ပီတာမြဦး - ဂန္ဘီရမမနှင့် ဂန္ဓာရီဝိဇ္ဇာ၏ မအိုမနာမသေဆေး
" ဒါ စိုးမမမျိုးတို့အိမ်လား”
အိမ်ရှေ့ ခြံဝတွင်ရပ်၍ လှမ်းမေးလိုက်သော သင်္ကန်းဝါဝါ ဖြင့် ဦးပဉ္စင်းတစ်ပါး၏အသံကြောင့် စိုးမမမျိုး အိမ်ရှေ့တံခါးဝသို့ ကမန်းကတန်း ထွက်လာမိသည်။
“တင်ပါ့ဘုရား၊ တပည့်တော် စိုးမမမျိုးပါ။ ဘာကိစ္စရှိလို့ပါ “
ဦးပဉ္စင်းက အိမ်တံခါးဝထိလာကာ သင်္ကန်းအတွင်းဘက် တွင်လွယ်ထားသော လွယ်အိတ်ငယ်ထဲသို့ လက်နှိုက်၍ တစ်စုံတစ်ခု ကို ရှာဖွေနေသည်။ ခြံဝတွင်ကား အမျိုးသမီးကြီးတစ်ဦးနှင့် သီလ ရှင်နှစ်ပါး ရပ်နေကြသည်။
“ ဦးပဉ္စင်းတို့က စစ်ကိုင်းတောင်က ပြန်လာတာ ဒကာမကြီး ရဲ့၊ ခုနလေးကမှ ရန်ကုန်ရောက်တာလေ။ ရောက်ရောက် ချင်း ဒီကို အရင်တန်းလာခဲ့တာပါ”
“တင်ပါ့ဘုရား”
“စစ်ကိုင်းတောင်ရိုးက ပညာဒီပကျောင်းတိုက်မှာ ဦးပဉ္စင်း ဦးပညာသာမိ ဆိုတာနဲ့ တွေ့ခဲ့တယ်။ ဒကာမကြီး အမေရဲ့ အဖေလို့ ပြောတယ်၊ သိရဲ့လား”
“သိပါတယ် ဘုရား၊ ဘိုးဘိုး အဲဒီမှာ ဘုန်းကြီးဝတ်နေတယ်ကြားပါတယ်”
“အေး- အဲဒါ ဦးပဉ္စင်းတို့နဲ့ လမ်းကြုံနေတာနဲ့ စာတစ်စောင် ထည့်ပေးလိုက်တယ်။ ရန်ကုန်ရောက်ရောက်ချင်း ဒကာမကြီးလက်ထဲ အရောက်သွားပေးပါဆိုလို့ လာခဲ့ရတာကွယ့်၊ အရေးကြီးတယ် ထင်ပါရဲ့”
“တင်ပါ့ဘုရား၊ ဘာများအရေးကြီးလို့လဲ မသိဘူး”
“အင်း... အဲဒါတော့ ဦးပဉ္စင်းတို့လည်း စစ်ကိုင်းကို ခဏ သွားတဲ့ အာဂန္တုတွေဆိုတော့ မပြောတတ်ဘူးလေ။ ဒါပေ မယ့် အဲဒီ ဦးပဉ္စင်းကြည့်ရတာတော့ အားမရဘူး။ ဝေဒနာ တစ်ခုခုကြောင့် အတော်လေး ကျန်းမာရေး ချို့တဲ့နေတယ် လို့တော့ ဦးပဉ္စင်း တွက်လို့ရတယ်” ။
“တင်ပါ့၊ အိမ်ထဲကြွပါဦးလား ဘုရား။ မတ်တတ်ကြီး” -
“မဝင်တော့ဘူး၊ ဗဟန်းက ရှင်ပြုတစ်ခု အမီသွားရမှာမို့လို့ ပါ။ ကဲ- ရော့၊ ဒကာမကြီးရဲ့ ဘိုးဘိုးဆီကစာ။ ဦးပဉ္စင်းတို့ သွားပြီ”
“တင်ပါ့ ကျေးဇူးတင်ပါတယ် ဘုရား”
ဦးပဉ္စင်းက စာအိတ်တစ်အိတ် လှမ်းပေး၍ စိုးမမမျိုးက လက်အုပ်ချီပြီး ခံယူလိုက်သည်။ ဦးပဉ္စင်းက နှုတ်ဆက်ကာ ခြံဝတွင် ရပ်စောင့်နေသူများနှင့်အတူ ပြန်ကြွသွားသည်။
စိုးမမမျိုးက အိမ်ထဲသို့ပြန်ဝင်ကာ ဧည့်ခန်းတွင်ထိုင်၍ ဦး ပဉ္စင်းပေးသွားသောစာကို ဖောက်ဖတ်လိုက်သည်။
သို့
-
ချစ်မြေးလေး မမ . .
ဒီစာရရချင်း အမြန်လာ။ ။
ဘိုးဘိုး ဦးပညာသာမိ
ပညာဒီပကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး။
စိုးမမမျိုးက နေရာမှထကာ ဘုရားကျောင်းဆောင်အောက် ရှိ ဘိုးဘိုး ဦးထွန်းရွှေ၏ဓာတ်ပုံကိုကြည့်၍ လက်အုပ်ချီကန်တော့ လိုက်သည်။ ဤဓာတ်ပုံမှာ သူမ ဆယ်နှစ်သမီးအရွယ် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် မိဘနှစ်ပါး ရှိစဉ်ကတည်းက ချိတ်ဆွဲထားခဲ့သော ဘိုးဘိုး၏ လူဝတ်ကြောင်နှင့်ပုံ ဖြစ်၏။ ထိုစဉ်က ဘိုးဘိုး၏ အသက်မှာ (၅၅)နှစ်ကျော်ခန့် ရှိဦးမည်။ အခုဆိုရင်တော့ အသက် (၇၅) နှစ်ကျော် (၈၀) နှစ်နီးပါး ရှိပေရော့မည်။ . ဘိုးဘိုးမှာ အမေ၏အဖေ ဖြစ်၏။
သူမ အသက် ဆယ်နှစ်ခန့်က မိဘနှစ်ပါးစလုံး ဘုရားဖူး ကားမှောက်၍ သေဆုံးခဲ့ကြရသည်။ ထိုစဉ်ကစ၍ ဘိုးဘိုးတစ်ယောက် ဘယ်ရောက်၍ဘယ်ပေါက်နေသည် မသိ။ သူမမှာ ဖခင် ၏အစ်မ ကြီးတော်ဖြစ်သူ၏လက်တွင် လူဖြစ်ခဲ့ရသည်။ ဘိုးဘိုးက ကြီးတော်ကြီးဆီ လှမ်း၍ မကြာခဏ စာရေးတတ်သည် ဆို၏။ သာကြောင်းမာကြောင်းနှင့် သူ သာသနာပြုလုပ်ငန်းများ ဆောင်ရွက် နေကြောင်း၊ တစ်နေ့နေ့ပြန်လာ၍ သူ့မြေးမလေးကို လာကြည့်မည် ဖြစ်ကြောင်းများ စာထဲထည့်ရေးတတ်ကြောင်း ကြီးတော်ပြော၍ သိခဲ့ဖူးသည်။ သို့သော် ယနေ့အထိ တစ်ခါမှ ပြန်မလာခဲ့ဘူးပေ။
“လွန်ခဲ့သော လေးငါးနှစ်ကတော့ ဘိုးဘိုးသည် စစ်ကိုင်း တောင်ရိုးတွင် သာသနာ့ဘောင်ဝင်ကာ ရဟန်းဝတ်သွားကြောင်း သတင်းကြားခဲ့ရသည်။
တစ်ခုတော့ အံ့သြမိသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော် သူမနှင့် လူကြုံဖြင့် လည်းကောင်း၊ စာအားဖြင့် လည်းကောင်း တစ်ကြိမ်တစ်ခါမျှ အဆက်အသွယ် မလုပ်ဘူးပါဘဲလျက် ယခုမှ သူမကို အရေးတကြီးခေါ်ယူခြင်းကြောင့် ဖြစ်၏။
“ဘယ်သူ့ဆီကစာလဲ မမ” ( အိမ်ခန်းထဲက အသံကြား၍ထွက်လာသော ကြီးမေက သူမ ၏လက်ထဲကစာကိုကြည့်ရင်း မေးသည်။ စိုးမမမျိုးက စာကို လှမ်း ပေးလိုက်သည်။ ကြီးမေက စားပွဲပေါ်က မျက်မှန်လှမ်းယူတပ်ကာ ဖတ်သည်။ ခဏနေမှ ကြီးမေက မျက်မှန်ပြန်ချွတ်၍ ပြောသည်။
“ဪ... သမီးဘိုးဘိုးမှာက သူ့သွေးသားဆိုလို့ ပြေးကြည့် မှ ဒီမြေးမလေးတစ်ယောက် ရှိတာမဟုတ်လား။ အသက်အ ရွယ်ကလည်း ရလာ၊ ကျန်းမာရေးကလည်း ညံ့လာဆိုတော့ သူ မျက်စိနှစ်လုံးမှိတ်ခင် သူ့မြေးမလေးကို နောက်ဆုံး အနေနဲ့ မြင်တွေ့သွားချင်လို့နဲ့ တူပါတယ်။ သမီး သွားတွေ့ လိုက်ပါကွယ်”
ကြီးမေက စဉ်းစဉ်းစားစား ပြောသည်။
သူမအနေနှင့် သွားတော့တွေ့ရပေမည်။ ကြီးမေကတော့ ကျန်းမာရေးကြောင့် လိုက်နိုင်မည်မဟုတ်။ ထုံးစံအတိုင်း ကိုကျော် ဇေယျကိုပင် အကူအညီတောင်းရလိမ့်မည်။ ကိုကျော်ဇေယျကား သူမနှင့် ဆယ်တန်းနှစ်ကစ၍ တက္ကသိုလ်တွင် ဥပဒေဘွဲ့ရသည် အထိ အတူတက်ခဲ့သော သူငယ်ချင်းဆိုလည်း ဟုတ်သည်၊ လုပ်ဖော် ကိုင်ဖက် ဗဟိုတရားရုံးရှေ့နေတစ်ဦးဆိုလည်း မမှား။ မိမိအားမကြာခဏ ချစ်ရေးဆိုတတ်၍ မိမိ၏တုံ့ပြန်မေတ္တာကို တစာစာ တောင်းခံနေသူလည်း ဖြစ်၏။
နောက်တစ်နေ့ ညနေပိုင်း အမှုရုံးချိန်းများအပြီး တရားရုံး ရှေ့ လက်ဖက်ရည်ဆိုင်တွင် ဆုံကြစဉ် ကိုကျော်ဇေယျအား ဘိုးဘိုး စာကို ပြမိသည်။
“အင်း... မမကိစ္စက မသွားမဖြစ် သွားရမယ့်ပုံပဲ။ စစ် ကိုင်းတောင်ရိုးအထိတောင်ဆိုတော့ အနည်းဆုံး အသွား အပြန် တစ်ပတ်လောက် ကြာသွားနိုင်တယ်။ နှစ်ယောက် စလုံး သွားရမှာဆိုတော့ နောက်ရုံးချိန်းတွေကို ကျွန်တော့် တပည့်တွေနဲ့လည်း တစ်ပတ်တလေ လွှဲထားခဲ့လို့ ဖြစ်ပါ တယ်။ သိပ်ကြာသွားရင်တော့ အမှုသည်တွေကို အားနာဖို့"ကောင်းတယ် မမရဲ့” စိုးမမမျိုးက ခေါင်းညိတ်ပြသည်။ “ကြည့်ရတာ တစ်ပတ်ထက်တော့ ပိုမကြာနိုင်လောက်ပါဘူး ကိုကျော်ဇေယျရယ်၊ ချိန်ဘာ အောင်မြင့်တို့နဲ့ လွှဲထားခဲ့လို့ဖြစ်ပါတယ်ရှင်"
ကိုကျော်ဇေယျက မသိမသာ ခေါင်းယမ်းပြသည်။
“ဘာပဲဖြစ်ဖြစ်၊ လိုရမည်ရ ရုံးချိန်းနှစ်ပတ်စာလောက်တော့ သူတို့ကို သေချာအပ်ထားခဲ့မှ စိတ်ချရမယ်။ ဟိုလူသတ်မှုအ တွက်တော့ ရှေ့ဖတ်စာရေးကို အကျိုးအကြောင်းပြောပြပြီး တရားသူကြီးဆီလည်း မျက်နှာပြ ခွင့်တောင်းခဲ့ဦးမှ၊ နောက် ပြီးတော့ တရားခံဘက်ကိုလည်း စိတ်မပျက်အောင် ကြိုတင်အားပေးထားခဲ့မှဖြစ်မယ် မမ” .
“ကောင်းပါပြီတော်၊ ကိုကျော်ဇေယျ ကောင်းသလိုသာကြည့် စီစဉ်ခဲ့ပါတော့ရှင်”
စိုးမမမျိုးက လက်ကာပြကာ အဖြစ်သည်းရန်ကောဟူသော အမူအရာ ပြသည်။
“ဪ- မမကလည်း၊ ခရီးသွားတယ်ဆိုတာ ရက်အတိအ ကျသတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူးလေ။ ကိုယ့်ဘက်က ရေပက်မဝင်အောင် လုပ်ထားခဲ့မှ ရှေ့နေအလုပ်က တော် ကာကျတာဗျ၊ ဒါနဲ့ ဒီဘိုးဘိုးကြီးနဲ့က အရင်ကလည်း တစ်ခါ မှ အဆက်အသွယ်ရှိတယ် မကြားဖူးဘူး။ ခုမှ ဘာတွေ အ ရေးတကြီး ဖြစ်လာရတာလဲ မသိဘူး”
“အဲဒါကို မမလည်း သိချင်နေတာပေါ့ရှင်” “အရေးကြီးတယ်ဆိုတာ အကြောင်းတော့ရှိရမှာပေါ့ မမရဲ့၊ မဟုတ်ဘူးလား” “ဘိုးဘိုး အသက်အရွယ်ရလာလို့ ကျန်းမာရေးမကောင်းဘူး လို့ဘဲ သတင်းရတယ်။ ဘာတွေအရေးကြီးမှန်း မမလည်း မသိဘူး” “အင်း .. မမတို့ကတော့ လုပ်လိုက်မှဖြင့် အဖြေမရှိတဲ့ ပဟေဠိဆန်ဆန်တွေပဲ။ ကြားလိုက်ရရင်လည်း ထူးထူးဆန်းဆန်းတွေချည်းပဲ။ မမအဖြစ်တွေနဲ့ အခု မမယူထားတဲ့ “ဂမ္ဘီရမမ ဆိုတဲ့ ကလောင်နာမည်နဲ့တော့ ကွက်တိပဲ” ကိုကျော်ဇေယျ ပြောမည်ဆိုလည်း ပြောစရာချည်းပင်။
စိုးမမမျိုးတို့ ကြုံလိုက်၊ တွေ့လိုက်ပြီဆိုလျှင် သာမန်ထက် ထူးကဲ ပိုလွန်နေတတ်သည်။ မနည်း နားလည်အောင် နောက်က ၊ လိုက်မေးနေရသည်။ တော်ရုံ အိုင်ကျူနှင့် စိုးမမမျိုးကို လိုက်မီနိုင်ခဲ သည်။ ဒါ ခုမှမဟုတ်၊ ကိုကျော်ဇေယျနှင့် ဆယ်တန်းနှစ်တွင် စတင် ဆုံခဲ့စဉ်က ဖြစ်၏။
* * *
“နင် ဆယ်တန်းကျောင်းသား မဟုတ်လား”
'တစ်နေ့ ညနေကျောင်းဆင်း၍ အတူပြန်လာစဉ် လမ်းတွင် မမျှော်လင့်ဘဲ ဖြုန်းစားကြီး မိုးရွာချလိုက်ရာ စိုးမမမျိုးက သူမ၏ ခေါက်ထီးကို လွယ်အိတ်ထဲကထုတ်ကာ ကိုကျော်ဇေယျကိုပါ ထီးမိုး ပေးရင်း ထိုသို့မေးလိုက်ခြင်း ဖြစ်၏။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
ကိုကျော်ဇေယျက ဇဝေဇဝါဖြင့်ဖြေရင်း ပြန်မေးသည်။
“နင် ဆယ်တန်းကျောင်းသားဆိုရင် ထီးတော့ ယူလာရမှာ ပေါ့ဟ”
ကိုကျော်ဇေယျက ခေါင်းကုတ်လိုက်သည်။
“နင့်ဟာကလည်း၊ ဆယ်တန်းကျောင်းသားနဲ့ ဘာဆိုင်လုံး။ ပြီးတော့ အခုက မိုးတွင်းလည်း မဟုတ်ဘူးလေ”
စိုးမမမျိုးက နှုတ်ခမ်းမဲ့ပြသည်။ ။
“အေး- နင်တို့ အဲဒါတွေ ခက်နေတာ။ မိုးတွင်းမှ မိုးရွာတာ မဟုတ်ဘူး၊ အချိန်အခါမဲ့မိုးဆိုတာ ရှိတယ်လေ။ မကြားဖူး တူးလား”
“ဟုတ်ပါပြီ မမရာ၊ ငါက အဲဒါကို ဘယ်လိုသိနိုင်မှာတုံး။
မိုးလေဝသကလည်း ဘာမှမကြေညာဘဲနဲ့”
“ကိုယ်က သဘာဝတရားကြီးကို လေ့လာနေမှ သိမှာပေါ့”
“နင်ပြောတာ ငါနားမလည်ဘူး။ ဘာသဘာတရားလဲ”
“ငါ အဲဒီ သဘာဝတရားကြီးကို လေ့လာခဲ့လို့ နင် အခု မိုး မစိုဘဲ ထီးဆောင်းနေရတာပေါ့”
“နင် လေ့လာခဲ့တဲ့ သဘာဝတရားက ဘာလဲ”
“ငါ မနက်က အိမ်ကထွက်မယ်အလုပ်မှာ ပုရွက်ဆိတ်တွေ အုံနဲ့ကျင်းနဲ့ အိမ်ပြောင်းနေကြတာ တွေ့ရတယ်။ အဲဒါ ဒီနေ့ မိုးရွာမယ်ဆိုတဲ့ သဘာဝတရားလေ၊ ရှင်းပြီလား”
ကိုကျော်ဇေယျစိတ်ထဲ ရယ်ချင်သလိုတော့ ဖြစ်မိသည်။ သို့သော် မရယ်ခဲ့နိုင်။ စိုးမမမျိုး၏စကားက မှားနေသည်မှမဟုတ် ဘဲ။ ပုရွက်ဆိတ်တွေ အိမ်ပြောင်းရင် မိုးရွာတတ်သည်။ လူတိုင်း သိသော တိရစ္ဆာန်တို့က သဘာဝတရား၏ ပြုပြင်ပြောင်းလဲမှုကို ကြိုတင်သိတတ်သည့် လူထက် တစ်လှမ်းသာသော သဘာဝအသိ တရားခံစားမှု ဖြစ်၏။ သိလျက်နှင့် အမှုမဲ့အမှတ်မဲ့နေလျှင် သတိမ မူ ဂူမမြင် ဖြစ်တတ်သည်။
“ စိုးမမမျိုးကား သူများ သတိမထားမိသည်ကို မြင်တတ်သူပါ တကား။ ။ . ထိုမျှသာမဟုတ်သေး၊ တက္ကသိုလ်ရောက်၍ ဥပဒေဒုတိယ နှစ်တက်နေစဉ် တစ်နေ့ အတန်းနားချိန် ဦးချစ်လက်ဖက်ရည်ဆိုင် တွင် စိုးမမမျိုးက ပြောသည်။ ““ဒီတစ်ချိန်တက်ပြီးရင် မမပြန်မယ် ကိုကျော်ဇေယျ၊ နောက် ဆုံးအချိန် သက်သေခံဥပဒေသင်မယ့်ဆရာ လာမှာမဟုတ် တက္ကသိုလ်ရောက်တော့ စိုးမမမျိုးက ကိုကျော်ဇေယျအား - “နင်' 'ငါ' နှင့် မပြောတော့။ “ကိုကျော်ဇေယျ” ဟု လေးလေးစားစားခေါ် သည်။ သူ့ကိုယ်သူတော့ “မမ” တဲ့။ ကိုကျော်ဇေယျကလည်း “ကျွန်တော်” နှင့် “မမ” နှင့် ပြောင်းခေါ်ဝေါ်လာသည်။
“ဘာဖြစ်လို့ ဒီလိုပြောနိုင်တာလဲ မမ” -
စိုးမမမျိုးက ခေါင်းခါပြသည်။
“မမလည်း မသိဘူး၊ စိတ်ထဲက ထင်မိလို့ပါ”
ထိုနေ့က နောက်ဆုံးအချိန်တွင် စိုးမမမျိုး မတက်တော့ဘဲ အိမ်ပြန်သွားသည်။ အံ့တော့အံ့ဩစရာ။ တိုက်ဆိုင်၍ပဲလား မပြောဘူး တတ်၊ ထိုနေ့ နောက်ဆုံးချိန်တွင် ဘယ်တော့မှ ပျက်ကွက်တတ်သူ မဟုတ်ခဲ့သော သက်သေခံဥပဒေနည်းပြဆရာ တကယ်ပင် ရောက် မလာခဲ့။
တတိယနှစ် ရောက်တော့လည်း တစ်ခါ ကြုံရသေးသည်။
စိုးမမမျိုးတို့အိမ်သို့ ကျောင်းအားရက်တွင် ကိုကျော်ဇေယျ သွားလည်သည့်နေ့က ဖြစ်၏။ ထိုနေ့က ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်သည့်နေ့နှင့် ကြုံနေသည်။ စိုးမမမျိုးက အပျော် တမ်းဗေဒင်လိုလိုလည်း တစ်ခါတစ်ရံ ဟောပြောတတ်ရာ အိမ်အနီး ပတ်ဝန်းကျင်မှ ဆယ်တန်းဖြေထားသူ ကျောင်းသူနှစ်ဦး ရောက်လာ သည်။ အောင်စာရင်းသွားမကြည့်မီ စိုးမမမျိုးထံ ဗေဒင်လာမေးကြ ခြင်း ဖြစ်၏။ စိုးမမမျိုးက ကိုကျော်ဇေယျရှေ့တွင် မျက်စိစုံမှိတ်၍ ဟောသည်။ “သမီးတို့နှစ်ယောက်စလုံး “က'စာရင်းနဲ့အောင်မယ်၊ မြင့်မြင့် က ဂုဏ်ထူးပါမယ်”
ထိုနေ့က စိုးမမမျိုး ဟောလိုက်သည့်အတိုင်း နှစ်ယောက် စလုံး “က စာရင်းက အောင်ကြကာ မြင့်မြင့်ဆိုသူက ဂုဏ်ထူးတစ် ဘာသာပါသည်။ ။
“မမ၊ အဲဒါ ဘယ်လိုဟောလိုက်တာလဲ။ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ကြိုသိနေလို့လား” - ကိုကျော်ဇေယျက အံ့ဩစိတ်တစ်ဝက်၊ မကျေနပ် မယုံ `သင်္ကာစိတ်တစ်ခြမ်းဖြင့် မေးလိုက်သည်။
“မမ သူတို့အကြောင်း ဘာမှ ကြိုမသိဘူး။ လတ်တလော မြင်တာကို နိမိတ်ကောက်ပြီး ဟောလိုက်တာပါ”
“လုပ်ပါဦး၊ ဘယ်လိုနိမိတ်ကောက်လိုက်တာလဲ”
“ကိုကျော်ဇေယျရောက်လာလို့ ဝင်ထိုင်လိုက်တဲ့အခိုက်မှာ . ဒီကောင်မလေးနှစ်ယောက် မမကို လာမေးကြတာနော်။ ကိုကျော်ဇေယျက တနင်္လာသားဆိုတော့ (က၊ ခ၊ ဂ၊ ဃ၊ င)။ နာမည်ကလည်း `က ́နဲ့စတာ မဟုတ်လား။
ဒါကြောင့် “က” စာရင်းက အောင်မယ်လို့ ဟောလိုက်တာပါ" ကိုကျော်ဇေယျ မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။
“အင်း-ထားပါတော့၊ ဂုဏ်ထူးနဲ့အောင်မယ်ဆိုတာကတော့ “
အဲဒီ ကောင်မလေးနှစ်ယောက်ထဲမှာ မြင့်မြင့်က နှုတ်ခမ်း နီ၊ ပါးနီဆိုးလာတဲ့အပြင် ထူးထူးခြားခြား ဆံရစ်ဝိုင်းကလေး နဲ့ ဖြစ်မနေဘူးလား”