Skip to product information
1 of 4

Other Websites

ပါရဂူ - မြန်မာ သိရိလင်္ကာ သာသနာဆက်သွယ်ရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပေးပို့သော
သမိုင်းဝင် သဝဏ်လွှာများ

 

          ရှေးခေတ်က သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံ အပြန်အလှန် ပေးပို့ကြသည့် သမိုင်းဝင် “သန္ဓေသကထာ သဝဏ်လွှာ" သို့မဟုတ် ပေးစာများရှိသည်။ သဝဏ်လွှာများကို ပါဠိဘာသာဖြင့် ရေးသားကြသည်။ ထိုသဝဏ်လွှာများ သည် သီရိလင်္ကာ နှင့် မြန်မာ သာသနာဆက်သွယ်ရေးသမိုင်းကို မီးမောင်း ထိုးပြနေကြသည်။ ယင်းသဝဏ်လွှာများအနက် 'သီရိမဟာဇမ္ဗူဒီပေ ရတနာ ပုဏ္ဏပူရ ရေ သီရိပဝရ ဝိဇယာနန္တိယ သပဏ္ဍိကမဟာဓမ္မရာဇာဓိ ရာဇဿ နမတ္ထု'အစချီသော သဝဏ်လွှာသည် ထင်ရှားသည့် သဝဏ်လွှာတစ်စောင် ဖြစ်သည်။ ထိုသဝဏ်လွှာသည် သာသနာနှစ် ၂၄၀၂၊ မြန်မာနှစ် ၁၂၂၀ နှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့၌ သီဟိုဠ်ကျွန်းသားတချို့က မြန်မာနိုင်ငံ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းဘုရင်ထံ ဘာသာရေးကိစ္စနှင့် စပ်လျဉ်း၍ မိုင်းခိုင်းမြို့စား အတွင်းဝန် 'မင်းလှသီရိဇေယျသူ'မှ တစ်ဆင့် ပေးပို့သော သဝဏ်လွှာဖြစ်သည် ထိုသဝဏ်လွှား၏ ဆိုလိုရင်း အနက် အဓိပ္ပာယ်အချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

          “ယခုအခါ သီဟိုဠ်ကျွန်း၌ ဘုရားရှင်ကို ကြည်ညို၊ မြတ်နိုးသော မင်းများ မရှိခြင်းကြောင့် အယူကွဲ မင်း၊ မှူးမတ် စသည်တို့သည် ငွေရင်း များစွာ မြှုပ်နှံ၍ ကျောင်းများကို ဆောက်လုပ်တည်ထောင်ပြီးလျှင် အတတ် ပညာ အမျိုးမျိုးနှင့် မိစ္ဆာအယူများကို သီဟိုဠ်ကျွန်းတစ်ခွင်၌ ပြန့်အောင် ကြိုးစားနေကြပါသည် ထို့ကြောင့် ယခုအခါ သီဟိုဠ်ကျွန်း၌နေကြကုန်သော မြန်မာ့အနွယ်ဝင် ကောဏ္ဏ၊ လီသဒ၊ ပေါသက၊ အဘယ၊ သေကရ၊ ဂုဏ ရတန အမှူးရှိသော ဥပါသကာကျွန်တော်မျိုးတို့သည် ကိုလမ္ဗိ မြို့မှတောင်ဘက် ခြောက်ဂါဝုတ်အဝေးတွင်ရှိသော ကထုဂင်္ဂါမြစ်အနီး ဝသကဒုဝ အရပ်၌ စေတီ၊ ဘုရားကျောင်း၊ တရားဟောအရပ်၊ ဥပုသ်သိမ် စသည်တို့ဖြင့် တန်ဆာဆင်အပ်သော တိုက်တာအသစ် ဆောက်လုပ်ရန် ဆုံးဖြတ်လျက် ထိုအဆောက်အဦများအနက် ရှေးဦးစွာ အလျား အတောင်ရှစ်ဆယ်၊ အနံ အတောင်ခြောက်ဆယ် ပမာဏရှိသော အင်္ဂတေ တံတိုင်း စသည်တို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မာရုံကြီးကို ဆောက်လုပ်နေကြသည်မှာ ငါးနှစ်မျှ ရှိပါပြီး၊ ထိုဓမ္မာရုံကြီး ဆောက်လုပ်ပြီးစီးသောအခါ၌ အရှင်မင်းတရားကြီး၏ အမည်တော်ဖြင့် ပိဋကတ်သုံးပုံနှင့် အဋ္ဌကထာကျမ်းများကိုလည်းကောင်း၊ သဒ္ဓါဗျာကရုဏ်း ကျမ်းတို့ကိုလည်းကောင်း၊ ဘုရားဆင်းတုတော်များကို လည်းကောင်း ပူဇော်လိုကြပါသည်။

          “သီဟိုဠ်ကျွန်း ပထမ ဝိဇယဗာဟုမင်း လက်ထက်က သီဟိုဠ်ကျွန်း သာသနာ ထွန်းကားစေခြင်းအလို့ငှာ ထိုအချိန်က နန်းတက်နေသော ယိုးဒယား (ထိုင်း) ဘုရင်ထံ သဝဏ်လွှာ ပါးသည်ရှိသော် လိုအပ်သော ရွှေငွေရတနာကျမ်းစာအုပ်များနှင့် ပရိက္ခရာတို့ကို ပို့ပြီး ကျေးဇူးတော်ပြုပုံ သည် သီဟိုဠ်ရာဇဝင်ကျမ်းများ၌ အထင်အရှားပါရှိပါသည်။ ထိုနည်းတူစွာ အရှင်မင်းမြတ်၏ ကျေးဇူးတော်ဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့၏အားပေး ထောက်ပံ့ချက်ဖြင့်လည်းကောင်း အားနည်းနေသော သီဟိုဠ် သာသနာကို အားဖြည့်ပေးပြီးလျှင် ကုသိုလ်ကောင်းမှုတို့ကို ပွားစည်း စေလိုပါသည်”

          ရွှေကျင်ဆရာတော်ကြီး သီရိလင်္ကာနိုင်ငံ ကြွစဉ်က စွယ်တော်ထိန်း နာယကမထေရ်ကြီးများထံ စွယ်တော်ကြတ်ဖွင့်ရန် တောင်းပန်လျှောက်ထားသော 'အရောစယာမိဝေါ အာယန္တာ လင်္ကာဒီပိကာ သုကတပုညာဒါရွာ ဓာတုဝရ ပါလကာ' အစချီသော သန္ဓေသကထာသဝဏ်လွှာသည်လည်း သီရိလင်္ကာ မြန်မာ သာသနာဆက်သွယ်ရေးသမိုင်း၌ မှတ်တမ်းတစ်ခုအဖြစ် တည်ရှိနေပေသည်။ ထိုသန္ဓေသကထာ၏ လိုရင်းအတိုချုပ်မှာ အောက်ပါ အတိုင်းဖြစ်သည်။ ။

          “ရှေးအခါက တပည့်တော်သည် မြန်မာနိုင်ငံ ရတနာပုံ နေပြည်တော် မန္တလေးတောင် ဂူလိုဏ်၌ မင်းဆရာအဖြစ် နေထိုင်၍ မှီခိုလာကြသူ တပည့် များအား တရားဟောကြားဆုံးမ၍ စွမ်းအားရှိသမျှ ဂိုဏ်းသံဃာကို စာပေ ပို့ချနေပါသည်။ ထို့နောက် တပည့်တော်သည် နေပြည်တော်၌ ဂါမဝါသီနေရခြင်းကို ရှက်ကြောက်စက်ဆုပ်သည်ဖြစ်၍ ဂါမဝါသီနေထိုင်ခြင်းကို ပယ်စွန့်ပြီးလျှင် နေပြည်တော်နှင့် တစ်ယူဇနာ၊ နှစ်ယူဇနာအဝေး၌ ရှိသောတောတွင်း၌ နှစ် နှစ် အရညဝါသိအဖြစ် နေထိုင်ခဲ့ပါသည်။ ယခုအခါ နေပြည်တော်နှင့် တစ်ဆယ်ယူဇနာဝေးသော နွားလံတောင် မဉ္ဇူသက ကျောင်း၌ နေထိုင်လာခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပါပြီ။

          ရွှေကျင်ဆရာတော်ကြီးသည် သူ၏ သန္ဓေသကထာ၌ ယင်းသို့ သူ့ကိုယ်သူ မိတ်ဆက်စကားဆိုပြီးလျှင် စွယ်တော်ကို ဖူးမြော်လိုသာဆန္ဒ ကြီးမားပုံ၊ စွယ်တော်ဖူးမြော်ရန် သီဟိုဠ်သို့လာရန် အကြိမ်ကြိမ် ကြိုးစား အားထုတ်သော်လည်း ထမြောက် အောင်မြင်ခြင်း မရှိခဲ့ပုံ၊ ထို့နောက်အားမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ရာ အကြံ ထမြောက်ပြီး သီဟိုဠ်သို့ ဆိုက်ရောက်လာပုံ၊ သီဟိုဠ်၌ မည်သို့မည်ပုံ နေထိုင်သွားလာရပုံတို့ကို ရေးသားပြီးလျှင် သူ၏ ခရီးစဉ်အကြောင်းတို့ကို ရေးပြထားတော်မူသည်။ ထို့နောက် ဤသို့ ဆက်လက်ရေးသားထားတော်မူသည်း၊

          “အရှင်ဘုရားတို့သည် ဘုန်းတန်ခိုး ကြီးမြင့်တော်မူကြပါ၏။ အကြောင်းသော်ကား အရှင်ဘုရားတို့သည် ဇမ္ဗူဒီပါကျွန်း၊ သီဟိုဠ်ကျွန်း၌ တစ်ပါးသူတို့ တစ်သက်တွင် တစ်ခါမျှ ကိုယ်တိုင်ဖူးမြင်၍ ကိုင်ယူပူဇော် ခြင်းငှာ ရခဲလှစွာသော ဘုရားရှင်၏ စွယ်တော်မြတ်ကို နေ့စဉ်နေ့တိုင်း အထူးထူးသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ခြင်းငှာလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် ကိုယ်တိုင် ဖူးမြင် ယူကိုင်၍ ဦးထိပ်၌တင်ကာ ရှိခိုးခြင်းငှာ လည်းကောင်း အခွင့်ရတော်မူကြကုန်၏။

          “တပည့်တော်တို့သည်ကား အလွန် ဘုန်းကံ နည်းကြပါ၏။ အကြောင်းကိုဆိုသော် အရှင်ဘုရားတို့ ပူဖော်မြတ်နိုးအပ်သော စွယ်တော် ဓာတ်မြတ်ကို ဖူးမြင်ကိုင်ယူကာ ဦးထိပ်၌တင်ထားလျက် ပူဇော်ခြင်းငှာ ယနေ့အထိ တစ်ကြိမ်မျှ အခွင့်မရဖူးကြပါကုန်။ ထို့ကြောင့် တပည့်တော် သည် နှစ်ရက် သုံးရက်မျှ ဘုရားရှင်၏ စွယ်တော်မြတ်ကို ကိုယ်တိုင် ဖူးမြင် ကိုင်ယူ၍ လက်ဝါးအပြင်၌လည်းကောင်း၊ ဦးခေါင်းထက်၌လည်းကောင်းကောင်းစွာတင်ပြီးလျှင် နံ့သာရေတို့ဖြင့် လိမ်းကျံကာ ထီးဖြူး၊ ဗိတာန်တံခွန်၊ ကြက်လျှာ စသည်တို့ဖြင့် လည်းကောင်း၊ မွန်မြတ်သော ခဲဖွယ်ဘောဇဉ် တို့ဖြင့်လည်းကောင်း ပူဇော်ခွင့်ရရန်အလို့ငှာ တောင်းပန်လျှောက်ထားပါ၏။

          “ဘုရားရှင်တို့၏ စွယ်တော်ဓာတ်မြတ်သည် အလွန် အံ့သြဖွယ် ကောင်းသော ဂုဏ်အပေါင်းကို ဆောင်လျက် အလိုရှိအပ်သော အကျိုးထူး အကျိုးမြတ်ကို ပေးစွမ်းနိုင်ပါ၏။ စွယ်တော်မြတ်သည် အရောင်ပေါင်း//များစွာတို့ဖြင့် ထွန်းလင်းတောက်ပသော နေနတ်သားသည် နေဗိမာန် အတွင်းမှ ထွက်ဘိသကဲ့သို့ ရွှေ ငွေ စသော ရတနာတို့ဖြင့် ဆန်းကြယ်စွာတောက်ပသော လူပေါင်းများစွာတို့၏ နှစ်သိမ့်ခြင်းကို ဖြစ်စေတတ်သော စွယ်တော်ကြုတ်အတွင်းမှ တစ်ခဏမျှ ထွက်ကြွတော်မူ၍ သက်တော် ထင်ရှားရှိသော ရှင်တော်ဘုရားကဲ့သို့ ဖြူသော ရောင်ခြည်တော်တို့ကို ထိုမှ ဤမှ လွှတ်တော်မူလျက် အတန်ငယ် ဒေသစာရီကြွပြီးသော် တပည့်တော် တို့၏ ဦးခေါင်းထက်၌ ကောင်းစွာရပ်တည်ကာ မွှေးကြိုင်သော နံ့သာရေ တို့ဖြင့် လိမ်းသပ်လျက် ဘုရားရှင်၏ တင့်တယ်ခြင်းဖြင့် တင့်တယ်တော် မူကာ ပရိသတ်အလယ်၌ ကိုယ်တော်၏ ဖြူသောရောင်ခြည်တော်တို့ဖြင့် တင့်တယ်လျက် လူအပေါင်းကို တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် သာဓု ခေါ်စေပြီးလျှင် ကြည်ညိုနှစ်သိမ့်စေဘိသကဲ့သို့ ထိုနည်းတူစွာ ပြုလုပ်ဆောင်ရွက်တော်မူကြပါကုန်။ ယင်းကဲ့သို့ အခွင့်ပေးပါက တပည့်တော် တို့သည် အရှင်ဘုရားတို့၏ ဤမျှများပြားသော ကျေးဇူးတရားကို ဆင်ခြင်ကာ ဝမ်းမြောက်ဝမ်းသာ အသက်ထက်ဆုံး ကျေးဇူးတင်မဆုံး ရှိနေရပါလိမ့်မည်။ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ဘဲ အရှင်ဘုရားတို့ အလိုရှိအပ်သည့် သာသနာရေးကိစ္စများကို အရှင်ဘုရား တို့၏ သီဟိုဠ်ကျွန်း၌ လည်းကောင်း၊ တပည့်တော်တို့၏ ဇမ္ဗူဒိပ်ကျွန်း၌ လည်းကောင်း ပြုလုပ်ဆောင်ရွက်ကြပါမည်” ။

          မြန်မာသက္ကရာဇ် ၁၂၆ဝ ပြည့်နှစ် (သာသနာနှစ် ၂၄၄၂) တပို့တွဲ လဆန်း ၁၀ ရက်နေ့၌ သီရိလင်္ကာနိုင်ငံ သီရိသုမင်္ဂလ အမည်ရှိသော နာယကမထေရ်သည် မြန်မာနိုင်ငံ မန္တလေးမြို့ သမုတိပခန်းသာသနာပိုင် ဆရာတော်ထံ 'အဖရိယ ဂုဏ ဂဏအားရ ပသတ္ထ ၀ရတရ ဇမ္ဗူဒီပါ ပရက ဇနပဒ အကျဘူတေ မန္တလေး မဟာနဂရ' အစချီသောသန္ဓေသကထာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့လေသည်။

          ထိုသဝဏ်လွှာ၌ သီရိလင်္ကာမြန်မာသာသနာဆက်သွယ်ရေးသမိုင်း၏ အကွက်တစ်ကွက် ထင်ဟပ်နေပေသည်။ ထိုသဝဏ်လွှာ၏ အနက်အဓိပ္ပာယ် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ။

          သီဟိုဠ်ကျွန်း မြို့အနီး ပနသထလရွာ သုဒဿနာ ရာမ ကျောင်းကိုက်ကြီးကို အုပ်ချုပ်နေသော ငါးဆယ့်သုံးဝါရ အမရပူရဂိုဏ်းချုပ် တပည့်တော် သီရိသဒ္ဓမ္မဝံသပါလ သီရိ သုမင်္ဂလ နာယကမထေရ်လျှောက်ထားပါသည်။ တပည့်တော်တို့သည် သီဟိုဠ်ကျွန်း အမရပူရဂိုဏ်း အနွယ်ဝင်များ ဖြစ်ကြပါကုန်၏။ အရှင်ဘုရားတို့၏ မြန်မာနိုင်ငံမှာ အမရပူရမြို့တော် ထွန်းကားစဉ် ဉာဏာဘိဝံသဓမ္မသေနာပတိ မဟာ ဓမ္မရာဇာဓိရာဇဂုရု” အမည် ရှိတော်မူသော သာသနာပိုင်ဆရာတော်ကြီး လက်ထက်၌ ထိုသာသနာပိုင်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ဆရာပြ၍ ရဟန်း ခံလာကြသော တပည့်တော်တို့၏ ဆရာစဉ်ဆက်အနွယ်သည် ယခု ထက်တိုင် မပျက်မစီးဘဲ ဆက်လက်တည်ရှိနေပါသည်။ သို့ သော်လည်း ယခုအခါတွင် တပည့်တော်တို့၏ ဂိုဏ်းအနွယ်သည် အားနည်းသကဲ့သို့ ဖြစ်နေပါသည်။ ။

          “ယခု သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံကြွလာသော 'သီရိသဒ္ဓမ္မာဓာရ" မထေရ်သည် မဟာတိတ္တမြို့ အမရပူရဂိုဏ်းချုပ် 'သီရိသဒ္ဓမ္မာရာမ'မထေရ် မြတ်၏ တပည့်ဖြစ်ပါသည်။ ယခုအခါ ထိုမထေရ်သည် မဟာတိမြို့၌ တပည့်တော်တို့၏ဂိုဏ်းချုပ် စာချဆရာတော်ဖြစ်ပါသည်။ တပည့်တော် သည် ထိုမထေရ်၏ ကမ္မဝါစာဆရာဖြစ်၍ အမျိုးတူ အနွယ်တူ ဖြစ်ပါသည်။ တပည့်တော်၏ ဆွေမျိုးရင်းချာလည်း ဖြစ်ပါသည်။ ထိုရဟန်းတော်သည် ယခုအခါ အသက်အန္တရာယ်ကို ပမာဏမထားဘဲ သီဟိုဠ် သာသာထွန်းကားရေးအတွက် ပင်လယ်သမုဒ္ဒရာကို ဖြတ်ပြီးလျှင် မြန်မာနိုင်ငံသို့ လာပါသည်။ ။

          “ထို့ကြောင့် အရှင်ဘုရားတို့သည် ထိုရဟန်းတော်အားလည်းကောင်း၊ သီဟိုဠ်ကျွန်းရှိ မြန်မာဂိုဏ်းသား တပည့်တော်များအားလည်းကောင်း၊ သီဟိုဠ်သာသနာအားလည်းကောင်း ငဲ့ညှာထောက်ထားပြီးလျှင် ထိုရဟန်းတော် လိုလားတောင့်တသည့် သာသနာတော်ရေးကိစ္စများကို ပြုလုပ် ဆောင်ရွက်ပေးစေလိုပါသည်။ ထိုရဟန်းတော် မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း အစစ အရာရာ တာဝန်ယူ၍ စောင့်ရှောက်တော်မူပါဘုရား”

          သီဟိုဠ်ကျွန်းနေ သီရိသုမင်္ဂလ နာယက မဟာထေရ် ပေးပို့သာ သန္ဓေသကထာကို ပြန်ကြားသည့်အနေဖြင့် သာသနာပိုင်ဆရာတော်၏ ကိုယ်စား မိုင်းခိုင်းဆရာတော်က သီရိသုမင်္ဂလ နာယက မဟာစထရ်ထံ “ဒီပသေဌဒီပုဂ္ဂတသင်္ခါတေလင်္ကာဒီပေ' အစရှိသော သန္ဓေသကထာ ပြန်ကြားလွှာကို ပေးပို့ခဲ့လေသည်။ ထိုသန္ဓေသကထာ၏ လိုရင်းအဓိပ္ပာယ် အချုပ်မှာ အောက်ပါအတိုင်းဖြစ်သည် ။

          “သီဟိုဠ်ကျွန်း ငါ့မြို့အနီး ပနသထလရွာ သုဒဿနာ ရာမ ကျောင်းတိုက်၏ အရှင် အမရပူရဂိုဏ်းချုပ် သီရိသဒ္ဓမ္မ ဝံသပါလ သီရိ သုမင်္ဂလနှင့် ကိုလမြို့ တေယသေခရာ ရာမကျောင်းတိုက် အရှင် အမရပူရ ဂိုဏ်းချုပ် သီရိသဒ္ဓမ္မဝံသ က သီဝက မထေရ်မြတ်နှစ်ပါးတို့ပို့သော သန္ဓေသ ကထာ နှစ်စောင်ကိုလည်းကောင်း၊ သီဝကမထေရ်ပေးပို့သော ဘုရားရှင် ဓာတ်တော် ကိန်းဝပ်ရာ စေတီတော်နှစ်ဆူ၊ ဆင်စွယ်ဖြင့်ပြုလုပ်ထားသော စွယ်တော်ပုံ၊ ဓာတ်တော်ကြုတ်စေတီတို့ကိုလည်းကောင်း၊ တပည့်တော် အတွက် လှူဒါန်းသော တိစီဝရိတ်သင်္ကန်းနှင့် မျက်နှာသုတ်ပဝါတို့ကို လည်းကောင်း သာသနာနှစ် ၂၄၄၃ ခု၊ ကဆုန်လပြည့်ကျော် ကိုးရက်နေ့၌တပည့်တော် လက်ခံရရှိပါသည်။ မြန်မာနိုင်ငံသို့ ရောက်လာသော သီရိသဒ္ဓမ္မာစာရနှင့် သူ၏ တပည့်ရဟန်းတော်သည် ပင်လယ်သမုဒ္ဒရာကို ကူးမြောက်ပြီး ရန်ကုန်မြို့သို့ ရောက်လာသောအခါ ကျောက်ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားကြသည်ဖြစ်၍ တပည့်တော်များထံသို့ပင် ရောက်မလာနိုင်တော့ပါ။

          “အသက်အန္တရာယ်ကို ပမာဏမထားဘဲ ကြီးစွာသော လုံ့လဖြင့် သီရိသဒ္ဓမ္မာဓာရ မြန်မာနိုင်ငံသို့ ကြွလာသည့် သတင်းကို လည်းကောင်း၊ အရှင်ဘုရားများ၏ သန္ဓေသကထားအရ ထိုမထေရ်၏ ဂုဏ်အရည်အချင်းကို လည်းကောင်း၊ မန္တလေးမြို့သို့ မရောက်ဘဲ ရန်ကုန်မြို့၌ ထိုမထေရ်ကျောက်ရောဂါဖြင့် ပျံလွန်တော်မူသွားသည့် သတင်းကိုလည်းကောင်း ကြားသိရသည်ဖြစ်၍ တပည့်တော် အမှူးရှိသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် အခြားသံဃာတော်အပေါင်းသည် ကရုဏာစိတ် ဖြစ်ပွားကြပြီးလျှင် သံဝေဂတရား ရရှိကြပါသည်။ ရတနာအမျိုးမျိုး အပြည့် တင်လာသော ရွှေသင်္ဘောကြီးတစ်စင်း ပင်လယ်သမုဒ္ဒရာကို ကူးမြောက် ခဲ့ပြီး ကမ်းကပ်လျှင်ကပ်ခြင်း ကျောက်တောင်ကမ်းပါးကြီး ပြိုကျလွှမ်းမိုး သွားသဖြင့် လုံးဝမမြင်ရတော့ဘဲ ပျောက်ကွယ်နစ်မြုပ်သွားသကဲ့သို့ပင် တပည့်တော်များ ခံစားကြရပါသည်။ ထို့အတူပင် အရှင်ဘုရားများလည်း သံဝေဂတရား ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော်လည်း သီဟိုဠ် ကျွန်း အမရပူ ဂိုဏ်းနှင့် သာသနာတော်ကြီးပွားတိုးတက်ရေးကိုမူ ဆက်လက် ဆောင်ရွက်ရန် ထက်သန်သော ဆန္ဒ တပည့်တော်တို့ ရှိကြပါသည်။

          သီရိလင်္ကာနိုင်ငံ၌ သာသနာရေးနှင့်စပ်လျဉ်း၍ အငြင်းအခုံ အရှုပ် အရှင်း တစ်စုံတစ်ရာ ဖြစ်သည့်အခါမျိုးများ၌ သီရိလင်္ကာနိုင်ငံမှ ရဟန်း သံဃာတော်များနှင့် လူ ဒါယကာ ဒါယိကာမ များသည် မြန်မာနိုင်ငံရှိဆရာတော်ကြီးများထံ စာသဝဏ်လွှာ ပေးပို့ပြီးလျှင် အဆုံးအဖြတ်ကို ရယူလေ့ရှိကြသည်။ တစ်ချိန်တွင် သီရိလင်္ကာနိုင်ငံ၌ ရဟန်းဘောင်မှ ထွက်သွားသော ရဟန်းလူထွက်တစ်ယောက်သည် သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များကို ဝေဖန်ပုတ်ခတ်နေလေသည်။ ထိုအရေးအခင်းနှင့်စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံ၊ ပါကဒုံရမြို့ သဒ္ဓမ္မာဒယကျောင်းတိုက်မှ ဥပသေနမထေရ်သည် မြန်မာနိုင်ငံ မဟာဝိသုဒ္ဓါရုံ ဆရာတော် ကြီးထံ ပါဠိဘာသာဖြင့် စာသဝဏ်လွှာ ပေးပို့ဆက်ကပ်လျက် ဆရာတော် ကြီး၏ အဆုံးအဖြတ်ကို မေးမြန်းစုံစမ်းသည်။ ဝိသုဒ္ဓါရုံဆရာတော်ကြီးက မြန်မာနှစ် ၁၂၆၂ တွင် ဥပသနမထေရ်ထံ ပါဠိဘာသာဖြင့် သန္ဓေသကထာ ရေးပြီး ပြန်ကြားခဲ့သည်။ ထိုသန္ဓေသကထာ၏ လိုရင်းအကျဉ်းချုပ်မှာ ဤသို့ဖြစ်သည်။

          “သာသနာနှင့် သာသနာ့ဝန်ထမ်းများကို ဝေဖန်ပုတ်ခတ်နေသော သဒ္ဓါတရား နည်းပါးလှသည့် ထိုရဟန်းလူထွက်သည် မကြာမီပင် အယူ မှားသော မိစ္ဆာဒိဋ္ဌိဖြစ်လတ္တံ့။ ထိုရဟန်းလူထွက်၏ ငြင်းခုံချက်သည် ခိုင်ခံ့မှုမရှိသောကြောင့်လည်းကောင်း၊ အလေးမထားထိုက်သောကြောင့် လည်းကောင်း၊ လက်မခံထိုက်သောကြောင့်လည်းကောင်း သီဟိုဠ် ရဟန်း သံဃာတော်များအနေဖြင့် စစ်ဆေးပြီး အဆုံးအဖြတ် ပေးနေစရာမလိုပေ။ ထိုပုဂ္ဂိုလ်၏ အယူအဆသည် မကြာမီ ပျောက်ကွယ်သွားပေလိမ့်မည်။

          ထိုရဟန်းလူထွက်သည် အဋ္ဌကထာကြီးကိုပင် အလေးမပြုဘဲ ပစ်ပယ်သည်ဆိုပါလျှင် ထိုရဟန်းလူထွက်နှင့် ဖက်ပြိုင်လျက် ငြင်းခုံမှုကို မပြုထိုက်ချေ။ ထိုရဟန်းလူထွက်ကို အဝေးမှသာ ရှောင်ကြဉ်ထိုက်သည်။ ဥပမာအားဖြင့် လောက၌ ခွေးရူးကို အဝေးမှ ရှောင်ကြဉ်ကြကုန်သကဲ့ သို့တည်း။

          တစ်ချိန်တွင် သိရိလင်္ကာနိုင်ငံ၌ ရဟန်းသံဃာတော်များ တရား ဟောသည့် တရားပွဲများတွင် ကုလားထိုင်၊ ခုံ စသည်တို့တွင်ထိုင်၍ တရား နာအပ် မနာအပ်နှင့် စပ်လျဉ်းပြီး ဝိဝါဒ ဖြစ်ကြသည်။ ထိုပြဿနာနှင့် စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံ မေဓာနန္တအရှင်မြတ်က ၀ဇီရာ ရာမ ဆရာတော်ထံ အဆုံးအဖြတ်ပေးပါရန် ပါဠိဘာသာ စာသဝဏ်လွှာ ဆက်ကပ်ပြီး ပန်ကြားလျှောက်ထားသည်။ ၁၂၆၆ ခုနှစ်တွင် မေဓာနန္ဒအရှင် လျှောက်ထား ချက်ကို ဝဇီရာ ရာမဆရာတော်ကြီးက ဝိနိစ္ဆယ သဒ္ဒါသကထာ ပေးပို့လျက် အဆုံးအဖြတ် ပေးခဲ့လေသည်။ ထိုသန္ဓေသကထာ၏ မြန်မာပြန်အကျဉ်းမှာ ဤသို့ဖြစ်သည်။                    

          “တရားဟောရဟန်းတော်တို့ရှေ့မှောက်၌ ခြေထောက်တပ်ထား သည့် ခုံ၊ တန်းလျား၊ ကုလားထိုင် စသည်တို့၌ ထိုင်ပြီး တရားနာသော သူတို့သည် ကုသိုလ်ဖြစ်သလော၊ အကုသိုလ်ဖြစ်သလောဟူသော အမေးနှင့် စပ်လျဉ်း၍ ပြန်ကြားဆိုလိုက်ပါသည်။

          မရိုသေသောစိတ်ရှိလျှင် အကုသိုလ်သာဖြစ်၏။ ကုသိုလ် မဖြစ်နိုင်း ဤအရာ၌ စိတ်သည်သာ ပဓာနဖြစ်၏။

          ရိုသေသောစိတ် ရှိစေကာမူ ထိုသို့သဘောရှိသော နေရာတို့၌ထိုင်၍ တရားနာခြင်းသည် မလျှောက်ပတ်။ တရားတော်၌ မရိုသေမှုမည်သည်ကား တရားနာရန် ဖိတ်ကြားကြွေးကြော်အပ်သည်ရှိသော် မရိုမသေသွားခြင်း၊ မရိုမသေနာခြင်း၊မရိုမသေထိုင်ခြင်း စသည်များသာလျှင်ဖြစ်၏။တရားဟော ပုဂ္ဂိုလ်၏ နေရာအောက်နိမ့်သော တစ်ထွာတစ်တောင်မျှ ခြေထောက်တပ် ထားသည့် ကုလားထိုင် စသည်တို့၌ထိုင်ရခြင်း အမူအရာသက်သက်မျှ သာလျှင် ဓမ္မအဂါရဝဖြစ်သည် မဟုတ်ချေး

          ထို့ကြောင့် ပရိဝါအဋ္ဌကထာ၌

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)