Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - တိုးတက်ရေးလက်စွဲ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

                                                 တိုးတက်လိုသူများ

              လူဟူသမျှမှာ သဘာဝနှစ်မျိုးစီရှိ၏။

တစ်မျိုးက တိုးစေတက်စေသော သဘာဝဖြစ်၍ ကျန်တစ်မျိုးကား     မတိုးမတက်ရအောင် ချုပ်ချယ်သော သဘာဝပေတည်း။

           ထိုသဘာဝ နှစ်မျိုးအနက် လေ့ကျင့်ရာ သဘာဝသည် လူ၏စိတ်နှင့် လူ၏ကိုယ်ကို လွှမ်းမိုးစေလျက် နောက်ဆုံး၌ အဘယ်ကဲ့သို့သောသူ ဖြစ်ရမည်ကို စီမံပြဋ္ဌာန်းလေသည်။

          ထိုသဘာဝ နှစ်မျိုးသည် လူ၏သန္တာန်၌ စစ်ပြိုင်၍နေ၏။ သူနိုင် မည်။ ငါကနိုင်မည်ဟု အာဆင်လျက်နေ၏။ သို့သော်လည်း လူကိုယ်တိုင် က အားပေးမှသာ အနိုင်ရနိုင်လေရာ လူသည် အဘယ်သဘာဝကို အားပေးလေ့ရှိပါသနည်းဟု လောကကြီးတစ်ခုလုံးမှာကြည့်လျှင် အများအားဖြင့် လူသာမန်တို့သည် အသက်နှင့်သဘာဝကို အားပေးကြသူများဖြစ်ကြောင်းတွေ့ ရှိနိုင်လေသည်။ အကြောင်းမူကား ထိုသဘာဝနှစ်မျိုးကို အတက်၊ အသက်ဟု ခေါ်ဆိုနိုင်လေသည်။

         တစ်သက်လုံးပြေးလျက် တက်လျက်နေသော လူဖျင်း၊ လူနှေး၊ လူအေးတစ်ယောက်သည် ရုတ်တရက်ချက်ချင်း အကြောင်းတစ်ခုခုကြောင့် သတိတရားရပြီးလျှင် မိမိကိုယ်ကို မိမိပြောင်းလဲကာ အတက်သမားဖြစ်အောင် လုပ်နိုင်လေသည်။ ထိုအခါ ရှေးအခါက မလုပ်ဖူး၊ မကြုံဖူးသေး သောအရာများကို လုပ်ကိုင်ကြံစည်ခါ အံ့ဖွယ်ဖြစ်လောက်အောင် အောင်မြင် တိုးတက်၍ လာနိုင်လေသည်။ ။

စာဖတ်သူသည် ဤကဲ့သို့သော လူမျိုးဖြစ်လိုက ယခုပင် တစ်ထိုင် တည်းမှာ ပြုပြင်ပြောင်းလဲနိုင်လေသည်။ အကြောင်းမူကား မည်သူ့မှာမဆို ပြုပြင်ပြောင်းလဲနိုင်သော သတ္တိရှိလေသည်။ ထိုသတ္တိသည် လူတိုင်းမှာ ရှိ၏။ ထိုသတ္တိမရှိက လူမဟုတ်။ အဟိတ်တိရစ္ဆာန်မျိုးတွင် အပါအဝင် ဖြစ်လေသည်။ ။

           အဟိတ်တိရစ္ဆာန်များမှာ မွေးစကတည်းက မပြောင်းမလဲနိုင်အောင် အသေလုပ်၍ထားသော စက်ရုပ်လို ဖြစ်၍လာကြရာ ဟင်းစားကြက်သည် ကြက်ကောင်းမဖြစ်နိုင်။ ကြက်ကောင်းသည်လည်း ဟင်းစားကြက်မဖြစ်နိုင် ပေ။ ရထားခြင်းသည် အဘယ်အခါမှ ဒုန်းမြင်းအဖြစ်သို့မရောက်။ ဒုန်း မြင်းသည် ရထားမြင်းအဖြစ်သို့ မဆင်းမသက်နိုင်ပေ။ လူမှာမူကား ထိုကဲ့ သို့မဟုတ်။ ပြောင်းလဲနိုင်သော လွတ်လပ်ခြင်းသဘောကို မည်သူမဆိုရရှိ လေသည်။

          လူကောင်းသည် တစ်နည်းနည်းဖြင့် ဖောက်ပြန်ပြောင်းလဲကာ လူဆိုး ဖြစ်နိုင်၏။ လူဆိုးသည် အကြောင်းတစ်ခုခုကြောင့် သံဝေဂရပြီး ရုတ်တ ရက်ချက်ချင်း လူကောင်းဖြစ်နိုင်လေသည်။

            အသင်သည် ထိုကဲ့သို့သောလူမျိုး ဖြစ်နိုင်လေသည်။ အသင်သည် အဘယ်မျှပင် ညံ့ဖျင်း၍ လူ့ အောက်ကျခဲ့သူ ဖြစ်သော်လည်း အိပ်ပျော်ရာ မှ နိုးသူအလား၊ လူဟောင်းပျောက်၍ လူသစ်ဖြစ်နိုင်၏။ အသင်၏အတွင်း သဏ္ဌာန်၌ အနှစ်သာရအရ အမြုတေရှိ၏။ မသုံးဘဲထားသောကြောင့်သာ ငုတ်၍နေလေသည်။ ဤစကားကို မယုံလျှင် ပြုပြင်၍ကြည့်။ တစ်နာရီ ပြုပြင်၍ရလျှင် တစ်ရက်ပြုပြင်၍ရလျှင် တစ်နှစ်ပြုပြင်၍ရ၏။ တစ်နှစ် ပြုပြင်၍ရလျှင် အဘယ်အတွက် တစ်သက်လုံးပြုပြင်၍ မရအပ်ပါသနည်း။ သို့ဖြစ်လေရာ အသင့်ကိုယ်ကိုယ် နေ့စဉ်နေ့တိုင်း “ထပါ၊ ကြွပါ၊ မဟဝါကလေးရယ်က” ဟူသော တေးတို့ဖြင့် နှိုးဆွကာ ကလိ၍ပေးရန်လိုလေ သည်။ ။

             မထ မကြွသမျှ အသင်သည် ယောက်ျားမဟုတ်။ ယောက်ျားမှသာ ထနိုင်ကြွနိုင်၏။ မထနိုင်မကြွနိုင်လျှင် ယောက်ျားမဟုတ်။ မဟဝါ နတ် ကညာကလေးသာ ဖြစ်ရရှာပေလိမ့်မည်။

          လောက၌ မတ်မတ်မားမား ထောင်နိုင်သူမဟုတ်သမျှ လူပြား၊ လူပြောက်၊ လူငညှောက်မျိုးသာ ဖြစ်ဖို့ရှိလေသည်။ ရှက်ဖွယ်မကောင်း ပေလော။

        အသင်အားလည်း လဲလျောင်းကာ မြေမှာ ပြားကပ်၍နေရာမှ ဆွဲ၍ ထူနိုင်သောသူသည် အသင်ပင်ဖြစ်၏။ အခြားဂြိုဟ်၊ အခြားနတ်လာ၍ မထူ။ အသင်ကိုယ်တိုင် အားယူ၍ထမှ ကြွနိုင်လေသည်။

       ကျွန်ုပ်တို့၏ အတွင်းသဏ္ဌာန်၌ နတ်နှင့်တူသော သဘာဝနှင့် တိရစ္ဆာန်၊ ပြိတ္တာနှင့်တူသော သဘာဝနှစ်မျိုးရှိရာ ကျွန်ုပ်တို့ အခွင့်ပေးရာ သဘာဝတို့သည် ကျွန်ုပ်တို့ကို အစိုးရမြဲ ဖြစ်လေသည်။ နတ်ကို အခွင့်ပေး မလား၊ ပြိတ္တာကို အခွင့်ပေးမလားဟု မိမိကိုယ်ကိုယ် နေ့စဉ်မေးကြပါကုန်။

         အသင်မလုပ်ချင်သောအရာကို မည်သူကမျှ အတင်းလုပ်ရမည်ဟု အဓမ္မမပြုနိုင်ပေ။ အသင် လုပ်ချင်ရာကို လုပ်နိုင်၏။

          မျိုးရိုးဇာတိဟူသော စကားရှိ၏။ “သည်ပုတ်ထဲကသည်ပဲ” ဟူသော စကားသည် မပြောင်းမလဲနိုင်သော ပရမတ်သဘောတရားမဟုတ်ကြောင်း ရာဇဝင်၌ ထင်ပေါ်ကျော်ကြားသူများ၏ မျိုးရိုးကို ထောက်ချင့်၍ သိရပေကို အလွန်ကြီးကျယ်သော မျိုးရိုးသည် “ချောင်းရိုးမြောင်းရိုး” ပမာ တိမ်ကောနိုင်သလို သိမ်ငယ်သော မျိုးရိုးသည်လည်း မြေပြင်မှ တောင်ပို့ ပေါက်သလို ထွက်ပေါ်နိုင်လေသည်။ စိန်ကျောက်ရတနာတို့သည် စိန် ကျောက်ရတနာမှ မထွက်။ မြေမှထွက်သကဲ့သို့တည်း။

          အသင်၏ မျိုးရိုးသည် အဘယ်မျှပင် သိမ်ငယ်စေကာမူ အသင် ကြီးကျယ်နိုင်၏။ အသင်၏ဇာတိမှာ ဗေဒင်ဆရာက အဘယ်မျှပင် အောက် တန်းကျ၍ ဟောစေကာမူ ဥစ်၊ ကသစ်မရ၊ နိစ်ပြတွေ အဘယ်မျှပင် ဖိစီးစေကာမူ အားငယ်စရာမရှိ။ အသင်၏ စိတ်သာပဓာန ဖြစ်လေသည်။

များစွာသော သူတို့မှာ ဗေဒင်ကိုမေးကြပြီးနောက် ဗေဒင်ဆရာ၏ ဟောကိန်းနှင့်ညီအောင် ကျင့်တတ်ကြလေသည်။ ဗေဒင်က အညံ့စားဟု ဟောခြင်းကြောင့် မိမိကိုယ်ကိုယ် အညံ့စားဖြစ်အောင် လုပ်တတ်ကြလေသည်။

            အလေ့အကျင့်သည်လည်း ထို့အတူဖြစ်၏။ အဘယ်မျှပင် ဆိုးသော အလေ့အကျင့် ဖြစ်စေကာမူ ကိုယ်ခန္ဓာ၌ ငြိတွယ်သော ရောဂါကဲ့သို့ စိတ်တည်းဟူသော ဆေးဖြင့် ပပျောက်အောင် ကုသနိုင်လေသည်။ “ငါတဲ့ ယောက်ျား” I will ခေါ်သော ဆေးဖြစ်လေသည်။

          သို့ဖြစ်လေရာ ငါ- ငါဟူ၍ ဆင်ခြင်ကာ ငါလုပ်မယ်။ ငါဖြစ်နိုင် တယ်။ ငါ့မှာ ဘာမဆိုဖြစ်အောင် လုပ်နိုင်သော အစွမ်းသတ္တိ ရှိတယ်ဟူ၍ အိပ်ရာဝင်သည့်အခါတိုင်း ပုတီးအလုံး အစိတ်သုံးဆယ်ခန့် စိတ်မပျံ့လွင့် ဘဲ စူးစိုက်ဆင်ခြင်နိုင်သောအလေ့ကို ပြုရမည်။ ထိုကဲ့သို့ စူးစိုက်သော သတ္တိကို ရရှိသောအခါ၌ အသင်၏ စိတ်အားတန်ခိုးသည် အလိုလိုတိုး တက်၍ လာပါလိမ့်မည်။ နံနက်တိုင်း၊ ညတိုင်း စိတ်မပါ့မလွင့်ဘဲ ရွတ်ဆို နိုင်ခြင်းသည် သော အလုပ်၊ လွယ်သောအလုပ် မဟုတ်ပေ။ ထိုအလုပ် ကို မှန်မှန်လုပ်နိုင်ခြင်းပင်လျှင် သတ္တိတန်ခိုး ဖြစ်လေသည်။ မလွယ်သော် လည်း မဖြစ်နိုင်သော အလုပ်မဟုတ်။ အသင်၏စိတ်သာ ပဓာနဖြစ်လေသည်။

            စိတ်ထဲ၌ မဖြစ်နိုင်ဘူး၊ ခက်သည်ဟူသော အတွေးအထင်မျိုးကို အဘယ်အခါမျှ ပေါ်ပေါက်ရန် အခွင့်မပေးအပ်ပေ။ လွယ်တယ်၊ ငါလုပ် လျှင် ဘာမဆိုဖြစ်တာပဲဟူသော စိတ်ကို အမြဲဆောင်၍ထားသော အလိုလို သတ္တိတုံးကြီး ဖြစ်၍လာနိုင်လေသည်။ လူသည် တွေးကြံသလိုဖြစ်၏။

           ဤစကားသည် မလွဲနိုင်သော စကားဖြစ်၏။ အတွေးပျော့လျှင် သတ္တိ တန်ခိုးပျော့၏။ အတွေးမာလျှင် သတ္တိတန်ခိုးတိုးတက်ရလေသည်။

            Opportunity knocks at our door“လမ်းအခွင့်သည် ကျွန်ုပ် တို့၏ အခန်းတံခါးကိုလာ၍ ခေါက်၏” ဟူသော စကားသည် မဟုတ် မမှန်ပေ။ လမ်းအခွင့်သည် ရေစီးသလို ငှက်ပျံသလိုသွားလျက် နေကြရာ လူသည် ပွင့်လင်းသော ဉာဏ်မျက်စေ့မြင်လျှင် မိအောင်ဖမ်းမည်ဟူသော နိုးကြားသောစိတ်၊ စုံလင်သော လက်နက်ကိရိယာများနှင့် စောင့်၍ဖမ်းရ၏။ လိုက်၍သော်လည်းကောင်း ရှာရလေသည်။

          လက်နက်ဆိုသည်မှာ အခြားမဟုတ်။ ဆိုင်ရာအတတ်ပညာမျိုးကို တတ်ခြင်း၊ နည်းလမ်းစံနစ်ကို နားလည်ခြင်း ဖြစ်လေသည်။ အင်ဂျင်နီယာ အတတ်ကို ကုန်စင်အောင် တတ်၍ထားမှသာ အင်ဂျင်နီယာနှင့်ဆိုင်သော လမ်းအခွင့်တို့ကို ဖြစ်နိုင်၏။ အရောင်းအဝယ်အတတ်ကို ကုန်စင်အောင် တတ်မှသာ ရောင်းဖို့ရန် လမ်းအခွင့်များကို မြင်လွယ်၏။ ကန်ထရိုက် အလုပ်နှင့် ဆိုင်သမျှ အကုန်အစင်တတ်မှသာ ကန်ထရိုက် အလုပ်ဖြင့် ကြီးပွားနိုင်သော လမ်းခွင့်တို့ကို တွေ့မြင်နိုင်လေသည်။

           ယခုခေတ်သည် အပြိုင်များသောခေတ်ဖြစ်လေရာ အမြင်မြန်သူ၊ အဖမ်းမြန်သူများ ပိုမို၍ ကြီးပွား၏။ ဖင့်နှေးသူ စိတ်ကူးခိုက်မှာ လျှင်မြန် သူလုပ်၍ ပြီး၏။ လုပ်၍ပြီးသူက အောင်မြင်ခြင်းကို ရှေးဦးစွာရ၍ ပိုမိုတိုး တက်မြဲ ဖြစ်လေသည်။ ။

          “အကြံကောင်းတစ်ချက်” ဟူသော စကားမဟုတ်ပေ။ အကြံမှာ အလုပ်မြန်ဖို့ လိုလေသည်။ ယခုခေတ်သည် ခေတ်မြန်ဖြစ်လေသည်။

          အလုပ်တစ်ခုခုကိုလုပ်လျှင် ထိုအလုပ်နှင့်ပတ်သက်၍ မိစရာ မှတ်စရာ နည်းလမ်းရှိသမျှတို့ကို သင်ကြား မှတ်သားရှာကြံရ၏။ သို့မရှာမကြံက အသိပိုသူတွေစား၍ ကြွင်းကျန်မှသာ စားရပေလိမ့်မည်။

           ဤစာကို အသင်ဖတ်ရုံမျှနှင့် ကြီးပွားမည် မဟုတ်ပေ။ ဖတ်ပြီး စဉ်းစားပါ၊ စဉ်းစားပြီးလုပ်ပါ။ သို့မှသာ ကြီးပွားနိုင်၏။