Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - သားဂုဏ်ရည်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ကာမသွေး

                အမျိုးသား၏ ကြီးပွားခြင်းသည် အမျိုးသား၏ စိတ်နေသဘောထား ကိုယ်ကျင့်တရား၌ များစွာ တည်ရှိလေသည်။ ကြီးပွားတိုးတက်ခြင်းသည် ငယ် ရွယ်သူတို့၏ လက်၌ရှိလေရာ ငယ်ရွယ်သူတို့၏ ကိုယ်ကျင့်တရား၊ ငယ်ရွယ်သူတို့၏ စိတ်နေသဘော ထားကောင်းခြင်းသည် ပထမအရေး ဖြစ်သည်။

                အတတ်ပညာတို့မည်သည်မှာ အသက်မွေးမှု အတွက်လည်းကောင်း၊ လူမှန်က တစ်ခုခုကို တတ်ရ မည်ဟူသော အစဉ်အလာကြောင့်လည်းကောင်း သင်ကြရမည်၊ တတ်ကြရမည်ကား အထူးပြောစရာမလို။ ကိုယ်တိုင်ကသော်လည်းကောင်း၊ မိဘများက သော် လည်းကောင်း၊ နောင် တဖြည်းဖြည်း အစိုးရများက သော်လည်းကောင်း၊ ပညာကို မည်သူမဆို မသင်ဘဲမနေရအောင် ပြုကြရပေလိမ့်မည်။ ယခုခေတ်ကာလ သည် တစ်ခုကောင်းကျင်လည်မှ အသက်မွေးလောက်သော အလုပ်အကိုင်ရနိုင်သော ခေတ်ဖြစ်လေရာ ပညာသင်ဖို့၊ ပညာတတ်ဖို့ကို ဆုံးမဟောပြောခြင်း သည် အပိုဖြစ်လေသည်။

          ရှေးအခါက ပညာကို ဂုဏ်ကျက်သရေ ဆင်ယင်တန်ဆာသဖွယ် သင်ကြားသည်က များခဲ့၏။ ယခုကာလမှာက ပညာကို မသင်လျှင် မပြီးသော အရေးကြီးသော အသုံးအဆောင်ကဲ့သို့ သဘောထား သင်ကြားရလေသည်။

            သို့ ဖြစ်လေရာ ပညာကို မသင်ကြပါနှင့်ဟု ပြော ၍ပင် ရမည်မဟုတ်သဖြင့် ဤကျမ်း၌ ပညာရဲရင့် ပွဲလယ်တင့်မည်၊ ပညာမရှိက လူ့အောက်ကျမည် ဟူသောအချက်များကို ရေးသားမည် မဟုတ်။ လူဖြစ် ခြင်း၊ လူလုပ်ခြင်းအတတ်၌ သာလွန်အရေးကြီးသော အချက်များကို ညွှန်ပြလိမ့်မည်ဖြစ်ကြောင်း။

            လူ၌ အရေးကြီးသော (Sex)ခေါ် အဖိုအမနှင့် ပတ်သက်သော အရာများ ဖြစ်လေသည်။

               ကိုယ်ခန္ဓာ၌ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ၏ အစိတ်အပိုင်းသည်လည်းကောင်း၊ ထိုအစိတ် အပိုင်းများနှင့်ပတ်သက်သော အလုပ်များသည်လည်းကောင်း ယုတ်ညံ့ခြင်းသည် ရှက်ဖွယ်ရာဖြစ်သည် ဟူ၍ အများလူတို့ အစွဲပြုကြသည်မှာ များစွာ မှား ယွင်းလေသည်။

                ဓမ္မတာသဘောတရားမည်သည် ရှက်ဖွယ် ကြောက်ဖွယ်ရာ မဟုတ်ပေ။ မိမိကိုယ်တိုင်ကိုလည်း ကောင်း၊ သူတစ်ထူးကိုသော်လည်းကောင်း အကျိုး ယုတ်အောင် လုပ်ခြင်းသာလျှင် ဆိုးယုတ်ရှယ်ဖွယ် သောအရာဖြစ်လေသည်။

                   လူ၌ ကာမသွေးသည် အသက်ဖြစ်လေသည်။ ထိုကာမသွေးသည် ကာမဂုဏ်စိတ်ကို လိုက်စားခြင်း၊ မျိုးဆက်ကိုပွားစေခြင်းအတွက်သာ အသုံးဝင်သည် မဟုတ်။ ကိုယ်၏ကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ပညာ ဖွံ့ဖြိုးခြင်းအတွက်လည်း အထူးအသုံးဝင်လေသည်။

                ကာမသွေးသည် ကာမအလုပ်သက်သက်နှင့် မျိုးဆက်ကို တည်နေ ပြန့်ပွားခြင်းအလုပ်များအတွက် လုံလောက်သည်ထက် ပိုမိုများပြားလေရာ ပိုသမျှ သောသွေးသည် ကိုယ်ခန္ဓာအတွင်းသို့ ပြန်၍ ဝင် ရောက်ပျံ့နှံ့ကာ ကိုယ်အားဉာဏ်အားကို တိုးတက် စေသော သတ္တိရှိလေသည်။

                စင်စစ်မှာ အသက်သည် ထိုအရာမှ အစဖြစ်ရာ ထိုအရာပင်လျှင် အသက်ဓာတ်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။ ကြက်ဥကို မှီဝဲရာ၌ အားကိုဖြစ်စေသော နည်းအတိုင်း လူမျိုးပိုလျှံသော ကာမသွေးသည် ကိုယ်ခန္ဓာအတွင်း သွေးထံသို့ တိုက်ရိုက်ဝင်ရောက် ပျံ့နှံ့ကာ အကျိုးဆောင်လေသည်။

           ပျိုရွယ်နုနယ်သူတို့မှာ လူလားမြောက်ခြင်း၊ လူကြီးဖြစ်ခြင်း၊ လူကြီး၏ အလုပ်တာဝန်ကို ဆောင် ရွက်နိုင်ခြင်းအတွက် စတင်တည်ထောင်သော အလုပ် သည် ဓမ္မတာသဘောတရား ဖြစ်လေရာ ထိုအလုပ် အတွက် ကာမသွေးသည် အကြီးဆုံးသော လိုရင်း ဓာတ်တစ်ပါး ဖြစ်လေသည်။ သို့ဖြစ်လေရာ ပျိုရွယ် စဉ်အခါ၌ အထူးအရေးကြီးသော ထိုဓာတ်ကို ဖျက် ဆီးပြုန်းတီးခြင်းသည် ကိုယ်နှင့်စိတ်ကို ခိုင်လုံစွာ တိုး တက်ဖွံ့ဖြိုးစေသည့် အခြေခံအုတ်မြစ်ကို မမြဲမခိုင် အောင် ပြုသည်နှင့် များစွာတူလေသည်။

          သို့ ဖြစ်လေရာ ငယ်ရွယ်စဉ်အခါ၌ ကိုယ်စိတ် နှစ်ပါး စင်ကြယ်အပ်ခြင်းသည် ပညာတတ်ခြင်းထက် ပိုမို၍ အရေးကြီးလေသည်။

          ယောက်ျားပျိုမှန်က ပျက်စီးခြင်းကို ဖြစ်စေမည့် နည်းလမ်းတို့နှင့် တွေ့ရမည်ကား ကာကွယ်တားဆီး ၍ မရနိုင်ပေ။ အဘယ်ခေတ်ကာလ၌မဆို ပျိုရွယ်သူ တို့မှာ ကိုယ်တိုင်၏ပယောဂလုံ့လဖြင့် အသက်အားကို ဖြုန်းတီးသူတွေ ရှိကြလေသည်။

            ကျောင်းများ၌ ဆရာသမားများသည် အဘယ်မျှ ပင် ကျပ်တည်းစေကာမူ ထိုအကျင့်မျိုးပါရှိသောကျောင်းသား တစ်ယောက်သည် တခြားကျောင်းသား အားလုံးကို မိမိကဲ့သို့ ဖြစ်အောင် မကောင်းသော ပုံ သက်သေဖြင့်လည်းကောင်း ပြုတတ်ကြလေရာ သား ယောက်ျား ငယ်ရွယ်သူလေးများကို တချို့သောကျောင်းများ၌ ကျောင်းအိပ် ကျောင်းစားအဖြစ်နှင့် ပို့ ထားခြင်း၌ များစွာ သတိရှိဖို့လိုလေသည်။

           (ကျောင်းများ၌ ပညာရခြင်း၊ လိမ္မာခြင်းထက် မကောင်းသော ပုံသက်သေတွေကိုရ၍ ပျက်စီးခြင်း များက အခါများစွာ ပိုမိုထင်ရှားတတ်လေသည်။)

           ဤအလုပ်ကို တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသော သူငယ်သည် လုပ်ရမှန်းမသိ လွန်စွာစင်ကြယ်၏။ တချို့သော တောသူတောင်သား လုပ်စားကိုင်စား လူပျို ကလေးများမှာ ထိုအကြောင်းအရာမျိုးကို မသိ နား မလည်၊ သင်ပြသူလည်း မရှိသဖြင့် ကိုယ်လက် ကျန်း မာလျက် စိတ်မှာ ဖြူစင်သန့်ရှင်း အပြစ်ကင်း၍ ရေဆေး ငါးပမာ ပျိုမျစ်ခြင်း၏ ဂုဏ်ကျက်သရေကို မညှိုး မနွမ်း လန်းသစ် ပွင့်လန်းစွာ ဆောင်ကြလေသည်။

           လူသူများ၍ အတွေ့အကြုံများသော မြို့ကြီးရပ်ကြီးသည်ကား များစွာတို့မှာ လူပျိုကလေး ဖြစ်လျှင်ဖြစ်ချင်း ဆေးပုလင်းကို ဆောင်ကြသူတွေ ရှိကြလေသည်။ လူ့ဘဝတွင် လောကစစ်ပွဲကြီးကို တိုက်ခိုက်ဖို့ရန် အားအစွမ်းသတ္တိကို မွေးမြူတည်ထောင်ရသောအရွယ်၌ ထိုကဲ့သို့ ဖြစ်ရခြင်းသည် ဘုန်းကြီး၍ သက်မရှည်၊ သက်ရှည်၍ ဘုန်းမကြီး ဟူသောစကားကဲ့သို့ ဖြစ်အောင် ဖန်တီးသည်နှင့် များစွာတူလေသည်။

               ထိုအလုပ်သည် များလျှင်၊ လွန်လျှင် နုနယ်သော ကိုယ်ခန္ဓာအသွင်အပြင်တစ်မျိုးဖြစ်လျက် လတ်ဆတ် စိုပြည်ခြင်းမရှိဘဲ ထိုင်းမှိုင်းတွေဝေ မှတ်ဉာဏ်ကင်း လွတ်လျက် အသက်ရှည်သင့်သလောက်မရှိ၊ ဝေးလ် ပါဝါခေါ် စိတ်၏တန်ခိုး ဆုတ်ယုတ်ကာ ကြီးပွား လမ်း၌ ပျော့ညံ့ညံ့ ဖြစ်တတ်လေသည်။

            အလွန်ကျန်းမာသဖြင့် အိပ်ရာ၌ တစ်ခါတစ်ရံ ဝေလျှံခြင်းမှာ အပြစ်မဟုတ်ပေ။ သို့သော်လည်း ထိုကဲ့သို့ဖြစ်သည်ကို ရောဂါကြီးထင်မှတ်၍ ကြောက် ရွံ့သူတို့မှာ လိမ်ညာခြောက်လှန့်၍ ဆေးများ ရောင်း စားသောဆရာများနှင့် တွေ့သည့်အခါ ၎င်းတို့၏ခြောက်လှန့်ခြင်းကြောင့် ဥပါဒါန်ကပ်လျက် ၎င်းတို့ ၏ဆေးများကို ဝယ်ယူစားရာမှာ တကယ် ရောဂါရတတ်လေသည်။ ၎င်းဆရာများသည် မိမိတို့၏ ဆေး ကို မဝယ်ဘဲမနေနိုင်အောင် ပျိုရွယ်သူတို့မှာ ဖြစ် တတ်သော လက္ခဏာများကို တတ်သလောက် စာတမ်းများ၌ ရေးသားဖော်ပြကြလေသည်။ ၎င်းစာ များကို ဖတ်မိသော ငယ်ရွယ်သူများသည် မိမိတို့မှာ ဖြစ်ပျက်ပုံနှင့် ကိုက်၍နေသည်ကို တွေ့ရှိရသောအခါ များစွာ ထိတ်လန့်ကြောက်ရွံ့လျက် ၎င်းတို့၏ ဆေး ကို ဝယ်၍စားခဲ့ကြရလေသည်။

             အများအားဖြင့် ယောက်ျားပျိုများမှာ ကိုယ်တိုင် ၏ အစွမ်းဖြုန်းတီးခြင်းအဖြစ်ကို မကောင်းတတ်ကြ ဟု သိရလေသည်။ သို့သော်လည်း ကောင်းမှန်းသိသာအိတစိုစို” ဟူသော စကားလို ဖြစ်မှသာ စိုးရိမ်ရန် ရှိလေသည်။ အများအားဖြင့် တစ်ခါကြုံဖူးလျှင် ထပ်ခါထပ်ခါ စိတ်ကို ချုပ်တည်းခြင်းမပြုဘဲ လိုက် စားတတ်ကြလေသည်။ သို့ဖြစ်လေရာ မကြုံဖူးသေး သူများသည် ထိုတွင်းထဲသို့ ခြေချော်လက်ချော်မကျဖို့ ရန် အပေါင်းအသင်း အနေအထိုင်၌ သတိပြုအပ်ကြ လေသည်။ တစ်ခါတစ်ရံ ကြုံဖူးသူများသည်ကား အကျင့်နုခိုက်မှာ ကြိုးစား၍ဖြတ်ကြရမည်။