Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ဗုဒ္ဓဒိုင်ယာရီ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

                             စည်းစိမ်နှင့် အာဏာကိုသာ ဦးညွှတ်ကြသည်

       ငါ့ကို ဆင်းရဲဒုက္ခရောက်နေသူတစ်ဦးဟု ဘယ်သူပြောမည် နည်း။ ငါ့မှာ နန်းအဆောင်ဆောင် ရှိသည်။ စည်းစိမ်ဥစ္စာ ရှိသည်။ လှပသော ကြင်ရာဇနီး ရှိသည်။ သားရှိသည်။ လူအားလုံးက ငါ့အမိန့် ကို နာခံကြသည်။ သို့ဖြစ်လင့်ကစား ငါသည် ကျေနပ်အားရခြင်းမရှိ။ ငါ၏ဘဝသည် ဤမျှသာလောဟု ငါစဉ်းစားကြည့်သည်။ ငါသည် ကြီးကျယ်မြင့်မြတ်သူ တကယ်ဖြစ်ပါသလော။ အစေအပါး ရာပေါင်း များစွာတို့သည် ငါ့အား ရှိခိုးဦးညွှတ်ကြသည်။ သူတို့သည် ငါ့အား ရှိခိုးဦးညွှတ်ကြခြင်းလော။ သို့တည်းမဟုတ်။ ငါ၏ စည်းစိမ်ချမ်းသာ အား ရှိခိုးဦးညွှတ်ကြခြင်းလော။ အကယ်၍ ငါသည် ဘုရင်မျိုးနွယ် ထဲမှာ မွေးဖွားခဲ့သူမဟုတ်ပါလျှင်၊ အကယ်၍ ငါ၏အထံ၌ ဤမျှသော စည်းစိမ်ချမ်းသာများ မရှိခဲ့ပါလျှင် သူတို့အထဲက ဘယ်သူ ငါ့ကို ရှိခိုးဦးညွှတ်မည်နည်း။ သူတို့၏ စိတ်နှလုံးထဲ၌ ငါ့အား ကြည်ညို လေးစားမှု ရှိသည်မဟုတ်။ သူတို့သည် စည်းစိမ်ချမ်းသာ၏ ကျေး ကျွန်များ ဖြစ်ကြသည်။ ငါသည် ယင်းကျေးကျွန်တွေထဲမှာ ကြီးကျယ် မြင့်မြတ်နေသူ ဖြစ်သည်။ အပေါ်ယံအပယိက ကြီးကျယ်မြင့်မြတ်ခြင်း သာ ဖြစ်သည်။

               ယနေ့ ဥယျာဉ်သို့ ထွက်သွားသည်။ ရဟန်းတစ်ပါးကို တွေ့ရ သည်။ သူ့ဆီမှာ ဘာမျှမရှိ။ ဆွမ်းခံပြီး ရသမျှဖြင့် ဝမ်းဗိုက်ကို ဖြည့် တင်းသူသာ ဖြစ်သည်။ သို့ရာတွင် သူသည် ငါ၏ စည်းစိမ်ချမ်းသာ ကို အမှုမထား။ သူသည် ငါ၏ ကျေးကျွန် သူခစားများထက်ပင် ဆင်းရဲသည်။ သို့ရာတွင် ငါ့အား ဦးမညွှတ်။ ငါက ကြည့်လိုက်သည့် အခါတွင် သူသည် ငါ့ထက် ကြီးကျယ်မြင့်မြတ်သူတစ်ဦးပမာ ငါ့အား ပြုံးကြည့်လျက် ထွက်သွားသည်။

              ယနေ့ အားလုံးက ငါ့ အား ဦးညွှတ်ကြသည်။ နက်ဖြန် ငါ၏ ပျိုရွယ်မှု ပျောက်ကွယ်သွားလျှင် ငါ၏ စည်းစိမ်ချမ်းသာ ပျက်ပြုန်း သွားလျှင် ဘုရင်ဧကရာဇ်တစ်ဦးဦးက ငါ့ထီးနန်းကို လုယူသိမ်းပိုက် လိုက်လျှင် ငါ့အား ဘယ်သူလာ၍ ဦးညွှတ်ဦးမည်နည်း။ စိတ်ထဲက မပါသော်လည်း သူတို့သည် ငါ့ အား ဦးညွှတ်နေကြရလေသည်။ သို့ရာတွင် ထိုရဟန်းကမူ ငါ၏ စည်းစိမ်ကို လုယူသိမ်းပိုက်နိုင်သည့် ထိုဘုရင်ဧကရာဇ် တစ်ဦးဦးကိုလည်း အမှုထားလိမ့်မည်မဟုတ်။ သူသည် မည်သူ့ရှေ့မှောက်မှာမျှ မိမိစိတ်ထဲက မပါဘဲနှင့် ဦးညွှတ်သူ မဟုတ်။ မိမိ၏ ဆရာရှေ့၌လည်းကောင်း၊ သို့မဟုတ် မိမိထက်ကြီး သည့် ရဟန်းတစ်ပါးပါး၏ ရှေ့၌လည်းကောင်း သူသည် ဦးညွှတ် သည်ကား မှန်၏။ သို့ရာတွင် ယင်းသို့ ဦးညွှတ်ခြင်းသည် ကြည်ညို လေးစားသည့်စိတ်ဖြင့် ဦးညွှတ်ခြင်းဖြစ်သည်။ ကြည်ညိုလေးစားခြင်း ၌ မိမိ၏ဆန္ဒ ပြဋ္ဌာန်းသည်။ လွတ်လပ်မှုရှိသည်။ စည်းစိမ်ချမ်းသာနှင့် စွမ်းအား၏ ရှေ့မှောက်တွင် ဦးညွှတ်ရခြင်း၌ ယင်းကဲ့သို့သော လွတ် လပ်မှုမျိုး၊ ယင်းကဲ့သို့သော ဂုဏ်သိက္ခာမျိုး ဘယ်မှာရှိမည်နည်း။

          ယင်းသို့အားဖြင့် ဤနည်းပြာသာဒ်ပေါ်၌လည်း ငါသည် အလွန် တရာ သေးသိမ်သူတစ်ဦး ဖြစ်နေသည်။ မိမိ၏ သေးသိမ်မှုကို မေ့ ပျောက်စေရန်အတွက် ကျွန်/ ကျွန်မများ၏အသွင်ဖြင့် လှုပ်ရှားသွား လာနေကြသော မြေကြီးရုပ်များကို ငါသည် စီစဉ်ဖန်တီးထားသည်။

ယင်းသို့အားဖြင့် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေလေသည်။ ကိုယ့်ကိုယ် ကိုယ် လှည့်စားသူသည် ကမ္ဘာလောကကို လှည့်စားသူ ဖြစ်သည်။ လှည့်စားမှုဖြင့်ပြီးသော ဘဝသည်လည်း ဘဝပင် ဖြစ်ပါသလော။

ငါ၏ ခံစားချက်ကို ဘယ်သူ သဘောပေါက်မည်နည်း။ အကယ်၍ ငါသည် ဤနေရာက ထွက်ပြေးသွားလျှင် ကမ္ဘာလောက သည် ငါ့အား လောက,က လွတ်မြောက်သွားသူဟုသော်လည်းကောင်း၊ သို့မဟုတ် အရူးဟုသော်လည်းကောင်း ထင်မှတ်ပေလိမ့်မည်။ သို့ရာ တွင် ငါ့ခံစားချက်၏ လျှို့ဝှက်ချက်ကိုမူ မည်သူမျှ နားလည်သဘော ပေါက်လိမ့်မည်မဟုတ်။ ယနေ့ ငါသည် သိဒ္ဓတ္ထ (ပြည့်စုံသူ) အမည် တွင်နေသော်လည်း မည်မျှလောက် မပြည့်မစုံသူတစ်ဦး ဖြစ်နေသနည်း။