Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - လူနှင့်အလုပ်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
အကြံ ကြီးရမည်

                 

          အကြံကြီးမှ ကြီးမြင့်၏။ အကြံသေးလျှင် သေးသိမ်၏။

          အကြံကြီးဖို့ရန်အတွက် လွန်စွာဉာဏ်ကြီးဖို့မလို။ အလုပ် အကိုင် ကြီး လုပ်သူတို့သည် ဉာဏ်ထူးသူများ မဟုတ်ကြပေ။ အမှတ်သညာများခြင်း၊ မျက်စိနှင့်နားကို ပွင့်စွာထားခြင်း၊ အပေါင်းအသင်းကောင်းခြင်း၊ အကျိုးအပြစ် ကို ဆင်ခြင်၍ အရှည်ကိုမြင်တတ်ခြင်းသာ လိုရင်းဖြစ်၏။ ငွေကိုသာလျှင် မရှု ရ။ ငွေမှသာ အမြတ်အစွန်း အဖိုးအခဟု မထင်ရ။ တစ်စုံတစ်ရာကို လုပ်ရာ ၌ ငွေထက်အဖိုးတန်သော အကျိုးစီးပွားတွေ များစွာ ရှိလေသည်။ ဂုဏ်သတင်း၊ အပေါင်းအသင်း၊ ဗဟုသုတ၊ အတွေ့အမြင်၊ ကိုယ်တွေ့ အတတ်၊ အဆက်အသွယ် တို့သည် အဖိုးအခများပင် ဖြစ်ကြလေသည်။ ထိုအချက်ကို မသိမမြင်၊ ငွေဖြူ ဖြူကလေးကိုသာ မြင်သူတို့သည် ကြီးကျယ်ခြင်းအဖြစ်သို့ ရောက်ဖို့ခက်လေ သည်။ အလုပ်တစ်ခုခုကို လုပ်ရာ၌ ငွေထက် အဖိုးထိုက်တန်သော လမ်းအခွင့် တွေကို ရနိုင်လေသည်။

            ကိုယ်ပိုင်ဉာဏ် မရှိကလည်း မကြီးပွားနိုင်၊ အကြီးအကျယ် မလုပ်နိုင်၊ မထူးနိုင်၊ မချွန်နိုင်ပေ။ သို့သော်လည်း ကိုယ်ပိုင်ဉာဏ်ဆိုသည်မှာ အထီးကျန် မပေါ်လာနိုင်။ တစ်စုံတစ်ရာကိုမှီ၍ ပေါ်လာရမြဲ ဖြစ်လေသည်။ မီးခြစ်ကိုမှီ၍ ဓာတ်ဆီမီးခြစ်ကလေးများကို တစ်စုံတစ်ယောက်က ကြံစည် လုပ်ကိုင်ခဲ့၏။ မော်တော်ကားမှ လေယာဉ်ပျံထွက်ပေါ်ရလေသည်။ သို့ဖြစ်လေရာ လက်ရှိ အမြဲ တွေ့ မြင်ရသော အလုပ်အကိုင်များ၊ လုပ်ကိုင်နည်းစနစ်များ၊ ပစ္စည်းများကို ဂရုစိုက်၍ ကြည့်ရှုမှတ်သားကာ ငါအဘယ်ပုံထူးအောင် လုပ်ရမည်ဟူသော အကြံကို ထုတ်ရလေသည်။

              အခါများစွာ၌ တစ်စုံတစ်ရာကိုမြင်သဖြင့် လည်းကောင်း၊ စကားတစ် လုံးကို ကြားရသဖြင့် လည်းကောင်း၊ စာတစ်ပုဒ် ဖတ်ရှု ရသဖြင့် လည်းကောင်း၊ Association of Ideas ခေါ်နည်းအတိုင်း အကြံသစ်တစ်ခုခု ပေါ် တတ်လေသည်။ မမေ့မလျော့အောင် ရေးမှတ်၍ထား၊ စကင်းပလန်းကို စာရေး၍ လည်းကောင်း၊ ပုံဆွဲ၍လည်းကောင်း လုပ်ရမည်။ လူတို့၏ ခေတ်အလိုက်အလို လည်းကောင်း၊ အသုံးကိုလည်းကောင်း သိရမည်။

            တစ်စုံတစ်ခုကိုကြည့်လျှင် စူးစိုက်စွာ ဆင်ခြင်စဉ်းစားသော စိတ်နှင့် ကြည့်က အကြံသစ် ဉာဏ်သစ်ကို ရနိုင်၏။ မိမိ၏အစွမ်းကို ယုံကြည်ကာ ဖြစ် မြောက်အောင် လုပ်ရဲသော စိတ်ရှိက Initiative ခေါ် စထွင်တတ်သော အစွမ်း ကို ရနိုင်လေသည်။ ကိုယ်ပိုင်ဉာဏ်နှင့် စထွင်တတ်သော အစွမ်းရှိမှသာ ကြီး ကြီးကျယ်ကျယ် ဖြစ်မြောက်အောင်မြင်နိုင်လေသည်။

               အလုပ်ဟူသမျှမှာ တိုးတက်ရန်လမ်း အမြဲရှိ၏။ အလုပ်တစ်ခုခုကို လုပ် ၍ ဖြစ်ပြီး မပျက်နိုင်သောအခြေကို ရသောအခါ အဘယ်ပုံ တစ်ဆင့်တက်ရ မည်ကို ရှာကြံရမည်။ အတက်မြန်လွန်းက ဒုက္ခများတတ်၏။ မတက်လျှင်လည်း ဆုတ်တတ်လေသည်။ မဆုတ်နည်း၊ မပျက်နည်း အကောင်းဆုံးမှာ တက်ဖို့ရန် အမြဲအားဖြင့် ဆင်၍နေခြင်း၊ အချက်အလက်ရှာ၍ နေခြင်းပင် ဖြစ်လေသည်။

                ပျက်မှာ ကြောက်အားကြီးက မကြီးပွားနိုင်၊ ကြီးမြင့်ရန် ရှေ့ လောက ကြီးကလည်း ပျက်တတ်လေသည်။ အလုပ်၌ ကြီးမြင့်လိုသော မာနရှိ၍ အခြား သူတစ်ပါးကို ချိုးလိုသော မာန၊ မခံချင်သောစိတ်၊ အစွမ်းပြချင်သော စိတ် အားကြီးက အခါမရောက်မီ ခြေလှမ်းကျယ်သဖြင့် ပျက်စီးတတ်လေသည်။

           မဆိုင်သောအလုပ်ကို မချဲ့နှင့်၊ ဆိုင်ရာအလုပ်တစ်ခုမှာ ခိုင်လုံသန်မာ အားကြီးသောအခါ မချဲ့လျှင် မနေနိုင်အောင် အတက်ပေါက်သလို ထွက်ပေါ် ရမည်ကား ဓမ္မတာပေ။ သို့ အတွက် ထွက်ပေါ်ချင်သည့်အခါ ချိုးဖဲ့၍ မပစ် ကောင်းပေ။ အတက်တွေ မများလွန်းစေရ၊ သတိပြုရမည်။

             ပျားမွေးရာ၌ ပျားရည်တွေအောင်၍ ပျားကောင်များသည့်အခါ ပျားအုံ မှ အတက်ထွက်၏။ ထိုအတက်တစ်ခုလျှင် တစ်အုံပွားဖို့ရန်အတွက် မတစ်ကောင် ဖြစ်လေသည်။ ထိုအခါ မ,အတက် အဘယ်မျှထွက်သည်ကို ကြည့်ရ ၏။ သုံးတက်ထွက်သည့်အခါ ငါ၏ပျားများသည် သုံးအုံခွဲလောက်တဲ့လား။ နှစ်အုံသာ တော်မည်လားဟု ဆင်ခြင်စဉ်းစားပြီး နှစ်အုံလောက်သာ ဖွဲ့ဖို့တော်လူနှင့်အလုပ် လျှင် မ,အတက်တစ်ခုကို ဖျက်ဆီး၍ ပစ်ရမည်။ ထို့နောက် မှာ အုံခွဲ၍ ပေးရ လေသည်။

               အလုပ်မှာလည်း ထိုနည်းအတိုင်းလုပ်ရန် သတိပြုရလေသည်။

               အကြံဉာဏ်ကြီးခြင်းသည် စွဲမြဲခြင်း၊ ဇွဲကောင်းခြင်း၊ ဝီရိယရှိခြင်း၊ နိုး ကြားခြင်း၊ စွန့်စားခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်း၊ လျင်မြန်စွာ ဆုံးဖြတ်တတ် ခြင်း ဤအစွမ်းတို့၏ ပေါင်းစုခြင်းတို့မှ ထွက်ပေါ်လာလေသည်။

               ထိုသတ္တိများ၏ အစွမ်းဖြင့် သာမန်လူတို့သည် သာမန်အခြေအနေမှ အထွတ်အထိပ်သို့ ရောက်ကြလေသည်။

              ကြီးမြင့်လိုသူတို့သည် အောက်ပါအချက်များကို မိမိတို့၏ သန္တန်၌ စစ်ဆေးရှာဖွေရမည်။

              ကြီးသောအကြံသည် အများလိုလားသော အကြံဖြစ်သလား။ အောင်မြင် ဖို့လမ်း အဘယ်လောက်များသနည်း။ ငါ့မှာ ထိုအလုပ်အတွက် အခြေခံ စုံလင် ပါ၏လား။ ငါ့အတွက် အဘယ်မျှအကျိုးရှိမည်နည်း။ စ၍လုပ်ရန် အကောင်း ဆုံးသောလမ်းများကား အဘယ်နည်း။ ငါ့အတွက် ဤအကြံထက် ကောင်းသော အကြံ ယခုအခါ ရှိသေးရဲ့လား။ အနှောင့်အယှက် အဖျက်အဆီး ဘေးအန္တရာယ် အဘယ်လောက်များသနည်း။ ဤမေးခွန်းများကို မေးရမည်။

             ထိုကဲ့သို့ စစ်ဆေးပြီးသောအခါ၌ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရန် လွယ်ကူလိမ့်မည်။

            ကြံစည်ရာ၌ Plan ပလန်းပုံစံစက္ကူကို၌ ရေးချ၍ ကြံရမည်။

             မလုပ်လျှင်မဖြစ်၊ လုပ်ရမည့်အလုပ်ဖြစ်မူ နိုင်မှ နိုင်ပါ့မလားဟု တွေး ၍နေဖို့ မလို ချက်ချင်းထလုပ်ရမည်။ တစ်စုံတစ်ရာကို လုပ်ကြည့်မှ အစွမ်း သတ္တိတွေ ထွက်ပေါ်လျက် မခက်ကြောင်းကို တွေ့ရှိရတတ်လေသည်။

               အောက်ပါစကားများကို ညအိပ်ရာဝင်သည့်အခါ၌ဖြစ်စေ၊ အားလပ် သည့်အခါ၌ ဖြစ်စေ၊ စူးစိုက်ယုံကြည်စွာ စိတ်ပါပါ မိမိကိုယ်တိုင်ကြားအောင် ရွတ်ဆိုပါ။

              ( ငါသည် တန်ခိုးဖြစ်၏။ ငါလုပ်လျှင် ဘာမဆိုဖြစ်သည်။ ငါသည် အောင်မြင်ခြင်း ဖြစ်၏။ အောင်မြင်ခြင်းသည် ငါ့အဖို့ ဖြစ်၏။ ငါသည် ဤ တန်ခိုးကြီးသော လောကဓာတ်ကြီး၏အစိတ်အပိုင်းဖြစ်၏။ ငါ၏အစွမ်းသတ္တိ သည် အဆုံးမရှိနိုင်။ )

စဉ်းစားဉာဏ်

             အလုပ်၌ စဉ်းစားဉာဏ်နှင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်သော အကြောင်းကို ရစေရမည်။ ထိုအလေ့အကျင့်မှာ အရာရာကို မလုပ်မီ တင်ကြို ကာ အချိန်ယူ၍ စဉ်းစားခြင်းပင် ဖြစ်လေသည်။

              လူ၏ စဉ်းစားဉာဏ်သည် အခါခပ်သိမ်းမမှန်။ အကြိုက်ဘက်ကို ပါ တတ်ကြောင်းကိုလည်း သတိပြုရမည်။ အလုပ်တစ်ခုခုကို မိမိ လွန်စွာလုပ်ချင်သောစိတ် ပေါ်ပေါက်၍နေသည့်အခါ လုပ်လျှင်အကျိုးရှိမည်ကိုသာ တွေ့တတ် မြင်တတ် ဆုံးဖြတ်တတ်လေသည်။ ထိုစဉ်းစားနည်းကို Reasoning ဟူ၍ လည်းကောင်း၊ Rationalization ဟူ၍လည်းကောင်း ခေါ်၏။ မိမိကိုယ်ကို လှည့်စားခြင်းပင် ဖြစ်လေသည်။

           လူသည် သိကြားကဲ့သို့ လွတ်လပ်သော ကိုယ်ကျိုး သူကျိုးနှင့် မဆိုင် သော ပုစ္ဆာများမှာသာ အမှန်ကိုရောက်အောင် စဉ်းစားနိုင်၏။ ကိုယ်ကျိုးစီးပွား နှင့် ပတ်သက်ရာ၌ကား အမှန်ကိုရောက်လေ့ မရှိချေ။ နိုင်ငံရေးသမားများသည် မိမိတို့ပါတီအကြောင်းကို ဟောပြောကြ၍ အခြားပါတီများကို ရှုတ်ချရာ၌ မိမိ တို့ကိုယ်ကို လှည့်စား၍ နေကြလေရာ မိမိတို့ကိုယ်တိုင် တကယ်အလိမ်မိ၍ နေကြလေသည်။ သူတစ်ပါးမှာ များစွာ အလိမ်မမိကြပေ။ ကိုယ်တိုင်၏အလိမ် ဖြင့် အမိခံရခြင်းသည် အလိမ်ပြေဖို့ရန် အခက်ဆုံးဖြစ်၍ နေ၏။

             လူတစ်ယောက်သည် ရန်ကုန်မြို့၌ ပျော်ပျော်ပါးပါးနေလို၏။ ထိုအခါ ရန်ကုန်မြို့ မှာနေ၍ လုပ်ကိုင်ရန် အကြံတစ်ခုကို ကြံစည်ကာ အလုပ်တစ်ခုကို စီစဉ်၏။ ထိုအလုပ် အကြောင်းကို တွေးလေလေ၊ ဖြစ်မြောက်အောင်မြင်မည့် လမ်းတွေ များလေလေဖြစ်၍ လာလိမ့်မည်။ ပျက်လမ်းဟူ၍ မြင်မည်မဟုတ်။ တစ်စုံတစ်ယောက်က ပျက်လမ်းတစ်ခုခုကိုပြလျှင် ဒါတွေ တွေးကြောက်နေလျှင်လောကမှာ ဘာမှမလုပ်နှင့်တော့။ စကတည်းက ပျက်မှာတွေကို တွေးနေမှဖြင့် ဘာလုပ်တော့မှာတဲ့တုံး ဟူသောအလုံးမျိုးနှင့် ဖယ်၍ ချလိုက်လိမ့်မည်။ ထို နည်းမျိုးဖြင့် ရန်ကုန်မြို့ကို လာရောက်ကာ ပျက်စီး၍သွားသူတွေ များစွာရှိကြ လေသည်။

                 သို့ဖြစ်လေရာ အရာရာ၌ စိတ်ကို သမာသမတ်ထား၍ စဉ်းစားတတ် သောအလေ့ကို လေ့ကျင့်ကြရမည်။

               အသေးအဖွဲတို့ကို ပေါ့ပေါ့ဆဆ သဘောမထားရ။ အသေးအဖွဲတို့၌ ပေါ့ဆမိသဖြင့် အကြီးအကျယ်တို့ကို ထိခိုက်တတ်လေသည်။

              မိမိ၏ အောင်မြင်ခြင်းများ အကြောင်းဟူသမျှ အဘယ်အခါမျှ မော်ကြွား ၍ မပြောရပေ။ မိမိ၏အကြံများကိုလည်းကောင်း၊ လုပ်မည့်အလုပ်များအကြောင်း ကိုလည်းကောင်း ပြော၍မပြရပေ။ ယခုခေတ်သည် လွန်စွာ အပြိုင်များသော ခေတ် ဖြစ်လေသည်။

              အစုစပ်အလုပ်များ၌ အထူးသတိပြုရမည်။ တစ်စုံတစ်ယောက်နှင့် စပ် တူလုပ်လိုက စိတ်သဘောအရပ်ရပ်တို့ကို သတိပြုရမည်။ အကျင့်စာရိတ္တကောင်း လျက် အခြားအရေးကြီးသော အချက်တစ်ခုခုမှာ ချွတ်ယွင်း၍ နေတတ်လေ သည်။ ပြောင်းလဲခြင်းများ လုပ်ရာ၌လည်း သတိကြီးစွာ ထားရလေသည်။

                လူ၏ဘဝသည် တိုတောင်း၏။ အမျိုးမျိုးကို မဆိုထားဘိ အလုပ်တစ်ခု ခုနှင့်ပတ်သက်၍ပင် သိစရာ မှတ်စရာတွေ ကုန်နိုင်မည်မဟုတ်ပေ။ နိုင်ငံခြား ငွေလဲလှယ်ခြင်း အတတ်တစ်ခုခုကိုပင် အကုန်အစင် နားလည်သော ဘဏ် သူဌေးတွေ နည်းပါးလေသည်။ သို့ဖြစ်လေရာ တစ်ယောက်တည်း၏ အတွေ့ အကြုံသည် မလုံလောက်၊ များစွာသောသူတို့၏ အတွေ့အကြုံ၊ အကြားအမြင် တို့ကို မှတ်ရလေသည်။ ဖတ်ရလေသည်။

              သို့ဖြစ်လေရာ မိမိလုပ်သောအလုပ်နှင့် ပတ်သက်၍ ကျွမ်းကျင်သူတို့ နှင့် နှီးနှောရမည်။        “အကြံတူ ရန်သူ” ဟူသော စကားပပျောက်အောင် လုပ် ရမည်။ ရန်သူလို မိမိက သဘောမထားဘဲ ၎င်းတို့ထံ ဆည်းကပ်ကာ နည်းခံ တတ်က နည်းလမ်းရ၏။ အကူအညီ အထောက်အပံ့ကိုလည်း ရနိုင်လေသည်။

            ငါလုပ်လျှင် အောင်ရမည်။ လူကြံလျှင် ခံနိုင်ရိုးလား “ယောက်ျားတံခွန် လူရည်ချွန်က” ဟူသော စကားများကို အားကိုးပြုကာ မစဉ်းမစား မစူးမစမ်း ပြုသဖြင့် ပျက်စီးသူတွေ များစွာရှိကြလေသည်။

            ထိုနည်းမျိုးကြောင့် ပျက်စီးသော မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းစာ တွေ များလှလေပြီ။ စုံစမ်း နှီးနှောရာ၌လည်း နားမလည်သူ၊ အရမ်းအားပေး သူများနှင့် တွေ့တတ်သည်ကို သတိမူသင့်လေသည်။

               ပညာရှိ သတိဖြစ်ခဲသည် ငါတတ်သည်၊ ငါ နားလည်သည်ဟူသော အနေနှင့်လည်း ပေါ့ပေါ့ဆဆ မလုပ်အပ်ပေ။ ငွေကို ပင်ပန်းစွာရှာရ၏။ ပင်ပန်း စွာ ရအောင်ရှာပြီး မထိန်းတတ်၍ ဆုံးပါးကြသူများအနက် ထိုနည်းမျိုးဖြင့် ဆုံးပါးကြသူတွေ များကြလေသည်။