Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ဘုန်းမောင့်တွက်တာ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

                                                                  အခန်း ၁

            မောင်မြဒင်၏ အားလပ်ရက်များသည် အဆုံးသို့ ရောက်ခဲ့လေ၏။ ထိုအားလပ်ရက်များသည် မြဒင်၏ စိတ်၌ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော ပျော်ရွှင်ခြင်းကိုပေးသော အားလပ်ရက်များ ဖြစ်လေ၏။

             အကြောင်းမူကား ထိုအားလပ်သောရက်များ၏အစ၌ မဝင်းကြည် နှင့် စ၍တွေ့ပြီး ထိုအားလပ်သော ရက်များအတွင်း မဝင်းကြည်နှင့် အတူ ပျော်ရွှင်စွာသာယာသော တောမြို့၌ နေခဲ့၍ ထိုအားလပ်သော ရက်များအဆုံး၌ မဝင်းကြည်ကို အပါဆောင်ယူကာ ရန်ကုန်သို့ပြန်၍ လာခဲ့လေ၏။

လွန်ခဲ့သော တစ်လခန့်လောက်မှာ ဝင်းကြည်သည်အဖော်များနှင့် အလည်အပတ် ရောက်၍လာခဲ့ရာ မြဒင်၏အခန်း၌ ဝင်းကြည်သည် အဖော်များနှင့် တည်းခိုရလေ၏။

               မြဒင်မှာ ထိုအခါက တစ်ကိုယ်တည်းနေသော်လည်း သူတစ်ပါး အိမ်၌ ထမင်းလခပေး၍မစား၊ မိမိပိုင်အခန်းကလေးတွင် လွတ်လပ်စွာနေ၏။

                မဝင်းကြည်နှင့်အတူ ဧရာဝတီမြစ်ကမ်း၊ ထောင်ကြီးမြို့ကလေးမှ ရန်ကုန်သို့ ဘုရားဖူးလာကြသူများအနက် ခေါင်းဆောင်ဖြစ်သူ မသင်း ထုံမှာ မြဒင်နှင့် အထက်ထက်က ချစ်ကျွမ်းဝင်ခဲ့သဖြင့် မြဒင်၏အိမ် ကို မေး၍လာခဲ့ခြင်းဖြစ်လေ၏။

                   မြဒင်သည် ထိုအခါ၌ အားလပ်ခွင့်ယူစ ဖြစ်လေရာ အဘယ်ကို သွားရမည်ဟု စိတ်ဆုံးဖြတ်ချက်မချသေးသဖြင့် ဧည့်သည်များကို အရပ်ရပ်လှည့်လည်ကာပြ၍ နေလေ၏။

                 သို့ဖြစ်လေရာ ၎င်း၏နတ်ပြည်သည် ထိုအခါကပင်အစပြုသည် ဟု ဆိုရပေမည်။

                   တည်းခိုဧည့်သည်များ ပြန်ကြသောအခါ မိမိနှင့်တကွ မိမိ၏အခန်း မှာ ခြောက်သွေ့ ကာ ဟာလာဟင်းလင်းဖြစ်တော့မည့်အခြေသို့ ရောက် လေ၏။

                ဝင်းကြည်၏မျက်နှာကလေးကို မြင်ရတော့မည်မဟုတ်။ ဝင်းကြည် ၏အသံကလေးကို ကြားရတော့မည်မဟုတ်။

                 ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ရုံ၊ ကိုးထပ်ကြီး၊ ငါးထပ်ကြီး၊ အင်းလျား စသည့်နေရာများကို အလည်အပတ်သွားသည့်အခါ ဝင်းကြည်နှင့် မိမိ မှာ တစ်တွဲသတ်သတ် လွတ်လပ်ခြင်းရခဲ့ကြသဖြင့် တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ငြိခဲ့လေရာ ဝင်းကြည်ပြန်ရတော့မည်ရှိသည့် အခါ၌ မခွဲနိုင်မခွာရက်ဖြစ်၍ နေလေ၏။

               သို့ဖြစ်လေရာ ၎င်းတို့ပြန်ဖြစ်သော ညကျမှ လတ်တလောဆုံး ဖြတ်ချက်ကိုပြုကာ လိုက်ပါ၍သွားခဲ့လေ၏။

                       ထိုအခါ၌ ဝင်းကြည်သည် ၎င်းမိဘများရှိစဉ်က ပတ္တလား၊ ပီယာနို၊ အဆိုအကတို့နှင့် တေးကြီးဘွဲ့ ကြီးများကို သင်၍ပေးသော ဦးကြီးဖြစ်သူ ဇာတ်ဆရာဟောင်းကြီး ဦးရွှေတင်၊ ဒေါ်အောင်တို့နှင့်အတူ နေထိုင်လေ ရာ ၎င်းဇာတ်ဆရာကြီးနှင့် ဆရာကတော်ကြီးက ဆွေမျိုးဉာတိ နည်းပါး သော ဝင်းကြည်ကို သမီးပမာ ချစ်ခင်၍ နေကြလေ၏။ | ဝင်းကြည်ကိုချစ်သလို မြဒင်ကိုလည်း ချစ်ကြလေ၏။

                 သို့ ဖြစ်သောကြောင့် မြဒင်၏အလုပ်အကိုင် အခြေအနေစိတ် သဘောကို စိတ်ချယုံကြည်လောက်သည်ဟု အယူရှိစရာအကြောင်း ခိုင်လုံသောကြောင့် အားလပ်ရက်များအဆုံးသို့ရောက်သဖြင့် မြဒင် ရန်ကုန်သို့ပြန်သောအခါ တစ်နည်းနည်းအားဖြင့် ဝင်းကြည်လိုက်ပါ၍ လာခဲ့လေရာ ပထမတွေ့ သောအခါကစ၍ ယခုမြင်းရထားပေါ်၌ နှစ် ယောက်သား တစ်ယောက်ကိုတစ်ယောက်ကိုင်ကာ ယှဉ်တွဲ၍ထိုင်လာ ရသည့်အချိန်သို့တိုင်အောင် အချစ်၏လမ်းသည် ချောမော၍လာခဲ့ လေ၏။

                  မြဒင်သည် ကမ္ဘာပေါ်၌ မိမိထက်ကုသိုလ်ကံထူးသူ၊ မိမိထက် ပျော်သူမရှိဟု အောက်မေ့လေ၏။ အတန်ကြာဝေး၍နေသော ရန်ကုန်မြို့မှာ အသစ်ဖြစ်၍နေ၏။ ရှူရှိုက်ရသောလေမှာ ... လတ်ဆတ် စင်ကြယ်၏။

                  ရန်ကုန်မြို့မှ အခြားဒိစတြိတ်နယ်သို့ အတန်ကြာထွက်ခွာ၍နေ ပြီးနောက် တစ်ကိုယ်တည်း ပြန်ရောက်လာသူများမှာပင် မြို့ကိုမြင်ရ လျှင်မြင်ချင်း အဘယ်မျှ စိတ်အားတက်ကြွခြင်းဖြစ်သည်ကို ထောက် လိုက်သော် ... အသစ်လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးတွေ့၍ လာသော ချစ်သူနှင့်ယှဉ်တွဲကာ ပြန်၍ရောက်လာသော မြဒင်မှာ ... အဘယ်ပြောဖွယ်ရာ ရှိတော့မှာနည်း။

                  မကြာမီမြဒင်၏ အခန်းသို့ ရောက်သွားကြပြီးနောက် မြဒင်သည် ဝင်းကြည်ကို အခန်း၌ထားခဲ့၍ နံဘေးခန်းရှိ အသိမိတ်ဆွေအိမ်နီးချင်း များအား ကြည့်ရှုကြဖို့ရန် ... မှာကြားပြီး တောကပါသော လက်ဆောင် ကလေးများနှင့် အလုပ်တိုက်သို့တန်း၍သွားလေ၏။

                      ဝင်းကြည်သည်ကား ... အိမ်ကို လှဖို့သုတ်သင်ပြုပြင်ခင်းကျင်း လျက် နေရစ်လေ၏။

                     သို့ရာတွင် ဝင်းကြည်မှာ သေးငယ်သော အခန်းကလေးကို တုဿီ တာနတ်ဗိမာန်ကြီးလို မှတ်ထင်လေ၏။

                     အချစ်နှင့်ဖျော်စပ်အပ်သော သုခချမ်းသာခြင်းအမြိုက်ရည်ကို သောက်မျိုရသကဲ့သို့ဖြစ်ကာ တစ်ကိုယ်လုံးမှာ အချစ်နှင့်သုခအဟုန်ဖြင့် တရှိန်ရှိန်ဖြစ်၍ နေလေ၏။

                     သို့ဖြစ်သောကြောင့် သိလိုမြင်လို၊ ကူညီဝမ်းမြောက်လိုသော အိမ် နီးချင်းများနှင့်အခန်းကို ရှင်းလင်းပြီးနောက် တစ်ယောက်တည်း ကျန် ရှိသောအခါ မြဒင်၏ ဖြူစင်သန့်ရှင်းသောအိပ်ရာပေါ်၌ မိမိကိုယ်ကိုယ် ပစ်လှဲချကာချမ်းသာခြင်း၏ရသာရှိန်ကို ငြိမ်ငြိမ်ကလေးခံစားလျက် တကယ်မှဟုတ်ပမလား။

                 တစ်လကျော်ကျော် ကလေးအတွင်း တွေ့ကြုံ ဖြစ်ပျက် အချစ်၏ ရဟတ်စက်မှာ ဝီခေါ်အောင်လည်ခဲ့ရသည်မှာ အဟုတ်တကယ်ပဲလား။ ငါဟာ လူ့ပြည်မှာမှ ရှိသေးရဲ့လား။

                 သို့တည်းမဟုတ် အိပ်မက်၍နေခြင်းဖြစ်လေသလားစသည်ဖြင့် တွေးတောကာ နေမိလေ၏။