Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ပါရဂူ - နိဗ္ဗာန်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

                                                             ရွှင်လန်းဝမ်းသာ

ရွှင်လန်းဝမ်းသာစရာ သတင်းစကားကို ကြားရသည့်အတွက် ရွှင်လန်း ၀မ်း သာလော့။ ကျွန်ုပ်တို့၏ အရှင်သခင် ရှင်တော်ဗုဒ္ဓသည် အဆိုးဟူသမျှ၏ အရင်းအမြစ်ကို တွေ့တော်မူပြီ။ ကျွန်ုပ်တို့အား လွတ်ငြိမ်းမှု၏လမ်းကို ပြတော်မူပြီ။ ။

ဗုဒ္ဓသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင်ရှိသော မောဟကို ဖယ်ရှား ပစ်တော်မူသည်။ မရဏ၏ ဘေးဘယထဲမှ ကျွန်ုပ်တို့ကို ရွေးယူတော်မူသည်။

ဗုဒ္ဓသည် စိတ်အားလျော့ပြီး မချမ်းမသာ ဖြစ်နေသူတို့ထံသို့ နှစ်သိမ့် အားပေးမှုကို ဆောင်ကြဉ်းလာတော်မူသည်။ ဘဝ၏ ဝန်ထုပ်ဝန်ပိုး

အောက်တွင် ဗျာများနေသူတို့အား ငြိမ်းချမ်းမှုကို ရရှိစေတော်မူသည်။ အား မဲ့သူတို့အား စိတ်ပျက်အားလျော့နေသည့်အခါ အားအစွမ်းကို ပေးတော်မူ သည်။

ဘဝ၏ဆင်းရဲဒုက္ခတို့ကို ခံစားနေရသော သင်တို့သည်၊ တွန်းကန် လှုပ်ရှားနေရသော၊ ခေါင်းငုံ့ခံနေရသော သင်တို့သည်၊ အမှန်တရား၏ ဘဝ ကို တောင့်တနေသော သင်တို့သည် ရွှင်လန်းဝမ်းသာစရာ သတင်းစကား ကို ကြားရသည့်အတွက် ရွှင်လန်းဝမ်းသာကြလော့။ ။

ဒဏ်ရာရသူတို့အတွက် လိမ်းဆေးရှိသည်။ ဆာလောင်နေသူတို့အ တွက် အစာအာဟာရရှိသည်။ မွတ်သိပ်နေသူတို့အတွက် ရေရှိသည်။ စိတ်ပျက် အားလျော့နေသူတို့အတွက် မျှော်လင့်ချက်ရှိသည်။ အမှောင်ထဲ ရောက် နေသူတို့အတွက် အလင်းရောင်ရှိသည်။ ဖြောင့်မှန်သူတို့အတွက် ကုန်ခန်း ခြင်းမရှိသည့် ဆုလာဘ်ရှိသည်။

သင်သည် ဒဏ်ရာရနေလျှင် သင်၏ ဒဏ်ရာကို ဆေးလိမ်းပေးလော့။ သင်သည် ဆာလောင်နေလျှင် အစာအာဟာရကို မှီဝဲလော့။ သင်သည် ပင်ပန်းနေလျှင် အနားယူလော့။ သင်သည် မွတ်သိပ်နေလျှင် သင်၏ မွတ် သိပ်မှုကို ဖြေဖျောက်လော့။ သင်သည် အမှောင်ထဲ ရောက်နေလျှင် အလင်း ရောင်ကို ကြည့်လော့။ သင်သည် စိတ်ပျက်အားငယ်နေလျှင် နှစ်သိမ့်အား ပေးမှုကို ယူလော့။ | သစ္စာတရားကို မြတ်နိုးသည့် သင်သည် သစ္စာတရားကို ယုံကြည် အားကိုးလော့။ အမှန်တရား တိုင်းနိုင်ငံသည် ကမ္ဘာမြေအပြင်ပေါ်၌ ပေါ် ပေါက်လာပြီ။ အမှန်တရားအလင်းရောင်သည် အဝိဇ္ဇာ အမိုက်မှောင်ကို ဖြိုခွင်းလိုက်ပြီ။ ကျွန်ုပ်တို့သည် လမ်းကို မြင်နိုင်ပြီ။ တိကျပြတ်သားသော ခြေလှမ်းကို လှမ်းနိုင်ပြီ။

ကျွန်ုပ်တို့၏ အရှင်သခင် ရှင်တော်ဗုဒ္ဓသည် သစ္စာတရားကို ထုတ် ဖော်ပြသလေပြီ။ | သစ္စာတရားသည် ကျွန်ုပ်တို့၏ ရောဂါဝေဒနာများကို ကုစားသည်။ ကျွန်ုပ်တို့ကို ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းမှ ကယ်တင်သည်။ သစ္စာတရားသည် ကျွန်ုပ်တို့အား အသက်ရှင်စဉ်၌လည်းကောင်း၊ သေစဉ်၌လည်းကောင်း၊ အား အစွမ်းကို ပေးသည်။ သစ္စာတရား တစ်ခုတည်းသာလျှင် အဝိဇ္ဇာ၏ အဆိုး တို့ကို အောင်နိုင်စွမ်းရှိသည်။

ရွှင်လန်းဝမ်းသာစရာ သတင်းကို ကြားရသည့်အတွက် ရွှင်လန်း ဝမ်းသာလော့။

 

 

                                                   သံသရာနှင့် နိဗ္ဗာန်

သင်၏ ပတ်ဝန်းကျင်ကို ရှုလော့။ ဘဝကို ဆင်ခြင်စဉ်းစားလော့။

အရာဝတ္ထုဟူသမျှသည် အနိစ္စဖြစ်သည်။ မည်သည့်အရာဝတ္ထုမျှ တည်မြဲမနေပေ။ ဇာတိ ရှိသည်။ မရဏရှိသည်။ ကြီးထွားမှုရှိသည်။ ပျက် စီးမှုရှိသည်။ ပေါင်းသင်းမှုရှိသည်။ ကွဲကွာမှုရှိသည်။

ကမ္ဘာလောက၏ တောက်ပ၀င့်ကြွားမှုသည် ပန်းတစ်ပွင့်နှင့် ပမာတူ သည်။ နံနက်အချိန်၌ ကားကားစွင့်စွင့်ပွင့်လန်း၍နေသည်။ နေ့လယ်ပိုင်း နေပူချိန်၌ ညှိုးနွမ်း၍ သွားသည်။

ဘယ်ဆီကို ကြည့်လိုက် ကြည့်လိုက် အာရုံခံစားမှုအတွက် ဗျာများ နေကြသည်။ ယောက်ယက်ခတ်နေကြသည်။ စိတ်တက်ကြွနေကြသည်။ ဆင်းရဲခြင်းနှင့်သေခြင်းမှ အထိတ်တလန့် ထွက်ပြေးနေကြသည်။ တောက်လောင်နေသော လောဘမီးလျှံရှိနေသည်။ ကမ္ဘာလောကသည် ပြောင်းလဲ နေသည်။ အားလုံး သံသရာဖြစ်သည်။

ကမ္ဘာလောက၌ နိစ္စဖြစ်သော အရာဟူ၍ မရှိတော့ဘူးလေ။ ကမ္ဘာ အနှံ့ပြန့်၍ နေသည့် ဒုက္ခပင်လယ်ထဲ၌ ကျွန်ုပ်တို့၏ ဒုက္ခ တွေ့ကြုံနေရသည့် စိတ်နှလုံးအတွက် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်သည့် နားနေစရာ နေရာ ဟူ၍ မရှိတော့ဘူးလော။ ထာဝရ တည်မြဲနေသည့် အရာဟူ၍ မရှိတော့ဘူး လာ။

ကြောင့်ကြ ဗျာပါဒ၏ ရပ်တန့်သွားခြင်းဟူ၍ မရှိတော့ပြီလော။

တောက်လောင်နေသော လောဘမီးသည် ငြိမ်းအေးမသွားနိုင်တော့ဘူးလေ။ စိတ်နှလုံးသည် မည်သည့်အခါကျမှ ငြိမ်းချမ်းသွားမည်နည်း။

ဗုဒ္ဓသည် ဘဝ၏ ဆင်းရဲဒုက္ခများအတွက် စိတ်မချမ်းမသာဖြစ်တော် မူသည်။ ဗုဒ္ဓသည် လောကီချမ်းသာသုခ၏ အချည်းနှီးဖြစ်ပုံကို တွေ့ရသည် ဖြစ်၍ ပျက်စီးပျောက်ကွယ်မသွားသော၊ ထာဝရ တည်တံ့နေသော အရာ တစ်ခု၌ ငြိမ်းချမ်းမှုကို ရှာတော်မူသည်။

ဘဝကို တွယ်တာသော သင်တို့သည် အနိစ္စတရားထဲ၌ ကွယ်ဝှက် နေသော နိစ္စတရား၊ အမတတရားကို သိအောင် ပြုလော့။ ပူဆွေးမှု၊ ဝမ်း နည်းမှု မျိုးစေ့ မပါသည့် သုခကို လိုလားသော သင်တို့သည် ဗုဒ္ဓ၏တရား ကို လိုက်နာကျင့်ကြံလျက် မှန်ကန်ဖြောင့်မတ်စွာ နေထိုင်ကြလော့။ ဥစ္စာဓန ကို လိုလားတောင့်တသော သင်တို့သည် ထာဝရ တည်တံ့နေသော ဥစ္စာဓနေ ကို ရယူကြလော့။

သစ္စာတရားသည် ထာဝရ တည်တံ့နေသည့် အရာဖြစ်သည်။ သစ္စာ တရားသည် ဇာတိကိုလည်း မသိပေ။ မရဏကိုလည်း မသိရှိပေ။ အစ လည်း မရှိပေ။ အဆုံးလည်း မရှိပေ။ အို လူသား၊ သစ္စာတရားကို ကြိုဆို

လော့။ သင်၏ ဝိညာဉ်ထဲမှာ သစ္စာတရားကို ဝင်ရောက် ကိန်းအောင်းနေ စေလော့။

သစ္စာတရားသည် စိတ်နှလုံး၏ သေကျေပျက်စီးသွားခြင်းမရှိသည့် အစိတ်အပိုင်း ဖြစ်သည်။ သစ္စာတရားကို ပိုင်ဆိုင်မှုသည် ဥစ္စာရတနာကို ပိုင်ဆိုင်မှုဖြစ်သည်။ သစ္စာတရား၏ဘဝသည် ချမ်းမြေ့ရွှင်လန်းမှု ဖြစ်သည်။

သင်၏ စိတ်နှလုံးထဲ၌ သစ္စာတရား တည်မြဲအောင်ပြုလော့။ သစ္စာ တရားသည် အမတသဘော၏ အသွင်အပြင် ဖြစ်သည်။ သစ္စာတရားသည် နိစ္စသဘောကို ရေးခြယ်ပြသည်။ သစ္စာတရားသည့် ထာဝရတည်မြဲနေမှုကို ဖော်ပြသည်။ သစ္စာတရားသည် သေမျိုးဖြစ်သည့် လူသားအား မသေမှုကို ပေးသည်။ ”

ဗုဒ္ဓသည် သစ္စာတရား ဖြစ်သည်။ သင်၏နှလုံးထဲ၌ ဗုဒ္ဓကိန်းအောင်း နေပါစေ။ သင်၏ ဝိညာဉ်ထဲ၌ ရှိသော လောဘဟူသမျှကို ချုပ်ငြိမ်းအောင် ပြုလော့။ သင်၏စိတ်ပိုင်းဆိုင်ရာ တိုးတက်ကြီးပွားမှု၏ အပြီးသတ်၌ သင်သည် ဗုဒ္ဓကဲ့သို့ ဖြစ်လာပေလိမ့်မည်။ ။

ဗုဒ္ဓကဲ့သို့ဖြစ်အောင် တိုးတက်မလာနိုင်သော၊ တိုးတက်လာလိမ့်မည် မဟုတ်သော သင်၏ဝိညာဉ်ကို ပျက်စီးချုပ်ငြိမ်းသွားအောင် ပြုလော့။ အကြောင်းမူကား ယင်းသည် မောဟသာဖြစ်သည်။ မှန်ကန်သည့်အရာ မဟုတ် ပေ။ ယင်းသည် သင့်အမှား၏ အခြေခံဖြစ်သည်။ ယင်းသည် သင့်ဒုက္ခ၏ အကြောင်းတရားဖြစ်သည်။ ။ ခိုင်သင်သည် သင်၏ ဝိညာဉ်ကို သစ္စာတရားဖြင့် ဖြည့်လျက် သေကျေ ပျက်စီးမသွားအောင် ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဗုဒ္ဓ၏တရားအမြိုက်သုဓာ ကို ထည့်၍ ရသည့်ခွက်ကဲ့သို့ ဖြစ်အောင် မိမိကိုယ်ကို ပြုလုပ်လော့။ မိမိ ကိုယ်ကို အကုသိုလ် အပြစ်အနာအဆာများ ကင်းစင်အောင် ဆေးကြော

လော့။ မိမိ၏ဘဝကို သန့်စင်အောင် သုတ်သင်လော့။ သစ္စာတရားသို့ ရောက်ရန် အခြား နည်းလမ်းမရှိပေ။ လည်း အတ္တနှင့် သစ္စာတရား၏ ခြားနားမှုကို သိရှိနားလည်အောင် ပြုလော့။ အတ္တသည် ကိုယ်ကျိုးကြည့်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၏ အကြောင်းဖြစ် သည်။ အကုသိုလ်၏အခြေခံဖြစ်သည်။ သစ္စာတရားသည် အတ္တ၌ တွယ် ကပ်မနေပေ။ သစ္စာတရားသည် စကြဝဠာအနှံ့ ပြန့်၍ နေသည်။ တရားမှု နှင့် အမှန်တရားသို့ ရှေးရှုနေသည်။ ။

မိမိတို့၏ အတ္တကို ချစ်မြတ်နိုးသော သူတို့ မိမိတို့၏ ဘဝဟူ၍ ထင် မှတ်ယူဆနေသည့် အတ္တသည် နိစ္စမဟုတ်ပေ။ အမြဲတည်တံ့မနေပေ။ ပျက် စီးချုပ်ငြိမ်းသွားတတ်သော သဘောရှိသည်။ အတ္တကို မရှာလင့်။ သစ္စာ တရားကို ရှာလော့။ သည်။

အကယ်၍ ကျွန်ုပ်တို့သည် မိမိတို့၏ ဝိညာဉ်ကို မိမိတို့၏ သေးနုပ် သိမ်ဖျင်းသည့် အတ္တမှ လွတ်မြောက်စေလျှင်၊ အခြား ပုဂ္ဂိုလ်များအား ထိခိုက် နစ်နာစေသည့် အပြုအမူကို မပြုမူလျှင်၊ သစ္စာတရား အလင်းရောင် ရောင် ပြန်ဟပ်ပြီး ကျောက်သလင်းကဲ့သို့ ကြည်လင်လာလျှင်၊ တောက်လောင်နေ

သော လောဘစိတ်များ ရောနှောခြင်း မရှိသည့်၊ ဖောက်လွဲဖောက်ပြန် ဖြစ် နေသည့် မောဟစိတ်များ ဖုံးလွှမ်းခြင်း မရှိသည့်၊ အကုသိုလ် တင်းကျမ်းဖြစ် နေသော သောကဗျာပါဒများ ဖြစ်ပွားမှု မရှိသည့် အရောင်လက်နေသောကြေးမုံပြင်သည် ကျွန်ုပ်တို့ သန္တာန်၌ ပေါ်လာပေလိမ့်မည်။ ယင်းကြေးမုံပြင်၌ အရာဝတ္ထုတို့သည် အရှိအတိုင်း ထင်နေပေလိမ့်မည်။ ။

အတ္တကို ရှာမှီးသူသည် မှားသောအတ္တနှင့် မှန်သောအတ္တ၏ ခြားနား ချက်ကို သိအောင်လုပ်ရမည်။ ငါနှင့် ငါစွဲ သက္ကာယစွဲသည် မှားသော အတ္တဖြစ်သည်။ ယင်းတို့သည် ဖောက်လှဲဖောက်ပြန်ဖြစ်သော မောဟတရား များ ဖြစ်သည်။ ပျက်စီးချုပ်ငြိမ်းတတ်သည့် အပေါင်းအစုများ ဖြစ်သည်။ မိမိ၏ အတ္တကို သစ္စာနှင့် ခွဲခြား သိတတ်သူသာလျှင် နိဗ္ဗာန်ကို ရရှိပေလိမ့် မည်။ နိဗ္ဗာန်ကို ရရှိသူသည် အမြင့်ဆုံးသော ချမ်းသာသုခကို ရရှိသူမည်၏။ ထိုပုဂ္ဂိုလ်သည် ထာဝရတည်မြဲသော၊ ပျက်စီးသေပျောက်ခြင်းမရှိသော သူ မည်သည်။

ပေါင်းစပ်ထားသည့် သင်္ခါရတရားဟူသမျှသည် တစ်ဖန်ပြိုကွဲသွား ရမည် ဖြစ်သည်။ ကမ္ဘာလောကသည် မှုန့်မှုန့်ညက်ညက် ဖြစ်သွားပေလိမ့် မည်။ ကျွန်ုပ်တို့၏ ပုဂ္ဂလသဘောတို့သည် ပျက်စီးသွားပေလိမ့်မည်။ ဗုဒ္ဓ၏ တရားဒေသနာကမူ ထာဝစဉ် တည်မြဲနေပေလိမ့်မည်။ ယင်းတိုင်း

အတ္တ ချုပ်ငြိမ်းသွားခြင်းသည် လွတ်မြောက်မှု မည်၏။ အတ္တ ပျောက် ကွယ်သွားခြင်းသည် ဉာဏ်အလင်းရောင်ရခြင်း မည်၏။ အတ္တစခန်း သိမ်း သွားခြင်းသည် နိဗ္ဗာန်မည်၏။ ကာမဂုဏ် အာရုံခံစားမှုကို ရပ်ပစ်လိုက်ပြီး သစ္စာတရားကိုသာ အားပြုသည့်ပုဂ္ဂိုလ်သည် ရွှင်လန်းချမ်းမြေ့သူ မည်၏။ စိတ်၏ ငြိမ်သက်တည်ကြည်မှုသည် အမြင့်ဆုံးသော ချမ်းသာသုခ မည်၏။

ဗုဒ္ဓ၌ ခိုလှုံလဲလျောင်းကြစို့ ။ အကြောင်းမူကား ဗုဒ္ဓသည် အနိစ္စ တရား၌ ထာဝရတည်မြဲနေသည့် တရားကို ရှာဖွေတွေ့ရှိသောကြောင့်တည်း။ ဘဝ၏ အပြောင်းအလဲများထဲ၌ရှိသော ပျက်စီးပြောင်းလဲခြင်း မရှိသည့်အရာ ၌ ခိုလှုံလဲလျောင်းကြစို့ ။ ဗုဒ္ဓ၏ ဉာဏ်အလင်းရောင်ဖြင့် ဖန်တီးပြုလုပ် ထားသည့် သစ္စာတရား၌ ခိုလှုံလဲလျောင်းကြစို့ ။