Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၅)

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

               အစ်ကိုကြီး

             ဘိုးနှစ်သည် မူးယစ်လျက် အစ်ကိုဖြစ်သူ ရာဇဝတ်အုပ်မောင်ဘိုး သစ်၏ အိမ်သို့ ရောက်၍လာလေ၏။

               ရာဇဝတ်အုပ်က

              “ဟေ့ ဘိုးနှစ် မင်းမူးလာတယ်မဟုတ်လား၊ ငါ့အိမ်ကိုမူးရူးပြီး မလာ နဲ့၊ ငါ့နာမည်ကို မင်းဖျက်မဲ့အကောင်၊ ငါ လူဆိုးလူမိုက်တွေကို မွေးတယ်။ လူမိုက်တွေနဲ့ပေါင်းတယ်လို့ သတင်းဖြစ်နေပြီ မင်းသိလား၊ ငါမင်းအတွက် ဘယ်လောက်နာမည်ပျက်နေတယ်ဆိုတာ မင်းဘာမှမသိဘူး”

ဟု ဆီး၍ ပြောလိုက်လေ၏။

“ကျွန်တော် အစ်ကိုနာမည်ပျက်အောင် ဘာများလုပ်လို့လဲ၊ ကျွန်တော် ဘာမှမလုပ်ဘူး” -

“မင်းအရပ်ထဲမှာ သောက်စားယစ်မှုး၊ ကြက်တိုက်၊ ဟော့ရမ်းနေ တယ်ဆိုတာ လူတိုင်းသိတယ်၊

ငါ့ကြောင့် မင်း ဒီလိုနေနိုင်တာ၊ ငါမရှိရင် မင်း ဒီလိုတစ်နာရီ နေနိုင်မှာမဟုတ်ဘူး၊ ငါ့အိမ်မှာ လူကြီးလူကောင်းတွေ ရှိတယ်၊ ဒီနေ့ည မြို့အုပ်မင်း ဒီမှာတည်းလိမ့်မယ်၊ မတော်တဆ ဒီအမှုး သမား ဘယ်ကလူလဲလို့မေးရင် ငါ ဘယ့်နှယ်ပြောမလဲ”

“ကျွန်တော် ဘိုးနှစ်ပဲ၊ ဘိုးနှစ်လို့ ပြောလိုက်ပေါ့ ။ အစ်ကို

ရာဇဝတ်အုပ်မို့ ရာဇဂုဏ်မောက်ရင် ကျွန်တော် အစ်ကို့ညီဖြစ်ကြောင်း မပြောဘဲ နေနိုင်ပါတယ်”

“ငါမပြောပေမယ့် တစ်ယောက်ယောက်ပြောမှာပဲ၊ မင်းကနေ့ည ငါ့ဆီကိုမလာနဲ့ ၊ မင်းအတွက် ငါ ကျက်သရေယုတ်မှာ”

“အောင်မယ် အစ်ကိုရယ်၊ မလာစေချင်ရင် အခုသွားပါ့မယ်၊ ညီ အစ်ကိုနှစ်ယောက်တည်းရှိလို့ ကိုယ့်အစ်ကိုရယ်လို့ လာတာပါဗျာ၊ ညီလို့ လည်းမပြောပါနဲ့ ၊ ကျွန်တော်လည်း အစ်ကိုရယ်လို့ မပြောပါဘူး၊ အခုသွား မယ်၊ ကျွန်တော့်မျက်နှာကို ဒီတစ်ခါကြည့်လိုက်၊ နောက် အစ်ကို့အိမ်ရိပ်ကို တောင် မနည်းတော့ပါဘူး”

“မင်းစကားချည့်ပဲနော်၊ ငါက မင်းကို မပြောရသေးဘူး၊ ငါအစ်ကို ကွဲ ဒီလောက်ပြောတာလေးကိုတောင် မခံချင်ရင် မင်းသဘော၊ မင်းဘယ် ကိုပဲသွားသွား ငါ့ကို ဒုက္ခမပေးရင်တော်ပြီး မောင်မင်းကြီးသား ကြွတော်မူ ပါခင်ဗျာ၊ မင်းကို အစ်ကိုမပြောဝံ့ပါဘူးညီရယ်၊ ကြွတော်မူပါ”

ဟု ပြော လိုက်လေ၏။

ဘိုးနှစ်လည်းအိမ်ပေါ်မှ ဖိနပ်ကို ဆောင့်၍နင်းပြီး ဆင်း၍သွားလေ၏။

ထိုအခါ ညဉ့်ကိုးနာရီအချိန်ခန့် ရှိလေ၏။ . အစ်ကို ဘိုးသစ်ကား စိတ်မချမ်းသာသော်လည်း ပြန်၍မခေါ်ဘဲ ကြည့်၍သာနေရလေ၏။ တိုး၍ကဲမှာ စိုးသောကြောင့်သာ မခေါ်ဘဲနေ လိုက်ရခြင်းဖြစ်လေ၏။ မိဘလည်းမရှိ၊ ညီအစ်ကိုမောင်နှမဟူ၍လည်း အခြားမရှိ၊ ညီအစ်ကိုနှစ်ယောက်တည်းရှိရာ ဘိုးနှစ်မှာ မိုက်မိုက်တူးတူး ညီဖြစ်သဖြင့် ချစ်လည်းချစ်၊ သနားလည်းသနားလျက် ညီဖြစ်သော်လည်း သားကဲ့သို့ ဂရုစိုက်သော အစ်ကိုဖြစ်လျက် ဘိုးသစ်မှာ မပြောရက် မဆို ရက် အခက်ကြုံ၍နေလေ၏။

အစ်ကိုမှာ အသက်သုံးဆယ်ကျော်ကျော် ရှိလေရာ ညီမှာ အသက် ၂၀ မျှလောက်သာရှိလေ၏။ ၎င်းတို့စပ်ကြားမှ အစ်မတစ်ယောက် ဆုံး၍ သွားလေ၏။ ဘိုးသစ်သည် ညီဖြစ်သူအတွက် အမျိုးမျိုးအနွံအတာခံလျက်ခုနစ်တန်းအောင်သည့်တိုင်အောင် ညီဖြစ်သူအား ပညာကို သင်၍ပေးလေ၏။ ။

ဘိုးနှစ်သည်ကား ငါ့အစ်ကို ငါ့ကိုဂရုစိုက်သည် ဘယ်တော့မှ ငါ့ကို ပစ်၍ထားမည်မဟုတ်ဟု ယုံကြည်ကာ အလိုလိုက် အမိုက်စော်ကားဆို သော စကားကဲ့သို့ ဖြစ်၍နေလေ၏။

ဘိုးသစ်သည် ဘိုးနှစ်အား ဤကဲ့သို့ ဖြစ်၍သွားပြီးနောက် သုံးရက် မကြာမီ ပြန်၍ရှာဖွေခေါ်ငင် ချော့မော့ဖျောင်းဖျလေ့ရှိ၏။ ဤတစ်ကြိမ်၌ ကား

နောင်ကြဉ်အောင်ထားမည်ဟု စိတ်ကိုတင်းလိုက်လေ၏။ ဘိုးနှစ်က လည်း အခါတိုင်းမှာ အစ်ကိုစိတ်ဆိုး၍ပြီးသည်နောက် နောက်တစ်နေ့မှာ အနီးအပါး၌ ရစ်ဝဲရစ်ဝဲနေလေ့ရှိ၏။ ယခုကား ထိုကဲ့သို့မနေ၊ မဟုတ် တကယ် ပြတ်ပြတ်စဲစဲကဲ့သို့ နေလေ၏။

ဘိုးသစ်၏စိတ်၌ တစ်နေ့သော်လည်း ပေါ်လာနိုးနိုး နောက်တစ် နေ့ မြင်ရနိုးနိုး မျှော်ကိုး၍နေခဲ့လေရာ ဘိုးနှစ်သည်ကား မိမိ၏အစွမ်းကို ပိုမို၍ပြရန် ကြံစည်လျက် အရိပ်အရောင်ကိုမျှမပြဘဲ လွတ်ကင်းရာသို့ သွား၍နေလေ၏။

သို့နေရာတွင် ဘိုးနှစ်မှာ သုံးရေးအတွက် အကယ်ပင် ကျပ်တည်း၍ သွားလေ၏။ သို့ဖြစ်လေရာ အစ်ကိုဆူပူခြင်းထက် ဝမ်းဗိုက်၏ဆူပူခြင်းက ပိုမိုကြီးလေ၍ နေလေ၏။ သို့ဖြစ်ရကား အဘယ်မှာ စားလမ်း ချော်မည်ကို များစွာဂရုစိုက်ရ၏။

ဘိုးနှစ်ထက် အသက်မွေးကျပ်သူတွေလည်း အများအပြားရှိလေ ရာ ဘိုးနှစ်မှာ နောက်လိုက်နောက်ပါ အသက်မွေးကျပ်သူတွေ အသိုက် အဝန်းကြီး၍ လာလေ၏။ တစ်နေ့၌ ကြက်ဝိုင်းအသိမ်းမှာ ကြက်သမား လေးငါးယောက် တိုင်ပင်ကြလေ၏။ တိုင်ပင်သောအကြောင်းမှာ အလုပ် အကိုင် ရှားပါး၍ ငွေတွင်းနက်သည့်အကြောင်း ဖြစ်လေရာသို့ တိုင်ပင်၍ နေခိုက်တွင် ယောက်ျားကြီးတစ်ယောက် ကြိုးအိတ်ကြီးဖြင့် ငွေဒင်္ဂါးတွေ ထမ်းလျက် မီးရထားရုံမှ အိမ်သို့ ပြန်၍လာသည်ကို မြင်ကြရလေသည်။

ထိုလူကြီးကား စပါးကုန်သည်ကြီး ဦးဘိုးမြှင့်ဖြစ်လေရာ ကြိုးဖြင့် ရက်သော အိတ်ကြီးထဲ၌ ငွေများထည့်၍ ထမ်းလာသည်မှာ မရှိရှားပါး သော သူတို့၏လောဘကို အမျိုးမျိုးဆွသကဲ့သို့ ဖြစ်လေ၏။

“ဟေ့ ... ဘိုးနှစ်၊ ဒီလူကြီးငွေတွေကို လိုက်ပြီးလုရင် ကောင်းမှာပဲ ဧကန် ကြောက်ကြောက်နဲ့ ပေးခဲ့မှာပဲ”ဟု ဘိုးထီးဆိုသူက ပြောလေ၏။

အခြားတစ်ယောက်က “ဒီလူကြီး ရတဲ့ငွေဟာ စပါးအလုပ်ကို ရိုးရိုး လုပ်လို့ ဒီလောက်ရတာမဟုတ်ပါဘူး၊ ငွေတိုးချလို့ ရတာ၊ ဘယ်နေ့ ဘယ် ရက်မှာ ဆပ်မယ်ဆိုရင် တစ်ရက်အကြူးမခံဘူး၊ ပေါင်နှံထားတဲ့ ရွှေတို့၊ အိမ်တို့၊ ကျွဲတို့ နွားတို့ လယ်မြေတို့ကို တစ်ခါတည်းသိမ်းတာပဲ၊ ရှိခိုးတောင်းပန်လို့မရဘူး၊ အင်မတန်ရက်စက်တဲ့လူကြီးဗျာ၊ ကျုပ်သူ့ကို ဓားပြ တိုက်မယ်လို့တောင် ကြံမိတယ်၊အဖော်မရှိလို့၊ ဒီလိုအကောင်ကြီး မျိုးငွေကို တိုက်ယူလို့ ငရဲကြီးမှာလည်းမဟုတ်ပါဘူး၊ မတရားရတဲ့ပစ္စည်းတွေ၊ ဒီလို လူတွေကိုတိုက်ခိုက်ယူရင် တိုင်းပြည်ကို ကူညီရာရောက်မှာပဲ၊ ဝန်ထောက် ဦးဘိုးခကြီးတို့လို လူတွေကိုလုရင်အဘယ်နည်းနဲ့မှ အပြစ်ရှိမှာမဟုတ်ဘူး၊ ဆင်းရဲသားတွေထံက မတရားယူပြီး တောကိုများသွားတဲ့အခါ ရွှေဒင်္ဂါး တွေကို သားရေအိတ်ထဲထည့်ပြီး သွားတာပဲ၊ တောသူမကလေးတွေကို ရွှေဒင်္ဂါးပြပြီး အရမ်းဖျက်ဆီးတာပဲ”

“ခုတင်က ငွေတွေထမ်းသွားတဲ့ ငရဲကြီးလည်းဒါမျိုးပဲ၊ ဘုရား တကာလို့ အခေါ်ခံပြီး မယားတွေချည်း ယူတာပဲ၊ မယားတကာကြီးလား အခုအနေလိုက်ပြီးလုရင်ရမှာပဲ”

ဟု ဘိုးထီးက ပြောလေ၏။

ဘိုးနှစ်က ဘိုထီးအား မျက်စပစ်၍ပြလေ၏။ ဘိုထီးကလည်း ပြန်၍ မျက်စပစ်လေ၏။

မကြာမီ နှစ်ယောက်သားထ၍သွားပြီး လယ်ပြင်ထဲမှာလမ်းလျှောက် လျက် တိုင်ပင်ကြလေ၏။

“မင်း နာမည်ပျက်ရှိဖူးသလား”

“မရှိဖူးပါဘူး”

“မရှိရင် တော်တာပေါ့၊ ငါလည်းမရှိဘူး၊ ငါ့အစ်ကိုလည်း ရာဇ ဝတ်အုပ်”

“ဒီလိုဖြင့် နေရာကျပြီ၊ လူများလို့လည်း မကောင်းဘူး၊ ယုံရသူ သုံးလေးယောက်ရရင် နေရာကျမှာပဲ” ဟု ဘိုထီးက ပြောလေ၏။

“သုံးလေးယောက်တော့ မင်းရှာရင်ရမှာပေါ့၊ ယုံရမှကောင်းတာဘွဲ့”

“ရပါတယ် ကိုဘိုးနှစ်ရဲ့ ၊ အခုရှိတဲ့ လူထဲမှာပဲရှိပါတယ်။ ဒီလူတွေ ဟာ သူလို ငါလို ငွေလိုနေတဲ့ လူတွေပဲ”

“ပုလိပ်နဲ့တွေ့တော့ အစိုးရသက်သေလုပ်မယ့်အကောင်တွေဖြစ်ရင် လည်း မကိုက်ဘူးကွဲ” ဘိုးနှစ်က ပြောလေ၏။

“ဒီလိုကောင်တွေတော့ ဒီအထဲမှာမရှိဘူး၊ ကျုပ်အကောင်တွေဆို ရင် စိတ်ချရတဲ့ အကောင်ချည့်ပဲ။ ကျုပ်တို့ ဒါမျိုးမလုပ်ဖူးဘူး ထင်သလား။ ကျုပ်တို့မှာ စိတ်ချရတဲ့တကယ့်လူယုံတစ်စုရှိပါတယ်။ သာဝေ၊ စံကူး၊ ဘိုး ထိုက် ဒီအကောင်သုံးယောက်တော့ ဘယ်လိုပုလိပ်ကြမ်းမှ မရဘူးလို့ ယုံကြည်လိုက်ပါ၊ ဟိုဘက်က ဖိုခနောက်ဆိုင် သုံးယောက်ဟာ သူတို့ပဲခေါ် လိုက်မယ်နော်”

“ခေါ်လေ အခြားအကောင်တွေ ရိပ်မိမှာ စိုးရတယ်”

“ဒီအကောင်တွေလည်း ဒါမျိုးပဲ၊ သူတို့နဲ့တော့တစ်ခါမှ အလုပ် မလုပ်ခဲ့ဖူးသေးဘူး၊ ဒီသုံးယောက်တော့ စိတ်ချရတဲ့ အကောင်တွေပဲ၊ ဟေ့ .. သာဝေ စံကူး” ဟုခေါ်လိုက်ရာ ဘိုထိုက်ပါ သာဝေ စံကူးတို့နှင့်အတူ ထ၍လာလေ၏။

ဘိုးနှစ်က သာဝေအား အသံကျယ်ကျယ်နှင့်

“ဟေ့ ... သာဝေ မင်း ကြက်ဖကြီး ခွပ်လက်ပေးရအောင်”ဟု ပြော လေ၏။

- သာဝေက“တဲကိုသွားလေ”ဟုပြောပြီး ငါးယောက်သား ဟန်ဆောင် ကြလေ၏။

ဘိုးထီးက “တခြားမဟုတ်ဘူးကွဲ၊ ဟိုအကောင်တွေကို စိတ်မချလို့

မင်းကိုခေါ်တာ၊ ငါတို့ ဒီကနေ့ည အလုပ်ကလေးတစ်ခု လုပ်ချင်လို့ မင်းတို့ သုံးယောက်ကို အလုပ်လုပ်မလားလို့တိုင်ပင်တာပဲ၊ ဘယ့်နှယ်သဘောရသ လဲ” ဟု မေးလေ၏။

“အလုပ်ဆိုတာ ဝိုင်းကောင်းရင် လုပ်တာပေါ့ကွေ့”

 “ဝိုင်းတော့ မင်းတို့ပဲရှိတာပဲ၊ မင်းတို့ကောင်းရင် ကောင်းမှာပဲ”

 “ရွှေ့ ၊ စိန်လိုက် ဘယ်မှာအုံရှိသလဲ”

“ခုတင်က ဦးဘိုးမြှင့်ကြီးကို မြင်တယ်မဟုတ်လား၊ ဒါထက်ကောင်း တဲ့အုံ ဘယ်မှာရှိမှာလဲကွဲ၊ သူ့မှာ သမီးနှစ်ယောက်နဲ့ အမယ်အိုကြီးလည်း ရှိတယ်”

ထိုနောက် လက်ဟန်ခြေဟန်နှင့်တစ်မျိုး၊ လူနားမလည်သော စကားဖြင့်တစ်မျိုး ပြောဆိုတိုင်ပင်ကြလေ၏။ တဲနား ကြက်ခွပ်လက်ပေး ခြင်း အလုပ်သည် ထိုအလုပ်ပင်ဖြစ်လေ၏ ။ တိုင်ပင်ခြင်းအလုပ်မှာ တစ် နေ့ခင်းလုံး ကြာလေ၏။

ထိုညအခါ ဆယ်နာရီအချိန်လောက်တွင် သာဝေ၏ တဲ၌ ငါး ယောက်သားတိုင်ပင်၍ပြီးလေ၏။ တိုင်ပင်စီမံ၍ ပြီးသောအခါဦးဘိုးမြှင့်၏ အိမ်သို့သွားကြလေ၏။ ၎င်းတို့မှာ ဓားသေနတ်များနှင့် အခြားလက်နက် များပါရှိကြလေ၏။

ငှက်ကြီးတောင်ဓား တစ်လက်လည်းပါလေ၏။ ၎င်းသည်ကား သာဝေ၏ အိမ်၌ အမြဲဆောင်သောဓားဖြစ်လေ၏။

ဦးဘိုးမြှင့်၏ အိမ်မှာ လသာမီးအိမ် ထိန်ထိန်လင်းလျက် ရှိနေလေ ၏။ အိမ်ရှေ့၌ မိန်းမလေးငါးယောက် ဦးဘိုးမြင့်တို့နှင့်ထိုင်ကာ စကားပြော ၍ နေကြလေ၏။

စံကူးနှင့် ဘိုးထိုက်သည် အိမ်ရှေ့လမ်းမှောင်ရိပ်တစ်ခုမှာ နေရစ် ကြလေ၏။ ဘိုထီး၊ သာဝေ၊ ဘိုးနှစ်တို့သည် အိမ်ကိုဝင်ကြ၏။ ဘိုးနှစ် က ခြောက်လုံးပြူးကိုကိုင်ကာ ဝင်သွားပြီး

“ငြိမ်ငြိမ်နေကြပါခင်ဗျားတို့ကို ဘာမှမလုပ်ပါဘူး”ဟု ပြောလေ၏။