Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ဟိမဝန္တာယောဂီ

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out

                                                                  ကမ္မသည်ပြုသူ

          ဥရိယဗာဗာအမည်ရှိ ယောဂီတစ်ဦး၏အကြောင်းကို ကျွန်ုပ် အကြိမ်များစွာ ကြားရ သည်။ ဥရိယဗာဗာသည် သူ၏ ပညာနှင့်ပတ်သက်၍လည်းကောင်း၊ သူ၏ တရား အလုပ်နှင့်ပတ်သက်၍ လည်းကောင်း၊ အလွန်ထင်ရှားကျော်ကြားသော ယောဂီပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သည်။ ဗရိန္ဒာဗန်၌ နေသည်။

ကျွန်ုပ်၏ဆရာအရှင်က ကျွန်ုပ်ကို ထိုယောဂီပုဂ္ဂိုလ်ကြီးနှင့် အတူနေထိုင် ရန် စေလွှတ်လိုက်သည်။ ကျွန်ုပ်ကို ကောင်းကောင်းသိနေသော ယောဂီကြီး၏တပည့် တစ်ဦးက ကျွန်ုပ်ကို ဗရိန္ဒာဗန်သို့ ခေါ်သွားသည်။ ဗရိန္ဒာဗန်ရောက်ရှိသွားသောအခါ ထိုယောဂီပုဂ္ဂိုလ်ကြီးကို တွေ့ ရန်အတွက် စောင့်နေကြသော ရာပေါင်းများစွာသော လူတို့ ကို တွေ့မြင်ရသည်။ သူ၏တပည့်က ကျွန်ုပ်ရောက်ရှိလာသည့်အကြောင်း ယောဂီ ကြီးအား သွားအကြောင်းကြားသည်။ ယောဂီကြီးသည် သူ၏တပည့်အား ကျွန်ုပ်ကို သူ့အခန်းထဲခေါ်သွားရန် ညွှန်ကြားသည်။ ။

ထိုယောဂီပုဂ္ဂိုလ်ကြီးသည် အသက် ၆၅ နှစ်ခန့်ရှိလိမ့်မည်။ အရပ်ပုပျပ်ပျပ် ဖြစ်သည်။ မြောက်ပိုင်းအိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးသော ပညာရှင်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ ယောဂီကြီးတွင် တစ်ပြည်လုံး၌ နောက်လိုက်တပည့်များ အများ အပြားရှိသည်။ ကျွန်ုပ်အပေါ်တွင်လည်း ယောဂီကြီးသည် အလွန်တရာ ထောက်ထား ငဲ့ညှာသော စိတ်ထားရှိသည်။

ညနေချမ်းအချိန်များ၌ ကျွန်ုပ်တို့သည် ယမုံနာမြစ်ကမ်းပါးသို့ ကိုယ်လက် သန့်စင်ရန် သွားလေ့ရှိကြသည်။ တစ်ခုသော ညနေချမ်းအချိန်၌ ကျွန်ုပ်က ယောဂီကြီးအား “လောကီလူ့ဘောင်ကို စွန့်ခွာခြင်းသည် လူ့လောကထဲတွင် နေခြင်းထက် သာလွန်သလား၊ မည်သည့်အရာက မှန်ကန်သောလမ်းစဉ် ဖြစ်ပါသလဲ” ဟု မေးကြည့် သည်။ ထိုအချိန်အတောအတွင်း ကျွန်ုပ်သည် ကမ္မနှင့်ပတ်သက်သော ဒဿနသဘော တရားကို လေ့လာနေသည်။ ကမ္မဟူသည်မှာ အကြောင်းနှင့် အကျိုးတရား ဖြစ်သည် ဟူ၍ ကျွန်ုပ်သိထားသည်။ ကမ္မ၏ ယင်းအမြွှာနိယာမတရားမှ လွတ်မြောက်ဖို့ရန် ခက်ခဲသည်ဟူ၍လည်း သဘောပေါက်ထားသည်။

ယောဂီကြီးက ကျွန်ုပ်ကို ပြောပြသည်။ “လူတိုင်း လူတိုင်း လောကီ လူ့ ဘောင်က ထွက်ခွာသွားဖို့ မလိုပါဘူး။ လောကီလူ့ဘောင်က ထွက်ခွာသွားတဲ့ လမ်းစဉ် ကို လိုက်ဖို့ဆိုတာ အလွန်တရာ ခက်ခဲတယ်၊ အမှန်က လောကီလူ့ဘောင်မှာရှိနေတဲ့ အရာဝတ္ထုတွေကို စွန့်လွှတ်ဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူသားတစ်ယောက် အနေနှင့် ဘယ်လို ပစ္စည်းဝတ္တုမျိုးကိုမှ အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ အတွက် ဖြစ်တယ်။ ဒါကြောင့် အရာဝတ္တုတစ်ခုခုကို စွန့်လွှတ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အစွဲကိုတော့ စွန့်လွှတ်ရလိမ့်မယ်။ ။

“လောကီလူ့ဘောင်ထဲမှာ နေနေ၊ လောကီလူ့ဘောင်အပြင်ဘက်မှာနေနေ ဒါလောက် ထူးခြားမှုရှိတာ မဟုတ်ဘူး။ ကမ္ဘာလောကရှိ အရာဝတ္ထုများကို တပ်မက် ခြင်းဟာ ဒုက္ခ၏အကြောင်းဖြစ်တယ်။ ဘယ်အရာဝတ္ထုကိုမဆို တွယ်တာ တပ်မက် ခြင်း ကင်းတဲ့ ပုဂ္ဂိုလ်ဟာ ကမ္မ၏အနှောင်အဖွဲ့ မှ လွတ်မြောက်မှုရရှိတယ်။ လုပ်ငန်းဆောင်တာ ပြုလုပ်မှုလမ်းပေါ် လျှောက်သွားတဲ့လူဟာ မိမိတာဝန်ဝတ္တရားများကို စွန့် ပယ်ခြင်းမပြုလုပ်ဘဲ ကိုယ်ကျိုးကို ဘေးဖယ်ထားပြီး ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်

ဆောင်ရွက်ဖို့လိုတယ်။ လောကီလူ့ဘောင်က ထွက်ခွာသွားတဲ့လူဟာ လောကီအရာ ဝတ္ထုများကို စွန့်ပယ်ပြီး လောကီအရာဝတ္ထုများနှင့် ဝေးရတန့် ထွက်ခွာသွားကြတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ဟာ မဆောင်ရွက်လျှင် မဖြစ်တဲ့ သူ၏တာဝန်ဝတ္တရားများကိုလည်း ပြုလုပ်ဆောင်ရွက်တယ်။

“လောကီလူ့ဘောင်ထဲမှာ အိမ်ထောင်ရှင်များအနေနှင့် နေထိုင်ကြတဲ့ လူတွေ ကလည်း မလုပ်လျှင်မဖြစ်တဲ့ မိမိတို့၏ တာဝန်ဝတ္တရားများကို လုပ်ကိုင်ဆောင်ရွက် ကြတယ်။ မိမိတို့လုပ်ကိုင်ဆောင်ရွက်ချက်များ၏ အသီးအပွင့်များကိုရယူပြီး သုံးစွဲကြတဲ့ အဲဒီလူတွေဟာ တစ်ကိုယ်ကျိုးကြည့်သမားများဖြစ်လာကြပြီး မိမိတို့အတွက် အကျပ် အတည်းပေါင်းများစွာကို ပြုလုပ်ဖန်တီးကြတယ်။ အဲဒီလူများဟာ မိမိတို့ကိုယ်တိုင် ဖန်တီးတဲ့အနှောင်အဖွဲ့ မှ လွတ်မြောက်မှုရရှိရန်အတွက် အခက်အခဲရှိလာကြတယ်။

အကယ်၍ သံယောဇဉ်တွယ်တာမှု မှန်သမျှနှင့် အိုးအိမ်ပိုင်ဆိုင်မှုအစွဲကို မစွန့်လွှတ်ကြ လျှင် လောကီလူဘောင်စွန့်ခွာသွားတဲ့ လမ်းစဉ်လည်း ဒုက္ခနှင့် ကြုံလာရလိမ့်မယ်၊ အကယ်၍ အိမ်ထောင်ရှင်များအနေနှင့် ပစ္စည်းဝတ္ထုများကို တွယ်တာပြီး ကိုယ်ကျိုး ကြည့်မှုနှင့် ပိုင်ဆိုင်မှုကို အားကောင်းလာအောင် ပြုလုပ်မယ်ဆိုလျှင်လည်း အဲဒီလို ပြုလုပ်တာဟာ မိမိတို့အတွက် ဒုက္ခကို ဖန်တီးခြင်းပင်ဖြစ်ပေလိမ့်မယ်။

“ဘဝ၏ ရည်မှန်းချက်အောင်မြင်ထမြောက်ရန်အတွက် လောကီလူ့ဘောင် ထဲမှာနေနေ၊ လောကီလူ့ဘောင်အပြင်ဘက်မှာနေနေ မိမိတာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ဖို့လိုတယ်။ လောကီလူ့ဘောင်က ထွက်ခွာသွားတဲ့ လမ်းစဉ်နှင့် လောကီ လူ့ဘောင်ထဲမှာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်တဲ့ လမ်းစဉ်ဟာ နှစ်မျိုးနှစ်စား ကွဲပြားခြားနားနေပေမယ့် နှစ်မျိုးလုံး မိမိ၏လွတ်မြောက်မှုရရှိရန်အတွက် ညီတူညီမျှပင် အကျိုးပြုတယ်။ လမ်းစဉ်တစ်ခုက စွန့်လွှတ်မှုလမ်းစဉ်ဖြစ်ပြီး အခြားလမ်း စဉ်တစ်ခုက အနိုင်ရရှိမှု လမ်းစဉ်ဖြစ်တယ်”

ယောဂီကြီးက တစ်ဖန် ပြောပြန်သည် ကမ္မနိယာမဟာ အားလုံးအတွက် ညီတူညီမျှ အသုံးချလို့ရတဲ့ လမ်းစဉ်ဖြစ်တယ်။ ကျွန်ုပ်တို့၏အတိတ်က သင်္ခါရများ ဟာ မသိစိတ်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြတယ်။ အဲဒီအတွင်း ငုပ်နေတဲ့ သင်္ခါရများဟာ သို့မဟုတ် အမှတ်သညာများဟာ အမျိုးမျိုးအပြားပြားသော အတွေး အကြံ ရေမြှုပ်များကို ဖန်တီးပြီး မိမိတို့၏စကားနှင့် အလုပ်များမှတစ်ဆင့် သူ့အလိုကို ပေါ်လာကြတယ်။ ယောဂီတစ်ဦးဦးအနေနှင့် အဲဒီသင်္ခါရများမှ လွတ်မြောက်မှုရရှိနိုင် တယ်။ အဲဒီအမှတ်သညာများဟာ မိမိတို့သင်္ခါရများ၏အိပ်ရာမှာ အခိုင်အမာရှိနေကြတယ်။

သံယောဇဉ်ကင်းပြတ်မှု သို့မဟုတ် ကိုယ်ကျိုးမကြည့်မှု မီးထဲမှာ အဲဒီ သင်္ခါရ များကို လောင်ကျွမ်းသွားအောင် ပြုနိုင်တဲ့လူများဟာ မိမိတို့ကိုယ်တိုင် ဖန်တီးပြုလုပ် ထားတဲ့ အနှောင်အဖွဲ့ က လွတ်မြောက်သွားအောင် ပြုလုပ်နိုင်ကြတယ်။ မီးလောင် ထားတဲ့ကြိုးဟာ ချည်နှောင်လို့ရတဲ့ စွမ်းအားမရှိတော့ပြီဖြစ်သော်လည်း ကြိုးအဖြစ် နှင့်တော့ တွေ့မြင်နေရသလိုဖြစ်တယ်။ အတွင်းငုပ်နေတဲ့ အမှတ်သညာများ သို့မဟုတ် သင်္ခါရများဟာ မသိစိတ်မှာရှိနေကြပေမယ့် ပညာမီးဖြင့် လောင်ကျွမ်းသွားပြီဖြစ်တဲ့ အတွက် အညွန့်အညှောက်ပေါက်လာနိုင်တဲ့ စွမ်းအားကုန်ခန်းသွားပြီဖြစ်၍ မည်သည့် အခါမျှ ကြီးထွားလာတော့မှာ မဟုတ်ပေ။ မီးလောင်ကျွမ်းထားတဲ့ အမှတ်သညာများ သို့မဟုတ် သင်္ခါရများဟာ မီးအုံးထားတဲ့ ကော်ဖီစေ့လို ဖြစ်သွားတယ်။ မီးအုံးထားတဲ့ ကော်ဖီစေ့ကို ကော်ဖီဖျော်ဖို့အတွက် အသုံးပြုနိုင်ပေမယ့် အဲဒီကော်ဖီစေ့များဟာ ကော်ဖီပင် အညွန့်အညှောက် ပေါက်လာနိုင်တဲ့အစွမ်းမရှိတော့ဘူး။ သင်္ခါရအမျိုးအစား နှစ်ခု ရှိတယ်။ သင်္ခါရ အမျိုးအစား တစ်ခုက ဘာဝနာလမ်းစဉ်မှာ အကူအညီအထောက်အပံ့ ဖြစ်ပြီး အခြားသင်္ခါရအမျိုးအစားတစ်ခုက ဘာဝနာလမ်းစဉ်မှာ အနှောင့်အယှက် အဟန့်အတားဖြစ်စေတယ်။

“သံယောဇဉ်တွယ်တာမှု ကင်းပြတ်ခြင်းဟာ အတိတ်က သင်္ခါရများ၏ ချည် နှောင်တတ်တဲ့ စွမ်းအားကို လောင်ကျွမ်းစေတဲ့ မီးနှင့်ပမာတူတယ်။ လောကီလူ့ဘောင် ကို စွန့်ခွာခြင်းအားဖြင့် ရရှိတဲ့အကျိုးထူးတရားကို အိမ်ထောင်ရှင်များအနေနှင့်လည်း ပစ္စည်းဝတ္ထုများအပေါ် သံယောဇဉ်တွယ်တာမှုကင်းခြင်း အလေ့အကျင့် ပြုလုပ်ခြင်း အားဖြင့် ရရှိနိုင်တယ်။ လောကီလူ့ဘောင်က ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်ဟာ လောကီ လူ့ဘောင်၏ အပြင်ဘက်မှာ ဉာဏ်အလင်းကို ရရှိပြီး အိမ်ထောင်ရှင်က လောကီလူ့ ဘောင်ထဲမှာ ဉာဏ်အလင်းကို ရရှိနိုင်တယ်။

“အရာဝတ္ထုများအပေါ်မှာ သံယောဇဉ်တွယ်တာမှုကင်းပြတ်ခြင်းဟာ လျစ် လျူရှုခြင်း သို့မဟုတ် ချစ်ခင်ကြင်နာမှုကင်းခြင်းဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူး။ သံယောဇဉ်တွယ်တာမှုကင်းကင်းနှင့် ချစ်ခင်ခြင်းဟာ တစ်မျိုးတစ်စားတည်း ဖြစ်တယ်။ သံယောဇဉ်တွယ်တာမှုကင်းခြင်းက လွတ်မြောက်မှုကိုပေးပြီး သံယောဇဉ်ကပ်ညှိ တွယ်တာခြင်းက အနှောင်အဖွဲ့ ကို ဖြစ်ပေါ်စေတယ်။ သံယောဇဉ်တွယ်တာမှုကင်းခြင်း အားဖြင့် အိမ်ထောင်ရှင်ဟာ မိမိဘဝ၏ ရည်မှန်းချက်ကိုသိရှိပြီး မိမိ၏တာဝန်ဝတ္တရား ကို ကိုယ်ကျိုးမဖက်ဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ အိမ်ထောင်ရှင်၏လုပ်ကိုင်ဆောင်ရွက်ချက်များသည် အိမ်ထောင်ရှင်အတွက် အကျိုးရှိရာရှိကြောင်း နည်းလမ်းများ ဖြစ်လာလိမ့်မယ်။

“လောကီလူ့ဘောင်က စွန့်ခွာထွက်သွားတဲ့ တရားရှင်ပုဂ္ဂိုလ်ဟာ မိမိဘဝ ၏ရည်မှန်းချက်ကို အမြဲတစေ သိရှိနားလည်နေလျှင် ဉာဏ်အလင်း ရရှိလာနိုင်တယ်။ သံယောဇဉ်ကင်းပြတ်ပြီး လောကီလူ့ဘောင်က စွန့်ခွာထွက်သွားခြင်းဟာ အသိစိတ်ကို ဖြန့်ကြက်ထားတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ မိမိအသိစိတ်ဓာတ်ကို ဖြန့်ကြက် တဲ့ နည်းလမ်းတတ်မြောက်ထားလျှင် သို့မဟုတ် အားလုံး၏အသိစိတ်နှင့် ပေါင်းစည်း ထားလျှင် မိမိ၏ကမ္မအနှောင်အဖွဲ့ ထဲမှာ မနေရတော့ဘူး။ ကမ္မ၏အနှောင်အဖွဲ့ ထဲက အပြည့်အဝလွတ်လပ်မှုရရှိသွားလိမ့်မယ်”

“အဲဒီလို ပုဂ္ဂိုလ်ထူးများဟာ သူတစ်ပါးတို့ကိုလည်း လွတ်မြောက်မှုလမ်း ကြောင်းပြနိုင်တဲ့ စွမ်းအားရှိသူများဖြစ်ကြတယ်။ အဲဒီ ပုဂ္ဂိုလ်ထူးများဟာ လောကီ