Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဝထ္ထုပဒေသာအမှတ်(၁၅)

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

                                             တို့တောရွာ

                                                       [၁]

                   လှိုင်မြစ်ကမ်းခြေရှိ အစိုနှင့်အခြောက် ရောနှောက်သောအရပ်များမှာ လေသံရေသံတို့မှတစ်ပါး အခြားအသံတို့ကို မကြားရချေ။ လောကဓာတ် မှာ စိုလျက် ရွာငယ်အိမ်စုကလေးများမှာ ခြောက်သဖြင့် အစိုနှင့်အခြောက် ဟု ဆိုရခြင်းဖြစ်လေ၏။ လယ်ပြင်များ၌ကား တံလျှပ်ထလျက် ပြိုးပြိုးပြက် ၍နေလေရာ စိမ်းစိုသော ကျွဲစားကျက်တောများသည် လှိုင်းထသော ပင်လယ်ပြင်ကျယ်၌ရှိသော ကျွန်းများနှင့်တူလေရာ နေရောင်၌ တောက်လောင်ရေများ၏ အလယ်၌ရှိသော စိမ်းလန်းသော ကျွန်းငယ်ကလေးများမှာ ကား စိန်ရံသည့် မြအလားလို မှတ်ထင်ရလေ၏။ တိမ်လိပ်တိမ်မြွှာ အဖြာဖြာယှက်သည့် ငှက်မွေးအလား၊ တိမ်ပါးတိမ်လွှာတို့မှာ နွေဥတု၏ သန္ဓေတည်ရန် ဟန်ပြင်၍ရသော ဥတု၏ဝိညာဉ်များနှင့်တူကြလေသတည်း။

              ထိုအရပ်ဒေသ၏ အဆင်အသွင်နှင့် မညီမညွတ် ကြခတ်ရုံ၌ ပေါက် နေသော ရွက်လှပင်ပမာ အသွင်ခြားနားသည့် ယောက်ျားပျိုကလေး တစ်ယောက်သည် တစ်ခုသောတောအိမ်နောက်ဖေး နွားတင်းကုပ်နံဘေး တောင်ပို့ပေါ်၌ထိုင်ကာ ဒူးပေါ်တွင်လက်တင်မေးထောက်ရင်း တောက်ပြောင်သော ရေတို့နှင့်လေထဲတွင် ရမ်းလှုပ်၍နေသော ငှက်ပျောပင်စု ကလေးနှင့် တဲကလေးတစ်ခုရှိသော ကျွန်းကလေးကို ရှုမျှော်၍နေလေ၏။

                ထိုယောက်ျားပျိုကလေး၏ အသွင်မှာ မရွှင်မပျ သောကအပူတို့၏ ချည်ခင်ထွေးတွင် ရစ်ပတ်နှောင်ဖွဲ့ခြင်းကို ခံ၍နေရသူကလေးဖြစ်ကြောင်း အမှတ်တမဲ့ ချောင်းမြောင်းကြည့်ရှုမှသာ သိနိုင်ဖွယ်ရာရှိလေ၏။ အကြောင်းမူကား တစ်စုံတစ်ယောက်နှင့် တွေ့ကြုံ စကားပြောဆိုသည့်အခါ တိုင်း သောကမြူမှေးဟူ၍ တစ်စုံတစ်ရာကိုမျှ မသိဖူး မကြုံဖူးသူ တစ် ယောက်ဟု မှတ်ထင်ရလောက်အောင် ရွှင်ပျသောအသွင်ရှိလေ၏။

               ကွယ်လွန်သောမိဘများ၏ ဆွေမျိုးဉာတိအနည်းငယ် ဤအရပ်မှာ ရှိသည်ဟုသိရသဖြင့် ဤချောင်ကျသောတောအရပ်သို့ ရောက်၍လာရာဆွေမျိုးများမရှိတော့သည်ကို တွေ့ရသဖြင့် မိတ်ဆွေသစ်တစ်ယောက်၏ အိမ်မှာ ခေတ္တတည်းခိုအကြံယူ၍နေသော ယောက်ျားပျိုကလေးဖြစ်ရာ အဘယ်အကြောင်းကြောင့် လာရောက်ခိုလှုံနေသည်ဟူသော အကြောင်းကို မူကား မည်သူမျှမသိရပေ။ အမျိုးမျိုးအဖုံဖုံသွားသောအခါ ကျေးတောသူ ကျေးတောသားတို့၏ဘဝ ထိုယောက်ျားပျိုအပေါ်၌ မသင်္ကာသော စိတ်နှင့် အချင်းချင်းလက်ကြကာ ၎င်းအကြောင်းနှင့်ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုးကို ပေးကြလေသတည်း။ မီးရထားလမ်း မြို့လတ်တစ်မြို့မှ လာရောက်ကြောင်းများကိုကား သိကြလေ၏။ အဘယ်မြို့ဟူ၍လည်းကောင်း၊ အဘယ်အကြောင်းဟူ၍လည်းကောင်း အမှန်ကိုကား မည်သူမျှ မသိရပေ။ ၎င်း၏အတိတ်အဖြစ်အပျက်တို့မှာ စူးစမ်းကြံစည်ရာ နက်နဲ ချက်တစ်ခုဖြစ်၍ နေလေသတည်း။

                 သို့နေခိုက်တွင် မနီးမဝေးမှ သာယာသော တေးသံကလေးတစ်ခုကို ကြားရသဖြင့် ထိုင်းမှိုင်းလေးလံ ဝေမှုန်နေသည့်ဦးနှောက်မှာ မကြည်သာသော စိတ်၏မြူခိုးတို့ကို ထိုအသံသည် လေပြေပမာမောင်းနှင်၍ ပစ်သည် နှင့်တူသဖြင့် အသံကြားရာဘက်သို့ ခေါင်းမော့ရှုမျှော်ကာ နားစွင့်၍နေ လေ၏။ ထိုတေးမှာ 'ပင်ချင်းငယ်ဆိုင် အင်ကြင်းမြိုင်ရဂုံအောက်ဆီကယောက်ဖငယ်တန်ကြော်လို့၊ ကိုအောင်ကျော်ခွေခေါ်ပါတဲ့ သာဘွဲ့ စုံတော” ဟူသော တေး ကလေးဖြစ်လေရာ အဆန်းမပါ အရိုးခံသက်သက်ဖြစ်သော် လည်း လွတ်ကျွတ်သောစိတ်မှ ပေါ်ထွက်သော ရွှင်ပျော်သောနှလုံး၏ အသံ ဖြစ်လေရာ ညှိုးငယ်သွေ့ခြောက်သော ယောက်ျားပျို၏စိတ်ကို လတ်ဆတ် ခြင်းအဖြစ်သို့ ရောက်စေသောအသံဖြစ်လေ၏။

              ထိုအသံမှာလည်း ယောက်ျားသံမဟုတ် မိန်းမ၏အသံဖြစ်လေရာ ယောက်ျားပျိုမှာ အံ့သြ၍သွားလေ၏။ အကြောင်းမူကား ထိုအသံမျိုးနှင့် ညီညွတ်မည့်အသွင်ကို ဤတံငါရပ်ကိုင်းရွာအရပ်နေ စုတ်ပြတ်ပေရေသူ တို့၏ အထဲတွင် တစ်စုံတစ်ယောက်ကိုမျှ မတွေ့မမြင်ရပေ။ ထိုအသံ ပိုင်ရှင်သည် အဘယ်သို့သောအသွင် ရှိပါသနည်းဟု စဉ်းစားရင်း တေးဆုံး သည့်တိုင်အောင် ဆက်လက်နားထောင်လေ၏။

`         တေးဆုံးသောအခါ ထိုင်ရာမှထ၍သွားရာတွင် အခြားတေးများကို ဆက်လက်၍ဆိုသော ထိုအသံကိုဆက်၍ ကြားရလေ၏။ အတန်ကြာသော အခါ မိန်းမပျိုအချို့ အလုပ်လုပ်၍နေကြသော ကိုင်းတစ်ခု၏အစပ်နားသို့ ရောက်၍သွားရာ တေးသံသည် ရပ်၍သွားလေသည်။ မိန်းမပျိုများလည်း အလုပ်ကိုရပ်ကာ ၎င်းကိုအချို့ကကြည့်ကြ၏။ အချို့ကရယ်စရာ မောစရာ “ တို့ ကိုပြောကြ၏။ အချို့ကအလုပ်ကို ဆက်လက်၍လုပ်ကြလေ၏။

            ယောက်ျားပျိုသည်ကား တေးဆိုသူမည်သူဖြစ်သည်ကို အကဲခတ်ရာ မည်သူကိုမျှ အကဲခတ်၍မရ၊ ညစ်ထပ်ထပ်ပေရေရေ ဦးခေါင်း၌ အဝတ်ညစ် ညစ်တွေကို ပေါင်းထုပ်ပတ်ရစ်လျက် မျက်နှာမှ သဲသဲကွဲကွဲမပေါ် ညိုညို မှိုင်းမှိုင်း တောရိုင်းဓလေ့ စက္ခု၏အတွေ့မှာ မြိန်ရှက်ဖွယ်ရာ မရှိကောင်းသော အသွင်တို့ကိုသာမြင်ရသဖြင့် စိတ်ပျက်လျက် အသံကောင်းတိုင်းလည်း ရုပ်မကောင်း၊ ကျန်းမာသော တောသူတောင်သားတို့မှာ အဆုတ်အားကောင်းသဖြင့် အသံကောင်းလျက်၊ ရုပ်ရည်မှာ ကြမ်းကြမ်းထော်ထော် ကြည့်ရှုရာ၌ စိတ်လက်မပျော်ဖွယ်ရာတွေသာ များတတ်တာထင်ပါရဲ့ ဟု ဆင်ခြင်ရင်း သခွာ၊ ဖရုံ၊ ငရုတ်၊ ခဝဲ၊ ဖရဲ၊ ခရမ်း၊ ပြောင်းဖူး၊ ဘူးပင် အတန်းများကိုကြည့်လျက် ရပ်ကာနေလေသည်။

               “ဟောဒီမှာ မလှမေ၊ မလှမေက ကျွန်မတို့ တောကြိုချောင်ကြား ရပ်ရွာတွေမှာ ဘာမှမရှိဘူးဆို၊ မပြန်ခင်ကလေးမှာ အလွမ်းနဲ့ သွားရအောင် ကျောင်တကားတော့”

            “ဘာကျောင်တကားလဲ မအေးဘုန်းရဲ့”ဟု ညိုပြာညက်တစ် ယောက်က ထောက်မ၍မေးလေ၏။

             “ကျောင်တကားဆိုရင် ကျားတစ်ကောင်ပေါ့ မရွှေသော့ရဲ့” ? ယောက်ျားပျို၏မျက်နှာမှာ နီမြန်း၍လာလေ၏။ မိန်းမအစုအဝေး ထဲကို ယောက်ျားတယောက်ရောက်လျှင် ဂေါ်ရင်ဂျီကုလား လူမထင်သလို ပြောင်တတ်လှောင်တတ် စောင်းတတ်ချိတ်တတ်သော တောဓလေ့ တစ်ခုအ ကြောင်းကို တွေး၍နေလေ၏။ ။ . ယောက်ျားပျိုသည် ချောချောလှလှ ရသေ့စိတ်ဖြေ ကြည့်စရာတစ် ယောက်တလေမှ မမြင်ရသဖြင့် ပြန်တော့မည်ပြုဆဲမှာ ထိုစကားကို ကြားရလေရာ မလှမေဆိုတာ မြို့သူတစ်ယောက်ထင်ပါရဲ့။ ဘယ်သူများ ပါလိမ့်ဟု စဉ်းစားရင်း တောင်မြောက်လေးပါးကို ကြည့်နေခိုက်မှာ အမယ်လေး လုပ်ကြပါဦး'ဟု ထိတ်လန့်တကြားပြောပြီး မတ်တတ်မှ ခွေခနဲ ပေါက်တူးကိုပစ်ချကာလှဲချလိုက်သော မိန်းမပျိုတစ်ယောက်ကိုမြင်ရသဖြင့် ဘာများဖြစ်ပါလိမ့်ဟု အောက်မေ့ကာ လှမ်း၍အကြည့်တွင် အဖော်မိန်းမပျို များ သွားရောက် ဝိုင်းစုကြသဖြင့် ပြေး၍ကြည့်လေရာ ခြေဖျားမှ သွေးများ ဖြာလျက် သွေးစိုသောလက်များနှင့် ခြေဖျားကိုကိုင်လျက် မျက်နှာကိုမော့၍ ရှုံ့မဲ့၍နေသော အချောအမောကလေးတစ်ယောက်ကို မြင်ရသဖြင့် ကရုဏာ စိတ်အားသည် ရင်ဝသို့ဆောင့်၍ တိုးသည်ကို ကိုယ်တွေ့သိရလေ၏။

               “မလှမေကလည်း မလုပ်တတ်ရင် မလုပ်ပါနဲ့လို့ ကျွန်မအပြောသား နဲ့ လုပ်ချင်တာကိုတော့၊ ကိုင်း .... ဘယ့်နှယ်ရှိသေးလဲ၊ ခြေမမှာပါကလား။ ပေါက်တူးကသိပ်ထက်တာပဲ၊ ခြေထောက်ကိုထိအောင် ဘယ့်နှယ်လုပ် ပေါက်ပါလိမ့်မလဲ”ဟု တစ်ယောက်က ပြောလေ၏။

            “ကျွန်မ မြေစာဖုတ်ကလေးကို ရှပ်ပြီးပေါက်လိုက်တာ လက်လွန် သွားတယ် မသော့ရဲ့”ဟု တုန်လှုပ်သောအသံနှင့် နှုတ်ခမ်းများဖြူလျက် နာသူက ပြောလေ၏။

            “အမယ်လေး ... သွေးတွေက များလိုက်တာ၊ မသော့က အကြာ ကို နှိပ်ထားမှပေါ့ ”ဟု တစ်ယောက်က ပြောလေ၏။

            “အခုနေ သွေးတိတ်မန်းတတ်သူတစ်ယောက်ရှိရင်”ဟု တစ်ယောက် က ပြောလေ၏။ တစ်ယောက်က ယောက်ျားပျိုကိုကြည့်ကာ ... ။

. “ရှင် သွေးတိတ် မမန်းတတ်ဘူးလား”

ဟု မေးလေရာ ယောက်ျားပျိုမှာ မိမိကိုယ်တိုင်မန်းမည်ဟု စိတ်ကူးနေဆဲဖြစ်သဖြင့် ကပျာကယာ - မိန်းမပျိုများကလည်း နေရာဖယ်၍ပေးသောကြောင့် ... ။

 

            "  မကြောက်ပါနဲ့ ခု တိတ်သွားပါစေ့မယ်၊ ဒီထက်မကတဲ့သွေးတောင် မန်းခဲ့ပါသေးတယ်”

ဟု မိန်းမပျို၏မျက်နှာကို ပြုံးလျက်ကြည့်ကာ အားပေးသောမျက်နှာနှင့်ထိုင်၍ ခြုံဂါထာနှင့်စ၍ မန်းမည်ပြုရုံမျှအစတွင် သွေးသည် သိသိသာသာ အထွက်နှေး၍သွားလေ၏။ မိန်းမပျို၏ ဖြူလျော်သော ) မျက်နှာမှာလည်း နီမြန်း၍လာလေ၏။ မကြာမီ သွေးတိတ်၍သွားလေရာ ယောက်ျားပျိုမှာ ဂါထာကြောင့်ပဲ တိတ်သလား၊ မိမိ၏ပြုံးသောမျက်နှာကြောင့်ပဲတိတ်သလားဟု စဉ်းစား၍မရအောင် ဖြစ်၍သွားလေ၏။                             

              အကြောင်းမူကား မျက်နှာသို့ လျှံတက်သောသွေးအရှိန်မှာ လွန်စွာမှ ထင်ရှား သိသာလေရာ ဟက်တက်ကွဲသောခြေမမှာ သွေးကျန်ရစ်စရာမရှိအောင် ရှိနေလေ၏။ ဖြူသောနှုတ်ခမ်းများမှာနီလျက် ဟက်တက်ကွဲသော အနာမှာ မြစ်ရေနှင့် ဆေးလိုက်သောအခါ ဖြူ၍ကျန်ရစ်လေ၏။

              ထို့နောက် အနီးရှိတောချုံများကို မီးရှို့ထားသောနေရာမှ မီးသွေးတစ်ခုကိုယူ၍ ကျောက်ခဲ နှစ်လုံးဖြင့်ကြိတ်ပြီး မိမိကိုယ်တိုင် သိပ်၍ပေးရုံမက ရှပ်အင်္ကျီ အိတ်ထဲ၌ ပါရှိသော လက်ကိုင်ပဝါကို ထုတ်ကာ ဆုတ်ပြီးပတ်စီး၍ ပေးလေ၏။ မိန်းမပျိုမှာ ရှက်ကိုးရှက်ကန်းဖြစ်ရာမှ တစ်စတစ်စရဲပြီး ကျေးဇူးတင် စကားများကို ပြောလေ၏။ ၎င်း၏အင်္ဂါခြေ လက်မှစ၍ တစ်ကိုယ်လုံးမှာ