Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ပါရဂူ - ပရကထာ

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out

လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး

“မြတစ်ခဲနက်၊ စိမ်းရောင်လက်သား၊ ကျောက်မျက်တောင်ထူး၊ သျှောင် ထွတ်ဖူးဝယ်၊ သုံးဦးမကိုဋ်၊ ရှိဦးခိုက်၍၊ ဖူးထိုက်ကော်ရော်၊ မြတ်ရှင် တော်အား၊ မြွက်ဘော်သံချို၊ ကျွန်လျှောက်ဆိုအံ့၊ စိမ်းညိုဝိုက်ရစ်၊ သလ္လာမြစ်မူ၊ ချစ်သူကိုပိုက်၊ နှစ်ခြိုက်ပျောင်းပျော့၊ ပျော်ကြောင်း ချော့ သို့၊ တောင်တော့်ရှေ့ပါး၊ စီးလိမ့်သွား၏။ ယမားအံ့လောက်၊ တောင်တော်မြောက်က၊ တံလျှောက်ရေသွန်၊ ကတွတ်ပြွန်သို့၊ အလွန် ရှုမော၊ စီးကျလျောရှင့်၊ မြတ်သော ရပ်ဌာန်၊ နက်သန်ကမ်းခုံ၊ ချောင်းမြစ်စုံ ဝယ်၊ ပေါက်တုံငြားငြား၊ မြသားသစ်တု၊ မေရုညီရင်း၊ ပြိုင်ဘက်ကင်းသည်၊ တောင်မင်း တောင်ထက်၊ တောင်တကား” မုံရွာမြို့ သလ္လာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျောက်မျက်တောင်ဘုရားအား တိုင်တည်ဖွဲ့ ဆိုသော ဘုရားတိုင် မင်္ဂလာရတုပိုဒ်စုံမှ ပထမပိုဒ်ဖြစ်သည်။ ၁၉၃၈ ခုနှစ်၊ ဧပြီလတွင် ဖွဲ့ဆိုသော ရတုဖြစ်သည်။ ရတုရေးသားဖွဲ့ ဆိုသော ကဗျာဆရာသည် ရတုဖွဲ့ ဆိုပြီးနောက် တစ်နှစ်အကြာ ၁၉၃၉ ခုနှစ်၊ ဧပြီလတွင် ကွယ်လွန်သွားလေသည်။

 

ကဗျာဆရာ မသေခင်က မှာကြားသွားသည့်အတိုင်း ကဗျာဆရာ ၏ ရုပ်ကလာပ်ကို သလ္လာဝတီမြစ်ကမ်းပါး၌ မီးသင်္ဂြိုဟ်ကြသည်။ ကဗျာ ဆရာသည် မကွယ်လွန်မီ တစ်နှစ်က ဘုရားတိုင် မင်္ဂလာရတုရေးသားစပ် ဆိုလျက် သလ္လာဝတီမြစ်တစ်ဖက်ကမ်းက ကျောက်မျက်တောင်ဘုရားအား ဦးခိုက်လေသည်။

ယခု ဒုတိယအကြိမ် ဦးခိုက်ပြန်လေပြီ။ ရုပ်ကလာပ် မီးသင်္ဂြိုဟ်သော မီးပုံမှ မီးခိုးများသည် အာကာသကောင်းကင်သို့ တက်သွားပြီးလျှင် သလ္လာဝတီမြစ်ကို ဖြတ်လျက် မြစ်တစ်ဖက်ကမ်းက ကျောက်မျက်တောင် ဘုရားဆီသို့ ဦးတည်ရွေ့သွားကြလေသည်။ ယင်းကဗျာဆရာကား လယ် တီပဏ္ဍိတဆရာဦးမောင်ကြီး ဖြစ်သည်။

လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးသည် ၁၉၃၉ ခုနှစ် ဧပြီလတွင် ကွယ်လွန်သွားသည်ဖြစ်၍ လူ့ဘဝတွင် ၆၁ နှစ်မျှသာ နေသွားရသည်။ သို့ရာတွင် လယ်တီပဏ္ဍိတဆရာဦးမောင်ကြီးသည် အရေအတွက် မများ လှသော နှစ်ပရိစ္ဆေဒ ကာလအတွင်း စာရေးဆရာ၊ ကဗျာဆရာ၊ ကျမ်းပြု ဆရာဆယ်ယောက်၊ အယောက်နှစ်ဆယ်ပေါင်းပြီး ရေးစေကာမူ ယခုလောက် အရေအတွက်များနိုင်မည်မဟုတ်သော စာများ၊ ကဗျာများ၊ ဝတ္ထုများ၊ ကျမ်းများကို ရေးသားသွားခဲ့လေသည်။ တိုတောင်းလှသော ဘဝတစ်သက်တာကာလအတွင်း အပေါစား စာများမဟုတ်ဘဲ တည်တံ့ ခိုင်ခံ့သော စာများကိုယခုလောက် အရေအတွက်များများ ရေးသွားနိုင်သော စာရေးဆရာမှာ မြန်မာစာပေလောက၌ တစ်ခေတ်တစ်ယောက် ပေါ်ပေါက် ဖို့ရန် မလွယ်ပေ။

“အကျွန်ုပ် လယ်တီပဏ္ဍိတသည် ၁၂၄ဝ ပြည့် တပို့တွဲလဆန်း ၉ ရက် ကြာသပတေးနေ့ နံနက်အရုဏ်တက်တွင် ဖွားမြင်ခဲ့ပေသည်။ ယခု ၁၂၈၈ ခု တပို့တွဲလဆန်း ၉ ရက်နေ့သည် ကြာသပတေးနေ့ပင်ဖြစ်သည်။ ဤပဋ္ဌာန်း အမေးအဖြေကျမ်းလည်း မွေးလ၊ မွေးရက်၊ မွေးနေ့တွင်ပြီးဆုံး၏”

ပဋ္ဌာန်းအမေးအဖြေကျမ်းနိဂုံး၌ ကျမ်းပြုဆရာကိုယ်တိုင်ရေးသားဖော် ပြထားသည်ကိုထောက်၍ လယ်တီပဏ္ဍိတ၏ မွေးသက္ကရာဇ်ကို သိရှိရ သည်။

 

လယ်တီပဏ္ဍိတ၏ ဇာတိမှာ မုံရွာမြို့တောင်ဘက် ခုနစ်မိုင်အကွာ ရှိ ညောင်ဖြူပင်ရွာဖြစ်သည်။ မိဘနှစ်ပါး၏ အမည်မှာ ဦးရောက်နှင့် ဒေါ်ထပ်တို့ဖြစ်ကြသည်။ ငယ်စဉ်က လယ်တီပဏ္ဍိတကို မောင်သန့်ဟု ခေါ်သည်။ မောင်သန့်သည် ၇ နှစ်သားအရွယ်တွင် ညောင်ဖြူပင်ရွာ မရမ်းပင်ကျောင်း ဘုန်းတော်ကြီးထံ၌ ဘုန်းကြီးကျောင်းသားဘဝဖြင့် စာ စသင်သည်။

သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ လောကနီတိတို့ကို တစ်နှစ်အ တွင်း သင်ကြားတတ်မြောက်၍ လောကနီတိချိုး၊ ဓမ္မနီတိချိုးတို့ကိုလည်း နှုတ်ငုံ အာဂုံရသည်။ ကိုးနှစ်သားအရွယ်တွင် ရှင်သာမဏေဝတ်သည်။ ရှင်သာမဏေဘွဲ့ အမည်မှာ ရှင်ပဏ္ဍိစ္စဖြစ်သည်။

ရှင်ပြုပြီး မကြာခင်မှာပင် မိခင်ဒေါ်ထပ် ကွယ်လွန်အနိစ္စရောက်သဖြင့် ရှင်လိင်ပြန်ပြီး ဖခင်အိုကြီးနှင့်အတူ နေထိုင်ရသည်။ အသက် ၁၃ နှစ် အရွယ်တွင် ဖခင်ကွယ်လွန်ပြန်သဖြင့် မွေးချင်းပေါက်ဖော်မရှိသော သူငယ် မောင်သန့်သည် တစ်ကောင်ကြွက်တစ်မျက်နှာဘဝဖြင့် လောကကြီးအလယ် တွင် ညှိုးညှိုးငယ်ငယ်နေရရှာသည်။

မိဘမဲ့သားသမီးများ ဖြစ်လေ့ဖြစ်ထရှိကြသည့်အတိုင်း အတည်တကျ နေရသည်မရှိဘဲ ကိုရင်ဝတ်လိုက်၊ ရှင်လိင်ပြန်လိုက်နှင့် မျောက်သစ်ကိုင်း လွတ် ဖြစ်နေခဲ့ရာမှ အသက် ၁၈ နှစ်အရွယ်ရောက်သောအခါ စတုတ္ထ အကြိမ် ရှင်သာမဏေဝတ်ပြီးလျှင် ၁၈၉၉ ခု မတ်လတွင် မုံရွာမြို့ လယ်တီ ဆရာတော်ဘုရားကြီးထံ ရောက်ရှိသွားလေသည်။

လယ်တီဆရာတော်ဘုရားကြီးထံ ရောက်သွားချိန်မှစ၍ ရှင်ပဏ္ဍိစ္စ၏ ပညာရေးဇာတာစန်းလဂ် စတင်ပွင့်လာသည်။ လယ်တီဆရာတော်၏ ဆရာများထဲတွင် တစ်ပါးအပါအဝင်ဖြစ်သော စလင်း ဆရာတော်၏ ဘွဲ့ မှာ ဦးပဏ္ဍိစ္စဖြစ်သည်။ ဆရာတော်ကြီးများသည် မိမိတို့၏ ရှင်သာမဏေ များအား ဘွဲ့ အမည်ပေးသောအခါ မိမိတို့ လေးစားဦးခိုက်ရသော ဆရာ သမားတစ်ပါးပါး၏ ဘွဲ့အမည်ကို ပေးလေ့ပေးထမရှိကြပေ။ မိမိဆရာ၏ အမည်ကို မိမိတပည့်အား မှည့်ခေါ်ထားပါက မိမိတပည့်၏ အမည်ကို ခေါ်လျှင် မိမိဆရာ၏ အမည်ဖြစ်နေသည့်အတွက် စိတ်မသိုးမသန့်ဖြစ်ရသည်။

 

ရှင်ပဏ္ဍိစ္စ လယ်တီဆရာတော်ထံရောက်လာသောအခါ လယ်တီဆရာ တော်သည် မိမိတပည့် ရှင်ပဏ္ဍိစ္စကို ခေါ်လျှင် “ပဏ္ဍိစ္စ” ဟု ခေါ်ရမည်။ ယင်းသို့ ခေါ်ပါက မိမိဆရာ စလင်းဆရာတော်၏ဘွဲ့အမည်မှာ ဦးပဏ္ဍိစ္စ ဖြစ်နေသည့်အတွက် ဆရာသမားကို လေးစားကြည်ညိုရင်းစွဲရှိစေကာမူ စိတ်နှလုံးကြည်လင်မှုဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် လယ်တီဆရာတော် သည် ရှင်ပဏ္ဍိစ္စ၏ ဘွဲ့ အမည်ကို ရှင်ပဏ္ဍိတဟု ပြင်မှည့်လိုက်လေသည်။

ရှင်ပဏ္ဍိတသည် လယ်တီဆရာတော်ထံ၌ ပိဋကတ်အခြေခံကျမ်းဂန် များကို သင်ကြားသောအခါ ဉာဏ်ထက်မြက်သူဖြစ်သဖြင့် ဆရာတော် ဘုရားကြီးကိုယ်တိုင် ထုတ်ဖော်ချီးကျူးရလောက်အောင် ထူးထူးချွန်ချွန် တတ်မြောက်သွားလေသည်။ ။

အသက် ၂၀ ပြည့်သောအခါ ရဟန်းဘဝရောက်ရှိသွားပြီး မကြာမီ မှာပင် လယ်တီတိုက်ကြီးတွင် စာချပုဂ္ဂိုလ်ဖြစ်လာသည်။ ဦးပဏ္ဍိတသည် ပိဋကတ်ကျမ်းစာများကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာသည့်အပြင် ရာဇဝင်၊ မဟာဝင်၊ ဒီပဝင် စသော လောကီ၊ လောကုတ္တရာ ပညာဗဟု သုတပြည့်ဝသော ရဟန်းအကျော်အမော်ဖြစ်လာသည်။

ငယ်စဉ်ကပင် လောကနီတိချိုး၊ ဓမ္မနီတိချိုးများကို သင်ကြားခဲ့ရပြီး ကဗျာမျိုးစေ့ပါလာသူ ဦးပဏ္ဍိတသည် လယ်တီဆရာတော်၏ ကဗျာအဖွဲ့ အနွဲ့ များကို လေ့လာရသောအခါ ကဗျာဗီဇအညွန့်အညှောက်ပေါက်လာ ပြီးလျှင် ကဗျာဆရာတစ်ဦးဖြစ်လာသည်။

ထိုအချိန်၌ ဦးပဏ္ဍိတသည် ပါဠိ သဒ္ဒါ ကျွမ်းကျင်နိုင်နင်းသဖြင့် “သဒ္ဒါပဏ္ဍိတ” ဟူ၍လည်းကောင်း၊ ကဗျာအဖွဲ့ အနွဲ့ ပြောင်မြောက်သဖြင့် “ကဗျာပဏ္ဍိတ” ဟူ၍လည်းကောင်း ထင်ရှားကျော်စောသွားလေသည်။

လယ်တီဆရာတော်နှင့် ခေတ်ပြိုင်ဆရာတော်များထဲတွင် ထင်ရှား ကျော်ကြားသော ဆရာတော်တစ်ပါးမှာ ဝိသုဒ္ဓါရုံ ဆရာတော်ဖြစ်သည်။ ဝိသုဒ္ဓါရုံဆရာတော်သည် ပါဠိကျမ်းဂန်များကို နှံ့စပ်ကျွမ်းကျင်သည်သာ မကဘဲ သင်္သကရိုက်ဘာသာလည်း တတ်မြောက်တော်မူသည်။ ။

ဘုရားဟော ပါဠိ ပိဋကတ်တော်များ၌ အိန္ဒိယနောက်ခံများ အများ အပြားပါဝင်သည့်အပြင် သင်္သကရိုက် အငွေ့အသက်များလည်း ပတ်ဝန်းကျင်အခြေအနေအရ ပါဝင်နေကြသည်ဖြစ်၍ အိန္ဒိယနောက်ခံနှင့် သင်္က ရိုက်ဘာသာသည် ပိဋကတ် ပါဠိကျမ်းဂန်သိမြင်သဘောပေါက်ရေး၌ အကူ အညီ အထောက်အပံ့ ဖြစ်နေသည်။

ထို့ကြောင့် ရှေးခေတ်က ဆရာတော်များသည် အထူးအားဖြင့် ရွှေ ကျင်ဂိုဏ်းဝင်ဆရာတော်အချို့သည် သင်္သကရိုက်ဘာသာကို လေ့လာ ဆည်းပူးကြသည်။ ရွှေကျင်ဂိုဏ်း အဘယာရာမ ဆရာတော်သည် ပါဠိ ပိဋကတ်ကျမ်းဂန်များကို ထူးထူးခြားခြား ကျွမ်းကျင်တတ်မြောက်သည့် အပြင် မြန်မာနိုင်ငံ သင်္သကရိုက် စာပေသမိုင်း၌ ကဏ္ဍတစ်ရပ်ကို ဖွင့်ပေး ခဲ့သည့် ဆရာတော်ဖြစ်သည်။

ဝိသုဒ္ဓါရုံဆရာတော်ကြီးလည်း အလားတူပင် ပါဠိစာပေနှင့် တွဲဖက်၍ သင်္သကရိုက်ဘာသာကိုလည်း လေ့လာဆည်းပူးထားသော ဆရာတော်ဖြစ် သည်။ ထို့ကြောင့် လယ်တီဆရာတော်သည် သူ၏တပည့် ဦးပဏ္ဍိတအား ပါဠိ ကျမ်းဂန်စာပေမျှကိုသာမက သင်္သကရိုက် ကျမ်းဂန်စာပေကိုပါ ကျွမ်း ကျင်တတ်မြောက်သော ခေတ်ပြိုင်ဝိသုဒ္ဓါရုံ ဆရာတော်ထံ စေလွှတ်၍ တပည့်ခံစေသည်။ ယင်းသို့ ပြုလုပ်ခြင်း၌ လယ်တီဆရာတော်ကြီး၏ အမြင် ကြီးမား ကျယ်ပြန့်ပုံပေါ်လွင်နေပေသည်။ ဆရာတော်ကြီးသည် မိမိတပည့် အား ဂိုဏ်းဂဏ အစွဲမထားဘဲ တခြားဂိုဏ်းဂဏမှ ဆရာတော်တစ်ပါးထံ တပည့်ခံစေပြီး ဗဟုသုတရယူစေခဲ့သည်။

ဦးပဏ္ဍိတအား “လယ်တီပဏ္ဍိတ” ဟု ခေါ်ကြခြင်းမှာ ရဟန်းသုံးပါ အရ ဝိသုဒ္ဓါရာမတိုက်တွင်နေစဉ် ထိုအချိန်ကဖြစ်သည်။ ဝိသုဒ္ဓါရုံဆရာ တော်ကြီးသည် ဦးပဏ္ဍိတအား လယ်တီတိုက်မှ လာသူဖြစ်သောကြောင့် လည်းကောင်း၊ လယ်တီဆရာတော်၏ တပည့်ရင်းဖြစ်သောကြောင့်လည်း

ကောင်း လယ်တီပဏ္ဍိတဟု ခေါ်သည်။ ထိုအချိန်မှစ၍ လယ်တီပဏ္ဍိတ အမည်တွင်လာခြင်းဖြစ်သည်။

ထိုအချိန်က အကြောင်းကို ရည်ညွှန်းလျက်

“မဟာထေရံ သုနိဿယ၊

သက္ကတေသွတိ ကောဝိဒံ၊

ယထာဉာဏံ ကောဝိဒေါမှိ၊