေါင်းဖြတ်၍ အသတ်ခံရလေ ၏။ ထို့နောက်တွင် ဂီရွန်းဒစ်ဂိုဏ်းသားများ ထောင်က လွတ်ကြလေ၏။
ထောင်ကလွတ်သောအခါ ဂျင်ဘလင်ကီသည် ကွန်ဗင်းရှင်း အစည်းအဝေးကြီးကို ဆက်လက်တက်ရောက်သော်လည်း အများမဲဆန္ဒ ပေးရာ မဲလိုက်၍ပေးခြင်းနှင့် လခထုတ်ယူရုံကလွဲ၍ အခြားကိစ္စများကို ရှေ့ဆောင်ခေါင်းရွက် မလုပ်တော့ပေ။ ထိုသို့ အေးအေးနေရင်း သူ
ထောင်ထဲ နေထိုင်ခဲ့ရပုံကို “ထောင်တွင်းဆယ်လ၊ ဝဋ်ဒုက္ခ” အမည်ရှိ သော စာအုပ်တစ်အုပ် ရေးသားလေသည်။