Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ဟိတောပဒေသ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

                                                                    စကားချီး

ဂင်္ဂါမြစ်ကမ်းပါး၌ ပါဋလိပုတ်(ယခုပတ္တနား) အမည်ရှိသော မြို့တစ်မြို့ ရှိလေ ၏။ ထိုမြို့၌ မင်းဂုဏ် မင်းအင်္ဂါနှင့် ညီညွတ်ပြည့်ဝသော သုဒဿနအမည်ရှိ ဘုရင်တစ်ပါး စိုးမိုးအုပ်ချုပ်နေလေသည်။ အခါတစ်ပါးဝယ် ထိုဘုရင်သည် တစ်စုံတစ်ဦးထံမှ သြဝါဒစကားနှစ်ရပ်ကို ဤသို့ ကြားသိရသည်။

ယုံမှားသံသယအားလုံးကို ပယ်ဖျောက်ရှင်းလင်းနိုင်သော၊ မျက်ကွယ် အကျိုးကို ပြတတ်သော ကျမ်းဂန်စာပေသည်သာလျှင် လူအားလုံး၏ မျက်စိ ဖြစ်၏။ ကျမ်းဂန်စာပေမျက်စိမရှိသူသည် သူကန်း ဖြစ်၏။

အသက်အရွယ် ပျိုမျစ်ခြင်း၊ ဥစ္စာဓနကြွယ်ဝခြင်း၊ အစိုးရခြင်း၊ အသိပညာ မဲ့ခြင်း၊ ယင်းလေးမျိုးအနက် တစ်မျိုးမျိုးသည်ပင် အကျိုးမဲ့ပြုတတ်၏ ။ လေးမျိုး စလုံးရှိသူအတွက်မူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။

ထိုအခါ ကျမ်းဂန်စာပေမသင်ကြားဘဲ လမ်းလွဲလိုက်နေကြသည့် သားတော် များအတွက် စိတ်လက်မသက်မသာဖြစ်ပြီးလျှင် ဤသို့ အကြံဖြစ်ပေါ်မိလေသည်။

ပညာမရှိ တရားမသိသော သားမျိုးကို မွေးဖွားရသဖြင့် အကျိုးကျေးဇူး မရှိပေ။ ကန်းနေသော မျက်စိသည် ဘာမျှအသုံးမဝင်။ နာကျင်ကျိန်းစပ်ရုံအတွက် သက်သက်သာလျှင် ဖြစ်သည်။

မမွေးရသေးသောသား၊ သေဆုံးသွားသောသား၊ မိုက်သောသား၊ ယင်းသား သုံးမျိုးအနက် ပထမနှင့် ဒုတိယသား နှစ်မျိုးသည် တစ်ကြိမ်သာလျှင် ဒုက္ခပေး တတ်၏။ တတိယသားမျိုးကား အစဉ်တစိုက် ဒုက္ခပေးတတ်သည်။

ကိုယ်ဝန်ပျက်ခြင်းသည်လည်းကောင်း၊ မယားနှင့် အတူမနေခြင်းသည် လည်းကောင်း၊ သားမွေးပြီး သေဆုံးသွားခြင်းသည်လည်းကောင်း၊ သမီးဖွားလာခြင်းသည်လည်းကောင်း၊ မြုံနေခြင်းသည်လည်းကောင်း၊ ဝမ်းတိုက်ထဲ၌ပင် ပဋိသန္ဓေတည်နေခြင်းသည်လည်းကောင်း မြင့်မြတ်သေး၏။ သို့ရာတွင် ရုပ်ဆင်း လှပပြီး အဆင်တန်ဆာ ဆင်ယင်ထားသည့်သား ဖြစ်စေကာမူ ပညာမဲ့က မမြင့် မြတ်ပေ။

မိမိအမျိုးအနွယ် ဂုဏ်တက်စေသည့် သားမျိုးဖြစ်မူ မွေးဖွားရကျိုးနပ်၏။ တပြောင်းပြန်ပြန် လည်၍နေသည့် ဤသံသရာ၌ မသေသူဘယ်သူရှိသနည်း။ မမွေးသူ ဘယ်သူရှိသနည်း။

ဂုဏ်ရှိသူတို့၏စာရင်း၌ အစပိုင်းက မှား၍ပင် မပါဝင်နိုင်သော သားမျိုးကို မွေးဖွားရပါမူကား မိန်းမမြုံနှင့် အဘယ်မှာ ထူးခြားချက်ရှိဦးမည်နည်း။

အလှူဒါန၌လည်းကောင်၊ အကျင့်သီလ၌လည်းကောင်း၊ သူရသတ္တိ၌လည်း ကောင်း၊ အတတ်ပညာ၌လည်းကောင်း၊ ဥစ္စာဓနှ၌လည်းကောင်း စိတ်မဝင်စား သော သားမျိုးသည် အမိ၏ အညစ်အကြေးအစုမျှသာလျှင် ဖြစ်သည်။

သားဖျင်းသားမိုက် တစ်ရာထက် အရည်အချင်းနှင့်ပြည့်စုံသော သား တစ် ယောက်က မြတ်၏။ တစ်စင်းတည်းသောလသည် အမိုက်မှောင်ကို ပယ်ဖျောက် နိုင်စွမ်းသော်လည်း ကြယ်တာရာပေါင်းများစွာသည် အမိုက်မှောင်ကို ပယ်ဖျောက် ခြင်းငှာ မစွမ်းနိုင်။

အကြင်သူသည် ကောင်းမှုပြုရာအရပ်၌ ပြုနိုင်ခဲသော အကျင့်တရားကို ကျင့်ကြံပြုလုပ်၏။ ထိုသူ၏သားသည် မိဘစကားကို နားထောင်တတ်၏။ဥစ္စာ ပစ္စည်း ကြွယ်ဝပေါများတတ်၏။ တရားစောင့်သိတတ်၏။ ပညာရှိ ဖြစ်တတ်၏။

စီးပွားဥစ္စာရခြင်း၊ အနာရောဂါကင်းခြင်း၊ ချစ်သူ၊ ချစ်ဖွယ်စကားပြော ကြားတတ်သည့် မယား၊ စကားနားထောင်တတ်သည့်သား၊ အကျိုးစီးပွားကို ပြုတတ်သည့် အတတ်ပညာ၊ ယင်း ခြောက်ပါးသည် လောက၏ ချမ်းသာသုခ ဖြစ်၏။

ကြွေးတင်အောင်လုပ်သော အဖသည် ရန်သူ ဖြစ်၏။ လင်ငယ်နေသော အမိသည် ရန်သူ ဖြစ်၏။ အဆင်းလှသောမယားသည် ရန်သူ ဖြစ်၏။ ပညာမဲ့ သော သားသည် ရန်သူ ဖြစ်၏။

အလေ့အကျင့်မလုပ်လျှင် အတတ်ပညာသည် အဆိပ် ဖြစ်၏။မကြေညက် လျှင် အစာသည် အဆိပ် ဖြစ်၏။ ပညာမဲ့သူအတွက် ပွဲလယ်သဘင်သည် အဆိပ်ဖြစ်၏။

လူအိုအတွက် မိန်းမပျိုသည် အဆိပ် ဖြစ်၏။

သာမန်အမျိုးအနွယ်၌ မွေးဖွားစေကာမူ အရည်အချင်းရှိလျှင် လေးစားထိုက် ၏။

ဝါးကောင်းဖြင့်ပြုလုပ်သော လေးသည် ညို့မရှိမူ အဘယ်မှာလျှင် အသုံးဝင် တော့မည်နည်း။

နာရီ နေ့ ရက် ကုန်ဆုံးကျော်လွန်သွားသော်လည်း ပညာမသင်ကြားသော သားသည် ရွှံ့ညွှန်ပျောင်း၌ မြုပ်နစ်သော နွားကဲ့သို့ ပညာရှိတို့၏ အလယ်၌ မြုပ်နှစ်ရလိမ့်မည်။

ငါသည် ယခုအခါတွင် သားတော်များကို ဘယ်နည်းဘယ်ပုံပညာ အရည် အချင်းနှင့် ပြည့်စုံအောင် ပြုလုပ်ရမည်နည်း။

အစာစားခြင်း၊ အိပ်ခြင်း၊ ကြောက်လန့်ခြင်း၊ မေထုန်မှီဝဲခြင်း ဤလေးမျိုး သည် လူနှင့် တိရစ္ဆာန်၌ တူညီ၏။ လူ၌ တရားဓမ္မသာလျှင် ပိုလွန်၏။ တရား ဓမ္မ မရှိသောသူသည် တိရစ္ဆာန်နှင့်မထူးပေ။

ကိုယ်ကျင့်တရား၊ စီးပွားဥစ္စာ၊ ကာမဂုဏ်၊ လွတ်ငြိမ်းမှု ဤလေးမျိုးအနက် တစ်မျိုးမျိုးမရှိသူ၏ လူဖြစ်လာရခြင်းသည် ဆိတ်မ၏ လည်ပင်းနား၌ရှိသော နို့တိုင်ကဲ့သို့ အချည်းနှီးသာလျှင် ဖြစ်၏။

“ဖြစ်မည့်အရာမဟုတ်လျှင် ဘယ်တော့မှ ဖြစ်လိမ့်မည်မဟုတ်၊ ဖြစ်မည့် အရာဟုတ်လျှင် မုချဖြစ်လိမ့်မည်သာတည်း” တောင်တောင်အီအီ ကြံစည်တွေးတောခြင်းတည်း ဟူသော ယင်းအဆိပ်ကို ပျောက်ကင်းစေတတ်သည့် ဆေးမျိုး ကို ဘာကြောင့် မသောက်သနည်း။ ယင်းစကားသည် အလုပ်ကိစ္စကို ဆောင် ရွက်နိုင်စွမ်းမရှိသော လူပျင်း၏စကားဖြစ်၏။

လူသည် ကံကို ယိုးမယ်ဖွဲ့ ပြီးလျှင် လုံ့လဝီရိယမလျှော့သင့်ပေ။ အကြောင်း မူကား လုံ့လမပါဘဲ နှမ်းထဲကဆီကို ထုတ်မယူနိုင်ပေ။

ဝီရိယရှိသော ယောက်ျား အာဇာနည်၏ထံသို့ ဥစ္စာနတ်ရောက်လာတတ် သည်။ လုံ့လမရှိသူတို့ကမူ “ကံပေးလျှင် ရလိမ့်မပေါ့”ဟု ပြောကြသည်။ သို့ ဖြစ်၍ ကံကို ဘေးဖယ်ထားပြီးလျှင် အစွမ်းရှိသမျှ ကြိုးစားအားထုတ်သင့်ပေ သည်။ အားထုတ်ပါလျက် အောင်မြင်မှု မရရှိပါမူကား ဘာမှ အပြစ်တင်စရာ မရှိပေ။

ယာဉ်ရထားသည် ဘီးတစ်ဘီးတည်းဖြင့် မသွားနိုင်သကဲ့သို့ ထိုနည်းတူလုံ့လနှင့်ကင်း၍ ကံသည် အကျိုးမပေးနိုင်ပေ။

ရှေးဘဝက ပြုလုပ်ခဲ့သည့် လုံ့လပြုချက်ကိုသာလျှင် ကံဟုခေါ်ဆိုသည်။ ထို့ကြောင့် လူသည် လုံ့လဥဿာဟဖြင့် မပျင်းမရိ ကြိုးစားအားထုတ်သင့်လေသည်။

အိုးထိန်းသည်သည် မြေစိုင်ခဲမှ အိုးခွက် စသည်ကို အလိုရှိသလို ပြုလုပ် ယူသကဲ့သို့ လူသည်လည်း အလုပ်ကိစ္စကို အားထုတ်ပြုလုပ်၍ အကျိုးစီးပွားကို အလိုရှိသလို ရယူသင့်လေသည်။

“ထန်းသီးကြွေခိုက် ကျီးနင်းကြိုက်”ပမာ မျက်မှောက်၌ ရောက်ရှိလာသော ရွှေအိုးကို မြင်ရသော်လည်း ကံသည် သူ့အလိုလို မယူတတ်ပေ။ လုံ့လဝီရိယကို စောင့်၍နေသည်။

လုံ့လဖြင့်သာလျှင် အလုပ်ကိစ္စသည် ပြီးစီးအောင်မြင်၏။ စိတ်အလိုဆန္ဒ ဖြင့် မပြီးစီး မအောင်မြင်နိုင်။ အိပ်နေသောခြင်္သေ့၏ ခံတွင်းထဲသို့ သားသမင်သည် အလိုအလျောက် ဝင်ရောက်မလာနိုင်ပေ။

ကလေးသူငယ်ကို အတတ်ပညာ သင်ကြားမပေးသော မိနှင့်ဘသည် ကလေးသူငယ်၏ရန်သူ မည်၏။ အတတ်ပညာ မသင်ကြားရသော ကလေး သူငယ်သည် ဟင်္သာအလယ်ရှိ ဗျိုင်းကဲ့သို့ ပရိသတ်အလယ်တွင် မတင့်တယ်ပေ။

အရွယ်အဆင်းနှင့်ပြည့်စုံ၍ အမျိုးမြတ်သူပင် ဖြစ်လင့်ကစား အတတ် ပညာကင်းမဲ့မူ ရနံ့ကင်းသော ပေါက်ပွင့်ကဲ့သို့ မတင့်တယ်ပေ။

ဆရာ့ထံပါး၌ အတတ်ပညာ မသင်ယူသောသူသည် လင်ငယ်နှင့်ရသော သားကဲ့သို့ ပရိသတ်အလယ်တွင် မတင့်တယ်ပေ။

ယင်းသို့ စဉ်းစားဆင်ခြင်ပြီးလျှင် သုဒဿနဘုရင်သည် ပညာရှိ ညီလာခံ သဘင်ကို ဆင်ယင်ကျင်းပစေလေ၏။ထိုပညာရှိညီလာခံသဘင်၌ ဘုရင်သုဒဿန က ဤသို့ မိန့်ကြားလေ၏။ နုပညာရှင်အပေါင်းတို့၊ ကျွန်ုပ်၏စကားကို နာကြားကြကုန်လော့၊ ကျမ်းဂန်ပေစာ မသင်ကြားဘဲ လမ်းလွဲလိုက်နေကြသည့် ကျွန်ုပ်၏ သားတော်တို့အား နီတိကျမ်းဂန်ကို သင်ကြားပြသပြီးလျှင် လူသစ် ပုဂ္ဂိုလ်သစ်များ ဖြစ်လာအောင် အဘယ်ပညာရှင် ပြုလုပ်စွမ်းဆောင်နိုင်ပါမည်နည်း။

“အကြောင်းမူကား ရွှေနှင့် ပေါင်းဖက်မိခြင်းကြောင့် ဖန်သည် မြအရောင်ထွက်သကဲ့သို့ ပညာရှိနှင့် ပေါင်းဖက်မိလျှင် လူမိုက်သည် လူလိမ္မာ ဖြစ်လာနိုင်၏။

“ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာသည် ဆုတ်ယုတ်သွားမည် သာဖြစ်၏။ တန်းတူသူနှင့် ပေါင်းသင်းလျှင် မိမိပညာသည် တန်းတူ အလယ် အလတ် ဖြစ်နေမည်။ တိုးတက်ကြီးပွားခြင်းမရှိပေ။ ပညာအရာသာသူနှင့် ပေါင်း သင်းလျှင်မူ မိမိပညာသည် ကြီးပွားတိုးတက်လာမည် ဖြစ်၏။”

ထိုအခါ ပညာရှိပရိသတ်အတွင်းရှိ နီတိကျမ်းတတ်ပညာရှိကြီးတစ်ဦး ဖြစ် သော ဝိဏှသမ္မဆရာကြီးက ဤသို့လျှောက်တင်လေ၏။

“အရှင်မင်းမြတ်၊ အရှင်မင်းမြတ်၏ သားတော်တို့သည် မဟာသွေးမဟာ နွယ်များ ဖြစ်ကြ၍ အကျွန်ုပ်သည် အရှင့်သားတော်များအား နီတိကျမ်းကို သင် ကြားပေးခြင်းငှာ စွမ်းနိုင်ပါသည်။ ။

“အကြောင်းမူကား အကျိုးဖြစ်ထွန်းမည်မဟုတ်သည့် အရာအဝတ္ထုအတွက် - ပြုလုပ်သော ကြိုးပမ်းမှုသည် အချည်းနှီးသာလျှင် ဖြစ်သည်။ ဗျိုင်းကို ဘယ်လို ပင်လုပ်လုပ် ကြက်တူရွေးကဲ့သို့ စကားတတ်လာမည် မဟုတ်ပေ။ ဤမင်းမျိုး မင်းနွယ်၌ အရည်အချင်းမရှိသည့် သားသမီးမျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။ ပတ္တမြားစိန်ကျောက်ထွက်သော ရတနာတွင်း၌ ပယင်းဖန်ကျောက်တို့ ပေါ်ပေါက် ရန်မှာ အလွန်ခဲယဉ်းလှ၏။

“သို့ဖြစ်၍ အကျွန်ုပ်သည် ခြောက်လအတောအတွင်း၌ အရှင့်သားတော် တို့အား နီတိပညာ လိမ္မာကျွမ်းကျင်သည့် သားကောင်းများ ဖြစ်လာအောင် သင်ကြားပြသပေးပါမည်” - ထိုအခါ သုဒဿနမင်းကြီးက ရိုသေလေးစားစွာဖြင့် ဤသို့ မိန့်ကြား၏။ '

ပိုးကောင်သည် ပန်းပွင့်နှင့်အတူနေခြင်းကြောင့် လူကြီးလူကောင်းတို့၏ ဦးခေါင်းထက်သို့ ရောက်ရလေ၏။ ကျောက်တုံးကျောက်ခဲသည် လူကြီးလူ ကောင်းတို့ တည်ထားကိုးကွယ်ခြင်းကြောင့် နတ်အဖြစ်သို့ ရောက်ရလေ၏။

“အရှေ့ နေထွက်ရာ ဥဒည်တောင်၏ အထည်ကိုယ်ဒြပ်သည် နေရောင်ဟပ် သဖြင့် တောက်ပနေ၏။ ထို့အတူပင် အမျိုးညံ့သူပင် ဖြစ်လင့်ကစား သူတော် သူမြတ်တို့နှင့် ပေါင်းဖက်ရလျှင် ထင်ရှားကျော်စောနိုင်၏။

“ဂုဏ်သည် ဂုဏ်ကို သိတတ်သူတို့အတွက် ဂုဏ်ဖြစ်သော်လည်း ဂုဏ်မဲ့သူ လူမိုက်တို့အတွက်မူ အပြစ်ဖြစ်ကုန်၏။ မြစ်ရေချို သည်သမုဒ္ဒရာသို့ စီးဝင်သွားသောအခါ အရသာပျက်သွားလေ၏။

“ထို့ကြောင့် ကျွန်ုပ်၏ သားတော်တို့ကို နီတိပညာ သင်ကြားပြသပေးရန် သင်သုခမိန်အား လွှဲအပ်ပါ၏”

ယင်းသို့ မိန့်ကြားပြီးလျှင် ဘုရင် သုဒဿနသည် ဝိဏှုသမ္မဆရာကြီးအား ချီးမြှောက်ပူဇော်လျက် သူ၏ သားတော်တို့ကို အပ်နှင်းလိုက်လေသတည်း။