Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - နိုင်ငံရေးအခြေပြုကျမ်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

  ပီမိုးနင်း၏ နိုင်ငံရေးအခြေပြုကျမ်း

           ၁၉၅၄ ခုနှစ်က စာရေးသူသည် ရန်ကုန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်နေစဉ် တစ်နေ့တွင် အင်းဝဆောင်ရှေ့ စကြံအောက်၌ ဗယာကြော်ရောင်းနေသော ကုလားထံ ဗယာကြော် ဝယ်စားပါသည်။ ကုလားက ထုပ်ပေး ရန် စက္ကူလွတ်ကုန်သွားသဖြင့် စာအုပ်ဟောင်းမှ ဆုတ်ရန် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ရာ ကတ်ထူဖုံး အစိမ်းရောင်နှင့် အတော်ဟောင်းနေသော “နိုင်ငံရေးအခြေပြုကျမ်း”ကို တွေ့လိုက်ပါသည်။ မဆုတ်ရန် အချိန်မီတား လိုက်ပြီး ယူကြည့်ရာ ၁၉၂၃ ခုနှစ်က ပီမိုးနင်းရေးသော စာအုပ်ဖြစ်ကြောင်း တွေ့ရ၏။ ငါးမူးပေး၍ စာအုပ်ကို ဝယ်လိုက်ပါသည်။ ဗယာကြော်ထုပ်ရန် စာရေးသူကိုင်လာသော ဗလာစာအုပ်မှ ဆုတ်သုံးလိုက်ပါသည်။ ငါးမူး ရ၍ ဝမ်းသာသော ကုလားသည် နောင်စာအုပ်ဟောင်းပါလာတိုင်း စာရေးသူအား ပြသော်လည်း အကြိုက်မတွေ့တော့ပါ။

              ယင်းစာအုပ်ကို တစေ့တစောင်းကြည့်ပြီး စာအုပ်သေတ္တာတွင် ထည့် ထားလိုက်ပါသည်။ လက်ဝယ်ရောက်လာသည်မှာ (၁၈) နှစ်ပင်ရှိပြီ။ တစ်ခါ က လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ဆရာတက်တိုး၏ဆောင်းပါး တစ်ပုဒ်က ဖွဲ့စည်းအုပ်ချုပ်မှုပညာကို နှိုးဆော်ထားသည်ကို ဖတ်လိုက်ရတော့ မှ နိုင်ငံရေးအခြေပြုကျမ်းကို သတိရမိပါသည်။ စာအုပ်သေတ္တာများ၌ ရှာဖွေ ခဲ့ရာ ယခုမှပြန်တွေ့ပါသည်။ ၁၉၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ရေးပြီးသော ၎င်းစာအုပ် ဗန္ဓုလစာပုံနှိပ်တိုက် ၃ဝ၊ မောင်ဂိုမာရီလမ်း ရန်ကုန်မြို့က ပုံနှိပ်သည်။ ဝံသာနု ဦးဗျိုင်း ၁၈၊ မောင်သိမ်း ပိဋကတ်တော် အစုံနှင့် သင်္ကန်း ပရိက္ခရာ ရောင်းသောဆိုင်၊ နံပါတ် (၉၆) ရွှေတိဂုံဘုရား ကြီးဈေး ရန်ကုန်မြို့ က ရောင်းချသည်ဟု စာအုပ်တွင် ဖော်ပြထား၏။ စာအုပ်သက်တမ်းသည် (၇၉) နှစ်ပင်ရှိပြီး ဆွေးမြည့်စပြုလာပြီ။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ နီးပါး ခန့်ကလည်း မြန်မာတို့နိုင်ငံရေးနှင့် ဖွဲ့စည်းအုပ်ချုပ်မှု ပညာကို နားလည်စေ ရန် စေတနာနှင့်ရေးခဲ့သော ဆရာကြီးပီမိုးနင်းအား ကျေးဇူးပြုသောအနေနှင့် လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်မှုအကြောင်းကို လူထုတစ်ရပ်လုံးက အာရုံပြု လေ့လာနေသော အချိန်လည်းဖြစ်သောကြောင့်လည်းကောင်း စာအုပ်ပါ အကြောင်းအရာများကို ကောက်နုတ်တင်ပြလိုပါသည်။

              ပီမိုးနင်းက သူ့စေတနာကို နိဒါန်းတွင် ဖော်ပြထားပုံမှာ -

         “ပညာရှိကြီးတို့ ရေးပြုစီရင်ကြကုန်သောကျမ်းများ။ ဘီအေ၊ အမ်အေ အတန်းများနှင့်ဆိုင်သော ကျောင်းသုံးစာအုပ်များမှ ဤကျမ်းငယ်ကို ပေါင်းစု စီရင်ရခြင်း၌ စီရင်သူ၏ ရည်ရွယ်ချက်သည် အခြားမဟုတ်၊ အရေးကြီးသော နိုင်ငံရေးခေတ်ကြီးတွင် အမျိုးသားနှင့်တိုင်းပြည် သာသနာတော်အကျိုးစီးပွားကို ဆောင်ရွက်လိုကြသော ရဟန်းရှင်လူ အပေါင်းတို့၏လက်သို့ နိုင်ငံရေး လက်နက်ကောင်းတစ်ခုကို အပ်ရန် ဖြစ်လေသည်”

  ဟု ဖြစ်၏။

             အလျား ၈ လက်မခွဲ၊ အနံ ၅ လက်မ တစ်စိတ် အရွယ်ရှိ စာအုပ်တွင် စာမျက်နှာပေါင်း ၁၆၀၊ အခန်းပေါင်း ၁၂ ခန်းနှင့် နောက်ဆက်တွဲနှစ်တွဲပါ သည်။ ပထမအခန်းတွင် နိုင်ငံရေးအကြောင်း ရှင်းပြပြီး ရောမကြူတန်တို့ ၏ နိုင်ငံရေးအယူဝါဒများ၊ တိုင်းနိုင်ငံတို့၏ မူလပေါ်ပေါက်လာခြင်း အကြောင်းများကို အလွယ်ဆုံး ဖော်ပြထားသည်။

            အောက်ပါ ကောက်နုတ်ချက်ကို ကြည့်ပါ။

            “နိုင်ငံရေးပညာဆိုသည်မှာ လူသတ္တဝါတို့ စုဝေးနေထိုင်သော တိုင်းပြည်၏ အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော အကြောင်းအရာများ နှင့် အုပ်ချုပ်ပုံ နည်းလမ်းစနစ်တို့ကို ညွှန်ပြသောပညာ ဖြစ်လေသည်” “၎င်းပညာသည် ရာဇဝင်နှင့် ပူးတွဲလျက်ရှိ၏။ နိုင်ငံကြီးပွားရေးစည်းကမ်းနည်းလမ်းပညာဟု ခေါ်ဆိုအပ်သော Political economy (မိုလီ တီကယ်အက်ကိုနော်မီ) ခေါ် အတတ်ပညာနှင့် ပေါင်းလျက်ရှိ၏။ Sociology(ဆိုရှိအိုလိုဂျီ)ခေါ် လူသတ္တဝါတို့ ပေါင်းသင်းဆက်ဆံနေထိုင် အသက် မွေးခြင်းဆိုင်ရာပညာနှင့် ဆက်သွယ်လျက် ရှိ၏။ statistics(စတေးတစ်(စ်) တစ်) ခေါ် တိုင်းပြည်၏ အဖြစ်အပျက် အခြေအနေတို့ကို သင်္ချာဖြင့် အမှတ် အသားပြုသော ပညာနှင့်မကင်းသော ဆက်သွယ်ခြင်းရှိ၏”

မျိုးချစ်စိတ် အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ -

          “အမျိုးသားအားလုံးတို့၏ စည်းလုံးသော စိတ်ဆန္ဒသည် တိုင်းပြည် ဟု ခေါ်ဆိုအပ်သော သတ္တဝါ အကောင်အထည်ကြီး၏ အသက်ဖြစ်၏။ ထိုအသက်သည် အခါခပ်သိမ်း ထင်ရှားခြင်းသို့ မရောက်သော်လည်း တိုင်းပြည်၏ ဘေးအန္တရာယ်ကြုံတွေ့သည့်အခါ ထိုအသက်သည် ထင်ရှားစွာ လှုပ်ရှားပေါ်ပေါက်လာတတ်သည်”

           ဟု ဆိုထားသည်။

တိုင်းနိုင်ငံတို့၏ မူလပေါ်ပေါက်ခြင်းအကြောင်းကို ဖော်ပြရာတွင် Gudļoso (Hobbes) coopé (Loeke) qe q:P: (Rouaseau) ovo : တို့၏ အယူအဆများကို ချုပ်ဖော်ပြပြီး နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘားဂက်စ် (Professor Burgges) şę Sem? (Leacock)oi en 27:wSąjodąp: ကိုပါ ထည့်သွင်းတင်ပြထား၏။

အခန်း (၂) တွင် တရားဥပဒေအကြောင်းကို ရေးရာတွင် -

             “ဥပဒေတို့သည် စုဝေးနေထိုင်သော လူသတ္တဝါတို့ လိုက်နာရန် အမိန့်အာဏာတစ်မျိုးဖြစ်လေရာ ထိုအမိန့်အာဏာတို့ကို လိုက်နာရမည်ဟူ၍ အကြီးဆုံးသော နိုင်ငံအစိုးရမင်းတို့က အကျပ်အတည်း အခိုင်အမာပြုရ လေသည်” ။

ဟူ၍ ဥပဒေထိရောက်ရေးအတွက် အစိုးရအာဏာ အရေးကြီးပုံကို ညွှန်ပြထား၏။ အစိုးရအကြောင်းကို လူပြိန်းနားလည်အောင် ရေးထားပုံမှာ

“တိုင်းနိုင်ငံဟူသောအကြောင်းကို (ဆင်ခြင်စဉ်းစားရာ၌ အစိုးရသည် အရေးအကြီးဆုံးဖြစ်ကြောင်းကို စိတ်ထဲ၌ ထင်မြင်သိရှိရလေသည်။ တိုင်းနိုင်ငံဟူသမျှတို့၌ အုပ်ချုပ်သောသူများနှင့် အုပ်ချုပ်ခြင်းခံရသောသူများ ရှိရလေသည်။ အုပ်ချုပ်သူ အစိုးရမရှိသည်နှင့် တစ်ပြိုင်တည်း တိုင်းနိုင်ငံ၏ အဖြစ်သည် ရပ်စဲလျက် သောင်းကျန်းသော မင်းမဲ့အဖြစ်သည် ပေါ်ပေါက်၍ လာလေသည်။

              “အစိုးရဆိုသည်မှာ အုပ်ချုပ်ခြင်းခံရသော သူတို့အား အမိန့်အာဏာ ပေးသော ဌာနဟူ၍ သိရှိရလေသည်။ ၎င်းအစိုးရမင်းတို့သည် တိုင်းနိုင်ငံ၏ အကြီးဆုံးသော တန်ခိုးအာဏာတို့ကို ဆောင်ရွက်အသုံးပြုသော စက်ကိရိယာ လက်နက်မျိုးနှင့် တူလေသည်” (စာမျက်နှာ ၄၅)

ဟူ၍ အစိုးရဆိုသည်မှာ အုပ်ချုပ်ရေးတွင် အရေးကြီးကြောင်း၊ အစိုးရ မရှိလျှင် နိုင်ငံမရပ်တည်နိုင်ကြောင်း ဆိုထားသည်။

             “ဆိုဘရင်းတီး (Sovereignty) ခေါ် တိုင်းပြည်၌ အကြီးဆုံးသော အချုပ်အခြာ အာဏာအကြောင်းကို ဥပဒေဘက်မှလည်းကောင်း၊ နိုင်ငံရေး သိပ္ပံဘက်မှလည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်မှုဘက်မှလည်းကောင်း၊ သမိုင်းကြောင်းဘက်မှလည်းကောင်း ရှင်းပြ၏။ ပြည်သူလူထုသည် အချုပ်အခြာ အာဏာပိုင်ရှင်များဖြစ်သည်ဟု ဆိုသည်။ သို့သော် နိုင်ငံ၏အချုပ်အခြာ အာဏာဆိုသည်မှာ -

              “တရားဥပဒေနှင့်ပတ်သက်သော အဓိပ္ပာယ်လည်းမဟုတ်၊ နိုင်ငံရေး နှင့်ပတ်သက်သော အဓိပ္ပာယ်လည်း မဟုတ်၊ ကျွတ်ကျွတ်လွတ်လွတ် အကြီး ဆုံးသော တန်ခိုးသတ္တိ၏ တည်ရာဌာနကို ဆိုလိုသည်။ စတိတ် (state) ခေါ် တိုင်းနိုင်ငံပင် ဖြစ်လေသတည်း။ ၎င်းတိုင်းနိုင်ငံ၏ အဆုံးမရှိ ကြီးမား သော တန်ခိုးအာဏာ၏အောက်၌ ပြည်သူအပေါင်းတို့သည် နေထိုင်ကြရ၏”

               ဟူ၍ သီးခြားရှင်းပြထားပြန်သည်။ နောက်ဆုံးတွင် အချုပ်အခြာ အာဏာကို ခွဲဝေ၍ မရ၊ စည်းကမ်းသတ်၍မရ၊ လွှဲပြောင်း၍မရ” ဟူသော ပညာရှင် ဘို့ဒင် (Bodin)၏ အဆိုကို တင်ပြထားသည်။

             နိုင်ငံရှိ တိုင်းရင်းသားများအကြောင်းနှင့် ပတ်သက်၍လည်း ပီမိုးနင်း က သမိုင်းနောက်ခံနှင့်ဖော်ပြပြီး နိုင်ငံများစွာမှ ပုံစံများ ဆွဲယူရှင်းပြ၏။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ခေတ်နှင့်လျော်သော ထုံးစံများကို ပြုပြင်သင့်ကြောင်း သတိပေးထားပုံမှာ -

                “အလေ့အကျင့် ထုံးစံတို့ မည်သည် အမျိုးသား၏ အခွင့်တရားဖြစ် သည်ဟု ဆိုသော်လည်း မှားယွင်းဖောက်ပြားဆိုးရွားသော အလေ့အကျင့်ရှိ ချေက ထိုအလေ့အကျင့်ကို ပျောက်အောင် အစိုးရမင်းတို့က ပြုရလေသည်။ ဥပမာ (အိန္ဒိယတိုင်း၌ လင်သေလျှင် မယားလိုက်သေရသော အကျင့်မျိုးကဲ့သို့ တည်း”

                 အခွင့်တရားနှင့်တာဝန်သည် နိုင်ငံသားတိုင်း နားလည်ပြီး လိုက်နာ ကျင့်သုံးရမည် ဖြစ်ကြောင်းကို ပီမိုးနင်းက တင်ပြထားပုံမှာ -

               “အများအကျိုးကျေးဇူးအလို့ငှာ လူတို့အား အချို့သောအရာများကို အသုံးပြုရန် ပိုင်ဆိုင်ခွင့်ပေး၍ ထားရလေသည်။ ထိုကဲ့သို့ ပေး၍ ထားရသောအရာကို အခွင့်တရားဟု ခေါ်ရလေသည်။ အခွင့်တရား ရှိက ထိုကဲ့သို့ ရရှိအပ်သော အခွင့်တရားတို့အတွက် တာဝန်ဝတ္တရား များလည်း ရှိရလေသည်။ အခွင့်တရားကိုသာ အလိုရှိကြလျက် တာဝန်ဝတ္တရားကို မခံယူလိုပါက အကျိုးရှိသော ပြည်သူမဖြစ်နိုင်ချေ” ဟူ၍ ဖြစ်၏။

               နိုင်ငံဖွဲ့စည်းအုပ်ချုပ်ခြင်း စည်းကမ်းဥပဒေဟူသော ဝေါဟာရကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။

            “တိုင်းနိုင်ငံအုပ်ချုပ်ခြင်း၌ (Constitution) ကွန်စတီကျူးရှင်းခေါ် အုပ်ချုပ်စီမံခြင်း၏ နည်းလမ်းရှိလေသည်။ ၎င်းနည်းလမ်းနှင့်ဆိုင်သော (Constitutional law) ကွန်စတီကျူးရှင်းနယ်လာခေါ် အုပ်ချုပ်စီမံခြင်း နည်းလမ်းဥပဒေလည်း ရှိရလေသည်။ ၎င်းဥပဒေ၌ ဥပဒေပြုဌာန၊ တရားစီ ရင်ရခြင်းဌာန၊ အုပ်ချုပ်စီမံခြင်းဌာန ၎င်းဌာနများ၏ ခြားနားခြင်းအကြောင်း ကို ဖော်ပြထားသည့်ပြင် ၎င်းအသီးသီးသောဌာနတို့၌ စီမံဆောင်ရွက်ရန် နည်းလမ်းများအကြောင်းကို သေချာစွာ ဖော်ပြထားသည်။

                ထို့နောက် ဖွဲ့စည်းအုပ်ချုပ်ပုံများတွင် ပြင်ဆင်ရန် လွယ်သောအမျိုး အစား၊ ခက်ခဲသော အမျိုးအစား (Hnitary Government) ယူနစ်ထရီ အုပ်ချုပ်နည်း (Federal Government) ဖယ်ဒရယ်အုပ်ချုပ်နည်း၊ တစ်ဦး တည်း အုပ်ချုပ်ပုံ၊ လူတစ်စုက အုပ်ချုပ်ပုံ၊ လူများစုအုပ်ချုပ်ပုံတို့ကို ရှေးခေတ် မျက်မှောက်ခေတ်မှ နမူနာများနှင့် ရှင်းပြထားသည်။