Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း၊ဒဂုံနတ်ရှင်၊ဦးပဂျီငို - တိုးတက်ရေးလက်စွဲ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

သင်ချစ်ဆွေ စိတ်ညစ်နေချင်သလား

               တစ်မိနစ်ဆိုသော အချိန်သည် အခြားသူများ၌ အဖိုးမတန် အရေး မကြီးလှသော်လည်း တစ်မိုင်ပြေးပွဲကို ဝင်ရောက်ကာ အပြေးပြိုင်ကြသူများ အတွက်၌ကား တစ်မိနစ်ကို မဆိုထားဘိ မိနစ်ဝက်ပင်လျှင် တစ်ကမ္ဘာလုံး တွင် အတော်ဆုံး ခေါ်ဆိုသမုတ်ခြင်းခံရလောက်အောင် အရေးကြီးလေသည်။ ထို့အတူ တစ်လတည်းဟူသော အချိန်သည် သူတစ်ပါး၌ အရေးမကြီး အဖိုးမတန်လှသော်လည်း တကယ်တမ်း တိုးတက်ကြီးပွားလိုသူအတွက်ကား တစ်လကိုမဆိုထားဘိ တစ်နေ့၊ တစ်ရက်ပင်လျှင် မဆုံးဖြစ်နိုင်လောက်အောင် အဖိုးထိုက်တန်လေသည်။ ထို့ကြောင့် ချစ်ဆွေသည် တကယ်တမ်း တိုးတက်ကြီးပွားလိုပါလျှင် သာမန်လူစားများကဲ့သို့ မိမိ၏အချိန်ကို အလဟဿ အချည်းနှီးမဖြစ်စေဘဲ နေ့စဉ်နေ့တိုင်း မိမိ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းများကိုသာ အာရုံပြု၍ အစဉ် ကြိုးစားလုပ်ကိုင်နေရမည်။ သို့လုပ်ကိုင်နေရာမှ တစ်ခါတစ်ခါ စိတ်ပျက်၍ တစ်ခါတစ်ခါ စိတ်ညစ်ပေလိမ့်မည်။ တစ်ခါတစ်ခါ အခက်နှင့်တွေ့ကြုံ၍ တစ်ခါတစ်ခါ ဒုက္ခနှင့် တွေ့ကြုံရပေလိမ့်မည်။ ထိုကဲ့သို့ စိတ်ပျက်တိုင်း စိတ်ပျက်တိုင်း၊ စိတ်ညစ်တိုင်း စိတ်ညစ်တိုင်း၊ ဒုက္ခနှင့် တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း ဤစာအုပ်ကိုဖတ်ပါ။ စိတ်ညစ်တိုင်းဖတ်၊ စိတ်ပျက်တိုင်း ဖတ်။ ထိုအခါ ဤတိုးတက်ရေးလက်စွဲ၏ တန်ခိုးသတ္တိ အကျိုးကျေးဇူးကို သင်ချစ်ဆွေ အထူးခံစားရပါလိမ့်မည်။

 

                                        အထက်တန်းစိတ် မွေးမြူနည်း

             အထက်တန်းသို့ တက်ရောက်လိုသူသည် အထက်တန်းစိတ်ကို မွေးမြူရပေမည်။ အထက်တန်းစိတ်သည် သာမန်လူတို့ မတွေ့မမြင် မသိရှိသော စိတ်ဖြစ်၏။ ထိုစိတ်မျိုးသည် မိမိက ထိုးထွင်း၍သိသည်တို့မှာ နည်းပါး လှ၏။ ထိုကြောင့် သူတော်ကောင်းပညာရှိတို့ကို မှီဝဲဆည်းကပ်၍ စာအုပ်

ကောင်းများကို ဖတ်ရပေမည်။ အထက်တန်းစိတ်ကို ဖော်ပြပေအံ့။ ဖတ်ရှု မှတ်သား လိုက်နာကျင့်သုံးပေလော့။ လောက၌ ခြေ၊ လက်မသန်စွမ်းသူကို မြင်လျှင် သနား၏။ မျက်စိကွယ်သူကို တွေ့မြင်ရလျှင် သနားကြ၏။ အချုပ်အားဖြင့် အင်္ဂါမပြည့်စုံသူတို့ကို မြင်ကြ၊ ကြားကြရလျှင် သနားစိတ် ရှိကြကုန်၏။ ဤသို့ဖြစ်မူ အကျင့်သီလပျက်ပြားချို့ယွင်းနေသူ၊ အသိဉာဏ် ချို့ယွင်းနည်းပါးနေသူ၊ သူတော်ကောင်းတရား ချို့ယွင်းယုတ်လျော့နေသူ။ သူတစ်ပါးအကျိုးကို အနည်းငယ်မျှမကြည့်၊ မိမိကိုယ်ကျိုးသက်သက်ကိုသာ ကြည့်ကာ ပြုလုပ်လေ့ရှိသော သူများကို တွေ့မြင်ကြားသိရသောအခါ ဪ... ဤလူ၌ လူ၏အင်္ဂါ ဉာဏ်ပညာကျပ်ပြည့်ဒင်ပြည့်မရှိ၊ ချို့ယွင်းနေရှာသူ ပါတကားဟု ၎င်းအပေါ်၌ ဒေါသမထားဘဲ သနားကရုဏာထားရပေမည်။

                                                                                                                ဦးပဂျီငို

 

                        တိုးတက်လိုလျှင် အဘယ်စာမျိုးကို ဖတ်ရအံ့နည်း

တိုးတက်ကြီးပွားလိုသူများအတွက် စာဖတ်ခြင်း၌ ရည်ရွယ်ချက် သုံးခုရှိရမည်။

၁။ မိမိ လက်ရှိဘေးကို ပျောက်ကင်းရန်၊

၂။ လာမည့်ဘေးကို ကာကွယ်ရန်၊

၃။ အလုပ်သစ်များကို အမြင်ကျယ်၍ ထူးခြားစွာ စိတ်ကူးပြီး

လျှင် စထွင်လုပ်ကိုင်နိုင်ရန် ၎င်းအချက်(၃)ချက်ကို ပဓာန ထား၍ တိုးတက်ကြီးပွားလိုသူတို့သည် စာများကို ရွေးချယ် စိစစ်၍ ဖတ်ရမည်။

                                                                         ဦးပဂျီငို ၂၈-၁၁-၃၅

 

မိမိ၏ ကိုးကွယ်ရာ

အတ္တာဟိ အတ္တနော နာထော၊

ကောဟိနာထော ပရောသိယာ။

                            ဓမ္မပဒပါဠိတော်

အတ္တာဟိ အတ္တာ ဧဝ၊ မိမိကိုယ် မိမိသည်သာလျှင်။ အတ္တနော နာထော၊ မိမိကိုးကွယ်ရာဖြစ်၏။ ပရော၊ မိမိမှတစ်ပါးသော။ ကော၊ အဘယ်မည်သောသူသည်။ နာထော၊ မိမိကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်ချိမ့်မည်နည်း။

ဦးပဂျီငို

 

                                                  လူထူးလူချွန်

              မွန်မြတ်သော လူထူးလူချွန်ဖြစ်ရန်မှာ မွန်မြတ်သောစိတ်များကို ထားရှိရလေသည်။ မွန်မြတ်သောစိတ်မှာ သူတစ်ပါးအပေါ်၌ ဣဿာ မစ္ဆရိယစိတ်များ မည်သည့်အခါမျှ မထားရချေ။ ထိုမျှမကသေး သူတစ်ပါး၏ ကျန်းမာမှု၊ ချမ်းသာမှုကို ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြုလုပ်ရာ သည်။ သူတစ်ပါးတိုးတက်မှုကို မကြားလို မမြင်လိုသည်တို့မှာ စိတ်ယုတ် မာများဖြစ်ကြ၍ ထိုစိတ်မျိုးကို လက်ခံထားရှိသူသည် ထူးချွန်မွန်မြတ်သော ပုဂ္ဂိုလ်တစ်ဦး မဖြစ်နိုင်ချေ။ သူတစ်ပါး ရာထူးတိုးသည်။ ဥစ္စာပစ္စည်း တိုးတက်သည်ကို မိမိက မနာလိုခြင်းဖြင့် သူတစ်ပါး၌ ယုတ်လျော့သွား သည်မဟုတ်သော်လည်း မိမိ၌ကား တန်ပြန်သောအားဖြင့် ဂုဏ်သတင်း ယုတ်လျော့တတ်သည်ကို အထူးသတိပြုရမည်။ ထိုစိတ်မျိုးရှိသူများကား အရည်အချင်းရှိလျက် လူတို့၏ ကြည်ညိုလေးစားခြင်းကို တာရှည် လေးမြင့်စွာ မခံရချေ။ ထို့ကြောင့် မြင်မြင်သမျှ သတ္တဝါအပေါင်းတို့၏ အပေါ်တွင် မေတ္တာနှင့် ကရုဏာကို ကျပ်တည်းစွာ ပွားများပေးရမည်။ ဤသူ၏အဖို့ကား ဘုန်းကြီး၍ ကျက်သရေတိုးပေတော့၏။

                                                                                                ဦးပဂျီငို