Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း- ဝထ္ထုပဒေသာအမှတ်(၁၂)

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

                                                   အချစ် အချစ်

               မောင်တင့်နဲ့ မညွန့်သည် မောင်နှမအရင်း တစ်အူတည်းဆင်းခဲ့သလို တစ်ဦးကိုတစ်ဦး ညှာညှာတာတာ ယုယုယယနှင့် ရိုးရိုးသားသား ချစ်ခင် ကြ၏။ မညွန့်ကလည်း မောင်တင့်အပေါ်မှာ စိတ်ထားကြီးကြီးနဲ့ မိမိမောင် အရင်းနဲ့မခြား အရာရာမှာ မောင်တင့်သဘောကိုလိုက်ပြီး အကြိုက်ကိုသာ အစဉ်မပြတ် ပြောဆိုကာ နေရာတိုင်းမှာ စောင့်ရှောက်ပြီးနေတယ်။ မောင်တင့် ကလည်း မညွန့်အပေါ်မှာ အစ်မအရင်းလိုသဘောထားပြီး အများကြီး ယုယ၍ မညွန့်က ဘာကိုလုပ်ပေးစမ်းပါ၊ ဘာကလေးလိုချင်တယ်ဆိုရင် စိတ်ရော ကိုယ်ပါ လုပ်ကိုင်ရှာဖွေပြီး ပေးတတ်၏။ မညွန့်မျက်နှာ မသာ မကြည်ရင် မောင်တင့်မှာ အနေကျပ်ပြီး အညွန့် ဘာဖြစ်လို့လဲ၊ ခေါင်းကိုက် သလား၊ နေမကောင်းဘူးလား၊ အတင့် ဆေးသွားတောင်းရမလားနဲ့ ပရုပ်ဆီ ရှာလိုရှာ၊ နှာပြေးတောင်းလိုတောင်းနဲ့ ဒေါင်းတောက်အောင် အလုပ်များ၍ မညွန့် မကြိုက်တာဆိုရင် ဘာမှ ပြောလည်းမပြောရက်၊ လုပ်လည်း မလုပ်ရဲ ဘဲ ဦးစားပေးပြီး ပြောစရာရှိရင် နှစ်ကိုယ့်တစ်စိတ် ပွင့်ပွင့်လင်းလင်း ပြောဆိုကာ ရင်းနှီးစွာနေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။

မောင်မောင်တင့်နှင့် မညွန့်မှာ ဆွေလည်းမတော်၊ မျိုးလည်းမတော်၊ ဘာမှမတော်တဲ့ သူစိမ်းပြင်ပြင်ဘဝမှ ထိုကဲ့သို့ တဖြည်းဖြည်း ရင်းနှီးချစ်ခင်၍လာခဲ့သည်မှာ ထိုအချိန်တွင် မညွန့်ရော မောင်တင့်ပါ အသက် ၂၂ နှစ်အရွယ် သို့ ရောက်လာကြလေ၏။ မညွန့်သည် မောင်တင့်ထက် အလွန်ဆုံးကြီးလှ လျှင် တစ်လလောက်ကြီးမည်ဖြစ်သော်လည်း ထန်းပင်နှင့် နှမ်းပင်ကဲ့သို့ မညွန့်မှာ အပျိုကြီးဘဝသို့ရောက်ကာ မောင်တင့်မှာ လူပျိုကလေးလိုဖြစ်၍ အသက်ကို မမေးမူကား မောင်တင့်မှာ မညွန့်ထက် ၂နှစ်၊ ၃နှစ် ငယ်လိမ့် မည်ဟု သူသူငါငါ ထင်ကြမည်မျှမက မညွန့်နှင့် မောင်တင့်ကိုယ်တိုင်ပင် မညွန့်က ဖြူဖြူတုတ်တုတ်ကြီး၊ မောင်တင့်ကတော့ သေးသေးသွယ်သွယ် ကလေးဖြစ်နေတော့ မညွန့်စိတ်ထဲမှာ မောင်တင့်ဟာ မိမိထက် အတော်ပင် ငယ်သလိုလို။ မောင်တင့်ကလည်း မညွန့်ဟာ မိမိထက် အသက်အတော်ကို ကြီးသလိုလို ထင်မိကြသော်လည်း အသက်မှာ ဘယ်သူ့ဘယ်သူမှ ဆို

လောက်အောင် မကြီးကြကြောင်းကို စဉ်းစားမိတော့မှ အို သူက ဝလို့ပါလေ၊ သူက ပိန်ပိန်ပါးပါးမို့ပါလေ၊ ငါတို့အရွယ်အတူတူပါပဲဟု နှစ်ဦးလုံး၏ စိတ်တွင် ကျေနပ်၍သွားလေ၏။ ထိုကဲ့သို့ တစ်ဦး၏အသက်ကို တစ်ဦး တွေးတောကာ အရွယ်တူဖြစ်သည့်အတွက် ကျေနပ်ခြင်း၏အကြောင်းမှာ ဘယ်အတွက်ပေနည်း။ ဤဝတ္ထု၏အဆုံး၌ သိရှိရမည်မဟုတ်ပါလော။

မသန်းသည် ပါးအို့နီ နှုတ်ခမ်းပါး၊ မျက်လုံးပြူး၊ နှာတံရှူးကလေး နှင့် သေးသေးသွယ်သွယ် ပန်းချီစုတ်တံခြယ်ထားသလို၊ တကယ့်ကိုလှ၍၊ အတော့်ကို ချစ်စရာကောင်းတဲ့ အချောမကလေးဟု မဆိုတဲ့သူက မဆိုသော် လည်း ဆိုတဲ့သူများမှာ အတော်များပြားလေ၏။ မသန်းသည် မညွန့်နှင့် ညီအစ်မတော်စပ်၍ မညွန့်တို့အိမ်နှင့် မျက်စောင်းထိုးအိမ်မှဖြစ်လေ၏။

မောင်တင့်သည် အလုပ်အားတဲ့အချိန်တွင် မညွန့်တို့အိမ်မှာသာ အမြဲ ရှိ၍ အိမ်ရှေ့ခန်းပြတင်းပေါက်တွင်ထိုင်ကာ စာအုပ်ဖတ်ခြင်း၊ စောင်းတီးခြင်း ဖြင့် အချိန်ကုန်လေ၏ ။ မသန်းသည် မညွန့်ထံသို့ နေ့တိုင်းလာ၍ စကား ပြောကာ ဇာထိုးပန်းထိုးများကိုသင်လျက်နေလေ၏။ မသန်းလာတိုင်း မောင် တင့်သည် အိမ်ပေါ်မှာရှိတာက များလေ၏။ မသန်းသည် ထိုကဲ့သို့ မောင် တင့်ရှိနေမှန်းသိလေ အခေါ်ရလွတ် မညွန့်ထံ လာလေလေဖြစ်၍ လာတိုင်းလာတိုင်း အိမ်ပေါ်ကိုရောက်လျှင်ရောက်ချင်း မောင်တင့်နှင့် မျက်နှာချင်း ဆုံပြီးမှသာ မညွန့်ကို သတိရ၏။ မောင်တင့်နှင့် မျက်စိချင်း စကားမပြော ရလျှင် မသန်းမှာ မနေတတ်၊ မထိုင်တတ် ဝမ်းနည်းသလိုလိုဖြစ်ကာ တစ်ခါ တစ်ရံ မသန်းလာလျှင် မောင်တင့်သည် လှည့်၍မကြည့်ဘဲ စာအုပ်ကိုသာ စိုက်၍ဖတ်နေသောအခါ၌ မသန်း၏စိတ်ထဲမှာ သော် ကိုတင့်ဟာ တကယ့် ကို မာနကြီးတဲ့လူပဲဟု အောက်မေ့ကာ စိတ်တိုချင်သလိုလို ဖြစ်၍လာလေ ၏။

မသန်းသည် မောင်တင့်အပေါ်တွင် အချစ်မျိုးစေ့ကလေးကို ချထား ရာ ထိုမျိုးစေ့ကလေးမှအညှောက်ပေါက်နေပြီးဖြစ်သည့်အတွက် မောင်တင့်၏ မေတ္တာရေ လောင်းခြင်းကို အတိုင်းမသိ အလိုရှိ၍ အချိန်ရှိတိုင်း မောင်တင့် ၏ အကြောင်းကိုသာ စဉ်းစားကာ မညွန့်အားလည်း စကားစပ်မိတိုင်း ပြော လေ၏။ မညွန့်ကလည်း မောင်တင့်အား အတိုင်းမသိသော စေတနာဖြင့် ချစ်ခင်သည့်အတွက် မသန်းပြောတိုင်း မောင်တင့်၏ ရိုးသားတည်ကြည်ကြောင်း၊ စိတ်သဘောကြီးကြောင်းကို ပြန်ပြောရာ မသန်းမှာ မညွန့်က မောင် တင့်အတွက် စီကာပတ်ကုံးပြောသောစကားများကို အတော်နားထောင်

ကောင်း၍ မနည်းကြီး အရသာရှိသလိုလိုဖြစ်၍နေလေ၏။ သို့ပင်ဖြစ်သော် လည်း မောင်တင့်မှာ မသန်း၏အပေါ်တွင် ထူးခြားဖောက်ပြန်သည့်စိတ်မှာ လုံးလုံးမရှိသကဲ့သို့ မသန်းက ဆယ်ခါလောက်မေးမှ မောင်တင့်က တစ်ခါ လောက်သာ ပြော၍ မသန်းမှာ အစဉ်းစားကျပ်အောင်ရှိလေ၏။

မညွန့်မှာ ထိုကဲ့သို့ မသန်းက မောင်တင့်အား မေတ္တာရှိပုံနှင့်၊ မသန်း ၏ အချစ်စိတ်ဖယောင်းတွေ မောင်တင့်အပေါ်တွင် အရည်ပျော်၍ကျနေ သည်ကို မိန်းမချင်းလည်းဖြစ်ပြန်၊ မသန်းထက်လည်း အသက်ကြီးပြန်ဆိုတော့ အတတ်သိ၊ အစင်းသိဖြစ်လေ၏။ မညွန့်တွင်မဟုတ် မောင်တင့်ကိုယ် တိုင်ကလည်း မိန်းမတို့၏ အချစ်ပရိယာယ်ကို ဒုံးဝေးသူမဟုတ်သည့် အတွက် အတတ်သိလေ၏။ သိသော်လည်း မောင်တင့်၏စိတ်သည်ကား ဘယ်အတွက်ဟုမသိ။ မသန်း၏အပေါ်၌ မရိုးသားသော အချစ်မျိုးနှင့်

ချစ်ဖို့ရန်ကို မဆိုထားနှင့် မသန်းအား နေ့တိုင်းမြင်နေရသည့်အတွက် ကြာ လျှင် မသန်းက သည်ထက်သည် ကန်းတက်၍ချစ်ပြီးလျှင် မိမိကလည်း မတော်တဆ မသန်းအား စိတ်ဖောက်ပြန်၍ ချစ်မိမည်ကို စိုးရိမ်ကာ မသန်း၏ အကြောင်းကိုပင် စေ့စေ့မတွေးဘဲ ထိုကဲ့သို့ မသန်းက မိမိအားချစ်ပါလျက်နှင့် မိမိက မသန်းအား ပြန်၍ ဘာကြောင့်မချစ်ချင်သလဲဆိုတာ မောင်တင့် ကိုယ်တိုင်ပင် စဉ်းစား၍မရချေ။ သို့ဖြစ်လျှင် မောင်တင့်သည် မသန်းအား မုန်း၍လား၊ မသန်းအား လော်လည်သောမိန်းမကလေးဟုထင်၍လားဟုဆိုသော် မောင်တင့်သည် မသန်းအား မမုန်းကြောင်း သစ္စာဆိုရဲ၏။ လျှပ်ပေါ် လော်လည်သော မိန်းမစားထဲကမဟုတ်ဘဲ အဟုတ်ကို တည်ကြည်တဲ့ မိန်းမ ကလေးဖြစ်ကြောင်း ကောင်းကောင်းကြီးထောက်ခံနိုင်ပေ၏။ ထိုကဲ့သို့ အပြစ်တစ်စုံတစ်ရာမမြင်ဘဲနှင့် မိမိအား အမှန်ချစ်ရှာသော မသန်းအား မောင်တင့်မချစ်သည်မှာ မောင်တင့်၏အချစ်နှင့် မေတ္တာသည် အိပ်ပျော်နေ၍ လား၊ သို့မဟုတ် မည်သူ့ထံသို့ ရောက်နေပါသနည်းဟု တွေးထင်ရန် ရှိလေ သည်မှာ မလွဲပေ။

                                                   (အတွေးတော်)

မညွန့်သည် မောင်တင့်အား ချစ်သည်ခင်သည်ဆိုသည်မှာ သူလိုငါ လိုချစ်သော အပေါ်ရိကအချစ်မျိုးမဟုတ်ဘဲ နေ့ရှိသရွေ့ မောင်တင့်အကြောင်း ကို တွေးတောကာ နံနက်လင်းသည်နှင့်တစ်ပြိုင်နက် မောင်တင့်ကို သတိရ တတ်၏။ မောင်တင့်လာမည့်အချိန်တွင် အမှတ်တရ မျှော်တတ်၏။ တစ်ခါ တစ်ရံ မောင်တင့်မှာ တခြားကိစ္စများ၍နေသဖြင့် မညွန့်ထံသို့ မရောက်နိုင် အောင်ရှိသောအခါ မညွန့်၏စိတ်တွင် ဒီကနေ့ အတင့်ဘာပြုလို့ မလာ တာပါလိမ့်။ ငါလည်း သူစိတ်ဆိုးစရာ မပြောမိပါလား၊ ဘယ်ဆီများသွားပြီး အပျော်လွန်နေလေလဲပဲ။ ဘယ်အပျိုနောက်များလိုက်နေပါလိမ့်။ ကြည့်ပါဦး၊ တစ်နေ့လုံး မပေါ်လာဘူးဟု တစ်ယောက်တည်းတွေးတောကာ ဝမ်းနည်းသလိုလို ဘာလိုလို ကြီးဖြစ်၍ သော် အတင့် ဟာ ငါ့ မောင်ကလေး ဖြစ်ပါတော့ဟု ဆုတောင်းမိလေ၏။ မောင်တင့်နှင့် တစ်စုံတစ်ရာ ဆွေမျိုး မတော်သည့်အတွက် အားငယ်၍ ဝမ်းနည်းမိလေ၏။ မောင်တင့်မှာ တစ် ရက်လောက် မပေါ်လာဘဲ နောက်တစ်ရက်စောစော အူယားဖားယားပေါက် လာသည့်အခါ၌ မညွန့်မှာ ဝမ်းနည်းသည့်မျက်နှာမျိုးနှင့်ကြည့်ကာ အတင့် မနေ့က တစ်နေ့လုံးမပေါ်လာဘူး ဘယ်သွားနေသလဲ၊ အညွန့်ဖြင့် ဖိနပ်သံ ကြားတိုင်း အတင့်လားလို့မှတ်မှတ်နေတာ၊ အတင့်လည်နေတာပေါ့လေ ဟုတ်လား။ ညကလည်း အတင့်လာမလားလို့ လက်ဖက်ရည်တွေ ဖျော်ပြီး စောင့်နေတာ ၉ နာရီထိုးလို့ အတင့်မလာတာနဲ့ အညွန့်လည်း ဝင်အိပ် လိုက်ကရော စသည်ဖြင့် ကရားမှ ရေလွှတ်သလိုပြောကာ မကျေနပ်သည့် မျက်နှာထားနှင့် ကြည့်ကာနေတတ်လေ၏။ ထိုအခါ၌ မောင်တင့်သည် မညွန့်၏မျက်နှာကိုကြည့်ကာ အို အတင့် ဘာကိစ္စနဲ့ ဘယ်သွားနေရလို့ပါ။ ညကလည်း လာမလို့လုပ်နေတုန်း ဘယ်သူက အတင်းခေါ်သွားလို့ ဘာလို့ ညာလို့ စသည်ဖြင့် ယုယစွာ ပြန်ပြောသောအခါ၌ မညွန့်မှာ ကျေနပ်၍ သွားရလေ၏။ ထိုကဲ့သို့ ကျေနပ်သည်ဆိုသော်လည်း မောင်တင့်နှင့် မိမိမှာ တစ်စုံတစ်ရာမတော်စပ်သည့်အတွက် တစ်နေ့နေ့တွင် မောင်တင့်မှာ အခြား နေရာများ၌ မိမိကဲ့သို့ ခင်မင်သူတွေ့ကာ မိမိအပေါ်တွင် အကြင်နာနည်း၍ မေ့သွားမည်လားဟု တွေးကာ အတော်ပင် ပူ၍မနေတတ်အောင်ရှိရကား အတင့်သည် ငါနှင့် ဆွေမျိုးတော်လျှင် ငါတစ်သက်လုံး အတင့်နှင့် ခင် နေရမည်၊ ငါ့စကားကိုလည်း အတင့်နားထောင်မည်၊ ငါဘယ်လိုလုပ်ရမည် နည်းဟု စဉ်းစားကာ မောင်တင့်နှင့် မသန်းကို နေရာကျအောင် လုပ်ပေး ချင်သောစိတ်များ ပေါ်၍လာလေ၏။ မသန်းသည် အတင့်ကို အားကြီးချစ် တယ်၊ အတင့်ကိုလည်း ငါပြောရင် ဖြစ်မှာပဲ၊ အတင့်လာရင် ငါပြောပြမယ်ဟု ဆုံးဖြတ်မိလေ၏။

တစ်နေ့သ၌ မောင်တင့်သည် ထွေရာလေးပါးစဉ်းစားကာ ပြတင်း ပေါက်တွင် ထိုင်၍နေလေ၏။ မညွန့်သည် မောင်တင့်အနားတွင် လာ၍ထိုင်ကာ အတင့် ဘာများ တွေးတောသလဲ၊ ပျင်းလို့လား၊ တင့် ဒီမယ်လေ အညွန့်တစ်ခုပြောမယ် နားထောင်မလားဟု ပြုံးစိစိကပ်၍ပြောလေ၏။

မောင်တင့်သည် မညွန့်၏မျက်နှာကိုကြည့်ကာ ရင်ထဲတွင် ထိတ်ခနဲ အေးခနဲဖြစ်၍ ဘာလဲအညွန့်ရဲ့၊ ဘာပြောမှာမို့လဲ ပြောပါ။ အညွန့်ပြောတာ ကို အတင့်ဘယ်တော့ ငြင်းဖူးလို့လဲဟုပြောကာ ဝမ်းထဲတွင် ဖိုလှိုက်ဖိုလှိုက် ဖြစ်နေလေ၏။

 ညွန့်။ ။ `အဟုတ်လား၊ အညွန့်ပြောမယ်နော်။ အတင့် မသန်းကို မကြိုက် ဘူးလား။ မသန်းကြည့်ရတာ အတင့်ကို အားကြီးချစ်ပုံရတယ်။ အတင့်နဲ့ တော့ သိပ်တော်တာပဲ အတင့်ရဲ့ ။ ယူမလား အညွန့် ပြောပေးမယ်လေ”

မောင်တင့်သည် ဝမ်းထဲက ဟာ၍သွားလေ၏။ “မလုပ်ပါနဲ့ အညွန့် ရယ်၊ အတင့်တို့လိုဟာကို သူက ကြိုက်မှာမဟုတ်ပါဘူး”

ညွန့်။ ။ “အို ဘာတဲ့။ အမယ်လေး မသန်းကလား၊ အတင့်ကို ကြိုက် လွန်းလို့ ရူးနေသေးတယ်။ မသန်းကတောင် အတင့်ဟာ လူပျိုဆိုပြီး အား ကြီး ဣန္ဒြေကြီးတယ်တဲ့။ ဘုန်းကြီးများ လုပ်သွားမလားပဲတဲ့”

တင့်။ ။ “အတယ်ဆိုဆို ဘာဆိုဆို အတင့်လည်း မိန်းမ မယူချင်ဘူး”

ညွန့်။ ။ ဒါဖြင့် အတင့် မသန်းကို မုန်းတယ်ဆိုပါတော့လေ ဟုတ်လား။ အင် အင်လို့”

တင့်။ ။ “ချစ်ပါတယ် မမုန်းပါဘူး အညွန့်ရယ်။ အတင့်က ဘာပြုလို့မုန်း ရမှာလဲ။ သူ့ကို မမုန်းပေမဲ့ အတင့်မယူချင်တာ ဘယ့်နှယ်လုပ်ရမလဲ'ဟု ဣန္ဒြေနှင့် ပြန်ပြောလိုက်သောအခါ မညွန့်မှာ အလိုမကျ ဝမ်းနည်းသော မျက်နှာထားဖြင့်၊ ဒါဖြင့် အတင့်က တခြားမှာ ရည်းစားရှိတယ်ဆိုပါတော့။ အညွန့်တို့နဲ့ ဆွေမျိုးမတော်ချင်ဘူးပေါ့လေ။ ဒီလိုဖြင့်လည်း အညွန့်တို့ကံ ပေါ့။ အညွန့်က အတင့်နဲ့ ဆွေမျိုးတော်ချင်လို့ ပြောတာပါ။ ဒီလိုဆိုရင် နောက် ဘယ်တော့မှ မပြောတော့ဘူး။ ခုဟာတောင် အညွန့်မှားလို့ ပြောမိတယ်ဆိုပြီး သိပ်ဝမ်းနည်းတာပဲ ဟု မောင်တင့်၏ ပြောချင်သောစကား များ ကြားမညှပ်သာအောင် ဆက်၍ပြောကာ စိတ်နာသောမျက်လုံးဖြင့်