Skip to product information
1 of 6

Other Websites

ပါရဂူ - ဧကံသမယံ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

          အိန္ဒိယနိုင်ငံ၌ မြေပိုင်ရှင်များထံမှ လယ်မြေအလှူခံပြီး ဆင်းရဲသားများကို ဝေငှဖြန့်ဖြူးပေးသည့်အတွက် ထင်ပေါ်ကျော်ကြား သွားသော သူတော်စင်တစ်ဦး ရှိသည်။ဝိနောဇာ ဘာဝဟု ခေါ်သည်။ နောဗာ ဘာဝေကို ဒုတိယဂန္ဓီဟူ၍လည်း ခေါ်ကြသည်။

          ဝိနောဗာ ဘာဝေ မကွယ်လွန်မီ ၁၉၅၄ ခုနှစ်က ဖြစ်ပျက်သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။“ဆဝါဂရာရှိ လက်ရက်ကန်းကျောင်း ဖွင့်ပွဲ၌ အဖွင့်မိန့်ခွန်းပြောရန် နာဗာ ဘာဝေကို ဖိတ်ထားသည်။ ဝိနောဗာနေသော ကျောင်းသင်္ခန်းနှင့် ဆေးဝါဂရာမသည် ခြောက်ကီလို မီတာလောက် ဝေးသည်ဖြစ်၍ ကျောင်းကော်မတီတစ်ဦးသည် ဝိနောဇာ ဘာကိုခေါ်ရန် မြင်းလှည်းလွှတ်လိုက်သည်။

          မြင်းလှည်းနှင့်ပါသွားသူက ဝိနောဗာ ဘာဝေကို မြင်းလှည်း ပေါ်တက်ဖို့ ပြောသည်။နေအလွန်ပူသောနေ့တစ်နေ့ ဖြစ်သည်။ဝိနောဗာ သည် မြင်းလှည်းတွင် တပ်ထားသောမြင်းကို တစ်ချက်ကြည့်လိုက် ပြီးလျှင် မြင်းလှည်းနှင့်ပါလာသူကို ပြောလိုက်သည်။ ။

          “မင်း .. မြင်းလှည်းကို ပြန်ခေါ်သွားတော့ငါဟာပြောတဲ့ အတွက် လူတွေ အကျိုးရှိလာမလား မလာဘူးလားဆိုတာ ကံသေကံမ ပြောလို့ မရပေမယ့် ကံသေကံမ ပြောလို့ ရတာတော့ ရှိတယ်။မင်း မြင်းလှည်းနှင့် ငါ မသွားရင် မြင်းလှည်းမှာ တပ်ထားတဲ့မြင်း အပူဒဏ် ခံရတာ သက်သာ သွားမယ်” ။

          ယင်းသို့ပြောပြီးလျှင် သူတော်စင်ကြီး ဝိနောဗာ ဘာဝေသည် သူ၏ ကရုဏာတရားကို အသေးအဖွဲကိစ္စများ၌ပင် အကောင်အထည် ဖော်လျက် သူ၏ သင်္ခမ်းကျောင်းမှ ဆေးဝါဂ အထိ နေပူကျဲတဲကြီး ထဲတွင် ခြေကျင်လျှောက်သွားသည်။

          သိပ္ပံပညာရှင်ကြီး အက်ဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေသူ အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီတက်ရောက်လာသော သတင်းစာဆရာတစ်ဦးက သိပ္ပံပညာရှင် ကြီး အက်ဒီဆင်ကို “ဆရာ့အောင်မြင်မှုဟာ ဆရာရဲ့ ကံကြောင့်လား”ဟု မေးလိုက်သည်။

          သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြီးပြီး အပြန်ပေးသည်။"ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ် အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စ လောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ်"

          အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့် သည်။မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး “ ကံဆိုးလှချည်လား”ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စ အထမြောက် အောင်မြင်မှု မရှိခြင်း၌ ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်း ဆိုသည်ကိုမူ ထည့်တွက်ရမှန်း မသိ ဖြစ်နေကြသည်။ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြ သည်ဖြစ်၍ ဝီရိယကို မေ့နေကြသည်။

          ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ တိုးတက်ကြီးပွား အတွက် မနေမနား ကြိုးစားနေကြသည်။သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာသည့်အချိန်၌မူ ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရ တတ်သည်။

          သဘာဝဘေးအန္တရာယ်က လွတ်ကင်းသော နိုင်ငံဟူ၍လည်း မရှိသလောက်ပင် ရှားသည်။ရေးဘေးနှင့် ကြုံလျှင်ကြုံ သို့ မဟုတ်က ဖိုးခေါင်ရေ ငတ်မွတ်ခေါင်းပါးသောဘေးနှင့် ကြုံကြရသည်။သဘာဝ ဘေးအန္တရာယ်၏ လက်တံသည် ရှည်လျားလှသည်။နိုင်ငံအသီးသီး သည် ယင်းစက်ကွင်းက မလွတ်ကင်းဘဲ တစ်နေ့မဟုတ်တစ်နေ့ ရောက်လာကြရတတ်သည်။ ။

          တစ်နေ့သောအခါက စပိန်နိုင်ငံရှိ မြို့တစ်မြို့သည်လည်း သဘာဝဘေးအန္တရာယ် စက်ကွင်းထဲ ကျရောက်သွားခဲ့ရသည်။ထိုမြို့၌ ပလိပ်ရောဂါ ဖြစ်ပွားသောကြောင့် တစ်နေ့ လူပေါင်း ရာနှင့်ချီပြီး ပျက်စီး ဆုံးပါးကုန်ကြသည်။မရေမတွက်နိုင်သော မိန်းမများ၊ အတိုးလို ၊ အဘွားအိုများ၊ ကလေးသူငယ်များသည် မိုကိုးရာမဲ့ ဖြစ်ကုန်ပြီးလျှင် ခြေဦးတည့်ရာ ပြေးသွားနေကြရသည်။

          ဘေးအန္တရာယ် ကြုံလာသောအခါများ၌ ဒုက္ခသည်များကို ကူညီစောင်မသူများ ပေါ်လာတတ်ကြသည်။စပိန်နိုင်ငံရှိ ထိုမြို့၏ ကပ်ဆိုး အခါဆိုးကြီးထဲတွင်လည်း ကူညီမှု လက်ကမ်းသူများ ပေါ်လာ ကြသည်။သို့ရာတွင် ကပ်ဆိုး ဘီလူးကြီး၏အစွယ်မှာ အလွန်တရာ ထက်လှသောကြောင့် ခိုကိုးရာမဲ့ ဒုက္ခသည်များအား အကူအညီပေးရန် အတွက် ငွေကြေးသုံး၍မလောက် ဖြစ်နေသည်။

 

          ထို မြို့၌ ငွေကြေးတတ်နိုင် သော သူဌေးကြီးတစ်ဦး ရှိသည်။ ကယ်ဆယ်ရေးသမားများသည် ထိုသူဌေးကြီးကို သတိရကြသည်။သို့ရာတွင် တစ်ပြားကို နှစ်ပြားမှတ်ပြီး ခွာနေသော သူဌေးကြီး၏သတင်းသည် စပိန် တစ်နိုင်ငံလုံး၊ ကျော်ကြားနေသည်။သူဌေးကြီး ကပ်စေးနှဲပုံ ကြားရသဖြင့် ကယ်ဆယ်ရေးသမားများသည် သူဌေးကြီးထံမှ ရန်ပုံငွေ ကောက်ခံလိုသော်လည်းကောက်ခံ၍ မရနိုင်သည့်အခြေအနေ ဖြစ်နေကြသည် ။ဤတွင် အများအကျိုး သယ်ပိုးဆောင်ရွက်နေသူ တစ်မြို့လုံး ၏ လေးစားကြည်ညိုပြုခံရသော သူတော်စင် ကြီး တစ်ဦးသည် “ဒုက္ခရောက်နေသည့် လူတွေကို ကူညီခြင်းသည် လူ၏တာဝန် ဖြစ်သည်။သူဌေးကြီးထံ ချဉ်းကပ်ပြီး ရန်ပုံငွေရအောင် ကြိုးစားကြည့်မည်”ဟူ၍ စဉ်းစားပြီးလျှင် သူဌေးကြီးထံ သွားသည်။

          သူတော်စင်ကြီးကို တွေ့ရသောအခါ သူဌေးကြီး မျက်နှာပျက်သွား သည်။ ရပ်ရေးရွာရေး ပြည်သူလူထုအရေးကို သူတော်စင်ကြီး ကိုယ်ကျိုးမဖက် လုပ်ကိုင် ဆောင်ရွက်နေကြောင်း သူ ဌေးကြီးက သိသည်။ယခု ပလိပ် ကယ်ဆယ်ရေးတွင် သူတော်စင်ကြီးက ကမကထလုပ်ပြီး ဆောင်ရွက်နေသည် ဆိုသည်ကိုလည်း သူ ဌေးကြီး ကြားသိထားသည်။သူ့ထံ သူတော်စင်ကြီး ရောက်လာသောအခါ ကျိန်းသေ ငွေ အလှူခံတော့မည်ဟု သိသည့် အတွက် သူဌေးကြီး မျက်စေ့မျက်နှာ ပျက်နေသည် ။

          “သူဌေးကြီး၊ ကျုပ် သူဌေးကြီးဆီက ငွေအလှူခံဖို့လာတာ မဟုတ်ပါ ဘူး။သူဌေးကြီးဆီက ငွေတစ်ထောင် ချက်လက်မှတ် တစ်နေ့လောက် ယူထားချင် လို့ လာတာပါ။ဒီနေ့ ညနေပိုင်းကျရင် သူဌေးကြီး ငွေတစ်ထောင် ချက်လက်မှတ် ကို ပြန်ပေးမယီ"

          သူတော်စင်ကြီးက သူဌေးကြီးကို တစ်နေ့တာအတွက် ငွေတစ်ထောင် ချက်လက်မှက် ကောင်းသောအခါ သူဌေးကြီးသည် မစဉ်းစားတတ်အောင် ဖြစ် သွားသည်။ကပ်စေးနှဲ ကော်တရာ သူဌေးကြီးက မေးလိုက်သည်။

          “သူတော်စင်ကြီးပြောတာ ကျုပ် နားမလည်ဘူး။ငွေတစ်ထောင် ချက် လက်မှတ် လက်ထဲ တစ်ရက်လောက်ရှိနေရုံနဲ့ ဘာလုပ်မှာလဲ"

          သူတော်စင်ကြီးက ရိုးရိုးသားသားပင် ရှင်းလင်းပြောပြသည်။

          “သူဌေးကြီးဟာ ဒီမြို့မှာ အကြွယ်ဝ အချမ်းသာဆုံး ဖြစ်တယ်။

          သူဌေးကြီးရဲ့ ငွေတစ်ထောင် ချက်လက်မှတ်ကို မြင်ရလျှင် အခြား ငွေရှင်ကြေးရှင် တွေက ဒါလောက် ကပ်စေးနှဲတဲ့ သူဌေးကြီးတောင် ငွေတစ်ထောင် လှူဒါန်းနိုင်ရင် ငါတို့က ဘာဖြစ်လို့ နောက်ချန်နေရမှာလဲဆိုပြီး အပြိုင်အဆိုင် ရန်ပုံငွေတွေ လှူကြ ဖို့ ရှိတယ်။အဲဒီလိုဖြစ်လာရင် သူဌေးကြီးလည်း ငွေကြေး မစိုက်ထုတ်ရဘဲနဲ့ ကုသိုလ် ရလာမှာ မဟုတ်လား" ။

          ကပ်စေးနှဲ ကော်တရာသူဌေးကြီးသည် ယင်းအရောင်းအဝယ် အပေး အယူကို သဘောကျသွားပြီး ငွေတစ်ထောင် ချက်လက်မှတ်စေလျက် သူတော်စင် ကြီးအား ပေးလိုက်သည် ။မျှော်လင့်ထားသည့် အတိုင်းပင် သူဌေးကြီး၏ ငွေတစ်ထောင် ချက်ကို တွေ့မြင် ရသည်ဖြစ်၍ တခြားငွေရှင်ကြေးရှင်များသည် အလုအယက်ပင် ရန်ပုံငွေထည့် ကြသည်။ညနေပိုင်းရောက်သောအခါ ငွေထောင်ပေါင်းများစွာ ကောက်ခံရရှိသည်။ကပ်စေးနှဲ ကော်တရာ သူဌေးကြီးထံတွင် လည်း သူဌေးကြီး၏စေတနာကို ချီးကျူးထောမနာပြုရန် လာသူများ ဝင်လာမစ် တသဲသဲဖြစ်နေကြသည်။ ။

          ညနေပိုင်းကိစ္စပြီးသောအခါ သူဌေးကြီးထံ ရောက်လာပြီး ချက်ပြန်ပေး သည်။သို့ရာတွင် သူဌေးကြီးက ချက်ကို ပြန်ယူရန် ငြင်းဆန်နေသည်။ဤတစ်ကြိမ် ကား သူတော်စင်ကြီး အံ့ဩရသည့်အလှည့် ဖြစ်သည်။နားမလည်သည့်ပုံဖြင့် သူဌေးကြီးကို မေးလိုက်သည်၊

          “ဘယ့်နှယ့်လဲ သူဌေးကြီး၊ ကျုပ် ကတိအတိုင်း ချက်ချင်းပြန်ပေးတယ် နော်။သူဌေးကြီး ဘာလို့ ပြန်မယူတာလဲ" သူဌေးကြီးသည် နောက်ထပ် ငွေတစ်ထောင် ချက်တစ်ရွက်ကို ဖြတ်လိုက်ပြန်သည်။ နောက်ထပ် ချက်အသစ်ကို ပါ သူတော်စင်ကြီးလက်ထဲ ထည့်လျက် ပြောလိုက်သည်။

          ဒီကနေ့အထိ အလှူဒါန၏ တန်ဖိုးကို ကျုပ် နာမေလည်ခဲ့ပါဘူး။အလှူ ဒါနပြုတဲ့ကိစ္စမှာ ပီတိသုခကို ခံစားလို့ ရပါကလားဆိုတဲ့အသိ ဒီနေ့ပဲ ကျုပ်သူဌေးကြီးသည် တအောင့်နားပြီးလျှင် တည်ငြိမ်လေးနက်သောအသံဖြင့် ဆက်ပြောပြန်သည်။

          “ချမ်းသာသုခရလိုတဲ့အတွက် ကျုပ် ဥစ္စာနေကို စုဆောင်းရှာဖွေလာခဲ့ တာ ဖြစ်တယ် ။မဆိုစလောက်လေး ပေးလှူရုံနဲ့ ဒါလောက် ချမ်းသာသုံးရတယ် "

          ဖြစ်ရတယ်ဆိုတာ ဒီကနေ့ ကျပ် နားလည်သဘောပေါက်လာတယ်။ မဆိုစလောက် ပေးလှူရုံလေးနဲ့ ဒါလောက် ချမ်းသာသုခဖြစ်ရင် မိမိရှိသမျှ မရှိဆင်းရဲသားများကို ပေးလှူပြီး ဘာဖြစ်လို့ အတိုင်းမရှိတဲ့ ချမ်းသာ သုခရရှိအောင် မလုပ်နိုင်ရမှာလဲ”

          ယင်းသို့ပြောပြီးလျှင် သူဌေးကြီးသည် ထ လိုက်လေသည်။ ထို့နောက် သူတော်စင်ကြီးနှင့်အတူ လက်တွဲ၍ ကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ရန် ထွက်သွားလေသည်။

 

          လွန်ခဲ့သော နှစ်တစ်ရာနီးပါးခန့်က အဖြစ်အပျက် ဖြစ်သည်။ ထိုအချိန်က ရဟန္တာပုဂ္ဂိုလ်တစ်ပါးဟု လူအများ၏ နှုတ်ဖျားတွင် ရေပန်းစားနေသော ဆရာတော်ကြီးတစ်ပါး ရှိသည်။အရညကင် ဓူတင်ဆောင် ရဟန်းတော်ဖြစ်သည့်အတိုင်း ဆရာတော်ကြီးသည် အရညဝါသီ တောမှီနေလေ့ရှိသည်။ဆရာတော်ကြီး၏ အကျင့်သိက္ခာနှင့် သီလသမာဓိကြောင့် လူအတော်များများက ဆရာတော်ကြီးကို ရဟန္တာ ဟု သတင်းလွှင့်နေကြခြင်း ဖြစ်သည်။ ဆရာတော်ကြီး ကိုယ်တိုင်ကမူ အရညဝါသီ တောမှီရဟန်းတစ်ပါးအဖြစ် နေထိုင်လျက် တရားအကျင့် ကျင့်သုံးနေထိုင်ပြီး မိမိ ရဟန္တာဖြစ်ကြောင်း အရိပ်အမြွက်မျှပင် မပြပေ။ ရဟန်းတို့မည်သည် မိမိတို့ တရားအမြင် ပေါက်ရောက်ပြီး အာသဝေါ ကုန်ခန်းသော ရဟန္တာအဆင့် ရောက်ရှိနေပြီဟူ၍ စကားဖြင့် ထုတ်ဖော် မပြောကြားရရုံမျှသာမက ရဟန္တာဖြစ်ကြောင်း အရိပ်အမြွက်မျှပင် မပြရ ပေ ရဟန်းကိစ္စပြီးမြောက်နေသူများသည် ယင်းကဲ့သို့ ပြုလုပ်ရပေ။ အမှန်က ရဟန်းကိစ္စပြီးမြောက်နေသူများသည် မည်သည့်ပုဂ္ဂိုလ်မျှ မိမိတို့ ရဟန်းကိစ္စပြီးမြောက်နေပြီဟု ထုတ်ဖော်ပြောပြခြင်း မရှိပေ။ သို့သော် လည်း ရဟန်းကိစ္စပြီးမြောက်ဖို့ အလှမ်းဝေးနေသူများထဲက တချို့မှာ ပုထုဇဉ်ဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကို သီတင်လိုသည့်အတွက် ရဟန်းကိစ္စပြီးမြောက်သူ ဖြစ်နေပြီဟူ၍ အရိပ်အမြွက်ပြသူများ ရှိတတ် ကြသည်။ယင်းပုဂ္ဂိုလ်များအတွက် မြတ်စွာဘုရားက အကြီးမားဆုံး သိက္ခာပုဒ် ပညတ်ထားတော်မူခဲ့သည် ။မိမိကိုယ်မိမိ ရဟန်းကိစ္စ ပြီးမြောက်ပြီဟူ၍ ထုတ်ဖော်ပြောပြသူ၊ အရိပ်အမြွက်ပြသူ ရဟန်းသည် မြတ်စွာဘုရား ပညတ်ထားတော်မူသော ပါရာဇိက သိက္ခာပုဒ် လေးပါး ထဲက တစ်ပါးနှင့် ငြိစွန်းနေသည်ဖြစ်၍ ရဟန်းဘဝက လျှောကျသွားရသည်။တချို့က ဒလန်ကို အသုံးပြု၍လည်းကောင်း၊ ဒလန်လုပ်သူများကိုယ်တိုင် သူတို့လိုလားသော ရဟန်းပုဂ္ဂိုလ်အတွက် သတင်းဖြန့်၍လည်းကောင်း ဤမည် သော ရဟန်းသည် ရဟန်းကိပြီးမြောက်နေပြီဟူ၍ သတင်းဖြန့်ကြသည်။

          ယခု ရေးသားဖော်ပြမည့် ဆရာတော်ကြီးကား သူကိုယ်တိုင်ကလည်း ရဟန်းကိစ္စပြီးမြောက်နေပြီဟူ၍ အရိပ်အက်ခြင်း မရှိပေ။ဆရာတော်ကြီးအား ရဟန်းကိစ္စပြီးမြောက်နေပြီဟူ၍ သတင်းဖြန့်သူများကလည်း ဒလန်သဘောမျိုးနှင့် သတင်းဖြန့်ခြင်းမဟုတ်ဘဲ ဆရာတော်ကြီးအား အမှန်တကယ် ရဟန္တာဖြစ်ပြီဟူ၍ ထင်မှတ်ကြသောကြောင့် သတင်းဖြန့်နေကြခြင်း ဖြစ်သည်။ ဆရာတော်ကြီးသည် အရညဝါသီအဖြစ်နှင့်သာ နေလာခဲ့သော ပုဂ္ဂိုလ်ဖြစ်၍ ရပ်ထဲရွာထဲ၌ မိမိအကြောင်း သတင်းပျံ့နှံ့နေသည်ဆိုသည်လည်း မသိပေ။တောတွင်း၌သာလျှင် ရုက္ခမူအကျင့် ကျင့်လျက် တပည့်ကပ္ပိယတစ်ယောက်နှင့် နေထိုင်သီတင်းသုံးနေသည်။တစ်နေ့ သ၌ နံနက်စောစောအချိန် မီးဖိုပြီး ဆရာတော်နှင့် ကပ္ပိယ မီးလှုံနေကြသည်။ ထိုအခိုက် ကျားကြီးတစ်ကောင်သည် ဆရာတော်နှင့် ကပ္ပိယ မီလှုံသောနေရာတွင် လာရောက်ပေါင်းဆုံပြီး မီးလှုံသည်။ ယင်းကဲ့သို့ ဆရာတော်တို့နှင့်အတူ ကျားကြီး တစ်ကောင်လာပြီး မီးလှုံသည်မှာ တစ်နေ့တစ်ရက်မျှသာ မကပေ။ထိုကဲ့သို့ပင် ဆရာတော်နှင့် ကပ္ပိယတို့ မီးလှုံသောဒါလာနေကျ ကျားကြီးလည်း လာရောက် မီးလှုံလေ့ ရှိသည်။ မီးလှုံနေကြဖိုက် ဆရာတော်လည်း မီးလှုံရင်း၊ တရားနှလုံးသွင်း ရင်း မေတ္တာဘာဝနာ ပွားများနေသည်။ကပ္ပိယကမူ ယောက်မသည် ဟင်း၏ အရသာ မသိသကဲ့သို့ တရားရှင် ဆရာတော်ကြီးနှင့် နီးနီးကပ်ကပ်နေရသော်လည်း တရားနှင့် ဒုံးဝေနေသူ ဖြစ်သည် ကပ္ပိယသည် တောင်တွေးမြောက်တွေးရင်း စိတ် ဖောက်လာပြီး မီးလှုံဖော် မီးလှုံဖက် ကျားကြီးကို မီးစနှင့် ထိုးလိုက်ရဟု စိတ်ကူး ကြည့်လိုက်သည်။ထိုအဖိုက် ကျားကြီးက ကပ္ပိယကိုလှမ်းကြည့်ပြီး တစ်ချက် ဟိန်းလိုက်သည်။ရုတ်တရက် ကျားကြီး၏ဟိန်းသံ ထွက်ပေါ်လာသောအခါ ကပ္ပိယသည် အထိတ်တလန့် ဖြစ်သွားပြီး ဆရာတော်ကြီးအနီး ကပ်သွား ဆရာတော်ကြီး၏ ခြေထောက်ကို လှမ်းဖက်လိုက်သည် ။ကျားကြီးသည် ဆရာတော်၏ မေတ္တာရိပ်တွင် သွားရောက်ခိုလှုံသော ကပ္ပိယကို မည်သို့မျှ ရန်မမူဘဲ သူသွားနေကျနေရာသို့ ပြန်လည်ထွက်ခွာသွားသည်။

 

          လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ဖိဝါဒေလဖိယာ၌ ဖရင့်ကလင် အမည်ရှိ လူတစ်ယောက်သည် သူ့အိမ်ရှေ့၌ တိုင်တစ်တိုင်စိုက်ထူပြီး တိုင်ထိပ်တွင် မီးအိမ်တစ်အိမ် ဆွဲထားသည်။ယင်းမီးအိမ်တိုင်သည် ကမ္ဘာပေါ်၌ရှိသော မီးအိမ်တိုင် များထဲက အစောဆုံး မီးအိမ်တိုင် ဖြစ်သည်။ထိုအချိန်က ဒရင့် ကလင်၏ အိမ်နီးနားချင်းများက ဖရင့်ကလင်၏ အပြုအမူကိုကြည့်ပြီး ရယ်ကြသည်။

          “အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို ဘာဖြစ်လို့ လုပ်ရတာလဲ ”ဟူ၍လည်း ကဲ့ရဲ့ သဂြိုဟ် စကားတင်းဆိုကြသည်။သူ့မိသားစုကပင် “အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို လုပ်ပြီး ဘာကြောင့် ပိုက်ဆံဖြုန်းချင်ရတာလဲ”ဟု မေးကြသည်။

          ဖရင့်ကလင်က ရှင်းလင်းပြောပြသည်။ “ညအခါ လမ်းမှာ မှောင်တယ် မဟုတ်လား။လူတွေ မလုတ်တိုက်ပြီး လဲကြတယ်။လမ်းပေါ်မှာ မီးအိမ်တစ်အိမ် ရှိနေရင် မီးအိမ်က အလင်းရောင်နဲ့ လူတွေ အခက်အခဲမရှိဘဲ လမ်းသွားလို့ ရတယ်”ဟု ပြောပြသည်။ ။

          နေ့ရက်အတန်ငယ်ကြာသွားသောအခါ လူအတော်များများ ဖရင့်ကလင် ၏အလုပ်ကို ချီးကျူးသြဘာပေးကြသည်။ညအချိန် ထိုလမ်းက ဖြတ်သွားသူများ သည် ဖရင့်ကလင်ကို ကျေးဇူးတင်စကား ပြောကြသည်။ဖရင့်ကလင် လုပ်သည်ကို အတုယူလျက် လူပေါင်းများစွာတို့ကလည်း သူတို့၏အိမ်ရှေ့၌ မီးအိမ်တိုင် ဖိုက်ထူကြသည်။

          ယင်းမီးအိမ်တိုင် စိုက်ထူသော အလေ့အထသည် ဖိဝါဒေလဖိယာမှ ကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားသည်။ယနေ့ မီးအိမ်တိုင်၊ ဓာတ်မီးတိုင် မရှိသောမြို့ ဟူ၍ ကမ္ဘာပေါ်မှာ ရှိလိမ့်မည်မဟုတ်ပေ။

          ယင်းသို့ အားဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ပြည်သူ့အကျိုး ဆောင်ရွက်ချက်သည် ကြည့်ရင်းကြည့်ရင်း ကမ္ဘာတစ်ခွင်လုံး အလင်းရောင်ပြန့်ပွား သွားစေခဲ့သည်။ နာနကသည် ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကပင် သူတော်သူမြတ်များကို လေးစားကြည်ညိုသူ ဖြစ်သည်။သူတော်သူမြတ် များနှင့် တွေ့ဆုံရသည့်အခါများ၌လည်းကောင်း၊ ကား ဆွေးနွေးပြော ကြားနေရသည့်အခါများ၌လည်းကောင်း ထမင်းမေ့ဟင်းမေ့ ဖြစ်နေ တတ်သည်။ယင်းကဲ့သို့ သော နေ့ရက်မျိုး တစ်ရက်မက များပြားလာသောအခါ ထမင်းစားချိန် မမှန်ဘဲ သူ၏ကိုယ်ခန္ဓာ ကျုံလှီလာသည်။ မိမိသား၏ အခြေအနေကို တွေ့မြင်ရသောအခါ ဖခင်ဖြစ်သူသည် ရွာထဲ က သမားတော်တစ်ယောက်ကိုပင့်ပြီး သူ့သားကို ဆေးဝါးကုပေးပါဟု ပြောပြသည်။

          သမားတော်ဖြစ်သူ ဟဒါဆသည် နာနက၏ လက်ကိုကိုင် ပြီး သွေးစမ်းကြည့်မည်လုပ်သည့်အခါ လုလင် နာနကက သူ့လက်ကို ပြန်ရုပ်သိမ်းပြီး “ကျွန်တော့်လက်ကို ဆရာ ဘာဖြစ်လို့ ကိုင်တာလဲ”ဟု မေးလိုက်သည်ဟရိဒါဆက “မင်း ဘယ်လိုဝေဒနာမျိုး ခံစားနေရတယ် ဆိုတာ သိဖို့ အတွက် သွေးစမ်းကြည့်လို့ မင်းလက်ကိုကိုင်တာ၊ သွေးစမ်းကြည့်ပြီးမှ ဘာရောဂါဖြစ်နေတယ်ဆိုတာသိပြီး ဆေးပေးလို့ ရမှာ”ဟု ပြန်ပြောသည်။

           ဂုရု နာနက က ပြန်ပြောသည်။“ဝေဒနာ စွဲကပ်နေတာ ကျုပ် ကိုယ်ခန္ဓာ မဟုတ်ဘူး။ ဆရာကြီးရဲ့ ဦးနှောက်မှာသာ ဝေဒနာ စွဲကပ်နေ တာ။ကျွန်တော့်ဝေဒနာ ပျောက်သွားအောင် မကုခင် ကိုယ့်ဝေဒနာ ပျောက်အောင် ကုစမ်းပါဦး”ဟု ပြန်ပြောသည်။ဟရိဆက “ကျုပ် ဘာရောဂါမှ မဖြစ်ဘူး၊ကျန်းကျန်းမာမာရှိနေတဲ့ လူတစ်ယောက်"ဟု ပြန်ပြောသောအခါ ဂူရ နာနက နက “ဆရာကြီးဟာ ဇာတီနှင့် မရဏ ပတ်သက်နေတဲ့ ရောဂါဝေဒနာ စွဲကပ်နေသူဖြစ်တယ်။အဲဒီရောဂါဝေဒနာ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)