ပါရဂူ - ကလေးပြဿနာ
အခန်း(၁)
ယနေ့လူသားအနေနှင့် ရင်ဆိုင်နေရသော ပြဿနာများထဲ တွင် အခြေခံအကျဆုံး ပြဿနာတစ်ခုရှိသည်။ ယင်းပြဿနာ ကို မည်သို့မည်ပုံ ဖြေရှင်းမည်နည်းဆိုသည့် အချက်ပေါ်တွင် အနာ ဂတ်တည်ရှိနေသည်။ ယင်းပြဿနာကို ယခင်က ဘယ်တုန်းကမှ မကြုံခဲ့ဘူးပေ။
လူသည် ပထမဦးစွာ လူလားမြောက်လာသည်။ တစ်စုံတစ် ခုသော အတိုင်းအတာထိ ရင့်ကျက်မှု ဖြစ်ပေါ်လာသည်။ ရင့်ကျက် လာသည်နှင့်အမျှ ပြဿနာသစ်များကိုလည်း ရင်ဆိုင်လာရသည်။
အကြီးမားဆုံးသော ပြဿနာတစ်ခုမှာ ကလေးသူငယ်များ၏ပြဿနာဖြစ်သည်ကိုဆိုသည်ကို မကြာသေးသော အချိန်ကာလကမှ သိရှိနားလည်လာကြသည်။ ရှေးယခင်က ယင်းကဲ့သို့ ယင်းကဲ့သို့ မည်သည့်အခါကမှ မစဉ်းစား မဆင်ခြင်ခဲ့ကြဖူးပေ။ ကမ္ဘာပေါ်၌ရှိသော မည်သည့်ကျမ်းစာကမှလည်း ယင်းအချက်ကို ဖော်ပြထားခြင်း မရှိပေ။ ကလေးသူငယ်တစ်ယောက် ပြဿနာအကြီးဆုံးနှင့်ရင်ဆိုင် နေရသည်ဆိုသည်ကို မည်သူ တွေးတောစဉ်းစားမည်နည်။ ကလေး သူငယ်တစ်ယောက်သည် သူ့ကိုချစ်သော၊ သူ့အတွက် စွန့်စွန့်စားစား ပြုလုပ်သော တချို့မိဘ၏ အနှိမ်ခံဘဝရောက်နေရသည်ဆိုသည်ကိုပြောပြလျှင် အလွန်တရာဆန်းကြယ်သော စကားဖြစ်နေမည်လား။ ယင်းစကားသည် အဓိပ္ပာယ် မရှိ၊ ပေါက်ကရပြောသော စကားလိုဖြစ် နေသည်။ သို့ရာတွင် ယခုအချိန်၌ စိတ္တဗေဒအမြင်ဖြင့် ရှုမြင်သုံးသပ် သူများက လူ့စိတ်နှလုံးနှင့် လူ့စိတ်နှလုံး၏ အလုပ်ကို လေးလေးနက် နက် ထွင်းဖောက်ကြည့်ရှုသောအခါ ကလေးသူငယ်သည် အသုံးချ အခံရဆုံးဖြစ်နေသည်ဆိုသည်မှာ ထင်ရှားပြတ်သားလာသည်။ က လေးသူငယ်ထက်ပိုပြီး မည်သူမှ အသုံးချမခံရပေ။ အနှိမ်မခံရပေ။ အမှန်က ကလေးသူငယ်သည် ချစ်မေတ္တာဟန်ပြ၏ နောက်ကွယ်၌ အသုံးချခံနေရခြင်းဖြစ်သည်။ အနှိမ်ခံရခြင်းဖြစ်သည်။
မိမိတို့သည် ကလေးသူငယ်ကို အသုံးချနေကြသည်ဟူ၍ လည်းကောင်း ဖိနှိပ်နေကြသည်ဟူ၍ လည်းကောင်း၊ ကလေးသူငယ်များကို ဖျက်ဆီးနေကြသည်ဟူ၍ လည်းကောင်း၊ ကလေးသူငယ်များကို ငတုံးငနဖြစ်အောင် လုပ်နေကြသည်ဟူ၍ လည်းကောင်း၊ ဉာဏ် | ထိုင်းသွားအောင် ပြုလုပ်နေကြသည်ဟူ၍ လည်းကောင်း မိဘများ သိနားလည်ကြသည်ဟူ၍မူ မဆိုလိုပေ။
မိဘများသည် ကလေးသူငယ်များကို မမှန်ကန်သော နည်းလမ်းများဖြင့်အောင် ပြုလုပ်နေကြသည်။ ကလေးသူငယ်သည် ကိုယ့် အားကိုယ်ကိုး စိတ်ကင်းပြီး မိဘများကိုသာ မှီခိုလျက် မိဘ၏ လက်ဝေခံအဖြစ်မျိုးနှင့်သာ နေရသည်။ လူးလွန့်လှုပ်ရှားသည့် စိတ်မျိုး၊ ထွက်ပေါက်ရှာသည့်စိတ်မျိုး၊ မိမိကိုယ် မိမိကာကွယ်လိုသည့်စိတ်မျိုးပေါ်မလာပေ။ လုံခြုံမှု ကင်းမဲ့နေသည့်အတွက် အထိမခံ ရွှေပန်းကန် ဖြစ်နေသည့်အတွက် ကလေးသူငယ်သည် လွယ်လင့်တကူ အသုံ။ ချခံရခြင်းဖြစ်သည်။ အနှိမ်ခံရခြင်းဖြစ်သည်။
ကမ္ဘာပေါ်၌ တချို့မိဘများ၏ ကလေးသူငယ်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများသည် ကလေးသူငယ်များအတွက် အကြီးမားဆုံးသော ပြဿနာဖြစ်နေသည်။ ယင်းအခြေအနေမျိုးကို အမြစ်ဖြုတ် ပစ်သင့်သည်။ အမြစ်ဖြုတ်၍ရသည့်အချိန်မှာ လူသားအနေနှင့် ပထမ ဦးဆုံး အမှန်တကယ် လွတ်လပ်မှုရရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် “ကလေးသူငယ်သည် လူ၏ဖခင် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ အကယ်၍ ကလေးသူငယ်သည် မမှန်ကန်သောနည်းလမ်းဖြင့် ကြီးပြင်းလာရသည်ဆိုလျှင် လူသားအားလုံး အမှားနှင့် ရင်ဆိုင် ကြရပေလိမ့်မည်။ ကလေးသူငယ်သည် မျိုးစေ့ဗီဇဖြစ်သည်။ အကယ်၍မျိုးစေ့ဗီဇကိုယ်တိုင်က အဆိပ် ဝင်နေလျှင်၊ ပိုးဝင်နေလျှင်ကြည့်ရှုစောင့်ရှောက်သူများ၏ မသိမလိမ္မာမှုကြောင့် အဆိပ်ဖြစ်နေမည်ဆိုလျှင် လွတ်လပ်သော လူသားဖြစ်ပေါ်လာဖို့အတွက် မျှော်လင့်ချက် ကင်းဝေးသွားပြီး ယင်းအိပ်မက်မျိုးသည် အိပ်မက်အဖြစ်ဖြင့်သာရှိနေ ပြီး အကောင်အထည်ပေါ်လာဖို့ အကြောင်းရှိတော့မည် မဟုတ်ပေ။
ထိတ်လန့်စိုးရွံ့စရာ တစ်ခုရှိနေသည်။ ကလေးသူငယ်ဘဝ ကစတင်ပြီး ကလေးသူငယ်ကို အချုပ်အချင်မရှိဘဲ စိတ်လွတ်ကိုယ် လွတ်ထားမည်ဆိုလျှင် ကလေးသူငယ်သည် မည်မျှဉာဏ်ထက်ထက် မြက်မြက်ရှိလာမည်နည်း၊ မည်မျှ အကင်းပါးလာမည်နည်။ မည်မျှ ဖျတ်ဖျတ်လတ်လတ်ရှိလာမည်နည်။ သို့သော်ကလေးသူငယ်၏ နေ နည်းထိုင်နည်းသည် အပိုးမကျိုးသည့် နေနည်းထိုင်နည်းဖြစ်လာ လိမ့်မည်ဟူ၍လည်းကောင်း ထော်လော်ကန့်လန့် လုပ်လေ့လုပ်ထရှိသောနေနည်းထိုင်နည်းမျိုး ဖြစ်လာလိမ့်မည်ဟူ၍ လည်းကောင်းမိဘ တချို့က စိုးရိမ်ကြောင့်ကြနေကြ သည်။ မည်သူမျှ ထော်လော်ကန့်လန့်လုပ်သည်ကို မကြိုက်ပေ။ လူတိုင်းလူတိုင်း ကျိုးနွံသည်ကိုသာ နှစ် သက်ကြသည်။
မိဘများသည် ကျိုးနွံသောကလေးကို နှစ်သက်ကြသည်။ မိဘစကား မြေဝယ်မကျ နားထောင်သော ကလေးသူငယ်ကိုသာ မြတ်နိုးကြသည်။ လူ့လောက၌ များသောအားဖြင့် တွေ့မြင်သိရှိရသော အချက်တစ်ချက်ရှိသည်။ ကျိုးနွံသော ကလေးသူငယ်သည် ထုံထိုင်းသော၊ ထက်မြက်မှုမရှိသော ကလေးသူငယ်ဖြစ်နေတတ်သည်။ မိမိ အစွမ်းအစကိုပြသော ကလေးသူငယ်သည် ထက်ထက်မြက်မြက် ကလေးသူငယ် ဖြစ်လာတတ်သည်။ သို့ရာတွင် ယင်းကလေးသူငယ် မျိုးသည် လူချစ်မခံရပေ။ အသိအမှတ်ပြုခြင်းမခံရပေ။ ယင်းကလေး ငယ်မျိုးကို ဆရာသမားများကလည်း မချစ်ခင်ကြပေ။ လူ့အဖွဲ့စည်။ ကလည်း အသိအမှတ်မပြုချင်ကြပေ။ ဆီလိုအပေါက်ရှာပြီး အပြစ်ပြော နေတတ်ကြသည်။ ယင်းကလေးငယ်မျိုးသည် လူ့အဖွဲ့စည်းနှင့် အံ ဝင်ခွင်ကျမဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် တစ်ကောင်ကြွက်ဘဝမျိုးဖြင့် နေရတတ်သည်။ မိမိသည် မိမိ မိဘအတွက် အကျိုးပြုသူ မဟုတ် ဟူ၍လည်းကောင်း၊ မိဘများကို စိတ်ချမ်းသာအောင် ပြုလုပ်သူ မ ဟုတ်ဟူ၍လည်းကောင်း တွေးပြီး အားငယ်ခြင်းဖြစ်ရတတ်သည်။
သေသေချာချာ စဉ်းစားဆင်ခြင်ကြည့်လျှင် နားလည်သ ဘောပေါက်လာလိမ့်မည်။ ခရစ်တော်၏ မိဘများသည် စောစောပိုင်းလုပ်သည်ကို မကြိုက်ပေ။ လူတိုင်းလူတိုင်း ကျိုးနွံသည်ကိုသာ နှစ် သက်ကြသည်။
မိဘများသည် ကျိုးနွံသောကလေးကို နှစ်သက်ကြသည်။ မိဘစကား မြေဝယ်မကျ နားထောင်သော ကလေးသူငယ်ကိုသာ မြတ်နိုးကြသည်။ လူ့လောက၌ များသောအားဖြင့် တွေ့မြင်သိရှိရသော အချက်တစ်ချက်ရှိသည်။ ကျိုးနွံသော ကလေးသူငယ်သည် ထုံထိုင်းသော၊ ထက်မြက်မှုမရှိသော ကလေးသူငယ်ဖြစ်နေတတ်သည်။ မိမိ အစွမ်းအစကိုပြသော ကလေးသူငယ်သည် ထက်ထက်မြက်မြက် ကလေးသူငယ် ဖြစ်လာတတ်သည်။ သို့ရာတွင် ယင်းကလေးသူငယ် မျိုးသည် လူချစ်မခံရပေ။ အသိအမှတ်ပြုခြင်းမခံရပေ။ ယင်းကလေး ငယ်မျိုးကို ဆရာသမားများကလည်း မချစ်ခင်ကြပေ။ လူ့အဖွဲ့စည်။ ကလည်း အသိအမှတ်မပြုချင်ကြပေ။ ဆီလိုအပေါက်ရှာပြီး အပြစ်ပြော နေတတ်ကြသည်။ ယင်းကလေးငယ်မျိုးသည် လူ့အဖွဲ့စည်းနှင့် အံ ဝင်ခွင်ကျမဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် တစ်ကောင်ကြွက်ဘဝမျိုးဖြင့် နေရတတ်သည်။ မိမိသည် မိမိ မိဘအတွက် အကျိုးပြုသူ မဟုတ် ဟူ၍လည်းကောင်း၊ မိဘများကို စိတ်ချမ်းသာအောင် ပြုလုပ်သူ မ ဟုတ်ဟူ၍လည်းကောင်း တွေးပြီး အားငယ်ခြင်းဖြစ်ရတတ်သည်။
သေသေချာချာ စဉ်းစားဆင်ခြင်ကြည့်လျှင် နားလည်သ ဘောပေါက်လာလိမ့်မည်။ ခရစ်တော်၏ မိဘများသည် စောစောပိုင်းက ခရစ်တော်ကို အကြောင်းပြုပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ မ ရှိခဲ့ကြပေ။ သိဒ္ဓတ္ထမင်းသား၏မယ်တော် ခမည်းတော်များသည်လည်း ထိုနည်းအတိုင်းပင် သိဒ္ဓတ္ထမင်းသား တောထွက်သွားစဉ်က စိတ်ရွှင် လန်းချမ်းမြေ့ခြင်း မရှိခဲ့ကြပေ။ ယင်းပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် များသည် ရိုးရိုးလူများထဲက ရှိရင်းစွဲ လူ့လောက၏ ထုံးတမ်းစည်းကမ်း များကြားထဲက ထွင်းဖောက်ထိုးထွက်လာသောပုဂ္ဂိုလ်များဖြစ်နေသည့် အတွက် ထိုပုဂ္ဂိုလ်တို့၏မိဘများသည် မဆွက စိတ်ချမ်းသာ ကိုယ်ချမ်း သာ မရှိခဲ့ကြခြင်းဖြစ်သည်။
ကလေးသူငယ်တိုင်းသည် စတင်မွေးလာစက အဖြူထည် သက်သက်ဖြစ်သည်။ အရောင်ဆိုးထားခြင်းမရှိပေ။ နောက်ပိုင်းကျမှ ကလေးသူငယ်ကို အရောင်ဆိုးကျခြင်းဖြစ်သည်။ ကလေးသူငယ်အ ပေါ်တွင် ချေးညှော်တွေ၊ ဖုံမှုန့်တွေ တင်ရခြင်းဖြစ်သည်။ ကလေးသူ ငယ်သည် ကိုယ့်ကိုယ်ကို အားကိုးပိုင်ခွင့်ရှိသည်။ မိမိအစွမ်းအစနှင့် ရပ်တည်လိုသော ဆန္ဒရှိသည်။ သို့ရာတွင် တချို့မိဘများက ကလေး သူငယ်ကို သူ့အစွမ်းအစနှင့် ရပ်တည်ခွင့် မပေးချင်ကြပေ။ သူ့အစွမ်း အစနှင့် ရပ်တည်ဖို့ ကြိုးစားခြင်းကို မိဘများက ထိတ်လန့်ကြောက် ရွံ့ကြသည်။
ကလေးသူငယ်များသည် ကိုယ့်အစွမ်းအစနှင့် ကိုယ်ရပ်တည် ဖို့လိုအပ်သည်။ ကိုယ်အစွမ်းအစနှင့် ရပ်တည်ဖို့ ကြိုးစားခြင်းသည်။
သူ၏ အနာဂတ်လုံခြုံရေးနှင့် စီးပွားရေးအတွက် အာမခံပေးနိုင်သော အကြောင်းများဖြစ်သည့်အတွက်ကြောင့်ပင် ။ သေသေချာချာ စဉ်းစားကြည့်လျှင် သဘောပေါက်လိမ့်မည်။ ကိုယ်စွမ်းကိုယ်စနှင့် ရပ်တည်ဖို့ ကြိုးစားခြင်းသည် ဘဝ၏ အခြေခံအကျဆုံးသော နိယာမ တရားဖြစ်သည်။ အမြစ်သည် မြေအောက်တွင် တွယ်နေသည်။ အ ကယ်၍ အပြစ်ကို မြေကြီးထဲက ထုတ်ယူလိုက်လျှင် အမြစ်ခွမ်းခြောက် သွားလိမ့်မည်။ အမြစ်သည် ကိုယ့်အစွမ်းအစနှင့် ရပ်တည်နေသည်။ မြေကြီးထဲတွင် သူ့ဘာသာသူ သန်မာကြီးထွားနေသည်။ ကလေးသူ ငယ်သည်လည်း မိခင်၏ဝမ်းဗိုက်အတွင်းက အမှောင်ထဲတွင် သူ့ဘာ သာသူ လွတ်လွတ်လပ်လပ် တည်ရှိနေခြင်းဖြစ်သည်။ မိခင်ဝမ်းတိုက် အတွင်းက အမှောင်ထဲတွင် သူ့ဘာသာသူ သီးသန့်လွတ်လွတ်လပ် လပ်နေသော ကလေးသူငယ်ကို အမှောင်ထဲက ဆွဲထုတ်လိုက်လျှင်၊ လူတွေကြားထဲ ဆွဲထုတ်လိုက်လျှင် အမိဝမ်းတိုက်အတွင်းက သူ့ဘာ သာသူ တသီးတခြား လွတ်လွတ်လပ်လပ်နေသော ကလေးသူငယ် သည် အသက်ပျောက်သွားရုံမှတစ်ပါး တခြားနည်းလမ်း ရှိမည်မဟုတ် တော့ပေ။ အမိဝမ်းတိုက်ထဲတွင် သူ့ဘာသာသူ သီးသန့်ကိုးလ အချိန် ကာလအထိ နေရလိမ့်မည်။
တိုးတက်ကြီးထွားဖို့လိုသော အရာဝတ္ထုတိုင်းသည် သူ့ဘာ သာသူ သီးသန့်ရှိနေဖို့ လိုအပ်သည်။ လူလားမြောက်လာသူ တစ်/ယောက်သည် မိမိဘာသာ မိမိသီးသန့်နေဖို့ ထူးထူးခြားခြား မလိုအပ် ပေ။ လူလားမြောက်လာသူ တစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ ကလေးသူငယ်အတွက်ကား သူ့ဘာသာသူ သီးသန့်နေရ ဖို့ လိုအပ်သည်။ တစ်ယောက်တည်း လုံးဝလွှတ်ပေးထားရမည်ဟူ၍ မူ မလိုအပ်ပေ။
မိမိတို့၏ ကလေးသူငယ် ပျောက်ဆုံးသွားသည့်အခါမျိုး၌ဖြစ် စေ၊ သူ့ဘာသာသူတစ်ယောက်တည်း သီးသန့်နေသောအခါ၌ဖြစ်စေ၊ မိဘများသည် စိုးရိမ်ကြောင့်ကြမှုဖြစ်သွားတတ်ကြသည်။ အကယ်၍ တစ်ယောက်တည်းနေလျှင် ကလေးသူငယ်သည် သူ၏ပုဂ္ဂိုလ်က ကိုယ်ပိုင်ဘဝကို စတင်ပုံသွင်းလာမှာ စိုးရိမ်ထိတ်လန့်ကြသည့်အတွက် ဖြစ်သည်။ မိဘများအနေနှင့် မျက်စိအောက်က အပျောက်မခံလိုသောမိဘတို့၏ စောင့်ကြပ်ခြင်းသည် ကလေးသူငယ်၏ ပင်ကိုယ် အစွမ်းအစ (Individualty)ကို ကြီးထွားလာအောင် မပြုလုပ်ပေ။ ကလေးသူငယ်ကို အပေါ်ယံရုပ် (Personality)ဖြင့် ဖုံးအုပ်ထားသည်။
Personality(အပေါ်ယံရုပ်) သည် အဖုံးအအုပ်မှတစ်ပါး အခြားမည်သည့်အရာမှမဟုတ်ပေ။ Personality သည် Person ဟူသော စကားလုံးမှလာသော ဝေါဟာရဖြစ်သည်။ Person၊ စကား လုံးသည် မျက်နှာဖုံး အနက်အဓိပ္ပာယ်ထွက်သည်။ ဂရိပြဇာတ်၌ ဇာတ်ဆောင်များသည် မျက်နှာဖုံးစွပ်ထားကြသည်။ Sonia ၏ အဓိပ္ပာယ်မှာ အသံဖြစ်သည်။ Per ၏ အဓိပ္ပာယ်မှာ တစ်ဆင့်ဖြစ်သည်။ ဇာတ်ဆောင်များသည် မျက်နှာဖုံးကတစ်ဆင့် စကားပြောလေ့ရှိကြ သည်။ ဇာတ်ဆောင်တို့၏ မျက်နှာအစစ်အမှန်ကို မမြင်မတွေ့ရပေ။ သူတို့၏ အသံကိုသာ ကြားသည်။ အသံကို မျက်နှာဖုံးကတစ်ဆင့် ကြားရသောကြောင့် မျက်နှာဖုံးကို Persona ဟုခေါ်ခြင်းဖြစ်သည်။ Persona မှ Personality ဖြစ်လာသည်။
အခန်း(၃)
ကလေးသူငယ်သည် အစောင့်အကြပ်ခံနေရသည် ဖြစ်၍ အမြဲမပြတ် အစောင့်အရှောက်နှင့်နေရသလို ဖြစ်နေပေလိမ့်မည်။ ယင်းသဘောတရားကို မိမိတို့ကိုယ်တိုင် တွေ့မြင်သိရှိ နိုင်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက် ရေချိုးမည်ဆိုလျှင် ထိုလူသည် တခြားသောလူများနှင့်မတူဘဲ လုံးဝခြားနားမှုရှိနေသော လူတစ်ယောက် ဖြစ်နေပေလိမ့်မည်။ ရေချိုးခန်းထဲတွင် မျက်နှာဖုံးချွတ်ထား ပေလိမ့်မည်။ ဣသံပတ်တိနှင့်နေသော လူကြီးတစ်ယောက်ဖြစ် နေစေကာမူ သီချင်းညည်းနေပေလိမ့်မည်။ လူကြီးတစ်ယောက်ဖြစ် နေစေကာ မူမှန်ထဲက မိမိ၏မျက်နှာပုံပန်းကို တစ်မျိုးတဖုံ လုပ်ကြည့်နေပေလိမ့်မည်။ မိမိတစ်ကိုယ်တည်း သီးသန့်နေရာရောက်နေ သည်ကိုလည်းကောင်း၊ တံခါးအလုံပိတ်ထားသောနေရာထဲ ရောက်နေသည်ကိုလည်းကောင်း စိတ်ချလက်ချ သိရှိနေသည်။ သို့သော်လည်း တစ်ယောက်ယောက်က သော့ပေါက်က ချောင်း ကြည့်နေသည်ဆိုသည်ကို သိသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အပြောင်းအလဲ လုပ်လိမ့်မည်။ ခပ်တည်တည် အမူအရာမျိုး ပြန် ဖြစ်လာလိမ့်မည်။ သီချင်းဆိုသံ ပျောက်သွားလိမ့်မည်။ မှန်ထဲကြည့်ပြီး မျက်နှာအနေအထား တစ်မျိုးတဖုံလုပ်တော့မည် မဟုတ်ပေ။ ဆိတ် ကွယ်ရာ၌ လုပ်လေ့လုပ်ထရှိသော အပြုအမူမျိုး လုပ်တော့မည် မဟုတ်ပေ။ ယင်းသည် Personality ဖြစ်သည်။ အဖုံးအပိတ်ထဲ ပြန်ရောက်သွားခြင်းဖြစ်သည်။
ကလေးသူငယ်တစ်ယောက်ယောက်ကို တတ်နိုင်သမျှ လွတ်လွတ်လပ်လပ်ထားရမည်။ အချုပ်အချယ် မပြုလုပ်သင့်ပေ။ သို့မှသာ ကလေးသူငယ်အနေနှင့် သူ၏ ပင်ကိုယ်အစွမ်းအစ (Individualty)ကို အနှောင့်အယှက်ကင်းရှင်းစွာဖြင့် ကြီးထွားသန် မာလာအောင် လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ကလေးသူငယ် နှင့်ပတ်သက်၍ နိုင်လိုမင်းထက် ပြုလုပ်ချင်ကြသည်။
အရှေ့ဖျားတိုင်းပြည်များတွင် လူမျိုးတစ်မျိုး တချို့ရှိသည်။ ယင်းလူမျိုးများ၌ အကျင့်တစ်ခုရှိသည်။ နံနက်တိုင်း ကလေးသူငယ်တိုင်းက သူတို့မိဘကို သူတို့မက်သည့် အိပ်မက်အကြောင်း ပြောပြ ကြရသည်။ ကလေးသူငယ်သည် အိပ်မက်ထဲ၌ပင် တစ်ယောက် တည်း လွတ်လွတ်လပ်လပ် မနေရပေ။ မမက်သင့်သည့် အိပ် မက်မက်လျှင် ထိုကလေးသူငယ်သည် မတွေးသင့်သည်ကို တွေးသူ ဖြစ်ရမည်။ ယင်းအချက်ကို မိဘကို အသိပေးရခြင်းဖြစ်သည်။
ကလေးသူငယ်ကို မချုပ်ချယ်သင့်ပေ။ လွတ်လွတ်လပ်လပ် ထားသင့်သည်။ မိဘများအနေနှင့် မိမိတို့၏ ကလေးသူငယ်များကို အကူအညီပေးရုံသာ ပေးသင့်သည်။ အနှောင့်အယှက် မပေးသင့် ပေ။ ကလေးသူငယ်ကို သူလုပ်ချင်တာကို လုပ်ခွင့်ပြုပြီး သူမလုပ် ချင်တာကို မလုပ်ခိုင်းသင့်ပေ။ မိဘများ အနေနှင့် သတိထားရမှာ က မိမိတို့၏ ကလေးသူငယ်များ သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာ သွားအောင် မပြုလုပ်စေဖို့နှင့် တခြားလူများအားလည်း ထိခိုက် နစ်နာသွားအောင် မပြုလုပ်စေဖို့ ဖြစ်သည်။
ကလေးသူငယ်များသည် ကိုယ့်ဟာကိုယ် တစ်ဦးတည်း။ တစ်ယောက်တည်းနေလိုသော ဆန္ဒရှိကြသည်။ သူတို့၏ ကြီးထွား သန်မာလာရေးအတွက် နေရာကျယ်ကျယ်ပြန့်ပြန့်လိုအပ်သည်။ မိဘလုပ်သူများသည် ကလေးသူငယ်များအား ထိခိုက်နစ်နာမှု ဖြစ် မသွားစေရန် သတိကြီးစွာထားရမည်။
သို့သော်လည်း ယင်းအချက်ထက်ပိုပြီး သတိပြုသင့်သည်မှာကလေးသူငယ်များအား အနှောင့်အယှက်မပေးရန်ဖြစ်သည်။ မိဘများသည် ကလေးသူငယ်များအား အမှန်တရားနှင့်ပတ်သက်ပြီး စူးစမ်းထောက်လှမ်းရန်အတွက် ဆန္ဒမျိုးပေါ်ပေါက်လာအောင် ဖန်တီးသင့်သည်။ သို့ရာတွင် အမှန်တရားနှင့်ပတ်သက်သော အတွေးအခေါ်ကိုပေးသော အယူဝါဒတစ်ခုခုကိုမူ ရိုက်သွင်းသည့် သဘောမျိုးဖြင့် မပေးသင့်ပေ။ အမှန်တရားနှင့်ပတ်သက်ပြီး မည်သို့ မည်ပုံ စူးစမ်းရမည်ဆိုသည်ကို ညွှန်ကြား ပြောပြသင့်သည်။ စူးစမ်း ဆင်ခြင်မှုကို သင်ကြားပေးသင့်သည်။ စမ်းသပ်စစ်ဆေးမှုကို သင်ကြား ပေးသင့်သည်။ စွန့်စားမှုကို သင်ကြားပေးသင့်သည်။
ကလေးသူငယ်များအား မေးခွန်းများမေးနိုင်အောင် အကူ အညီပေးသင့်သည်။ မိဘများအနေနှင့်မူ အကယ်၍ မိမိတို့ကိုယ် တိုင် အမှန်အတိုင်း မသိနားမလည်သော မေးခွန်းကို ကလေး သူငယ်များက မေးလာလျှင် ဖြေဆိုခြင်းမပြုသင့်ပေ။ မိဘများ ကိုယ်တိုင် သိရှိနားလည်သော မေးခွန်းများဖြစ်နေသည့်တိုင်အောင် “ငါတို့ ပြောတာကို တသွေမတိမ်း မှတ်ယူမထားနှင့်၊ ယခုငါပြော တာဟာ ငါ့အတွေ့အကြုံကို ပြောပြတာဖြစ်တယ်၊ ငါပြောတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီအကြောင်းအရာဟာ မှားချင်မှား သွားနိုင်တယ်၊ ဘာကြောင့်လဲဆိုရင် မင်းတို့အတွက် အဲဒီအကြောင်း အရာဟာ မင်းတို့ကိုယ်တိုင် တွေ့ကြုံ မှုမရှိသေးတဲ့ အကြောင်းအရာဖြစ်နေတဲ့ အတွက်ကြောင့်ပဲ။ ငါပြောတာကို နားထောင်း၊ ဒါပေ မယ့် တထစ်ချလိုက်နာခြင်း၊ ယုံကြည်ခြင်း မပြုနှင့်၊ စမ်းသပ်ခြင်း စစ်ဆေးခြင်း ရှာဖွေခြင်းဆိုတာတွေဟာ မလုပ်လို့မဖြစ်ဘူး။ မင်း တို့ကိုယ်တိုင် မသိသေးတဲ့ အသိပညာဟာ မင်းတို့အတွက် အသုံး မဝင်တဲ့အပြင် အန္တရာယ်တောင် ဖြစ်နိုင်သေးတယ်။ သူတစ်ပါး ဆီကငှားတဲ့ အသိပညာဟာ အနှောင့်အယှက် အဟန့်အတားဖြစ်နေ တတ်တယ်ဟု ပြောရမည်။
ကလေးသူငယ်များကို ဖိနှိပ်ချုပ်ချယ်ခြင်း မပြုသင့်ပေ။ ကြီးကြီးကျယ်ကျယ် ဆုံးမစကားမျိုး မပြောကြားသင့်ပေ။ ကလေးကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် အကူအညီပေးသင့်သည်။ အထောက်အပံ့ ပေးသင့်သည်။ အားပေးအားမြှောက် ပြုသင့်သည်။ စစ်မှန်သော ဖခင်တစ်ယောက်သည်၊ စစ်မှန်သော မိခင်တစ်ယောက် သည်၊ စစ်မှန်သော မိဘများသည် ကလေးသူငယ်များအတွက် မြေတောင်မြှောက်ပေးသူများ ဖြစ်သင့်သည်။ မိဘများသည် ကလေး သူငယ်များအား သူတို့၏သဘာဝထဲတွင် အမြစ်ပိုမိုတွယ်သွားစေ ရန်အတွက်လည်းကောင်း ပိုမိုအခြေကျသွားစေရန်အတွက်လည်းကောင်း ပိုမိုခိုင်မြဲသွားစေ ရန်အတွက်လည်းကောင်း၊ သူတို့ကိုယ် သူတို့ အပြစ်ရှိသူတစ်ယောက်အဖြစ် မမှတ်စေဘဲ သူတို့ကိုယ် သူတို့ ချစ်ခင်မြတ်နိုးမှု ရှိသွားစေရန်အတွက်လည်းကောင်း၊ သူတို့