Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - သမီးဂုဏ်ရည်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

မိန်းမတို့၏ဓမ္မတာ

             မိန်းမ၏ ကိုယ်ခန္ဓာအဆောက်အဦသည် ယောက်ျား နှင့်မတူ။ ပဋိသန္ဓေတည်ရခြင်း၊ လွယ်ရခြင်း၊ သားဖွား ရခြင်း တာဝန်ကြီးများကြောင့် ခန္ဓာစက်အိမ်မှာ ပိုမို၍ ရှုပ်သဖြင့် ပိုမိုသိမ်မွေ့လေရာ လွယ်ကူစွာဖောက်ပြန် တတ်လေသည်။ သို့ ဖောက်ပြန်သည့်အခါ ဝေဒနာ ဖြစ်ပေါ်တတ်လေသည်။ ။

            အထူးသဖြင့် ဓမ္မတာနှင့်ပတ်သက်သည့်ရောဂါ များ ဖြစ်တတ်လေသည်။ ထိုရောဂါများဖြစ်ပေါ်သည့် အခါ အကျိုးအကြောင်းမသိခြင်းကြောင့် မှားယွင်းသောအမှုများကို ပြုမိတတ်ကြလေသည်။ အများအား ဖြင့် မိခင်များကိုယ်တိုင်က ထိုအကြောင်းများနှင့် ပတ်သက်၍ တတ်သိ နားလည်ခြင်း မရှိကြသဖြင့် တစ်ကြောင်း၊ ပေါ့လျော့ကြခြင်းကြောင့်တစ်ကြောင်း၊ရှက်ဖွယ်ရာအကြောင်းများဟု သဘောထားကြခြင်းကြောင့်တစ်ကြောင်း၊ မိခင်နှင့်သမီး ရည်ရည်မွန်မွန် နှီးနှောတိုင်ပင် ပြောဆိုတတ်သော အလေ့မရှိသည့် အတွက် တစ်နည်းနည်းအားဖြင့် ပြောဆိုတိုင်ပင် သွန် သင်ခြင်းအလုပ်၌ အခက်အခဲတစ်မျိုး ပေါ်ပေါက် တတ်သဖြင့်တစ်ကြောင်း၊ အလွန်အရေးကြီး၍ သိ ထိုက်သည့်အကြောင်းအရာများကို သမီးပျိုများအား မပြောဘဲ နေတတ်ကြလေသည်။ သို့မပြောဘဲနေခြင်းကြောင့် အရွယ်ရောက်သည့်အခါ လတ်ဆတ်သော ပန်းပွင့်ပမာ၊ ဖွံ့ဖြိုးစည်ကားခြင်း၏ ကျက်သရေ ဂုဏ် အဆင်းနှင့် ကျန်းမာခြင်း၏ သုခစည်းစိမ်ကို မခံစား ကြရဘဲ ဆင်းရဲဒုက္ခကို ခံကြရလျက် အသက်တမ်း တို ကြရလေသည်။ သို့ဖြစ်လေရာ သိရာ သိကြောင်း ဖြစ်သော အရေးကြီးသောအချက် အနည်းငယ်မျှကို ဖော်ပြလိုက်ရပေသည်။ ။

           မိန်းကလေးများမှာ ဆယ့်နှစ်နှစ်အရွယ်၌ ဓမ္မတာပေါ်ပေါက်၍ အရွယ်ရောက်ကြ၏။ အနည်း ငယ်မျှတို့မှာ ထို့ထက်ပင် စောစွာ အရွယ်ရောက်တတ် ကြလေသည်။ အများအားဖြင့်သော်ကား ဆယ့်

ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်မှာ အရွယ်ရောက်လေ သည်။

          ထိုအရွယ်သည် “ကြီးကောင်ဝင်သည်” ဟူသော အရွယ်ပင် ဖြစ်လေရာ၊ များစွာအရေးကြီးသော အရွယ်အပိုင်း ဖြစ်လေသည်။ ထိုအရွယ်၌ သိအပ်သော အရေးကြီးသော အကြောင်းအရာများကို မသင်ကြား မနာယူ ရဘဲ အကျင့် စာရိတ္တမကောင်း၊ အရှက် အကြောက်မရှိသော မိန်းမဖော်များ၏ မှားယွင်းသော လမ်းများသို့ လိုက်မိတတ်ကြလေရာ များစွာ စိုးရိမ် မကင်းဖွယ်ရာဖြစ်လေသည်။ ။

               ထိုအရွယ်၌ ကိုယ်ခန္ဓာအတွင်းအပြင်မှာ ပြောင်း လဲခြင်းများဖြစ်တတ်လေသည်။ ရင်သားများ တက် ကြွ၍လှပတင့်တယ်ခြင်း၊ မိန်းမအင်္ဂါဇာတ်၌ လောမာ* ပေါ်ပေါက်၍လာခြင်း၊ ရာသီသွေးပေါ်ခြင်းများ ဖြစ် ကြလေသည်။ ထိုပြောင်းလဲခြင်းများထက် ပိုမိုအရေး ကြီးသော ပြောင်းလဲခြင်းသည်ကား အခြားမဟုတ် “ငါ မိန်းကလေးပေတကား” ဟူသောအသိနှင့် အရှက်အကြောက် နိုးကြားပေါ်ပေါက်၍ လာခြင်း ဖြစ်လေသည်။ ထိုအခါ ထိုအရွယ်မတိုင်မီမှာကဲ့သို့ ကစားရာ၌ ယောက်ျားကလေးများနှင့် ရောထွေးပါဝင် ခြင်းကို အခါခပ်သိမ်း မပြုဝံ့တော့ပေ။ မိန်းကလေးနှင့် ဆိုင်သောကစားခြင်း၊ ယောက်ျားကလေးနှင့် ဆိုင် * လောမာ-(ပါဠိ) = မွေးညင်း * သော ကစားခြင်းများကို ခြားနားသိမြင်လျက် မိန်းမ ကလေးများနှင့်ဆိုင်ရာ ကစားနည်းများ၌သာ ပါဝင် ရပေတော့၏။ အဘယ်အတွက် ယောက်ျားကလေး များကို ထိုကဲ့သို့ရှောင်ရှားရသည်ဟူသော အကြောင်း ရင်းကို ကား ကောင်းစွာမသိ။ ဓမ္မတာအတိုင်း သဘာဝတရားအရ မိန်းမကလေးတို့၏စိတ်မှာ ပေါ် ပေါက်၍လာခြင်းမျှ ဖြစ်လေသည်။ ထိုသဘာဝတရား သည်ကား မိန်းမကလေးများ၏ ကောင်းကျိုးအလို့ငှာ ထိုကဲ့သို့ ဖန်တီးခြင်းပင် ဖြစ်လေသည်။

              မသိသော မိဘများသည် ထိုအခါ၌ အမူအရာ ပြောင်းလဲခြင်းဖြစ်သည်ကို မြင်သောအခါ မိမိတို့၏ စိတ်သဘောနှင့် မတွေ့သည့်အခါများ၌ မောင်းမဲ ပြစ်တင်တတ်ကြလေသည်။ ထိုကဲ့သို့ မောင်းမဲခြင်း များသည် နုနယ်သောပြောင်းလဲခြင်းကို ဖွံ့ဖြိုးစွာ ပွင့် လန်းခြင်းမဖြစ်စေရအောင် ပိတ်ပင်သည်နှင့် တူရုံမက ဖောက်ပြန်ခြင်း တစ်မျိုးမျိုးဖြစ်လျက် စိတ်ရောဂါ၊ ကိုယ်ရောဂါများကိုပင် ဖြစ်ပေါ်စေတတ်လေသည်။ ဥပမာ ထိုအရွယ်၌ အထက်ထက်က သွားနေကျလမ်း တစ်လမ်းကို မသွားဝံ့၊ အထက်ထက်က ပြုလုပ်သော အရာတစ်ခုခုကို မပြုဝံ့ဘဲ ရှိနေတတ်၏။ ထိုအခါ မသိသော မိဘက “နင်ဘာဖြစ်တာလဲ၊ အခါတိုင်းလုပ်ပြီး၊ အခါတိုင်း သွားပြီး အခုမှ ဘာဖြစ်တာလဲ” စသည်ဖြင့် ခြိမ်းခြောက်တတ်ကြလေသည်။

          သို့ ခြိမ်းခြောက်သဖြင့် မိန်းကလေးမှာ ဓမ္မတာသဘောတရား က မလုပ်နဲ့၊ မသွားနဲ့ဟု စိတ်၌ သတိပေးပါလျက် မိဘကို ကြောက်သဖြင့် လုပ်ရသွားရလေရာ၊ ဓမ္မတာ သဘောနှင့် အလုပ်ဆန့်ကျင်လျက် စိတ်၌ ဖောက်ပြန် ခြင်း တစ်စုံတစ်ရာဖြစ်ပွားပြီးလျှင် စိတ်ရောဂါသော် လည်းကောင်း၊ ကိုယ်ရောဂါသော်လည်းကောင်း ဖြစ် တတ်လေသည်။ သို့မဟုတ် အစွဲတစ်ခုခုသော်လည်းကောင်း ဖြစ်တတ်လေရာ ထိုအစွဲသည် ချက်ချင်း ဖြစ်စေ၊ နောင်ကာလကြာမှ ဖြစ်စေ ပေါ်ပေါက်တတ် လေသည်။ စိတ်မှာ များစွာသိမ်မွေ့နုနယ်လျက် ရှက် လွယ်ကြောက်လွယ် သနားလွယ်သော မိန်းကလေး များမှာ သာ၍ပင်ဆိုးတတ်လေသည်။ ထိုအခါမျိုး၌ မိဘ မလိမ္မာသဖြင့် ဓမ္မတာသဘောကို အခါခါ ခုခံ လျက်၊ ထိုနည်းဖြင့် အတိုက်အခံပြုရခြင်းများကြောင့် ကြီးစွာသော ဆင်းရဲခြင်းကို ခံရလေရာ နောင်ကာလ ကြာသောအခါ ထိုဒုက္ခကို မေ့လျော့၍သွား တတ်လေ သည်။