Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ပီမိုးနင်း - ကြီးကြီးကျယ်ကျယ်ကြံကြစမ်းပါ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
ကျွန်ုပ်သည် ငါးထောင်စားထက်
အောင်မြင်၏

                    ပဲပြုတ်နှင့် ထမင်းကြော်ထက် ပေါင်မုန့်နှင့် ကော်ဖီရည်က ပို၍ကောင်းသလား။

                    စာရေးဆရာအချို့သည် ဟော၍သာနေကြ၏။ ၎င်းတို့ကိုယ်တိုင် ဖြစ်မြောက် အောင် တစ်စုံတစ်ရာ မလုပ်နိုင်ဘဲလျက် ဟော၍နေကြသည်။ သင်းတို့ကော ဘာ ဖြစ်မြောက်သလဲဟူသော စကားမျိုးကို စဉ်းစားဉာဏ်မရှိသူ အချို့တို့က ပြောကြ လေသည်။

               စာရေးဆရာများ၏ အလုပ်သည် စာရေးခြင်းဖြစ်၏။ စာရေးခြင်းဆိုသည်မှာ အကျိုးမဲ့စာတွေကို ရေးခြင်းမဟုတ်။ ဖတ်သူများ အကျိုးခံစားရဖို့ စာများ၊ လိမ္မာဖို့ စာများကို ရေးကြရလေသည်။ စာရေးဆရာများ စာအုပ် ပုံနှိပ်၍ မရောင်းတတ်သောကြောင့် ကဲ့ရဲ့စရာမဟုတ်။ စာရေးဆရာသည် မိမိ၏စာရေးခြင်းအလုပ်တာဝန် ကျေ ပွန်၍ တိုင်းပြည်မှာ အကျိုးဖြစ်စေသည်၊ မဖြစ်စေသည်ကိုသာ စဉ်းစားဖို့ လိုလေ သည်။

           ကျွန်ုပ်တို့လို စာရေးဆရာမျိုးမှာ အခြားတိုင်းပြည်များတွင် လူဖြစ်လျှင် သုံး ချင်သလိုသုံး၊ သောက်ချင်သလိုသောက်၊ စားချင်သလိုစား၊ ယခုလို ဆင်းရဲကြဖို့ မရှိပေ။ ကျွန်ုပ်တို့၏ မကြွယ်ဝခြင်းသည် ကျွန်ုပ်တို့၏တာဝန် မကျေသောကြောင့် မဟုတ်။ ကျွန်ုပ်တို့ကို ကဲ့ရဲ့ ပြောဆိုကာ မှောင်ကိုကြိုက်လျက် မိုက်၍နေသူများ၏ အပြစ်သာဖြစ်လေသည်။

ပုံနှိပ်ရောင်းချသူများမှာလည်း ငွေကုန်ခံကာ တိုင်းပြည်ကို လင်းနေအောင် ကြိုးစားကြသော်လည်း မှောင်ထဲမှ မထွက်လိုကြသောလူမျိုး၏ တိုင်းပြည်ဖြစ်သော ကြောင့် ၎င်းတို့မှာလည်း မချမ်းသာသဖြင့် စာရေးဆရာများအား တန်သလောက်ပူဇော်ခြင်း မပြုနိုင်ကြပေ။

              စာရေးဆရာသည် ကလောင်ကိုကိုင်ကာ ထိုင်လိုက်သည်နှင့်တစ်ပြိုင်တည်း လောကဓာတ်တစ်ခုလုံးနှင့် ပတ်သက်သည့် ရေးစရာတွေ စိတ်ထဲသို့ အလိုလိုရောက် ၍ လာ၏။ သို့ဖြစ်လေရာ ကုန်သည်ဉာဏ်သမားပင် မဟုတ်သော်လည်း ၎င်းတို့မှာ အကျိုးပိုမို၍များစေနိုင်သော အကြံသစ် ဉာဏ်သစ်များကို ပေးနိုင်၏။ စာရေးဆရာ သည် မိမိနှင့်မဆိုင်သော တိုအလုပ်များကို စိတ်၌မထား၊ ထိုအလုပ်နှင့် ဆိုင်သူများ အတွက် ရေးပြီး မေ့လျော့ဖျောက်ဖျက်၍ ပစ်လေ့ရှိလေသည်။

            ထိုမဆိုင်သော အကြောင်းအရာတွေကိုသာ တွေးကြံ၍နေက အဘယ်မှာ စာရေးဆရာကောင်း ဖြစ်နိုင်ပါတော့မည်နည်း။ ရေးသောအကြောင်းအရာများမှာ တင်ကြိုကြံစည်ထားသော အကြောင်းအရာများမဟုတ်၊ ရေးသောအခါမှသာ ပေါ် လာ၍ ရေးပြီးသောအခါ ပျောက်ပျက်လေသည်။

           အကယ်၍ ငါ ဘာကိုရေးရပါမလဲဟူ၍သာ ရှာကြံ၍နေရသေ့က စာပေကို အဘယ်မှာ လိုက်စားနိုင်ပါတော့မည်နည်း။ စာသမားသည် ဘယ်မှာ စာအုပ်အသစ် အဆန်း ပေါ်သည်၊ ဘယ်သတင်းစာ၌ ဘယ်ဆောင်းပါးရှင်တော်သည်၊ ဘယ်စာ အုပ်မှာ ဘာအပြစ်တွေရှိသည်ဟူသော အကြောင်းတို့ကိုသာ ရှာကြံ၍နေ၏။

           ဆီဈေး၊ ဆန်ဈေးကို တွေး၍နေသည်မဟုတ်ပေ။ သို့သော်လည်း ဆန်နှင့်ပတ် သက်၍ ရေးဖို့ရာ အခါအခွင့်ကြုံသည့်အခါ ထိုအလုပ်များကို လုပ်၍နေသောသူ မမြော်မမြင်သည့် အချက်အလက်များကို ရေးဖော်ပြနိုင်သော သတ္တိကို တစ်နည်းနည်း နှင့် ရကြ၏။ သဗ္ဗညုတဉာဏ်တော်ကြီးကို ရသည်မဆိုလို။ ပညာရှိမှန်က အဘယ် အကြောင်းအရာမှာမဆို အကြံဉာဏ်ပေးနိုင်လေသည်။

           ကိုယ်တိုင် မသိက၊ သိသူများကို မေးရ၏။ စုံစမ်းတန်က စုံစမ်းရလေသည်။ သို့သော်လည်း စာရေးဆရာမှာ ရေးဖို့သာ တာဝန်ရှိ၏။ စုံစမ်းပြီး မဂိုတန်းကိုသွား ကာ Gambleလုပ်ဖို့ တာဝန်မရှိပေ။

သို့သော်လည်း ထိုအလုပ်များကို လုပ်သူများထက် စာရေးဆရာများ သာ သောအချက်မှာ ကုန်အရောင်းအဝယ်နှင့်ဆိုင်သော လောင်းကစားသမားတွေ မွဲပြာ ၍ သွားကြသော်လည်း စာရေးဆရာများ မနွှဲနိုင်၊ မပြောနိုင်၊ မြန်မာပြည်မှ ဖို့ သူဌေး မဖြစ်ဘဲသာ နေကြရလေသည်။

             ကျွန်ုပ်သည် အောင်မြင်ခြင်းအကြောင်းကို အမြဲရေးခဲ့၏။ အနို့ ခင်ဗျားကော အောင်မြင်ပါရဲ့ လားဟု မေးကြပါစေ။ ကျွန်ုပ်ထက် အောင်မြင်သူ မရှိဟု ကျွန်ုပ် ပြောဝံ့၏။ စာအုပ်ကြီးငယ်ပေါင်း ခြောက်ရာကျော်ရေးခဲ့ရာ ကဲ့ရဲ့ခြင်းကို ခံရသောစာအုပ်ပေါင်း ဒါဇင်ဝက်ခန့်သာရှိပေမည်။

           တိုင်းပြည်များ၏ မျက်လုံးတွေ မြောက်မြားစွာ ပွင့်ကြလေသည်။ အမှန်ကို ပြောခြင်းသည် ကြွားခြင်းမဟုတ်။ အတွေးအခေါ် အဆင်ခြင်ဉာဏ်ကင်းမဲ့သူများ လိမ္မာပါစေဟူသော စေတနာနှင့် အမှန်ကိုပြောခြင်းဖြစ်၏။ ကျွန်ုပ်သည် ငါးထောင် စားထက် အောင်မြင်၏။ ငါးထောင်စားတွေ၊ သူဌေးကြီးတွေ ပျောက်ကွယ်၍ သွား သောအခါ ကျွန်ုပ် မပျောက်မကွယ်၊ ပို၍ပင် ပေါ်ကောင်း ပေါ်လိမ့်မည်။

                ကျွန်ုပ်ကဲ့သို့ အလားတူ စာရေးဆရာကြီးများလည်း မိမိတို့ကိုယ်ကို ငါး ထောင်စားထက် အောင်မြင်သူများ၊ အိုင် စီ အက် များထက် အောင်မြင်သူများဟု ယုံကြည်စိတ်ချကာ ပဲပြုတ်နှင့်ထမင်းကြမ်းကို စားရင်း စိတ်ကြီးဝင်စေချင်၏။ ကျွန်ုပ် ကား နံနက်တိုင်း လက်ဖက်ရည်ကြမ်း၊ ပဲပြုတ်၊ ထမင်းကြော်ကို ပွဲတော်တည်ရင်း အလွန်စိတ်ကြီးဝင်၍နေ၏။

            ကျွန်ုပ်နေသော နေရာသည် လွန်စွာသေးနုပ် သိမ်ငယ်၏။ ကျွန်ုပ်၏ ကိုယ် ခန္ဓာကား တစ်နေ့တခြား ဝ၏။ ပြောင်၏။ ဆူ၏။ အကောင်းမှ စားတာကိုး။ မကောင်းလျှင် မျိုမကျ၊ မျိုမကျက စာမရေးနိုင်။ မရေးနိုင်လျှင် တိုင်းပြည်က ပီမိုးနင်း ၏စာ အသစ်အသစ်ကို အဘယ်မှာ ဖတ်ရပါတော့မည်နည်း။ ပဲပြုတ်နှင့်ထမင်းကြော်ထက် ပေါင်မုန့်က ပို၍ကောင်းသေးသလား။ ကော်ဖီရည်က ပို၍ မြတ်သေး သလား။

နံပါတ် ၃၆၊ ဘားမားဂျာနယ်၊

၆-၂-၁၉၃၇။