Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ပါရဂူ - မဟာလူသားဗုဒ္ဓ

Regular price 8,000 MMK
Regular price Sale price 8,000 MMK
Sale Sold out

ဘဝဖြစ်စဉ်

၁။ ထွက်တော်မူ နန်းကခွာသည်

သိဒ္ဓတ္ထဂေါတမကို ၅၆၃-ဘီစီ ပတ်ဝန်းကျင်တွင် မီးရှူးသန့်စင် ဖွားမြင်သည်။ သိဒ္ဓတ္ထဂေါတမ၏ ဖခမည်းတော် သုဒ္ဓေါဒနကို သကျ တို့၏ဘုရင် (ရာဇာ)ဟု ခေါ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ သိရ သည်မှာ သုဒ္ဓေါဒနနှင့် အတူတကွ ဘဒ္ဒိယနှင့် ဒဏ္ဍပါဏိတို့ကိုလည်း ရာဇာဟု ခေါ်လေသည်။ ယင်းကိုထောက်၍ သကျတို့၏ ပြည်သူ့ အုပ်ချုပ်ရေး ဂဏအဖွဲ့ (ဆီနိတ် သို့မဟုတ် ပါလီမန်)၏ အဖွဲ့ဝင်များ ကို လိစ္ဆဝီဂဏ အဖွဲ့ဝင်များကဲ့သို့ ရာဇာဟူ၍ပင် ခေါ်ဝေါ်ကြသည်ဟု အဓိပ္ပာယ်ကောက်ယူအပ်ပေသည်။ သိဒ္ဓတ္ထ၏မယ်တော် မာယာဒေဝီ သည် မိဘရပ်ရွာသို့ ပြန်စဉ် ကပိကဝတ် နေပြည်တော်မှ မိုင်အနည်း ငယ်ခန့် အဝေးသို့အရောက်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ သိဒ္ဓတ္ထကို ဖွားမြင်လေသည်။ သိဒ္ဓတ္ထ ဖွားမြင်ပြီးနောက် ၃၁၈ နှစ် ကြာသောအခါ၌ မိမိ၏ရာဇဘိသိက် ခပ်နှိပ်ပြီး အနှစ်နှစ်ဆယ် မြောက်တွင် အသောကဘုရင်သည် ထိုလုမ္ဗိနီဥယျာဉ်၌ ကျောက်တိုင် တစ်တိုင်ကို စိုက်ထူခဲ့လေ၏။ ထိုကျောက်တိုင်သည် ယနေ့ထက်တိုင် တည်ရှိနေသည်။

             သိဒ္ဓတ္ထ မွေးဖွားပြီး တစ်ပတ်အကြာ၌ပင် သူ၏မယ်တော်သည် နတ်ရွာစံ ကံတော်ကုန်ခဲ့သည်။ အဒေါ်လည်းဖြစ်၊ မိထွေးလည်းဖြစ်သူ မဟာပဇာပတိ ဂေါတမီက သိဒ္ဓတ္ထအား မွေးမြူကြည့်ရှုဖို့ တာဝန်ယူရ လေသည်။ သိဒ္ဓတ္ထအား ကမ္ဘာလောကကို ငြီးငွေ့ပြီး တမှိုင်မှိုင် တတွေ တွေ ဖြစ်နေသည်ကို တွေ့ရသောအခါ သုဒ္ဓေါဒနသည် ရသေ့ရဟန်း တို့၏ လှည့်ဖြားခြင်းခံရပြီး သူ၏သား တောထွက်သွားမှာ စိုးရိမ်ကြောင့်ကြခြင်း ဖြစ်မိလေ၏။ သို့ဖြစ်၍ သူသည် အိမ်နီးနားချင်းနိုင်ငံ ဖြစ်သည့် ကောလိယဂဏ (ပြည်သူ့အုပ်ချုပ်ရေးနိုင်ငံ)မှ သမီးတော် အလှ ဘဒ္ဒကဉ္စနာ (သို့မဟုတ် ယသောဓရာ) နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားပေးလိုက်လေ၏။ သိဒ္ဓတ္ထသည် အတန်ကြာမျှ ဣန္ဒြေရသွားသည်။ ထိုအတွင်း သိဒ္ဓတ္ထတွင် သားတစ်ယောက် ဖွားမြင် လာလေ၏။ ထိုသားငယ်အား သိဒ္ဓတ္ထသည် မိမိ၏ တက်ကြွနေသည့် အကြံတည်းဟူသော လဝန်းကို မျိုပစ်လိုက်သည့် “ရာဟု” ဟုပင် မှတ် ထင်အောက်မေ့သည်ဖြစ်၍ ရာဟုလာဟု အမည်နာမ မှည့်ခေါ်လိုက် လေ၏။ သူအို၊ သူနာ၊ သူသေနှင့် ရဟန်းတည်းဟူသော ရှုကွင်း၊ ရှုကွက်များကို ရှုမြင်ရသည်ဖြစ်၍ လူ့လောကအား ငြီးငွေ့ သည်ထက် ငြီးငွေ့ လာပြီးလျှင် တစ်ညသ၌ သူသည် တိတ်တဆိတ် နန်းတော်မှ ထွက်ပြေးခဲ့လေ၏။ ထိုအကြောင်းနှင့်စပ်လျဉ်းပြီး ဗုဒ္ဓကိုယ်တိုင် ကျူနာရ်(သုသုမာရဂိရိ)၌ ဝဿဘုရင် ဥဒယန၏ သားဖြစ်သူ ဗောဓိ ရာဇကုမာရအား ဟောပြတော်မူသည်။

                                                                                                (မဇ္ဈိမနိကာယ်၊ ၂၊ ၄၊ ၄)

               “မင်းသား၊ ဘုရားမဖြစ်မီက ငါလည်း ချမ်းသာသုခနှင့် ရင်းနှီး သဖြင့် ချမ်းသာသုခကို မရနိုင်၊ ဆင်းရဲဒုက္ခဖြင့် ရင်းနှီးမှ ချမ်းသာသုခ ကို ရနိုင်၏” ဟူသော အကြံဖြစ်ပေါ်ဖူးပြီ။ ထို့ကြောင့် ပျိုမျစ်နုနယ်ပြီး နက်သောဆံပင်ရှိသော၊ ကောင်းသောအရွယ်ရှိသော ပထမအရွယ်၌ပင် မိဘများ မျက်ရည်စက်လက် ငိုကြွေးနေစဉ် လူ့ဘောင်မှ ခွာရှောင် ပြီး ... ရဟန်းဘောင်ဝင်ရောက်၏။ ... (ပထမတွင်) အာဠာရကာမ (၏အထံသို့) .. ချဉ်းကပ်ခဲ့၏ ...”

            အရ ကာဠာမသည် ယောဂ(သမထ)အကျင့် ကျင့်ကြံအား ထုတ်နည်းအချို့ကို ပြောပြသည်။ သို့ရာတွင် သိဒ္ဓတ္ထသည် နှစ်သိမ့် ရောင့်ရဲခြင်း မရှိပေ။ ထိုနေရာမှ တစ်ဖန်ထွက်ခွာလာခဲ့ပြီးလျှင် သိဒ္ဓတ္ထ သည် ဥဒကရာမပုတ္တ၏အထံသို့ ရောက်သွားပြန်သည်။ ထိုနေရာ၌ယောဂအကျင့် ကျင့်ကြံအားထုတ်နည်းအချို့ကို သင်ကြားဆည်းပူး သည်။ သို့သော်လည်း သိဒ္ဓတ္ထသည် အားရကျေနပ်ခြင်း မရှိခဲ့ပေ။ ထိုနောက်တွင် သူသည် ဗောဓဂယာ၏အနီး၌ ခြောက်နှစ်လောက်ယောဂအကျင့်နှင့် အစာမစားသောအကျင့်ကို ကြောက်ခမန်းလိလိ ကျင့်ကြံအားထုတ်ခဲ့သည်။ ထိုအကျင့်နှင့်ပတ်သက်ပြီး ဗုဒ္ဓကိုယ်တော် တိုင် ဟောပြထားခဲ့သည်။

“ငါ၏ကိုယ်ခန္ဓာသည် (အားနည်းပိန်ကြုံခြင်း)၏ အထွတ် အထိပ်သို့ ရောက်ခဲ့သည်။ ငါ၏ အင်္ဂါကြီးငယ်တို့သည် အနှစ် ၈ဝ ကြာပြီဖြစ်သော သစ်ပင်၏အဖုအထစ်များကဲ့သို့ ယိုယွင်းနေကြလေ ကုန်ပြီ။ ... ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်၏ခြေထောက် ကဲ့သို့ ဖြစ်နေ၏။ .. ငါ၏ ကျောက်ကုန်းရိုးသည်လက်ပွတ်စူးများကို တန်းထားသကဲ့သို့ အနိမ့်အမြင့်ဖြစ်နေ၏။ ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင်၊ အောက်ကျ ပျက်စီးနေသော ဇရပ်ဆွေး၏အခြင် တို့ကဲ့သို့ ဖရိုဖရဲ အထက်တင်အောက်ကျဖြစ်နေကုန်၏။ .. နက်သော ရေတွင်းထဲက ကြယ်တာရာကဲ့သို့ ငါ၏မျက်ကွင်းအတွင်း၌ မျက်လုံး တို့သည် ဟောက်ပက်နက်ရှိုင်းစွာ ဝင်နေကြသည်။ .. အနုလိုက် ဆွတ်ထားသော ဘူးခါးသီးသည် လေ, နေပူဖြင့် တွေ့ထိကာ ရှုံ့တွနေ သကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရွံ့တွနေ၏။ ထိုကဲ့သို့ အစာဖြတ် ထားခြင်းကြောင့် ငါ၏ကျောရိုးများနှင့် ဝမ်းရေများလုံးဝ ကပ်နေကြလေပြီ။ အကယ်၍ ငါသည်ကျင်ကြီး၊ ကျင်ငယ် စွန့်ရန်အတွက် ထလိုက်လျှင် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ ကိုယ်ကာယကို သက်သာစေရန် လက်ဖြင့်ပွတ်သပ်လိုက်လျှင် ဆွေးနေသော အမွေး တို့သည် ငါ၏ကိုယ်မှ အမြစ်ပါကျွတ်ကျကုန်သည်။ “ရဟန်းဂေါတမ သည် မည်းနက်သော အဆင်းရှိ၏” ဟု လူများက ပြောကြသည်။ အချို့က “ရဟန်းဂေါတမသည် မည်းနက်သော အဆင်းရှိသည်မဟုတ် ညိုပြာသော အဆင်းရှိ၏”ဟု ဆိုကြသည်။ ... အချို့သော လူများက “ရဟန်း ဂေါတမသည် မည်းနက်သော အဆင်းရှိသည်လည်း မဟုတ် ညိုပြာသော အဆင်းရှိသည်လည်း မဟုတ်၊ ငါးခူရောင် အဆင်းရှိ၏”

ပြောဆိုကြသည်။ ငါ၏ ထိုမျှလောက် ဖြူဖွေးစင်ကြယ်လျက်ရှိသော အရေအဆင်းသည် ပျက်စီးသွားကြလေကုန်သည်။

..... သို့ရာတွင် ငါသည် ဤသို့ ကျင့်ခြင်းအားဖြင့် ထိုအထွတ် အထိပ်ဖြစ်သော ဉာဏ်အမြင်ထူးကို မရရှိပေ။ (ထိုအခါ၌) ဗောဓိ (ဉာဏ်)ကို သိရှိရန်အတွက် တခြားနည်းလမ်း ရှိသေးသလော-ဟု အကြံဖြစ်ပေါ်လာ၏။ ထိုအခါ၌ ငါသည် ခမည်းတော်(သုဒ္ဓေါဒန) သကျမင်း၏လယ်ထွန်မင်္ဂလာကိစ္စ၌ အေးသော သပြေပင်ရိပ်ဝယ် ထိုင်လျက် ... ပထမဈာန်ကိုရရှိကာ နေထိုင်ခဲ့ဖူးသည်ကို အမှတ်ရလာ ၏။ .. ယင်း ပထမဈာန်သည် သစ္စာတရားကို သိမြင်ရေးအတွက် လမ်းကြောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဤကဲ့သို့သော အလွန် ပိန်ကြုံသော ကိုယ်ကာယဖြင့် ထို(ဈာန်)ချမ်းသာကို ရရန်မလွယ်။ ထိုနောက် ငါသည် အစာကြမ်းဖြစ်သော ထမင်းနှင့်ပဲဟင်းကိုစား၏။ ထိုအချိန်၌ ငါ၏ အထံတွင် ပဉ္စဝဂ္ဂီ ရဟန်းငါးပါးသည် ဆည်းကပ်နေ ကြ၏။ ... ငါ ကြမ်းတမ်းသော အစာအာဟာရတို့ကို စားသောအခါ ထိုရဟန်း ငါးပါးသည် ... စိတ်ပျက်ပြီး ထွက်သွားကြလေသည် ...”

နောက်ပိုင်း ဘဝခရီးစဉ်နှင့်ပတ်သက်၍ ဗုဒ္ဓသည် အခြား တစ်နေရာ၌ ဟောပြတော်မူလေသည် -

                                                                                           (မဇ္ဈိမနိကာယ် ၁၊ ၃၊ ၆)

              “ငါသည် နှစ်လိုဖွယ်ကောင်းသော မြေပြင်တစ်ခု၌၊ တောရပ် တစ်ခု၌ မြစ်တစ်ခု (နေရဉ္စရာ) စီးဆင်းနေသည်ကို မြင်ရသည်။ ထိုမြစ်၏ဆိပ်ကမ်းသည် သာယာကြည်နူးဖွယ်ကောင်း၏။ သန့်ရှင်း စင်ကြယ်၏။ ဤနေရာသည် ကမ္မဋ္ဌာန်းဘာဝနာပွားများရန်အတွက် သင့်လျော်သောနေရာဖြစ်၏ဟု (စဉ်းစား၍) ထိုနေရာ၌ ထိုင်လိုက် သည်။ (ထိုနောက်) ... ဇာတိ၏ မကောင်းကျိုးကို သိရပြီး ... နှိုင်းခိုင်း စရာ ဥပမာ မရှိသော နိဗ္ဗာန်ကိုရရှိလေ၏။ ငါ့ အား ဉာဏ်အမြင်သည် ဖြစ်ပေါ်လာသည်။ ငါ့စိတ်၏လွတ်မြောက်မှုသည် ယိမ်းယိုင်တုန်လှုပ် ခြင်း မရှိတော့ပေ။ ဤဘဝသည် အပြီးသတ်ဘဝ ဖြစ်သည်။ နောက် ထပ်တစ်ဖန် တခြားဇာတိ ဖြစ်တော့မည် မဟုတ်ပေ ..” သည်။

               သိဒ္ဓတ္ထ၏ဤကဲ့သို့သော ဉာဏ်အမြင်သည် ဖြစ်၏-ဒုက္ခ၊ ဒုက္ခ ၏အကြောင်း (သမုဒယ)၊ ဒုက္ခ၏ ချုပ်ငြိမ်းမှု (နိရောဓ)၊ ဒုက္ခချုပ် ငြိမ်းမှု၏လမ်းစဉ် (မဂ္ဂ)၊ “အကြင်ဓမ္မ (အရာဝတ္ထုအဖြစ်အပျက်)တို့ သည် ရှိကြ၏။ ထိုဓမ္မတို့သည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာ ကြခြင်း ဖြစ်သည်။ ထိုဓမ္မတို့၏အကြောင်းကို ဗုဒ္ဓက ဟောပြတော်မူ သည်။ ၎င်းတို့၏ ချုပ်ငြိမ်းမှုကိုလည်း ဗုဒ္ဓက ဟောပြတော်မူသည်။ ဤကဲ့သို့ သော အယူအဆရှိသည့် မဟာသမဏ ဖြစ်လေသည် ...”

            သိဒ္ဓတ္ထသည် နှစ်ဆယ့်ကိုးနှစ်အရွယ် (၅၃၄-ဘီစီ)တွင် လူ့ ဘောင်ကို စွန့်ခွာလေသည်။ ခြောက်နှစ်တိတိ ယောဂအကျင့် ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးနောက် တရားဘာဝနာပွားများခြင်းအားဖြင့် လည်းကောင်း၊ တွေးကြံခြင်းအားဖြင့်လည်းကောင်း၊ ၃၅ နှစ်အရွယ် (၅၂၈-ဘီ-စီ) ၌ (ဗောဓိဉာဏ်) ကိုရရှိပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော် မူသည်။ ထိုနောက် ၄၅ နှစ်တိတိ ဗုဒ္ဓသည် မိမိ၏ တရားဓမ္မ (အဘိ ဓမ္မာ)ကို ဟောကြားပြီး အသက် ၈၀ အရွယ် (၄၈၃-ဘီ-စီ)တွင် ကုသိနာရုံ၌ ပရိနိဗ္ဗာန် ပြုတော်မူသည်။

၂။ အခြေခံတရား

              ဗုဒ္ဓဖြစ်ပြီးနောက် ဗုဒ္ဓသည် ပထမဦးဆုံး အစာပြန်စားသည်ဖြစ် ၍ မိမိအား ကျဆုံးသွားပြီဟုထင်ပြီး စွန့်ခွာထွက်သွားကြသော ရဟန်း ငါးဦး(ပဉ္စဝဂ္ဂီ)တို့အား မိမိအသိဉာဏ်နှင့် ထိုက်တန်သူများဟုနားလည် သဘောပေါက်တော်မူသည်။ ရှာဖွေစုံစမ်းပြီးလျှင် ဗုဒ္ဓသည် ရဟန်း ငါးဦးတို့၏ ကျောင်းသင်္ခမ်းရှိရာ ဣသိပတန မိဂဒါဝုန် (ဆာရ်နာထ၊ ဗနာရဆီ) သို့ ရောက်လာတော်မူသည်။ ဗုဒ္ဓ၏ ပထမဦးဆုံးဖြစ်သော အဆုံးအမ ဒေသနာတော်သည် အစာဖြတ်ခြင်းကို စွန့်လွှတ်ပြီး အစာ ပြန်စားသော ဂေါတမအား ပဉ္စဝဂ္ဂီငါးဦးတို့ စွန့်ခွာသွားခြင်း၏ အကြောင်း ဖြစ်သော ယုံမှားသံသယကို ပယ်ဖျောက်ရန်အတွက် ဟောကြားသော အဆုံးအမ ဒေသနာတော် ဖြစ်လေသည်။ ဗုဒ္ဓက ဟောကြားတော်မူခဲ့ လေသည်။                  (သံယုတ္တနိကာယ်-၅၅၊ ၂၊ ၁)

             “ရဟန်းတို့ ဤအစွန်းနှစ်ခု (လွန်သောလမ်းစဉ်)ကို မမှီဝဲအပ်။

(၁) ကာမချမ်းသာ၌ ငြိကပ်နေခြင်း -

(၂) ကိုယ်ကာယ အပင်ပန်းခံ ခြင်း -

ဤအစွန်းနှစ်ခုကိုစွန့်၍ (ငါ) သည် အလယ်အလတ်လမ်းကို ရှာဖွေထုတ်ဖော်ခဲ့၏။ (၎င်းလမ်းကား) အမြင်ကိုပေး၏။ အသိဉာဏ် ကိုပေး၏။ ငြိမ်းချမ်းမှုကို ပေး၏။ ထို(အလယ်အလတ်လမ်း) ကား ဤအရိယ (မြတ်သော) အဋ္ဌက (အင်္ဂါရှစ်ပါးရှိသော) လမ်းစဉ်(မဂ်) ဖြစ်၏။ ၎င်းတို့ကား မှန်သောအမြင်၊ မှန်သောအတွေး၊ မှန်သော အပြော၊ မှန်သောအလုပ်၊ မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ မှန်သော ကြိုးပမ်းမှု၊ မှန်သောသတိ၊ မှန်သောသမာဓိတို့ ဖြစ်ကြလေ၏။

[၁] လေးပါးသော အရိယသစ္စာ

               ဒုက္ခ၊ ဒုက္ခသမုဒယ၊ ဒုက္ခနိရောဓ၊ ဒုက္ခနိရောဓဂါမိနီမဂ္ဂ အကြောင်းတို့ကို ပြောပြပြီးခဲ့ပြီ။ ယင်းတရားတို့ကို ဗုဒ္ဓက အရိယ သစ္စာ (မြတ်သော အမှန်တရားများ) ဟု ဟောတော်မူခဲ့သည်။