Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - လူပေါ်ကလူ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ဆင်းရဲလျှင် ဟန်ပြ - ချမ်းသာလျှင် မာန်ချ

                ဆင်းရဲခြင်းသည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် မဟာမိတ် မဟုတ်သော် လည်း တိုက်ရိုက် ဖီလာဆန့်ကျင်ဘက်ဟု မဆိုသာပေ။ အဓိပ္ပာယ်ကား ဆင်းရဲလျှင် မသန့်မရှင်း မစင်မကြယ် နေရမည်မဟုတ်ဟု ဆိုလိုခြင်း ပေတည်း။

             သို့သော်လည်း အများအားဖြင့် ဆင်းရဲသော မြန်မာလူမျိုးများ သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဖီလာပြု၍နေသူတွေသာ များကြလေ သည်။ သို့ဖြစ်သောကြောင့် ဆင်းရဲခြင်းကို မွဲခြင်းဟု ခေါ်ကြလေသည်။ မွဲခြင်း ဆိုသည်မှာ အရောင်အဆင်းမရှိ၊ မှေးမှိန် စုတ်နုပ်ညစ်ညူးသော အဝတ်စုတ်နှင့် အသွင်တူလေသည်။

             စင်စစ်မှာ ဆင်းရဲလေလေ၊ သန့်ရှင်းလေလေသာဖြစ်ဖို့ ရှိလေ သည်။ ဆင်းရဲသဖြင့် အဝတ်တစ်ထည် ကိုယ်တစ်ခုသာရှိသူမှာ လျှော်ဖွပ် ခြင်း အလုပ်ကို အများကြီးလုပ်ဖို့မရှိ၊ လက်ရှိ တစ်ထည်၊ နှစ်ထည်မျှကိုသာ လျှော်ဖွပ်ဖို့ရှိသဖြင့် သာ၍ပင် စင်ကြယ်ဖို့ ရှိလေသည်။ အဘယ်မျှပင် ဆင်းရဲစေကာမူ တစ်ထည်က နှစ်ထည် လဲလှယ်စရာမရှိအောင် မဖြစ် နိုင်ပေ။ ဆွေမျိုးဉာတိ၊ အသိအကျွမ်းထံမှ အကူအညီအနည်းငယ်ရရှိဖို့ လိုလေရာ အနည်းဆုံးတစ်ထည်ကို လျှော်ဖွပ်ခိုက်မှာ လဲလှယ်ဖို့ တစ်ထည်လောက်ကား ရှိရပေမည်။ မကျန်းမမာ၍ မလုပ်နိုင်၊ မကိုင်နိုင် ကြည့်ရှု ကူညီနိုင်သူ လုံးဝကင်းမဲ့မှသာ ညစ်နွမ်းဖို့ရှိလေသည်။ ထိုမျှလောက် အတိဒုက္ခမရောက်က ဤပထဝီမြေပေါ်၌ တစ်ကိုယ်တည်းနေရသူ မဟုတ်ပါဘဲလျက် မနုဿ လူအချင်းချင်း၏ စွန့်ပစ်ခြင်းကို ခံရအံ့။ ထိုမိန်းမ၊ ထိုယောက်ျားမျိုးမှာ အလွန့်အလွန် ညံ့ဖျင်းသော သူများသာ လျှင်ဖြစ်ရာ၏။ ရှိသမျှ လူအပေါင်းတို့၏ မုန်းထားခြင်း၊ ပစ်ပယ်ခြင်းကို ခံယူသူများသော်လည်းကောင်း ဖြစ်ရပေမည်။ ထိုလူမျိုး မိန်းမမျိုးမှာ ကြီးလေးသော အပြစ်တစ်ခုရှိသဖြင့် မနုဿ လူဟူသမျှနှင့် မသင့်သူသော်လည်းကောင်းဖြစ်ရာ၏။ ကိုယ်တိုင် ဆိုးသွမ်းယုတ်မာသူများသော် လည်းကောင်း ဖြစ်ရပေမည်။

                နေရာထိုင်ခင်းမှာလည်း ထန်းပလပ်တဲပင် ဖြစ်စေကာမူ ဆင်းရဲ ခြင်းကြောင့် မသန့်မရှင်း ဖြစ်ဖို့မရှိပေ၊ အခင်းမှာ ကြမ်းခင်းမဟုတ် ပထဝီမြေ မိခင်ကြီး၏ ပြောင်တလင်းပြင် မြေရင်ခွင် ဖြစ်စေကာမူ ရှင်းလင်းသပ်ရပ်အောင် ထားနိုင်ဖို့ နည်းလမ်းရှိလေသည်။

                 သို့ဖြစ်လေရာ ဆင်းရဲခြင်းကြောင့် မည်းညစ်ပေရေစုတ်ပြတ် ၍နေရခြင်းသည် ဆင်းရဲသူ၏အပြစ်သာဖြစ်သည်ဟု ဆိုရပေမည်။

                ဆင်းရဲသော်လည်း သန့်ရှင်းတင့်တယ်စွာ နေတတ်သော ယောက်ျား မိန်းမသည် ကြာမြင့်စွာ ဆင်းရဲ၍ နေမည်မဟုတ်ပေ။ ၎င်းတို့၏ အသွင် အပြင်ကို မြင်ရုံမျှဖြင့် ဆင်းရဲစုတ်နုပ်ခြင်းသည် ၎င်းတို့နှင့်မဆိုင်၊ ၎င်းတို့ နေရာအခြေသည် ဆင်းရဲခြင်းမဟုတ်၊ ၎င်းတို့၏ ဆိုင်ရာ အခြေအနေဆိုင်ရာနေရာသို့ ပြန်၍ ရောက်ရမည်သာ။ အတွေးအထင်ဓာတ်သည် ဖြစ်သူဟူသမျှမှာ ပေါ်ပေါက်ရမည်သာတည်း။ ထိုစိတ်ပေါ်ပေါက်ခြင်း သည် ဆင်းရဲသူကို ချမ်းသာအောင် ဆန္ဒဓာတ်အစွမ်းဖြင့် ကူညီခြင်းပင် ဖြစ်လေသည်။

              ထို့ပြင်မှတစ်ပါးလည်း သပ်ရပ် သန့်ရှင်းသောအသွင်ကို မည်သူ မဆို လိုလားနှစ်သက်၏။ ဆင်းရဲသူနှစ်ယောက် အလုပ်အကိုင် အရှာ ထွက်ရာ၌ စုတ်နုပ် ညစ်ပေသူထက် သပ်ရပ်သန့်ရှင်းသူမှာ အလုပ်အကိုင် ရဖို့ အခွင့်အလမ်း ပို၍များလေသည်။ အကြောင်းမူကား အများလူတို့၏ စိတ်ဓာတ်၌ ထိုသူသည် ဆင်းရဲစုတ်နုပ်သူ မဟုတ်ဟူသော Imagination ခေါ် အထင်အမြင်ဓာတ်မျိုးကို ထားရှိရမည်ကား အမှန်ပေ။

              လူအများ၏ အထင်အမြင်စိတ်မှာ တန်ခိုးသတ္တိမကင်းပေ။ ထို တန်ခိုးအရှိန်သည် သပ်ရပ်သန့်ရှင်းသော ဆင်းရဲသူအား ကောင်းကျိုး ကို ဖြစ်စေနိုင်လေသည်။

                 ထို့အပြင် အဘယ်မျှပင် ဆင်းရဲစေကာမူ သပ်ရပ်သန့်ရှင်းသူမှာ လူထဲသူထဲ ဝင်ရန်မခက်ပေ၊ စုတ်နုပ်ညစ်ပေသူမှာ မိမိ၏လိပ်ပြာကို မိမိလန့်သောကြောင့် လူထဲကိုမတိုးရဲ၊ လူထဲသို့ ဦးခေါင်းကို မထောင်ရဲ၊ သို့မထောင်ရဲက ကြောက်စိတ်သည် သိသိသာသာ လွှမ်းမိုး၍ လာတတ်လေသည်။ ကြောက်စိတ် လွှမ်းမိုး၍လာသောအခါ မကြံရဲ၊ မစည်ရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲမဆိုရဲ၊ ကျာပွတ်ဖြင့် အနှက်ခံရသော သုနက္ခ ခွေးသတ္တဝါ အမြီးကုပ်သလို ကုပ်လျက် မထင်မပေါ် အကြောက်တည်း ဟူသော အမှောင်၌ နစ်မြုပ်နေမည်သာတည်း။ ထိုကဲ့သို့ မထင်ပေါ်သောသူမှာ အဘယ်နည်းဖြင့် အောင်မြင်တိုးတက်ခြင်း စင်ပေါ်သို့ ရောက် နိုင်မည်နည်း။