Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ပီမိုးနင်း၏ပီမိုးနင်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

                                                   ၁။ ဘဝလမ်းခရီးကို ရှေးရှုခြင်း

            စိတ်ဆင်းရဲခြင်း၏အစ၊ သဘောအလျောက် လုပ်ကိုင်ပုံများ၊ အနှီးလျှော်ရင်း စိတ်ကူးခန်း၊ ရေနစ်ရာတွင်ပင် အစွဲအလမ်းကြီးပုံ၊ အိမ်မှထွက်ပြေးခြင်း၊ စာသင်ခြင်း၊ ခရစ်ယာန် ဘုန်းကြီး အတတ် သင်ခြင်း၊ တောင်တန်းကြီးများ၏ လက်ယပ်ခေါ်ရာသို့ သွားခြင်း၊ ဆီးသီးနှင့် ထန်းလျက်၊ ပလောပီနန်သို့ ရောက်သွားခြင်း၊ မြန်မာ ပြည်သို့ ပြန်လာခြင်း၊

             ကျွန်ုပ်မှတ်မိသော ပထမအရွယ်သည် အဘွားဖြစ်သူ၏ ခါးထက် ၌ထိုင်ကာ အိမ်နောက်ဖေး ငှက်ပျောခြံကြီးထဲတွင် ငှက်ပျောရွက်ကို လိပ်လျက် အဘွားဖြစ်သူက ပီပီမှုတ်၍ပြသော ကလေးခါးထစ်ခွင် အရွယ်ပင် ဖြစ်လေသည်။ ထိုနောက် မတိမ်းမယိမ်း မှတ်မိသော အရွယ် ကား ထိုငှက်ပျောခြံကြီးကို မီးစွဲလောင်၍ ပြာကျလျက် ဖုတ်ပြီးသား ဖြစ်နေသော ငှက်ပျောသီးများကို ကခုန်စားသောက်လျက် ပျော်ရွှင်စွာ ကစားနေသော အပူအပင်မရှိသည့် ကလေးမျှသာ ဖြစ်လေသည်။

          ကျွန်ုပ် ပျော်ရွှင်စွာ ကစားမြူးထူးနေရသလောက် ကျွန်ုပ်၏ ဘိုးဘွား တို့၏စိတ်ကား ဆင်းရဲငြိုငြင်ရသည့် အခါပင်ဖြစ်လေသည်။ အကြောင်း ကား ကျွန်ုပ်နှင့် ကျွန်ုပ်၏ဘိုးဘွားတို့ ပျော်ရွှင်စွာနေထိုင်ခဲ့ရသော ငါးပင် အိမ်ကြီးကို ဓားပြတို့မီးရှို့သဖြင့် အိမ်ရော ငှက်ပျောခြံကြီးပါ ပြာကျခဲ့ရ သောကြောင့် ဖြစ်လေသည်။ ၎င်းအိမ်ကြီးသည် သုံးဆယ်မြို့ ရွာမရပ်ရှိ အိမ်ကြီးဖြစ်လေသည်။

           ၎င်းနောက် မှတ်မိသည်ကား ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိဘနှစ်ပါး ထိုအိမ်ကြီး၏ နေရာတွင် အိမ်ငယ်ကလေးတစ်ခုနှင့် နေရခြင်းဖြစ်လေ သည်။ ထိုအိမ်ငယ်ကလေးသည်ကား တဲပုတ်ကလေးမျှပင် ဖြစ်လေသည်။ ထိုတဲပုတ်ကလေးမှတစ်ဖန် အိမ်လတ်တစ်ခုဖြစ်၍ လာလေသည်။ ဤအခါသည်ကား ကျွန်ုပ် စိတ်ဆင်းရဲရခြင်း၏ အစပင် ဖြစ်လေသည်။

           ကျွန်ုပ်၏ ဖခင်သည်ကား ရုပ်ရည်အတော်ချောမောသူ တစ် ယောက်ဖြစ်၏။ လက်မှုပညာ အမျိုးမျိုးတို့ကိုလည်း ကောင်းစွာ တတ် ကျွမ်းသူတစ်ဦး ဖြစ်လေသည်။ သို့သော် အလုပ်ကိုကား စွဲစွဲမြဲမြဲ မလုပ် ကိုင်ခဲ့ပေ။ ရုပ်ရည်ချောသလောက်၊ လက်မှုပညာကို ကောင်းစွာ ကျွမ်း ကျင်သလောက် လူလေတစ်ဦးဖြစ်ကာ အရပ်လေးမျက်နှာသို့ သွားလာ နေသူ ဖြစ်လေသည်။ သို့ကြောင့်လည်း ခြောက်လတစ်ခါ၊ တစ်နှစ် တစ်ခါသာလျှင် အဖေဆိုသော သူ၏မျက်နှာကို တွေ့ရမြင်ရလေသည်။ ကျွန်ုပ်၏ မိခင်သည်သာလျှင် ဈေးတောင်းကိုခေါင်းရွက်၍ ရောင်းရသမျှ နှင့်ပင် ကျွန်ုပ်တို့ အသက်မွေးခဲ့ရလေသည်။

           ကျွန်ုပ်သည် သားဦးဖြစ်၏။ သို့ကြောင့်ပင်လည်း မိခင် ဈေးရောင်း ထွက်သောအချိန်၌ ကျွန်ုပ်ပင်လျှင် သမီးမိန်းကလေးသဖွယ် ချက်ရ ပြုတ်ရ၊ လျှော်ရဖွပ်ရလေသည်။ အိမ်ကိစ္စအဝဝတို့ကို အလုံးစုံ လုပ် ကိုင်ခြင်းဖြင့် မိခင်ကြီးအား တတ်အားသမျှ အစွမ်းကုန် ကူညီခဲ့၏။

           ညီမငယ်ကလေး“တစ်ဦးကိုလည်း မိခင် ဈေးရောင်းထွက်သော အချိန်၌ မိခင်ပမာ ခါးထစ်ခွင်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။

            အားလပ်သော နံနက်ဝေလီဝေလင်း အချိန်များ၌ ရွာရှိ ခြံကြီး များထဲသို့ လှည့်လည်လျက် ထန်းသီးကောက်ခြင်း၊ မှိုနုတ်ခြင်း၊ ဟင်းသီး ဟင်းရွက်ရှာဖွေခြင်း စသည့်အလုပ်တို့ကို မိဘတို့က ခိုင်းစေသည် မဟုတ်ဘဲ ကိုယ်တိုင် သဘောအလျောက် အမြဲအစွဲ နေ့စဉ် နေ့တိုင်း လုပ်ကိုင်ခဲ့လေသည်။ မိုးတွင်းအခါများ၌ လယ်ပုစွန်လုံး နှိုက်ခြင်း၊ ငါးဖမ်းခြင်း စသည့်အမျိုးမျိုးသောအလုပ်များကို ကျွန်ုပ်သဘောနှင့် ကျွန်ုပ် လုပ်ကိုင်ခဲ့လေသည်။ ထိုအလုပ်များကို လုပ်နေစဉ်အခါ ကျွန်ုပ် ၏ စိတ်သည် နိဗ္ဗာန်နှင့်တူသော ပျော်ရွှင်ချမ်းသာခြင်းကို ခံစားရလေ သည်။ လွတ်လပ်စွာသွားလာ၍ ကိုယ့်သဘော ကိုယ့်စိတ်အတိုင်း ကိုယ် နေထိုင်ရသော လွတ်လပ်သည့် အကျိုးပေတည်း။

              တစ်ရံသောအခါ၌ မွန်းလွဲအချိန် ချောင်းထဲတွင် ကျွန်ုပ်တစ်ယောက် တည်း သရောပုံကြီးတစ်ခု၏အပေါ်၌ ကလေးအနှီးများကို လျှော်ဖွပ်နေ ရလေသည်။ အနီးအနား၌ လူသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုကဲ့သို့ အနှီးများကို လျှော်ဖွပ်နေစဉ် ကျွန်ုပ်၏စိတ်ထဲ၌ တွေ့မြင်နေရ

 

       * မူတွင် တွေ့ရှိရသည့်အတိုင်း ညီမငယ်လေးဟုပင် မပြင်ဆင်ဘဲ ထည့်လိုက်သည်။ နှမငယ်ကလေး ဟု သုံးနှုန်းမှ မှန်ပေမည်။ သို့သော် ယခုခေတ်တွင် ရောထွေးယှက်တင် သုံးစွဲနေကြပြီဖြစ်၍ ဤညွှန်ပြချက် မပါဘဲဖြင့်ပင် စာဖတ်သူတို့ နားလည်ပြီး ဖြစ်ပါလိမ့်မည်။

ဆရာကြီးပီမိုးနင်းသည် မည်သည့်အခါတွင် ဤကဲ့သို့ ရောထွေးယှက်တင် မသုံးစွဲခဲ့ပေ။ ဆရာကြီး ပီမိုးနင်းမှာ လက်တုန်သဖြင့် စာကို ကိုယ်တိုင်မရေးနိုင်ဘဲ နှုတ်ဖြင့်သာပြောသွားလျက် အနားမှ တစ်ယောက် က လိုက်ပြီး ရေးရလေသည်။ နောက်မှ အရေးကြီးသော အချက်တို့ကို ကိုယ်တိုင်ပြင်လေ့ရှိလေသည်။ ဤညီမလေး အသုံးအနှုန်းကို ဆရာကြီးမမြင်မိ၍သာ မပြင်ခဲ့ခြင်း ဖြစ်တန်ရာသည်။

တည်းဖြတ်သူ။

 

သည်ကား ကျွန်ုပ်၏ အိမ်ခေါင်းရင်းရှိ သူကြီး၏အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာနေသော မြို့အုပ်စာရေးကြီး စသော လူတွေနှင့်၊ ထိုသူ တို့၏ ခံ့ညားစွာဝတ်ဆင်ထားသော အဝတ်အစားတို့ပင် ဖြစ်လေသည်။ ထိုသည်တို့ကို တွေးတောနေရာမှ ထိုသူတို့ကို အားကျကာ ငါလည်း သူတို့လို ပညာသင်ရပါလျှင် တစ်နေ့တွင် မုချ ထိုသူတွေကဲ့သို့ပင် ခံ့ညား ထည်ဝါစွာ နေရမည်ကားမလွဲဟု တွေးတောကာ ပညာသင်လိုသော စိတ်တို့ကား တဖွားဖွား ပေါ်လာတော့လေသည်။ လုပ်လိုသော အလုပ် တစ်ခုကို မဖြစ်ဖြစ်ရလေအောင် လုပ်တတ်သော ကျွန်ုပ်၏ ဝါသနာ အတိုင်း ထိုနေ့တွင် အနှီးများကို မြန်မြန်ပြီးရန် တွင်တွင်သာ ကြိုးစား၍ အမြန်လျှော်ဖွပ်ခဲ့တော့လေသည်။ အနှီးများ လျှော်ဖွပ်ပြီးနောက် အိမ်သို့

ပြန်ရောက်လျှင် ရောက်ချင်း ကျွန်ုပ်အား ကျောင်းတွင်အပ်နှံပါရန် မိဘတို့အား နားပူလေတော့သည်။

                   ကျွန်ုပ်၏ မနားမနေပူဆာခြင်းဖြင့် နောင် ၁ဝ ရက်လောက်ကြာလျှင် ကျောင်းသို့ပို့ပါမည်ဟူသော မိဘတို့ ၏ ကတိစကားကို ကြားရသော ကျွန်ုပ်ကား ဝမ်းသာ၍မဆုံးတော့ပြီ။ ထိုသည့် နေ့မှစ၍ ချက်ရင်းပြုတ်ရင်း နေ့ရက်များကို မီးဖိုချောင်နံရံတွင် မီးသွေးဖြင့် ခြစ်ဆွဲ၍ မှတ်သားခဲ့လေသည်။ မီးသွေးမှတ်များ တစ်ခုထက် တစ်ခု ပိုလာလေလေ ကျွန်ုပ်၏ စိတ်များကား တိုး၍တိုး၍ ပျော်ရွှင် လေလေ ဖြစ်ခဲ့လေသည်။ သို့အားဖြင့် အမှတ်များ ခြောက်မှတ်၊ ခုနစ် မှတ် ရှိခဲ့ကြောင်းကို သတိပြုမိလေသည်။

             တစ်နေ့သောအခါ အနှီးများကို လျှော်ဖွပ်ပြီးနောက် ရေချိုးရန် သရောပုံမှ ခုန်ချလိုက်ရာ ရေနက်သောနေရာဖြစ်သဖြင့် မြုပ်၍ သွားလေတော့သည်။ ထိုစဉ်အခါ၌ ကျွန်ုပ်ကား သေရေးကို မတွေးမိသေး။ တွေး ၍သော်လည်း မကြောက်မိ။ ငါသာသေရင်တော့ ကျောင်းမနေရတော့ ဘူး။ ကျောင်းမနေရရင် သူကြီးအိမ်လာတဲ့ မြို့အုပ်လိုလူတွေလို ငါနေရတော့မှာ မဟုတ်ဘူးဟူသော ကျွန်ုပ် အထူး အလွန်စွဲလမ်းသည့် ထို မြို့အုပ်များကဲ့သို့ နေရေးနှင့် ကျောင်းနေရမည့် အရေးကိုသာလျှင် ဦးစွာ တွေးတောမိတော့လေသည်။ ထိုခဏ၌ ကျွန်ုပ်သည် ရေပေါ်သို့ ခဏမျှ ပေါ်လာ၏။ ပေါ်လာသည့်ခဏ၌ ကျွန်ုပ်သည် အသက်ကို တစ်ခါရှူ ရှိုက်လိုက်ရ၏။ ထိုအချိန်အခါ၌ ကျွန်ုပ်ကို ကယ်ဆယ်မည့်သူကား အနီးအနား၌ တစ်ဦးတစ်ယောက်မျှ မရှိပေ။ နောက်တစ်ကြိမ် မြုပ်သွား ရာ၌ အသက်မရှူနိုင် မွန်း၍ လာတော့၏။ ထိုအခါမှ ကြောက်လန့်ပြီး လျှင် အားရှိသမျှ ရေပေါ်သို့ ရောက်ရန် ခုန်လိုက်၏။ ရေထဲ၌ခုန်ရန် မလေးလံ မခဲယဉ်းလှချေ။ ထို့ကြောင့်လည်း ကျွန်ုပ်ခုန်လိုက်ခြင်းကြောင့် ရေပေါ်သို့ ပေါ်လာပြန်လေသည်။ ဤတစ်ကြိမ်တွင်လည်း အသက်ကို အားရအောင် ရှူလိုက်ရပြန်၏။ ခုန်လျှင် ရေပေါ်သို့ ပေါ် လာရမည်။ ပေါ်လာလျှင် အသက်ရှူနိုင်မည်ဟူသော အသိဉာဏ်သည် ကျွန်ုပ်၏ ခေါင်းထဲသို့ ရုတ်ခြည်း ဝင်လာတော့လေသည်။ ထိုကြောင့် လည်း ကျွန်ုပ်သည် ခဏခဏ ခုန်၍သာနေလေသည်။ ခုန်တိုင်းလည်း ပေါ်လာသဖြင့် အသက်ကို ရှူရတော့လေသည်။ ထိုကဲ့သို့ ခုန်ရင်း အသက်ရှူ၍ နေခဲ့ရာမှ နောက်ဆုံးတစ်ကြိမ် ခုန်လိုက်ပြီးနောက် အတိုင်း မသိသော ဝမ်းမြောက်ခြင်းကို ဖြစ်စေလေသည်။ ကျွန်ုပ်၏ သတိကောင်း ခြင်းနှင့် ကြိုးစား၍ ခုန်ရကျိုးနပ်ပေတော့လေသည်။

                 အကြောင်းကား ထိုအချိန်တွင် ခုန်၍ ပြန်ကျသောအခါ နှာခေါင်း ကား မမြုပ်တော့ပေ။ ကျွန်ုပ်ကား ရေတိမ်ရာသို့ ရောက်ခဲ့လေပြီ။ ကျွန်ုပ် ခုန်နေသည်ကား မည်မျှကြာသည်ကို မသိနိုင်။ မသိသော်လည်း ကျွန်ုပ် တွင်ကား ကမ်းစပ်သောင်ပြင်သို့ ရောက်သည့် အချိန်၌ မောပန်းလွန်း လှသဖြင့် လမ်းပင်မလျှောက်နိုင်တော့ပေ။

                 သောင်ပြင်ထက်၌ ကိုယ်ကိုပစ်လှဲကာ ခဏမျှ အမောဖြေနေရတော့၏။ ထိုအခါကျမှ ရေနစ်လို့များသေရင် ... ဟု အတွေးကိုမှ မဆုံးမီပင် သေရေးကိုတွေးပြီး ကြောက်မိသဖြင့် ကြက်သီးများပင် ထလာ တော့လေသည်။ သို့ သော် ယနေ့မှစ၍ တစ်ရက်၊ နှစ်ရက်အတွင်းကျောင်းနေရမည်ဖြစ်သော ကျွန်ုပ်၏ အရေးကို တွေးကာ ဝမ်းသာခြင်း စိတ်က ကြောက်စိတ်ကို လုံးလုံးဖုံးဖိတော့လေသည်။ ထိုနောက် သရောပုံ ပေါ်မှ အဝတ်များကိုယူကာ အိမ်သို့ ဒုန်းပြေးလေ၏။ အနှီးကလေးများ ကို နေပူထဲတွင်လှမ်းပြီး အရိုက်ခံရမည်ကို ကြောက်သောကြောင့် ရေနစ်ကြောင်းကို မည်သူ့အားမျှ မပြောခဲ့ပေ။ လွတ်ရာသို့သာ ပြေးထွက်ခဲ့ လေသည်။ ဤသို့ ကြောက်၍ထွက်ပြေးခြင်းပင် ကျွန်ုပ် ပညာသင်ကြား ဖို့ရာ ကြမ္မာကောင်း ဖြစ်တော့လေသည်။

               သို့ထွက်သွားခဲ့ရာ ည ၆ နာရီအချိန်တွင် သုံးဆယ်မြို့ အာရ်စီ-အမ် ကျောင်းသို့ ရောက်ခဲ့လေသည်။ ထိုကျောင်း၌နေသော ကျွန်ုပ်၏ အစ်မကြီးတစ်ဝမ်းကွဲကို တွေ့လေရာ ကျွန်ုပ် ကျောင်းနေချင်ကြောင်း ကို ၎င်းအား ပြောပြလျှင်ပင် အစ်မကြီးလည်း ကျောင်းအုပ်ဘုန်းကြီး ဖာသာရ်-ပဲလဝါးထံ ကျွန်ုပ်အား အပ်နှံပေးသဖြင့် ထို အာရ်-စီ-အမ်ကျောင်းတွင် နေရတော့လေသည်။ ထိုကျောင်း၌ ကျောင်းသားပေါင်း ၄ဝ မျှရှိ၏။ ထို ၄၀ ရာခိုင်နှုန်းမျှလည်း ဆင်းရဲသောမိဘမှ ပေါက်ဖွား ခဲ့သော ဆင်းရဲသားတို့ချည်းပင်။ ထို ဆင်းရဲသားတစ်စု ကျွန်ုပ်တို့အား သာသနာ"ကပင် ကျွေးမွေးကာ ပညာကို သင်ပေးခဲ့ရလေသည်။ ထိုကျောင်းတွင်နေစဉ် သစ်ပင်များကို ရေလောင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း စသော အလုပ်တို့ကို ကျောင်းအားချိန်များတွင် နေ့စဉ်ပင် လုပ်ကိုင်ခဲ့ရ လေသည်။ ၎င်း အာရ်-စီ-အမ်ကျောင်းတွင် သုံးနှစ်မျှ ဆင်းရဲငြိုငြင် ..