Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ပါမောက္ခဒေါက်တာသံစစ် - အသဲရောင်ဘီပိုးစီပိုးနှင့်အခြားဆောင်းပါးများ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အသည်းရောင် ဘီပိုး၊ စီပိုး နှင့် အခြားဆောင်းပါးများ

ဘီပိုးနှင့် လူမှုရေးပြဿနာ

အသည်းရောင်ဘီပိုး ရှိတာဟာ အရှုံးများတဲ့ လောင်းကစားလုပ်ရ သလိုပဲ အသည်းရောင်ဘီပိုး ဝင်လိုက်ပြီဆိုတာနဲ့ ဖြစ်နိုင်ခြေတွေ အများကြီး ရှိတယ်။ အဖြစ်နည်းပေမယ့် အသည်းအသန် မကျန်းမမာဖြစ်ပြီး သေဆုံးသွားနိုင်တယ်။ တချို့ကတော့ ပြန်ကောင်းတယ်။ တချို့ကတော့ ရောဂါ လဏာမပြဘဲ နှစ်အကြာကြီးငုပ်နေပြီးတော့မှ နာတာရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာအဖြစ် ပေါ်လာတယ်။ တချို့မှာ ဘီပိုး ကိုယ်ထဲရှိတဲ့အတွက် အားပြည့်မာန်ပြည့်မဟုတ်ဘူး။ နုံးယ့်ယုံဖြစ်နေ တတ်တယ်။ကျန်းမာတယ်လို့ တစ်သက်ပတ်လုံး မခံစားရဘဲ ရှိနေနိုင် တယ်။ ကျန်းကျန်းမာမာရှိရင်လည်း မိမိချစ်သူ၊ မိမိဇနီးမယား၊ အိမ်ထောင် ဘက် ခင်ပွန်းသည်တို့ကို ကူးလေမလားလို့ စိတ်ပူပန်မှု ဖြစ်ပေါ်လာတတ် တယ်။ ပိုးဝင်ပြီး လုံးဝပျောက်သွားတဲ့လူရှိသလို၊ နာတာရှည် အသည်းရောင်

ရောဂါ ကျန်ခဲ့သူတွေလည်းရှိတယ်။ ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ ပိုးသာရှိတဲ့အတွက် Carrierလို့ ခေါ်ခဲ့ကြတယ်။ ဒါပေမယ့် နောင်အခါမှာ အသည်းကင်ဆာတို့ ဖြစ်လာနိုင်တဲ့အတွက် Carier လို့ မခေါ်ချင်တော့ ဘူး။ နာတာရှည် အသည်းရောင်ရောဂါလို့ပဲ ခေါ်ကြတယ်။ စစ်ဆေးထား ခြင်းမရှိတဲ့ သွေးသွင်းရာ၊ လိင်ဆက်ဆံရာ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးပစ္စည်းသုံးရာက ကူးတတ်တယ်။ ပိုးရှိတဲ့မိခင်က မွေးကင်းစကို ကလေးမွေးဖွားစဉ်မှာ ကူးတယ်။ နားဖောက်၊ ဆေးမင်ထိုး စတဲ့နည်းလမ်းတွေ ကလည်း ကူးနိုင်တယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူသန်း ၄၀၀ လောက်ဖြစ် နေတဲ့ရောဂါရဲ့ အတိအကျကူးနည်းတွေဟာ မဖော်ထုတ်နိုင်ဘဲ ရှိနေဦးမှာ ပါ။ အသည်းရောင်ဘီပိုးနဲ့ အသည်းရောင်စီပိုးရဲ့ တိတ်တခိုးပျံနှံ့နေပုံကို ဆေးပညာ အသိုင်းအဝိုင်းနဲ့ သိပ္ပံပညာအသိုင်းအဝိုင်းမှာ ပြောကြ၊ ဆိုကြ ပေမယ့် လူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးလာတာကတော့ နောက်ပိုင်း နှစ်တွေမှသာ ဖြစ်တယ်။ ၁၉၈ဝ ပြည့်နှစ်မှာ AIDS ပေါ်လာတော့ ကူးစက်ပုံ ကူးစက်နည်းတူတဲ့ ဘီပိုးကို သတိထားလာတယ်။ တကယ်တော့ အသည်း ရောင်ဘီပိုးဟာ AIDS ရောဂါ ကုသကာကွယ်ဖို့အတွက် အစမ်းလေ့ကျင့် မှု လွှတ်လိုက်တာလို့တောင် ဆိုနိုင်တယ်။ အသည်းရောင်ဘီပိုးကို သေသေ ချာချာ မတားဆီးနိုင်ခဲ့တဲ့အတွက် AIDS ရောဂါမှာ နည်းလမ်းဖွံ့ဖြိုးမှု နှေးခဲ့ ရတယ်။ ဒီရောဂါ ၂ ခုမှာ အတော့်ကိုဆင်တယ်။ ပိုးဝင်ခံရသူတွေမှာ နှစ် အကြာကြီး ကိုယ်ထဲမှာရှိနေပြီး အခြားသူများကို ကူးစက်နိုင်စွမ်းရှိတယ်။ နှစ်ချီပြီး ကုသရတယ်။ လွယ်လွင့်တကူ သွေးစစ်ပြီးရောဂါရှိသူကို ရှာဖွေနိုင် ပေမယ့် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး ခွဲခြားဆက်ဆံမှုတွေကြောင့် သွေးစစ်ပြီး ရောဂါမရှာဖွေဖြစ်ကြဘူး။ ရောဂါတွေ့ရင်လည်း စိတ်ဖိစီးမှုဖြစ် ကြတယ်။ သွေးသွင်းရာ၊ လိင်ဆက်ဆံရာ၊ အမေက ကလေးကိုကူးရာမှာ ဆင်တယ်။ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေး၊ အကြောဆေးများ သုံးသူ များမှာ ပိုဖြစ်တတ်တယ်။ ကျန်းမာရေး စောင့်ရှောက်သူတွေမှာလည်း ဂရုမစိုက်ရင် ကူးနိုင်တယ်။ ထိရုံ၊ တွေ့ရုံနဲ့ ကူးစက်နိုင်မှုမရှိသော်လည်း ကူးစက်နိုင်တယ်ဆိုတဲ့ သံသယ ရှိခဲ့ကြရတယ်။ တစ်ကမ္ဘာလုံးမှာ အလျံအနှံ့ ဖြစ်ပွားနေတယ်။

အရွယ်ရောက်တဲ့ အသည်းရောင်ဘီပိုးရှိတဲ့ လူငယ် အမျိုးသား၊ လူ ငယ် အမျိုးသမီးဟာ ထိမ်းမြားလက်ထပ်ဖို့ရန် ဆုံးဖြတ်ဖို့ အင်မတန်ခက်ခဲ တယ်။ မိမိ ထိမ်းမြားလက်ထပ်မည့် ခင်ပွန်းလောင်း၊ ဇနီးသည်လောင်းကို ဖွင့်ဟပြောဖို့ အင်မတန်ဝန်လေးကြတယ်။ တကယ်တော့ ဖွင့်ဟပြောရမယ်။ မရှိသေးတဲ့လူ ကာကွယ်ဆေး ၃ လုံး အပြည့်ထိုးရင် ထိထိမိမိကာကွယ် နိုင်တယ်လို့ ဘယ်လိုပဲပြောစေကာမူ ဖွင့်ပြောဖို့ရာ ခက်ခဲနေတတ်တယ်။

ဖွင့်လည်းဖွင့်ပြော၊ ကာကွယ်ဆေးလည်းထိုး၊ ကာကွယ်ဆေး ၃ ကြိမ်ထိုး ပြီးရင် အလွန်လုံခြုံမှုရှိအောင် အောင်/မအောင် စစ်ဆေးရမယ်။ ၂၀၀၈ ခုနှစ်က Value in Healthဆိုတဲ့ ဂျာနယ်တစ်စောင်မှာ နာတာရှည် အသည်း ရောင်ဘီပိုးရောဂါရဲ့ ဘဝနေထိုင်မှုအပေါ်မှာ သက်ရောက်မှုကို လေ့လာထား တဲ့ စာတမ်းတစ်စောင်ရှိတယ်။ ရောဂါမရှိတဲ့လူ ၆၀၀ နဲ့ ရောဂါရှိတဲ့လူ ၅၃၄ ယောက်ကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ စပိန်၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတွေမှာ လေ့လာခဲ့ဖူးတယ်။ နာတာရှည် အသည်းရောင် ရောဂါနဲ့ အသည်းခြောက်ရောဂါ ဖြစ်ခါစလူတွေမှာ စိတ်ပျက်ခြင်း၊ စိတ်ကျ ခြင်း နည်းနည်းပါးပါးသာရှိတယ်။ နေထိုင်မကောင်းခြင်း နည်းနည်းပါးပါး သာရှိတယ်။ အသည်းခြောက်ရောဂါ အဆင့်ရင့်နေသူများနဲ့ အသည်းကင် ဆာရှိသူတွေမှာ ပိုပြီးဆိုးကျိုးသက်ရောက်တယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူ ညီတဲ့အချက်တွေလည်း ရှိတယ်။ နိုင်ငံအလိုက် သီးခြားလေ့လာမှုပြုလုပ်ရင် ပိုမိုအကျိုးရှိမယ်။ အသည်းရောင်ဘီပိုး အဖြစ်များတဲ့ ဟောင်ကောင်နဲ့ တရုတ် ပြည်မကြီးမှာ အသည်းရောင်ဘီပိုးရှိတဲ့အတွက် ပိုပြီး အလေးအနက်ခံစား ရတယ်။