Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ရောင်းချနည်းစိတ်ပညာ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ရောင်းချနည်း စိတ်ပညာ

                    လောကတွင် စိတ်နှင့်ကင်းသော အလုပ်မရှိ၊ အလုပ်ဟူသမျှမှာ စိတ် ကို သုံးနိုင်သလောက် ပေါက်ရောက် တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကိုသွင်းခြင်းသည် စူးစိုက်ခြင်းပင် ဖြစ်ပေရာ စူးစိုက်ခြင်းသည် ပေါက် ရောက်အောင်မြင်ခြင်း ဖြစ်ကြောင်းကို အထူးပြောဖို့မလိုချေ။

               ရောင်းချခြင်းအလုပ်၌ စိတ်ကိုအသုံးပြုတတ်က ပိုမို၍ အရောင်းတွင် ၏။ ဤကျမ်းတွင်ဖော်ပြသော အချက်ကလေးများကို သာမန်တွေးလျှင် သိပြီးသလို၊ အရေးမကြီးသလို မှတ်ထင်ကြပေလိမ့်မည်။ သို့ သော်လည်း ထိုအချက်ကလေးများကို စေ့စပ်သေချာစွာလိုက်နာ၍ မျက်လုံး၌လည်း

ကောင်း၊ နှုတ်လျှာ၌လည်းကောင်း၊ မျက်နှာအမူအရာ၊ ကိုယ်ဟန်အသံ၌ လည်းကောင်း အမြဲဆောင်နိုင်သော ရောင်းချသူမှာ အလွန်စွမ်းသော ဈေးခေါ်လက်ဖွဲ့ ကို ဆောင်၍ထားသလားဟုမေးခြင်းကို ခံရပေလိမ့်မည်။ အကြောင်းမူကား ထိုအချက်ကလေးများသည် လွန်စွာသိမ်မွေ့သဖြင့် ထို အချက်ကလေးများကို အသုံးပြုသူမှတစ်ပါး တစ်ရံဆံလူသည် သုံးမှန်းကို သိမြင်နိုင်မည်မဟုတ်ချေ။

                      ၎င်းအချက်တို့သည် စိတ်ပညာကို အထူးတတ်မြောက်၍ လူ၏စိတ်ကို အထူးနားလည်သော ပညာရှိကြီးများ၏ နည်းလမ်းတို့ကို အသုံးပြုခြင်း ဖြင့် ရရှိသောနည်းလမ်းများဖြစ်လေရာ၊ ဤကျမ်းသည် လူ၏စိတ်အကြောင်း ကို သင်ပြသော စိတ်ပညာကျမ်းတစ်မျိုးပင်ဖြစ်ရကား၊ ၎င်းစိတ်ပညာမှာရောင်းချခြင်းအလုပ်၌ သုံး၍ထားသော လက်တွေ့ စိတ်ပညာဖြစ်သဖြင့် ဤ အရောင်းစိတ်ပညာကို တတ်မြောက်သော ရောင်းချသူသည် ယုန်သူငယ်ကို ခြင်္သေ့မင်း အုပ်ဖမ်းကစားနိုင်သလို ဖောက်သည်များကို မလွတ်ရအောင် အမိဖမ်းနိုင်ကြောင်း ကိုယ်တွေ့ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ အထပ်ထပ် ဖတ်ရှုဆင်ခြင်လေ့ကျက်ခြင်းဖြင့် ရောင်းသူ၏ကိုယ်နှင့် စိတ်မှာ ထိုအချက်တွေ စွဲရောက် ဝင်စားကိန်းအောင်းစေလျက် အံ့ဖွယ်သော သတ္တိအရည် အချင်းကို ရကြလေအောင် ဤစာအုပ်ကို အမြဲလက်ဝယ်ထားသင့်ကြလေ သည်။ ။

                       လူမှန်က ရောင်းချခြင်းအလုပ်ကို လုပ်နိုင်၏။ ဆိုင်မှာထိုင်၍ ရောင်း ခြင်း၊ တစ်နေရာမှတစ်နေရာသို့ သွားလာလျက် ကုန်နမူနာများကို ပြ၍ စပ်ဟပ်ရောင်းချခြင်း၊ ကြော်ငြာ၍ရောင်းခြင်း၊ ကိုယ်စားလှယ်ခံယူ၍ ရောင်း ခြင်း၊ ဖော်စပ်လုပ်ကိုင်၍ရောင်းခြင်း၊ လက်ကားရောင်းခြင်း၊ လက်လီရောင်း ခြင်း စသည့်အလုပ်တွေ များစွာရှိရာ ဤအရောင်းစိတ်ပညာကို တတ်သူ မှန်က ဘဝမှာ ဆင်းရဲအောက်ကျဖို့မရှိ။ အရင်းအနှီးမျှမလို။ ဆိုင်ကြီးတစ်ခု ကိုကြည့်ကာ ဤဆိုင်ကပစ္စည်းများကို ငါ အဘယ်ပုံ တွင်အောင်ရောင်းပေး ရပါ့မလဲဟု စိတ်ကူးလျက် တကယ်တွင်စေသည့်နည်းလမ်းကို အဟုတ် တကယ်တွေ့နိုင်၍ ငွေပေါက်ကို တိုးမိနိုင်လေသည်။

             ငွေတစ်ရာ လွယ်ကူစွာချေး၍မရ။ ရလျှင်လည်း အတိုးပေးရ၏။ ကုန်ပစ္စည်းတစ်ရာဖိုးကို အကြွေးရနိုင်၏။ ရသောအခါ၌လည်း အမြတ် အစွန်း ဖြစ်ထွန်းပြန်လေရာ ကမ္ဘာပေါ်၌ အရောင်းတတ်သူသည် ခေါင်းတုံး ပေါ်တွင် ထိပ်ကွက်သော လူလိမ္မာဖြစ်သည့်ပြင် လောက၌ ငွေကို သုံးရသည် မဟုတ်။ ကုန်ပစ္စည်းများကိုသာ သုံးရသည်ကို ထောက်လိုက်လျှင် အရောင်း တတ်သူမှာ ကုန်ပစ္စည်းတောထဲကို တိုး၍နေရသဖြင့် သုံးစရာမရှား၊ စားစရာ၊ ဝတ်စရာမရှား။ ပဒေသာပင်ကြီးများကို ရသူများနှင့် တူကြလေသည်။

                   ထို့အပြင်က လူမှန်က ကုန်ပစ္စည်းသာမဟုတ်၊ ရောင်းစရာအမျိုးမျိုးရှိ၏။ ပညာကိုရောင်းခြင်း၊ အကြံဉာဏ်၊ ဝီရိယ၊ အချိန်နာရီကို ရောင်းခြင်း၊ အလုပ်ကိုရောင်းခြင်း၊ အားအစွမ်းကို ရောင်းခြင်း စသည်များသည် လူမှန် သမျှမှာ တစ်မျိုးစီရှိသော အဖိုးတန်ကုန်ပစ္စည်းတွေဖြစ်ကြလေရာ ကူလီ၊ အစေခံ၊ စာရေးမှစ၍ ဝတ်လုံ၊ ဆေးဆရာဝန်အထိ ရောင်းကြရသဖြင့် ဤ အရောင်းစိတ်ပညာကျမ်းသည် လောက၌ ကြီးပွားလိုသူဟူသမျှနှင့် သက်ဆိုင် သောကျမ်း ဖြစ်လေသည်။

                စိတ်ပညာကို စီးပွားရေးတစ်ခုခု၌ ထိထိရောက်ရောက် စ၍အသုံးပြု သည်မှာ ရောင်းဝယ်ခြင်း အလုပ်၌ဖြစ်လေရာ ဤပညာသည် လူ၏စိတ်ကို ဆွဲခြင်း၊ မဝယ်ချင်သူကို ဝယ်ချင်အောင်လုပ်ခြင်း၊ အသုံးမလိုသေးဟု မှတ် ထင်ရသောပစ္စည်းကို အသုံးလိုကြောင်း ထင်ရှားစွာပြုခြင်း နည်းလမ်းများကို သင်ပြသော ပညာဖြစ်လေသည်။ ရှေးအခါက အင်္ဂလန်ပြည်၌ လက်ဖက် ခြောက်၊ ကိုကိုးတို့ကို သုံးရမှန်းမသိကြဘဲလျက် ယခုအခါ မသုံးဘဲမနေနိုင် သော အခြေအနေသို့ရောက်ခြင်းသည် ဤအရောင်းပညာ၏အစွမ်းကြောင့် ဖြစ်လေသည်။

                  ဤပညာသည် မိမိတစ်ဦးတည်းသာ ကြီးပွားစေနိုင်သည်မဟုတ်။ တိုင်းပြည်ကြီးပွားရေးနှင့် အမျိုးသားတိုးတက်ကြီးမြင့်ခြင်း၏ အကြောင်း ရင်းကြီးဖြစ်ခြင်းကို မည်သူမျှ မငြင်းနိုင်ချေ။ ကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ဂျာမနီနှင့် စစ်ပြေငြိမ်းပြီးသောအခါ စစ်တပ်များမှ ပထမဦး ထွက်ခွင့်ပေးရသူတို့သည် အရောင်းတတ်သော “ဆေးလ်စ်မင်း” ခေါ် ဈေး သည်များဖြစ်ကြလေသည်။                  ဤယခုအခါသည် မြန်မာအမျိုးတို့အတွက် ရောင်းဝယ်ခြင်းအတတ် ပို၍အရေးကြီးသောအခါဖြစ်လေသည်။ လယ် အလုပ်ကိုသာ အားကိုးခဲ့မိသဖြင့် အဘယ်မျှလောက် ဆင်းရဲဒုက္ခရောက်ကြ ရသည်ကို သိကြလေရာ ထိုဆင်းရဲအောက်ကျသော အခြေအနေမှ ပြန်၍ တက်နိုင်ဖို့ရန် အရေးကြီးသောနည်းလမ်းမှာ ရောင်းချခြင်းအတတ် ဖြစ်ပေ သတည်း။

                                                           မည်သူရောင်းသနည်း

                      ဝတ္ထုပစ္စည်းအရိုင်းကို ဖြစ်အောင်လုပ်သူမှစ၍ နောက်ဆုံးဝယ်ခြမ်း သုံးစွဲသူများသို့တိုင်အောင် အရောင်းသမားသည် သံကြိုးတွင် အဆက်ပမာ အသုံးခံရလေသည်။ ဝတ္ထုအရိုင်းလုပ်သူထံမှ ပစ္စည်းအသုံးအဆောင်လုပ်သူ ထံသို့ ထိုဝတ္ထုအရိုင်းကို ရောင်းသူက သယ်ပို့ရ၏။ ပစ္စည်းအသုံးအဆောင် လုပ်သူထံမှ လက်ကားများထံသို့ ရောင်းသူသည် လုပ်ပြီးသောပစ္စည်းအသုံး အဆောင်ကို ပို့ရ၏။ ၎င်းနောက် လက်ကားထံမှတစ်ဆင့် ရောင်းသူသည် လက်လီသမားထံသို့ ပို့ရ၏။ လက်လီသမားထံမှတစ်ဖန် ရောင်းသူပင်လျှင် သုံးစွဲသူထံသို့ ပို့ရလေသည်။ ၎င်းရောင်းသူကို ပွဲစားဟူ၍လည်း ခေါ်၏။

ကော်မရှင်ကိုယ်စားလှယ်ဟူ၍လည်း ခေါ်၏။ ခရီးသွားကိုယ်စားလှယ် လည်း ဖြစ်လေသည်။

                                                         အစိုးရ၏အလုပ်

                အင်္ဂလန် ၌ Department of Over seas Trade cat Board of Trade ခေါ် Board of Trade အဖွဲ့ ရှိ၏။ မည်သည့်တိုင်းပြည်၊ မည်သည့်ဒေသ၌ အဘယ် ပစ္စည်းမျိုး အရောင်းအဝယ်ရှိသည့်ပစ္စည်းများကို သိလို၍ စုံစမ်းသူတို့အား ထိုအဖွဲ့ က ဖြေကြားညွှန်ပြကူညီရ၏။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အတိုင်ပင်ခံ အကြံဉာဏ်ပေးသူများ၊ ကော်မရှင်နာများ၊ ကိုယ်စားလှယ်များ၊စုဆောင်းရရှိထားသော ကမ္ဘာအရပ်ရပ်ဆိုင်ရာ ရောင်းဝယ်ရေးနှင့်ဆိုင်သော အကြောင်းအရာများနှင့် လမ်းစခန်းများ အကြောင်းကို ထိုအဖွဲ့က စုဆောင်း ပြီး ရိုက်နှိပ်ထုတ်ဝေသော ပြန်ကြားစာများတွင် ၎င်းအကြောင်းအများကို ထည့်သွင်းဖော်ပြလေသည်။ ၎င်းဌာနဆီမှ အကြံဉာဏ်တောင်းလျှင် လွယ်ကူစွာရရှိနိုင်လေသည်။

အတားအဆီးမရှိ

          အခြားအလုပ်များမှာ လွယ်ကူစွာ လူတိုင်းမရ။ ရောင်းချခြင်းအလုပ် မှာ အတားအဆီးအပိတ်အပင်မရှိ။ မည်သူ၏ စည်းကမ်းအမိန့်ကိုမျှ မနာခံ ရ။ ကြီးမြင့်ခြင်းမှာလည်း အဆုံးမရှိသဖြင့် ဆာဘွဲ့၊ လော့ဘွဲ့ ကြီးများကိုပင် ရောက်ဖို့ရန် လမ်းပွင့်လေရာ မရှက်မကြောက် အဟုတ်တကယ်စိတ်ကိုသွင်း ကာ ရုံးတစ်ခုမှာ ကူညီစာရေးလုပ်သောအရွယ်ကစ၍ ရောင်းချခြင်းအလုပ် ကို လေ့ကျင့်ကြမည်ဆိုလျှင် သာမန်ဉာဏ်စွမ်းသတ္တိရှိသူသည် ဤကျမ်း၌ ဖော်ပြသောနည်းလမ်းများကို လိုက်နာခြင်းဖြင့် သူဌေးကြီးဖြစ်နိုင်သည်ကား ကံရှိသူနှင့်မဆိုင်၊ လူတိုင်းနှင့်ဆိုင်ကြောင်း လက်တွေ့ သိရှိနိုင်လေသည်။

အလုပ်ပေါများခြင်း

            ယခုအခါ စက်ကိရိယာ၏ အစွမ်းကြောင့် ကုန်ပစ္စည်းအထွက်များ၏။ ဆိုင်များမှာလည်း ကုန်ပစ္စည်းကြပ်လျက်နေကြ၏။ အရောင်းတတ်သူသည် ထိုပစ္စည်းများကိုဖောက်သည်ဈေးနှင့်ရအောင် ပြောဆိုစီစဉ်ကာ ရှေးဦးပထမ အနည်းငယ်ဝယ်ယူ၍ ကိုယ်တိုင်စပ်ဟပ်ရောင်းချပြီး တွင်သလောက် ထပ်ကာထပ်ကာ အခေါက်ခေါက်ယူချေက နောင်တစ်စတစ်စ အစွမ်းသတ္တိ နှင့် ရိုးမှန်ကြောင်း လက်ကားဆိုင်ကြီးများက သိသောအခါ မြောက်မြားစွာ လဆိုင်းနှင့်ရနိုင်သောအခြေအနေသို့ ရောက်နိုင်လေသည်။