Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ပီမိုးနင်းစာပေါင်းချုပ်ဒုတိယတွဲ

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

မိန်းမတို့၏ ဓမ္မတာ

                မိန်းမတို့၏ ပဋိသန္ဓေ၊ မိခင်၏တာဝန်၊ မိခင်နှင့် သမီးတို့၏ နှီးနှောတိုင်ပင်မှု၊ ကြီးကောင်ဝင် ခြင်း၊ မကောင်းသော မိန်းမဖော်များ၏ အန္တရာယ်၊ သဘာဝက ဖန်တီးပေးထားသော အကာ အကွယ်၊ မလိမ္မာသောမိဘကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ၊ ဓမ္မတာလာစဉ်အခါ၌ လိုက်နာရန်များ၊ သွေးဆုံးချိန်..။

             မိန်းမတို့၏ ကိုယ်ခန္ဓာအဆောက်အဦသည် ယောက်ျားနှင့်မတူ။ ပဋိသန္ဓေတည်ခြင်း လွယ်ရခြင်း၊ သားဖွားရခြင်း တာဝန်ကြီးများကြောင့် ခန္ဓာစက်အိမ်မှာ ပို၍ရှုပ်သဖြင့် ပိုမိုသိမ်မွေ့ လေရာ လွယ်ကူစွာ ဖောက်ပြန်တတ်လေသည်။ သို့ဖောက်ပြန်သည့်အခါ ဝေဒနာဖြစ်ပေါ်တတ် လေသည်။

            အထူးသဖြင့် ဓမ္မတာနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်တတ်လေသည်။ ထိုရောဂါများ ဖြစ် ပေါ်သည့်အခါ အကျိုးအကြောင်း မသိသောကြောင့် မှားယွင်းသောအမှုများကို ပြုမိတတ်ကြလေ သည်။ အများအားဖြင့် မိခင်များကိုယ်တိုင်က ထိုအကြောင်းများနှင့် ပတ်သက်၍ တတ်သိ နားလည်ခြင်း မရှိကြသဖြင့် တစ်ကြောင်း၊ ပေါ့လျော့ကြခြင်းကြောင့် တစ်ကြောင်း၊ ရှက်ဖွယ် အကြောင်းများဟု သဘောထားကြခြင်းကြောင့် တစ်ကြောင်း၊ မိခင်နှင့်သမီး ရည်ရည်မွန်မွန် နှီးနှောတိုင်ပင် ပြောဆိုတတ်သောအလေ့ မရှိသည့်အတွက် တစ်နည်းနည်းအားဖြင့် ပြောဆိုတိုင်ပင်

          သွန်သင်ခြင်းအလုပ်၌ အခက်အခဲတစ်မျိုး ပေါ်ပေါက်တတ်သဖြင့်တစ်ကြောင်း အလွန်အရေးကြီး ၍ သိထိုက်သည့် အကြောင်းအရာများကို သမီးပျိုများအား မပြောဘဲ နေတတ်ကြလေသည်။ သို့ မပြောဘဲနေခြင်းကြောင့် အရွယ်ရောက်သည့်အခါ လတ်ဆတ်သောပန်းပွင့်ပမာ ဖွံ့ဖြိုးစည်ကား ခြင်း၏ ကျက်သရေဂုဏ်အဆင်းနှင့် ကျန်းမာခြင်း၏ သုခစည်းစိမ်ကို မခံစားကြရဘဲ ဆင်းရဲဒုက္ခ ကို ခံကြရလျက် သက်တမ်းတိုကြရလေသည်။ သို့ဖြစ်လေရာ သိရာသိကြောင်းဖြစ်သော အရေး ကြီးသောအချက် အနည်းငယ်မှုကို ဖော်ပြလိုက်ရပေသည်။

 

                မိန်းကလေးများမှာ ဆယ့်နှစ်နှစ်အရွယ်၌ ဓမ္မတာပေါ်ပေါက်၍ အရွယ်ရောက်ကြောင်း၊ အ နည်းငယ်မျှတို့မှာ ထိုထက်ပင်စောစွာ အရွယ်ရောက်ကြလေသည်။

              ထိုအရွယ်သည် “ကြီးကောင်ဝင်သည်” ဟူသောအရွယ်ပင် ဖြစ်လေရာ များစွာ အရေးကြီး သော အရွယ်၏အပိုင်း ဖြစ်လေသည်။ ထိုအရွယ်၌ သိအပ်သော အရေးကြီးသော အကြောင်း အရာများကို မသင်ကြားမနာယူဘဲ အကျင့်စာရိတ္တမကောင်း၊ အရှက်အကြောက်မရှိသော မိန်းမ ဖော်များ၏ မှားယွင်းသောလမ်းများသို့ လိုက်မိတတ်ကြလေရာ များစွာစိုးရိမ်မကင်းဖွယ်ရာ ဖြစ် လေသည်။

                ထိုအရွယ်၌ ကိုယ်ခန္ဓာအတွင်းအပြင်မှာ ပြောင်းလဲခြင်းများ ဖြစ်တတ်လေသည်။ ထိုပြောင်း လဲခြင်းများထက် ပိုမိုအရေးကြီးသော ပြောင်းလဲခြင်းသည်ကား အခြားမဟုတ် “ငါ မိန်းကလေးပေ တကား” ဟူသောအသိနှင့် အရှက်အကြောက် နိုးကြားပေါ်ပေါက်၍လာခြင်း ဖြစ်လေသည်။ ထို အခါ ထိုအရွယ်မတိုင်မီမှာကဲ့သို့ ကစားရာ၌ ယောက်ျားကလေးများနှင့် ရောထွေးပါဝင်ခြင်းကို အခါခပ်သိမ်း မပြုဝံ့တော့ပေ။ မိန်းကလေးနှင့်ဆိုင်သော ကစားခြင်းများကို ခြားနားသိမြင်လျက် မိန်းကလေးနှင့်ဆိုင်ရာ ကစားနည်းများ၌သာ ပါဝင်ပေတော့၏။ အဘယ်အတွက် ယောက်ျားကလေးများကို ထိုကဲ့သို့ ရှောင်ရှားရသည်ဟူသော အကြောင်းရင်းတို့ကား ကောင်းစွာမသိ၊ ဓမ္မတာ အတိုင်း သဘာဝတရားအရ မိန်းကလေးတို့၏စိတ်မှာပေါ်ပေါက်၍လာခြင်းမျှ ဖြစ်ရလေသည်။ ထို သဘာဝတရားသည်ကား မိန်းကလေးများ ကောင်းကျိုးအလို့ငှာ ထိုကဲ့သို့ ဖန်တီးခြင်းပင် ဖြစ်လေ သည်။

             မသိသောမိဘများသည် ထိုအခါ အမူအရာပြောင်းလဲခြင်းဖြစ်သည်ကို မြင်သောအခါ မိမိ တို့၏ စိတ်သဘောနှင့် မတွေ့သည့်အခါများ၌ မောင်းမဲပြစ်တင်တတ်ကြလေသည်။ ထိုကဲ့သို့

မောင်းမဲခြင်းများသည် နုနယ်သောပြောင်းလဲခြင်းကို ဖွံ့ဖြိုးစွာပွင့်လန်းခြင်းမဖြစ်စေရအောင် ပိတ် ပင်သည်နှင့်တူရုံမက ဖောက်ပြန်ခြင်း တစ်မျိုးမျိုးဖြစ်လျက် စိတ်ရောဂါကိုယ်ရောဂါများကိုပင် ဖြစ် ပေါ်စေတတ်သည်။ ဥပမာ ထိုအရွယ်၌ အထက်ထက်က သွားနေကျလမ်းတစ်လမ်းသို့ မသွားဝံ့၊ အထက်ထက်က ပြုလုပ်သော အရာတစ်ခုခုကို မပြုဝံ့ဘဲ ရှိနေတတ်၏။ ထိုအခါ မသိသောမိဘက “နင် ဘာဖြစ်တာလဲ၊ အခါတိုင်းလုပ်ပြီး အခါတိုင်းသွားပြီး အခုမှ ဘာဖြစ်တာလဲ” စသည်ဖြင့် ခြိမ်းခြောက်တတ်ကြလေသည်။ သို့ ခြိမ်းခြောက်သဖြင့် မိန်းကလေးမှာ ဓမ္မတာသဘောတရားက မလုပ်နဲ့၊ မသွားနဲ့ဟု စိတ်က သတိပေးပါလျက် မိဘကိုကြောက်သဖြင့် လုပ်ရ သွားရလေရာ၊ ဓမ္မတာသဘောနှင့် အလုပ် ဆန့်ကျင်လျက် စိတ်၌ဖောက်ပြန်ခြင်းတစ်စုံတစ်ရာ ဖြစ်ပွားပြီးလျှင် စိတ်ရောဂါသော်လည်းကောင်း၊ ကိုယ်ရောဂါသော်လည်းကောင်း ဖြစ်တတ်လေသည်။ သို့မဟုတ် အစွဲတစ်ခုသော်လည်းကောင်း ဖြစ်တတ်လေရာ ထိုအစွဲသည် ချက်ချင်းဖြစ်စေ၊ နောင်ကာလကြာ မှဖြစ်စေ ပေါ်ပေါက်တတ်လေသည်။ စိတ်မှာ များစွာသိမ်မွေ့နုနယ်လျက် ရှက်လွယ်ကြောက်လွယ်သနားလွယ်သော မိန်းကလေးများမှာ သာ၍ပင် ဆိုးတတ်လေသည်။ ထိုအခါမျိုး၌ မိဘမလိမ္မာ သဖြင့်ဓမ္မတာသဘောကို အခါခါခုခံလျက် ထိုနည်းဖြင့် အတိုက်အခံပြုရခြင်းကြောင့် ကြီးစွာသော ဆင်းရဲခြင်းကို ခံရလေရာ နောက် ကာလကြာသောအခါ ထိုဒုက္ခကို မေ့လျော့၍သွားတတ်လေ သည်။

                သို့မေ့လျော့သောအခါ အစွဲနှင့်တူသော ဝေဒနာ၊ ဆရာဝန်များ စုံစမ်း၍မရသော ရောဂါ တစ်မျိုးမျိုး၊ အာရုံကြောနှင့်ပတ်သက်သည့် ရောဂါတစ်မျိုးမျိုး၊ စိတ်နှင့်ပတ်သက်သည့် ရောဂါတစ် မျိုးမျိုး ဖြစ်တတ်လေသည်။ သို့တည်းမဟုတ် တစ်သက်လုံး အရှက်အကြောက်နည်းပြီး ပျက်စီး တတ်လေသည်။ သို့ဖြစ်လေရာ ပျက်စီးသောမိန်းမများတို့အနက် မိဘအပြစ်ကြောင့် ပျက်စီးရသူ တွေ အဘယ်မျှလောက်များမည်ကို မည်သူမျှ ပြောနိုင်မည်မဟုတ်ပေ။

                 ထိုကဲ့သို့ဖြစ်ရခြင်းမှာ ဓမ္မတာအတိုင်း ပေါ်ပေါက်၍လာသော အရှက်ကို ဆီး၍ချိုးဖဲ့ဖျက်ဆီး ရာသို့ ရောက်သဖြင့် တစ်သက်လုံး အရှက်ကင်းမဲ့တတ်လေသည်။

            များစွာသော ကာမကျမ်းများ၌ ကိုယ်အင်္ဂါအကြောင်းကို အနုစိတ်၍ ရေးသားဖော်ပြတတ် ကြလေသည်။ စင်စစ် မိန်းကလေးများမှာ ထိုမျှလောက်သိမှ ကျန်းမာမည်မဟုတ်။ ဆေးဆရာဝန် အလုပ်နှင့်ဆိုင်သော ထိုအကြောင်းအရာများကို အကျယ်ဖော်ပြခြင်းသည် အပိုမျှဖြစ်လေရာ အရေးကြီးသော ရှောင်ကြဉ်ရန် ပြုလုပ်ရန် အချက်အနည်းငယ်ကို သိဖို့သာလိုလေသည်။

            ဓမ္မတာလစဉ်ပေါ်သည့်အခါ မသိသောကလေးမများသည် ထိတ်လန့်တတ်ကြ၏။ ရေအေး ကို များစွာအသုံးပြုတတ်ကြ၏။ သို့မဟုတ် ရပ်အောင် တစ်စုံတစ်ရာဖြင့် ပိတ်ဆို့တတ်ကြလေ သည်။ ထိုကဲ့သို့ပြုခြင်းသည် ရောဂါဖြစ်စေသဖြင့် မကြောက်မရွံ့ဘဲ ရေနွေးဖြင့် ရံဖန်ရံခါ စင်ကြယ်

အောင် ပြုဖို့သာ လိုလေသည်။ ပဋိသန္ဓေတည်သည့်အခါ၌လည်းကောင်း၊ အခြားအကြောင်းတစ် ခုခုကြောင့်လည်းကောင်း ထိုသွေးသည် မပေါ်ဘဲ နေတတ်လေသည်။

           ထိုအခါ၌ ယိုကာလ အနေအထိုင်သိမ်မွေ့သူတို့မှာ နာကျင်တတ်၏။ သို့နာကျင်ခြင်းမဖြစ် စေရန် နည်းမှာ ဝမ်းဓာတ်ကို မှန်စေခြင်းဖြင့် ကင်းပျောက်စေနိုင်လေသည်။ ဝမ်းဗိုက်မှာ အစာနှင့် တင်းကျပ်နေလျှင်လည်း သွေးကောင်းစွာမသက်ဆင်းသဖြင့် နာတတ်၏။ သို့ဖြစ်၍ ဓမ္မတာမလာ မီ ရက်အနည်းငယ်အတွင်းမှာ မပူမပြင်း မကြမ်းသော ဝမ်းနုတ်ဆေးရိုးရိုးကို မှီဝဲလေရာသည်။ ထိုရက်မတိုင်မီ အလုပ်ကြမ်းများ ကြမ်းတမ်းစွာကစားခြင်းများသည် သွေးကို လွန်စေတတ်လေ သည်။ အခါများစွာ သွေးသည် အေး၍ခဲတတ်သဖြင့် လွယ်ကူစွာမဆင်းသောကြောင့် နာကျင် တတ်၏။

               ရေနွေးသည် သွေးကို မခဲအောင်ပြုသောအရာ ဖြစ်လေသည်။ ရေအေးကို ထိုရက်မတိုင်မီ ကစ၍ ရှောင်နိုင်လျှင် သာ၍ကောင်းလေသည်။ ရာသီလာခိုက်မှာ အအေးမိလျှင် သွေးရပ်တတ် ငုတ်တတ်၏။ အအေးမိ၍ရပ်လျှင် ဆရာဝန်ချက်ချင်းခေါ်ရမည်။ ပဋိသန္ဓေမဟုတ်ဘဲ အကြောင်းမဲ့သွေးပုပ်လျှင်လည်း ဆရာဝန်ကို ချက်ချင်းခေါ်ရမည်။ အစမှာကုရလွယ်၏။ ပေါ့ဆစွာနေ၍ ဆေး နည်းတိုများနှင့် မရမှ ဆရာဝန်ထံသွားလျှင် ခက်တတ်လေသည်။

           အချို့မိန်းကလေးများမှာ သွေးသည် သုံးရက်ကြာစွာလာ၏။ အချို့မှာ ရှစ်ရက်၊ ရှစ်ရက်သာ သာကြာတတ်လေသည်။ လာချိန်မှာမလာခြင်း၊ ထုံးစံထက်စောစွာ ရုတ်တရက်ရပ်သွားခြင်းများ သည် မကောင်းသဖြင့် ဆေးဆရာဝန်ထံမှ စောနိုင်သမျှစောစွာ စုံစမ်းရမည်။ အစ၌ ပြင်းထန်စွာ နာလျှင် အိပ်ရာ၌ ငြိမ်သက်စွာ ရေနွေးပူပူကို သောက်၍နေခြင်း၊ ဆီးစပ်၌ ကျပ်ထုပ်ထိုးခြင်း၊ ရေ နွေးအိတ် ရေနွေးပုလင်း ကပ်ခြင်းများဖြင့်သာ သက်သာစေနိုင်လေသည်။ ထိုင်၍ ငြိမ်သက်စွာ အလုပ်လုပ်သူများမှာလည်း နာတတ်လေသည်။ ပထမတစ်ရက်နှစ်ရက်မှာ အများအားဖြင့် နာ တတ်လေသည်။ အနည်းငယ်မျှ ဖြည်းဖြည်းသက်သာ ဆီးစပ်ကို နှိပ်၍ပေးခြင်းသည်လည်း ကောင်းသောနည်း ဖြစ်လေသည်။

                အချို့မှာ ရာသီလာခိုက် အန်တတ်၏။ ၎င်းတို့မှာ မိမိတို့၏ ဝမ်းဗိုက်နှင့် မသင့်သော အစာ များကို ရှောင်ရမည်။ ရေအေးကို များများသောက်ရမည်။ သစ်သီးကို များများစားရမည်။ ကိုယ် လက် လွန်စွာလှုပ်ရှားခြင်း မရှိစေရ။ ဝမ်းဓာတ်ကို မှန်စေရမည်။ နာကျင်ခြင်းများမှာ သက်သာအောင် ပြု၍မရလျှင် ဆရာဝန်ကို ခေါ်ရမည်။ နာကျင်ခြင်း သက်သာစေရန်အတွက် မိမိသဘော အတိုင်း ဆေးများကို မှီဝဲခြင်းမပြုအပ်ပေ။ ထိုအခါမျိုး၌ မသင့်သောဓာတ်တစ်ခုခု ဆေး၌ပါဝင်၍ နေချေက တစ်သက်စာ ရောဂါရတတ်လေသည်။ အချို့သော ဆေးများမှာ လတ်တလော သက် သာစေပြီးနောက် ပို၍ဆိုးသောရောဂါကို ဖြစ်စေတတ်လေသည်။ အချို့လည်း အိပ်ပျော်ခြင်းဖြင့် သက်သာစေသော ဆေးများကို စားကြသဖြင့် ရောဂါပိုမို၍ ကြီးတတ်လေသည်။

              ရာသီလာခိုက်မှာ ရေချိုးနိုင်၏။ သို့သော်လည်း ရေချိုးခြင်းထက် ရေဖြင့် ကိုယ်ကိုပွတ်သပ် တိုက်ချွတ်ခြင်းက ပို၍ကောင်း၏။ ကိုယ်ကို ရေမြုပ်အောင် အဘယ်အခါမျှ မချိုးကောင်းပေ။

သန်မာသောမိန်းကလေးများမှာမူ ရေအေးကိုသုံးနိုင်လေသည်။ မိန်းမများမှာ အသက်ငါး ဆယ်အထိ ပဋိသန္ဓေမရှိလျှင် ရာသီလာ၏။ ရာသီရပ်သောအခါ သန္ဓေလည်း တုံးရလေသည်။ ထိုအခါ သွေးဆုံးပြီဟု ခေါ်၏။

              အချို့မှာ အသက်လေးဆယ်၌ ရပ်လေသည်။ အချို့မှာ ဦးခေါင်းသို့ သွေးရောက်၍ မူးမော် ခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်တတ်၏။ ထိုအခါ ငြိမ်သက်စွာလျောင်း၍နေလျှင် သက်သာတတ်လေ သည်။ ရေနွေးကို များများသောက်၊ ဝမ်းကိုသက်စေ၊ အသီးများကို စား၊ မမောမပန်းဘဲ လမ်းလျှောက်၊ ထိုအခါ၌ စိတ်ညစ်ညူးခြင်းသည် ကျန်းမာခြင်းကို အကြီးအကျယ် ပျက်စီးစေတတ် လေသည်။