Skip to product information
1 of 3

Other Websites

ပါမောက္ခဒေါက်တာခင်မောင်အေး - ဖြစ်တတ်သောနှလုံးနှင့်သွေးကြောရောဂါများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဖြစ်တက်တဲ့ နှလုံးသွေးကြောရောဂါများ

နှလုံးသွေးကြောရောဂါကို ကမ္ဘာနဲ့အဝှမ်းကြည့်လိုက်ရင်အဖြစ်များတဲ့ တစ်နေ့တစ်ခြားပိုမိုများပြားနေတဲ့ရောဂါဖြစ်တယ်။ အဲဒါကြောင့်မို့လည်း အမေရိ ကန်နိုင်ငံ အနောက်ဥရောပနိုင်ငံတွေမှာ ဒေါ်လာတွေများစွာအကုန်ခံပြီး မဖြစ်အောင် ကာကွယ်ဖို့  ဖြစ်ပြီးတဲ့သူတွေကိုကုသဖို့ ပိုမိုပြီးတိုးတက်အောင်မြင်အောင်အတွက်ကို ဆေးကော်မတီအနေနဲ့လည်းကောင်း၊ အစိုးရအနေနဲ့လည်းကောင်းထောက်ခံပြီး အ ပြင်းအထန်လုပ်နေကြတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအခါမှာဆိုရင် အခု လိုလုပ်လာတဲ့အတွက်ကြောင့်လည်း အသက်တွေရှည်လာတာတွေ့ရတယ်။ ဂျပန် နိုင်ငံ၊ အမေရိကန်နိုင်ငံတွေမှာ အချို့နေရာတွေမှာအသက်(၁၀၀)၊ (၉၀)အထိ အသက်ရှည်တာ တော်တော်များများတွေ့လာတယ်”

          တစ်နည်းအားဖြင့် နှလုံးသွေးကြောအကြောင်းပြောရလို့ရှိရင် နှလုံးဆိုတာ အမေဝမ်းထဲမှာကတည်းက လုပ်နေလိုက်တာ သေတွင်းထဲရောက်တဲ့အထိ လုပ်နေ တာပဲ။ ထိုနည်းတူစွာသွေးကြောလေးတွေကလည်း သွေးလာရင်ဖောင်းသွားလိုက် သွေးထွက်သွားရင်ပိန်သွားလိုက် ဖောင်းလိုက်၊ ပိန်လိုက်နဲ့နေရတာလူတစ်ယောက် ဟာ ငယ်စဉ်အမေ့ဝမ်းထဲကနေသေသွားတဲ့အထိဖြစ်စဉ်ဖြစ်တယ်။

ဒါကြောင့်မို့လို့ဒီနလုံးနဲ့သွေးကြောကျန်းမာရေးဆိုပြီးတော့ ဆရာ၂၀၀၀ခုနှစ်က အမေရိကန်နိုင်ငံမှာသွားပြီးတော့တက်တဲ့အခါမှာ Vascular Health နိုင်ငံပေါင်းစုံကနေပြီးတော့ တင်ပြဆွေးနွေးတာတွေ့ခဲ့ရတယ်။ သေချာပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင်တစ်ကိုယ်လုံးရှိတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးဟာ ကြည့်လိုက် မယ်ဆိုလို့ရှိရင် သွေးကြောမသွားတဲ့အင်္ဂါအစိတ်အပိုင်းတွေမရှိဘူး။ အရိုးထဲမှာတောင်မှ သွေးကြောလေးတွေကသွားနေတယ်။ ဒါကြောင့်မို့ သွေးကြော တွေရဲ့ကျန်းမာရေးဟာ အင်မတန်အရေးကြီးတယ်။

“နှလုံးကအစ သွေးကြောမကြီးတွေ သွေးကြောလတ်တွေ သွေးကြော ငယ်တွေ ဆံခြည်မျှင်သွေးကြောလေးတွေအထိ ဘယ်လိုကျန်းမာအောင်လုပ်ပေး မလဲ အဲဒါတွေကိုရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ အမြဲကျန်းမာပြီးတော့ သူရဲ့ လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နိုင်အောင်ဘယ်လိုလုပ်ပေးနိုင်မလဲဆိုပြီးတော့ အင်မတန်မှအရေးကြီးတဲ့ရည်ရွယ်ချက်တစ်ခုအနေနဲ့ အတော်များများပြောနေကြတဲ့ Vascular Health ဖြစ်ပါတယ်။

          သာမန်လူတစ်ယောက်ဟာ အကြမ်းအားဖြင့် လမ်းလျှောက်ခိုင်းတယ်ဆို တာလည်း သွေးကြောတွေအတွက်ပဲ ဥပမာအားဖြင့် လေ့ကျင့်ခန်းတွေလုပ်ခိုင်း တယ်။ ကျန်းမာအောင်လုပ်ခိုင်းတယ်။ သွေးထဲမှာ အဆီတွေလျှော့ခိုင်းတယ်ဆိုတာ လည်း ဒီသွေးကြောကျန်းမာရေးပဲ ဆေးလိပ်မသောက်နဲ့ပြောတာလည်း သွေးကြော ကျန်းမာရေးပဲ။ Antioxidant တွေပေးနေကြတယ်၊သောက်နေကြတယ်ဆိုတာလည်းသွေးကြောကျန်းမာရေးပဲ နောက်ဆုံးရောဂါတော်တော်များများကြည့်လိုက် လို့ရှိရင် အဖြစ်များလှတဲ့ သွေးတိုးရောဂါပဲကြည့်ကြည့် ဆီးချိုသွေးချိုရောဂါပဲ ကြည့်ကြည့်၊ နှလုံးသွေးကြောကျဉ်းရောဂါပဲဖြစ်ဖြစ်တော်တော်များများမှာသွေးကြောတွေပျက်စီးသွားတယ်။ ဥပမာ- ဆီးချိုရောဂါဆိုလို့ရှိရင်သွေးကြောတွေ ပျက်စီးသွားလို့ ကျောက်ကပ်တွေပျက်စီးသွားတယ်။ဆီးချိုရောဂါမှာဘာဖြစ်လို့မျက်လုံးတွေကွယ်သွားရတာလဲ သွေးကြောပျက်စီးသွားလို့ပဲဖြစ်တယ်။ ထိုနည်းတူစွာ ပဲ သွေးတိုးရောဂါတွေမှာလည်း သွေးတိုးအရှိန်ပြင်းထန်တဲ့အတွက်ကြောင့် ကျောက်ကပ်ပျက်စီးသွားတာတွေဖြစ်တယ်။

ဒါကြောင့်မိုလို့ ကျွန်တော်ပဏာမအနေနဲ့ ခြုံငုံပြီးပြောရလို့ရှိရင် သွေးကြော တွေရဲ့ကျန်းမာရေးက အင်မတန်လေးနက်တယ်ဆိုတာကို လူတိုင်းသိထားဖို့လိုမယ်။ နောက်အသက်ကြီးလာတော့ ဦးနှောက်ထဲမှာသတိမေ့လာတယ်။ နောက်ပြီးတော့ လူဟာရုတ်တရက်လေဖြတ်သွားတယ်။ ဒါမှမဟုတ်လို့ရှိရင် ရုတ်တရက်သွေးတိုးပြီး သတိလစ်သွားတယ်။ ဒါတွေအားလုံးဟာ သွေးကြောပေါက်သွားလို့သော်လည်းကောင်။ သွေးကြောခဲသွားလို့သော်လည်းကောင်း ဒါမှမဟုတ်လို့ရှိရင်လည်း သွေးအသွားနည်းသွားလို့သော်လည်းကောင်းတစ်ခုခုဖြစ်တယ်။ဒါကြောင့် ကျွန်တော်ပဏာမအနေနဲ့ပြောချင်တာကတော့ ကျွန် တော်တို့မွေးကတည်းကနေပြီးတော့ အိပ်နေနေ နားနေနေ လှုပ်ရှားနေနေ မရပ် မနားအမေ့ဝမ်းထဲကနေပြီးတော့ သေတွင်းထဲရောက်နေတဲ့အထိ လှုပ်ရှားသွားရ တဲ့အင်္ဂါအစိတ်အပိုင်းကိုပြောပါဆိုရင် နှလုံးနဲ့သွေးကြောပါပဲ။

ဒါကြောင့်မို့လို့လည်း ဒီအကြောင်းကိုအစတုန်းကထင်သလောက်အရေးမပေးဘူး၊နောက်ပိုင်းတွေမှာဆိုရင်အတော့်ကိုအရေးထားလာကြတယ်။ နှလုံးနဲ့သွေးကြောများသွားလာရာ အင်္ဂါ အစိတ်အပိုင်းတွေသည်ကျန်းမာမှသာ ဥပမာ-အသည်းကိုသွားမယ့်သွေးကြောများသည်အင်မတန်အဓိကကျပါတယ်။နှလုံးအစားထိုးမယ်ဆိုလည်း ထိုနည်း တူစွာပဲအဆုတ်ကိုအစားထိုးမယ်ဆိုလည်း သွေးကြောကောင်းမှသာလျှင် အဲဒီ သွေးကြောကနေတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အသေးစိတ်ကလာပ် စည်းတွေကို တစ်နည်းအားဖြင့်ဆဲလ်တွေကိုအောက်ဆီဂျင်ပေးပို့နိုင်မှာဖြစ်တယ်။

အဲဒီဆဲလ်တွေကနေပြီးတော့ စွန့်ထုတ်ပစ်တဲ့ Carbondioxide တွေကို ပြန်ပြီးစွန့်ထုတ်ယူဆောင်ပေးတာလည်း သွေးကြောတွေပါပဲ။ ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာက တစ်ချိန်တစ်ခါကဒီသွေးကိုသယ်ယူသွားတဲ့ ပိုက်ကလေးတွေလို့ ထင်ခဲ့တဲ့ အတွေးဟောင်း၊ အမြင်ဟောင်းတွေကိုဖျောက်ပြီးတော့ဒီသွေးကြောလေး တွေရဲ့လုပ်ငန်းတာဝန်ဟာအင်မတန်မှကြီးကျယ်လှပါတယ်။သွေးလာတဲ့အခါမှာဖောင်းတက်လာပါတယ်။ သွေးထွက်သွားရင်ပိန်သွားတယ်။ အသက်ကြီးလာတဲ့ လူတွေရဲ့သွေးကြောကိုကြည့်လိုက်တဲ့အခါမှာ မာခေါက်ခေါက်ကြီးတွေဖြစ်နေတယ်။sclerosisဖြစ်နေတာကိုတွေ့ရတယ်။ဒါကမျက်စိနဲ့မြင်နေရတာကိုပြောတာပါ။ အဲဒါကိုအခြေခံပြီးတော့ တိရစ္ဆာန်တွေသော်လည်းကောင်း၊ လူတွေမှာသော်လည်းကောင်း သုတေသနမြောက်မြားစွာလုပ်တယ်။ ဘယ်လောက်ထိတောင် ဆင်ပြီး လုပ်လည်းဆိုတော့ mole cular level ခေါ်တဲ့ အဓိကအခြေခံအကျဆုံးအထိ ဆင်းပြီးတော့တောင်မှ ကိုယ့်ရဲ့ကျန်းမာရေးတစ်ခုပြီးတစ်ခုပျက်စီးစေမယ့်ဟာ သူ့ကိုကျန်းမာနေအောင်ဖြစ်စေမယ့်ဟာ သူ့ကိုကျန်းမာနေအောင်ပံ့ပိုးစေမယ့်ဟာဘာတွေလဲဆိုတာနဲ့ပတ်သက်တဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ molecular levelဆိုလို့ရှိရင် ကျွန်တော့်အတွက်အားရဖွယ်ရာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ကဘယ်လိုလဲဆိုတော့ အခုနေရာတိုင်းမှာ အခုရောဂါတော်တော်များများ ကုထုံးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့တစ်ချိန်တုန်းကတော့ ရောဂါသက်သာဖို့လုပ်ကြတယ်။ ခံစားနေရတာတွေ သက်သာအောင်လုပ်ကြတယ်။ ဒါပေမယ့် အခုအခါမှာတော့ကျွန်တော်တို့လွန်ခဲ့တဲ့ ဆယ်နှစ်လောက်လုပ်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ခုနကကျွန်တော်တို့ပြောခဲ့တဲ့ molecular level သွားပြီးတော့ ဖြစ်ပျက်တာတွေ သုတေသီတွေအတော်များများကတွေ့ရှိချက်တွေ၊ သူတို့ရဲ့ သုံးသပ် ချက်တွေကနေပြီးတော့ အဲဒီနေရာမှာသွားပြီးတော့ ဆင်းပြီးတော့ကုသနိုင်တယ်။ အဲဒီလောက်အထိအောင် ကျွန်တော်တို့လုပ်ခဲ့ကြတာပါ။ အဲဒီဗဟုသုတတွေ ကျွန်တော်တို့ တတ်ထားဖို့လိုပါတယ်။ သွေးကြော ဆရာဝန် သာမန်ဆရာဝန်တိုင်း ဆရာဝန်တိုင်းဟာ သွေးကြောတွေရဲ့ကျန်းမာရေးကို သိထားသင့်တဲ့အကြောင်း ထပ် တလဲလဲလို့ပြောနေတာပါ။

Vascular Health ကို ကျွန်တော်တို့ဘယ်လိုလုပ် ကြမလဲဆိုတဲ့အပိုင်း ကျွန်တော်တို့သိထားဖို့၊ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းတွေမှာ အဖြစ်များတဲ့ရောဂါတွေနဲ့ပတ်သက်တဲ့နောက်ဆုံးပေါ်ထွက်လာတဲ့ သုတေသနတွေ့ ရှိချက်တွေကျွန်တော်ထပ်ပြောပြဖို့ရှိပါတယ်။အဖြစ်များတဲ့ရောဂါတွေကတော့ကျွန်တော်တို့အရင်ဆုံးသိထားသင့်တယ်ဘာဖြစ်လို့လဲဆိုတော့ရောဂါတွေဆိုတာကတော့နှလုံးမှာသွေးကြောမှာပြောမကုန်အောင်ရှိပါတယ်။ ဒါပေမယ့်ကျွန်တော် တို့မြန်မာနိုင်ငံမှာဘယ်လိုရောဂါတွေအဖြစ်များတယ် ဘယ်လိုရောဂါတွေကတော့ကာကွယ်ဖို့သင့်တယ်ဆိုတာကိုရှေ့တစ်ပတ်ဆက်ပြီးပြောပါမယ်။

 

ရင်တုန်ခြင်း (Palpitation)

ရင်တုန်ခြင်း (Palpitation)ဆိုပြီးတော့ နှလုံးရောဂါကုဆရာဝန်တွေကိုပဲ ဖြစ်ဖြစ် သာမန်အထွေထွေကုဆရာဝန်တွေပဲဖြစ်ဖြစ် လူတွေတော်တော်များများ သွားပြီးပြနေရတဲ့ရောဂါကတော့ ရင်တုန်တယ်ဆိုပြီးသွားပြတယ်။ ရင်တုန်ခြင်းပေါ့ လေ။ ရင်တုန်လို့လာပြတယ် လာပြတဲ့နေရာမှာက ဆရာဝန်တစ်ယောက်အနေနဲ့ တာဝန်တွေအများကြီးရှိတယ်။ တကယ်ရောဂါရှိလို့ရင်တုန်တာလား။ စိတ်ကြောင့်ရင်တုန်တာလာ။မတုန်ဘဲနဲ့တုန်နေတယ်ထင်တာလားအပိုင်းလေးတွေနဲ့အများကြီးရှိတယ်ဆိုတော့ ပထမဆုံးကြည့်လိုက်မယ်ဆိုရင်တော့ ဒီတစ်ခုခုစိတ်မကောင်းစရာပဲ ဖြစ်ဖြစ် စိတ်လှုပ်ရှားစရာပဲဖြစ်ဖြစ် ရင်တွေတုန်တယ်ဆိုပြီးမကြာခဏလာပြတယ်။

လာပြတဲ့လူနာတွေမှာ ကျွန်တော်ဆီလာပြတဲ့ရောဂါတွေထဲမှာPalpitationကတော့ဆရာဝန်တိုင်းလိုလိုနေ့စဉ်ကြုံနေရမယ့်ဝေဒနာရှင်တွေရဲ့ပြဿနာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တကယ်ဆေးပညာရပ်နဲ့ဆိုရင်တော့ ဘာ ကြောင့် ရင်တုန်ရတာလဲ။ စိတ်ကြောင့် စိတ်က အရေးကြီးဆုံးပါပဲ။ စိုးရိမ်စိတ် တွေဖြစ်နေတယ်တစ်ခုခုကြောက်မက်ဖွယ်ရာ သတင်းတွေကြားရတယ်စသည်ဖြင့် အဲဒါဆိုလို့ရှိရင် ဥပမာ-လမ်းမှာယာဉ်တိုက်မှုရုတ်တရက်တစ်ခုခုဖြစ်လိုက်တယ်ဘာညာဆိုရင်သဘာဝရဲ့တုံ့ပြန်မှုတစ်ခုပါပဲ။ အဲဒီတော့ ထိုနည်းတူစွာပ် စိတ်မကြည် လင်တဲ့အခါမှာလည်း ရင်တုန်တာဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့စိုးရိမ်စိတ်များဝေဒနာရှင်များရှိနေလားဆိုတဲ့စိတ်နဲ့ဟာလေးကိုကျွန်တော်တို့နည်းနည်းသိထား ဖို့လိုပါတယ်။ နောက်တစ်ခုကသိပ်ပြင်းတဲ့ကော်ဖီတွေသောက်တဲ့လူတွေ လက် ဖက်တွေဘာတွေအတော်များများ စားချင်တာတွေပိုပြီးတော့စားလိုက်တဲ့အခါမှာ ရင်တုန်တာကို မကြာခဏတွေ့နေရပါတယ်။နောက်တကယ်အဖြစ်များပြီးတော့ ရင်တုန်စေတဲ့အကြောင်းအရင်းတွေက တော့အများကြီးရှိတာပေါ့ဗျာ။သို့သော်လည်းပဲအများအားဖြင့်ဖြစ်နေတာကတော့ကျွန်တော်တို့နှလုံးကြွက်သားနှင့်အဆို့ရှင်လေးတွေရောင်ရမ်းတဲ့ကိစ္စ Carditisလို့ခေါ် တဲ့ အဲဒီဟာက RheumaticCarditis ကြောင့်ဖြစ်တယ်အဲဒီလိုလူတွေမှာဆိုရင် ရင်တုန်တာတွေဖြစ်တတ်တယ်။ နှလုံးခုန်နှုန်းက (၇၂)မတုန်ဘဲနဲ့ဆိုတော့ (၉၀ - ၉၅ - ၁၀၀)ပတ်ဝန်းကျင်ဖြစ်နေပြီဆိုရင်လည်းရင်တုန်တဲ့ဟာဖြစ်တတ်တယ်။ ဒါကြောင့်မိုလို့ အဲဒီလိုပြောတဲ့လူတွေမှာ ဒီ Carditis ရှိလား မရှိဘူးလားဆိုတာကို ဆရာဝန်တစ်ယောက်အနေနဲ့စမ်းသပ်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခုက နှလုံးအဆို့ ရှင်တွေ ပျက်စီးနေတဲ့လူတွေမှာအဲဒီမှာ(ValvularHeartDisease)အဲဒီမှာဆိုလို့ရှိရင်လည်းရင်တုန်တာတွေဖြစ်တတ်တယ်။ သူက သွေးလည်ပတ်မှုအဆို့ရှင် တွေပျက်စီးတဲ့အတွက်ကြောင့်မှန်ကန်တဲ့အတွက်ကြောင့် ဒီလူတွေဟာရင်ခုန်တယ်။ (Tachycardia)ပေါ့ဗျာ ဆေးပညာစကားနဲ့ပြောရရင်တော့ (Tachycardia, supraventricular Tachycardia) စသည်ဖြင့် ရင်တုန်တဲ့ဟာတွေခွဲခြားတယ်။

အဲဒီလူတွေမှာ ဘာလုပ်ပေးရမလဲဆိုရင်တော့ သူတို့ရဲ့နှလုံးကိုစမ်းသပ်ပေးရမယ်။နားထောင်ကြည့်ရမယ်။ အဆိုရှင်တွေဘယ်လိုအခြေအနေရှိလည်းသိရမယ်။ဒါမှမဟုတ်ကိုယ်သိချင်ရင်တော့ဓာတ်မှန်ရိုက်ကြည့်ရမယ်။(E.C.G)ရိုက်ကြည့်ရမယ်။နောက်ပြီး(Echo)ဆိုတဲ့နှလုံးလှိုင်းစမ်းသပ်တဲ့ကိရိယာနဲ့စမ်းသပ်ကြည့်ပြီးတော့ ရောဂါသံသယဖြစ်ရင်လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကျွန်တော်တို့ အဖြစ်များတဲ့ ရင်တုန်စေတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့လည်ပင်းမှာရှိတဲ့ (Thyroid) ဂလင်းပေါ့လေး လည်ပင်းမှာရှိတဲ့ Thyroid အကျိတ်ကနေပြီးတော့ အဆိပ်ထုတ် ပေးခြင်းဖြစ်ပါတယ်။ ဒါဟာ တော်တော်များများလူတွေလည်းလွတ်နေတဲ့ရောဂါတစ်ခုလို့ပြောရမယ်။ရောဂါတွေလျှောက်ရှာပြီးမတွေ့ဘူး။ရင်တွေတုန်နေတယ်၊(Thyroid)ကြည့်လိုက်ပြန်လို့ရှိရင်လည်းလည်ပင်းကထင်သလောက်မကြီးဘူး။ နည်းနည်းလေးသူရဲ့လှုပ်ရှားမှုန်းဆိုတာလေးက မြန်နေတာတွေ့ရှိရမယ်။ ချွေးစေးလေး တွေမသိမသာထွက်မယ်။ တစ်ခါတစ်လေလည်းသိပ်မထွက်ဘူး။ ပြောပလောက်အောင်မထွက်ဘူး။ အဲဒီမှာရင်တွေတုန်နေတယ် အဲဒီလူမျိုးတွေမှာ ကျွန်တော်တို့က Thyroid ဟော်မုန်းပေါ့နော် Thyroid အကျိတ်များကြီးနေလားဆိုတာကို စမ်းသပ် ကြည့်ဖို့လိုတယ်။ ဒါကတော့ ကျွန်တော်တို့ရင်တုန်တယ်။ နှစ်ပေါင်းများစွာရင်တုန်တာကိုထိန်းဆေးတွေပေးပြီးတော့အဲဒါကိုလွတ်နေတာလည်းအများဖြစ်တတ်ပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရင်တုန်တဲ့လူတွေအားလုံးမှာ လည်ပင်းမှာရှိတဲ့ အကြိတ်ကများ အဆိပ်ထုတ်နေလားဆိုတော့ သံသယလေးတော့အမြဲရှိထားဖို့လို ပါတယ်။

နောက်တစ်ခုကတော့ ဒီနှလုံးမမှန်တဲ့အခါ Atrial Fibrillation လို့ခေါ်ပါ တယ်။ အသက်အရွယ်ရလာတာပဲဖြစ်ဖြစ်၊ အဆို့ရှင်ပျက်စီးနေတဲ့လူတွေမှာပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှာရုတ်တရက်ထပြီးတော့ နှလုံးကအခုန်မြန်လာတတ်ပါတယ်။ အဲဒီ လိုလူတွေမှာ ရုတ်တရက်(Fast Atrial Fibrillation) နှလုံးခုန်နှုန်းအရပ်မြန်လာတာမျိုးတွေဖြစ်လာတတ်တယ်။နှလုံးခုန်မြန်တဲ့ကလေးလေးတွေကိုလည်း တွေ့ 'တတ်ပါတယ်။ ကလေးတွေကလူကြီးတွေထက်စာလို့ရှိရင် သာမန်လူတွေထက် ပိုပြီးတော့မြန်နေတာတွေ့ရတယ်။အဲဒီအခါကုသလို့ရတဲ့ရောဂါဆိုရင်တော့ကုသလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်။

 

ရုတ်တရက်မောကျပ်လာခြင်း (Acute Shortness of Breath)

ရုတ်တရက်မောကျပ်လာခြင်းဆိုတဲ့ ပြဿနာဟာမိသားစုတိုင်းမှာ မိဘ ဦးလေ။ အဒေါ် စသဖြင့် လူကြီးတွေရှိနေတော့ တစ်နေ့မဟုတ်တစ်နေတွေ့ကြ နိုင်တဲ့အရာဖြစ်တယ်။ အသက်ကြီးလာတာနှင့်အမျှ သွေးတိုးရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆေးလိပ်တွေအလွန်အကျွံသောက်၍ အဆုတ်များပျက်စီးနေတဲ့ ပြဿနာတွေဟာ မိသားစုတိုင်းမှာ အနည်းနဲ့အများရှိနေကြပါတယ်။ သားသမီးများ အနေနဲ့ကြည့်ပြန်ရင်လည်း မိဘများကိုအသက်ရှည်လိုတဲ့ဆန္ဒရှိကြပါတယ်။ သို့သော် လူကြီးတွေမှာဘာပြဿနာတွေရှိလဲဆိုတာကို ဗဟုသုတအကြမ်းဖျဉ်းသိထားမှ လို ရင်လိုသလို အတတ်နိုင်ဆုံးအချိန်မီကယ်တင်နိုင်မှာဖြစ်တယ်။ရှေးဦးစွာပြောချင်တာကတော့ ပန်းနာရောဂါ (Asthma)ပါပဲ။ ဒီရောဂါ ဝေဒနာရှင်တွေဟာ ရာသီဥတုအရသော်လည်းကောင်း၊ မသင့်တော်တာတွေကို ရှူရှိုက်ခြင်း စသည်တို့ကိုအခြေခံပြီးထပ်တလဲလဲပြန်ဖြစ်တတ်ပါတယ်။ ဒါကတော့ ဖြစ်နေကျဖြစ်လို့ အသက်ရှူသံတွေထွက်ပြီးတော့မောလာရင် ပန်းနာကြောင့်ပဲလို့ သတ်မှတ်ပြီး ကုသပေးလို့ရပါတယ်။ ။

ရုတ်တရက်လူတစ်ယောက်မောကျပ်ပြီးတင်းကျပ်မှုစသည်တို့နှင့်တွဲဖက်ပြီးဖြစ်လာနိုင်တာကတော့ ရုတ်တရက်နှလုံးသွေးပျက်ပြီး ကြွက် သားများပျက်ဆီးဖြင်း  စွမ်းအင်ကျခြင်း (Acute Myocardial Infarerion) တို့ဖြစ်ပါတယ်။ ကျန်းမာရေးကိုဂရုစိုက်လို့စစ်ဆေးထားတယ် ဆိုရင်တော့ ဒီရောဂါရှိမှန်းသိပြီး ဆေးများသောက်နေတဲ့သက်သေအထောက် အထားတွေကိုတွေ့ရှိနိုင်ပါတယ်။ များသောအားဖြင့် ရုတ်တရက်ဆိုတဲ့ စကားကို ကျွန်တော်သုံးရပေမဲ့လည်း တကယ်မှာတော့တော်တော်များများ မှာ ကြိုတင်သတိပေးတဲ့ လက္ခဏာတွေရှိပါတယ်။

ဒါပေမယ့်လည်။ဏတဖြုတ်ဖြစ်တာလား။ကြွက်သားလေးနာနေတာလား၊ လေအောင့်တာလား စသည်တို့လို့ထင်ပြီးအမှုမဲ့အမှတ်မဲ့နေရာကနေ ဆိုးလာတာဖြစ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုမလွန်ကဲသင့်သလို အတင့်လဲမရဲသင့်ဘူးဆိုတာသိဖို့လိုပါတယ်။

အထွေထွေရောဂါကုဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေကိုနီးစပ်ရာကခေါ်ပြတဲ့ အခါမှာ ဆေးရုံဆေးခန်းကိုသွားပြတဲ့အခါမှာ သတိထားမိအောင် ကျွန်တော်တို့ မကြာခဏဆိုသလို ကျန်းမာရေးပညာပေးမှုကို ပြုလုပ်နေရပါတယ်။ ဆိုးဝါးတဲ့နေရာ ဥပမာအားဖြင့်- (Left Main Sterm of Coronary Artery) ဘယ်ဘက် သွေးကြောအရင်းမှာ ပိတ်ဆိုသွားမယ်ဆိုရင် ရုတ်တရက်နှလုံးစွမ်းအင်ကျပြီးဆေးရုံကိုတောင်မရောက်နိုင်တဲ့အဖြစ်များနဲ့ကြုံတွေ့ရတတ်ပါတယ်။နံလုံးရတ်တရက် အရည်ဝိုင်းခြင်း လူ တစ်ယောက်ကို ရုတ်တရက်မောလာစေပါတယ်။ ယခင်အပတ်တွေမှာ လည်း၎င်း ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်အကျယ်တဝင့်ပြောပြပြီးဖြစ်ပါတယ်။အဆုတ်ရုတ်တရက်လေဖြင့်အဖိခံရခြင်း (TensionPneumothorax) ဆိုတဲ့ရောဂါဟာ သတိမထားမိရင်လွတ်သွားနိုင်ပါတယ်။ အဆုတ်ပွ အဆုတ်အတွင်းလေအိတ်များရှိနေသူများဟာ လေအိတ်ရုတ်တရက်ပေါက်သွားပြီး ရှူတဲ့လေတွေဟာ ရင်ခေါင်းထဲမှာ ပြည့်ပြည့်လာပြီးအဆုတ်ကိုလိုက်တဲ့အခါ အဆုတ်ဟာလုံးဝတာဝန်မထမ်းဆောင်နိုင်တော့ဘဲအပြင်းအထန်အသက်ရှူကြပ်လာတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာနံရိုးကြားထဲကိုပိုက်ထည့်ပြီး လေများထုတ်ပစ်၍ အဆုတ်ပြန်ပွဲ လာပြီး အသက်ချမ်းသာရာရနိုင်ပေမဲ့လည်း သတိမထားမိဘဲလွတ်နေမယ် ဆိုပါကဒါမှမဟုတ်အချိန်မီဆေးရုံကိုမပို့လို့ရှိရင်အသက်ဆုံးရှုံးနိုင်ပါတယ်။

 

အဆို့ရှင်များပျက်ဆီးနေသူများဟာရုတ်တရက်ဘယ်ဘက်နှလုံးခန်းစွမ်းအင်ကျပြီးညမှာအိပ်နေရင်းခြင်ထောင်ထလှန်ခြင်း၊ ခြင်ထောင် အပြင်ထွက်ခြင်း ပြုတင်းပေါက်နားသွား၍ နေလိုက်မှခံသာသွားခြင်။ထိုင်နေမှသက်သာခြင်းစသည်တို့ကဘယ်ဘက်နှလုံးခန်းအားပြတ်လာခြင်းကို ရှင်းရှင်ကြီးထောက်ပြနေပါတယ်။ ဖြစ်စေတတ်တဲ့ရောဂါတွေကတော့ အဆို ရှင်(AorticValve,MitralValve,HypertensiveHeart)စသည်တို့ ဖြစ်ပါတယ်။

၎င်းရောဂါဝေဒနာရှင်များမှာ ရုတ်တရက်ဘယ်ဘက်နှလုံးခန်း အားပြတ်သွားတဲ့အတွက်ကြောင့် အဆုတ်မှာရေများအိုင်လာပြီး Acute Pulmonary Oedermia ရလာနိုင်ပါတယ်။ မှတ်သားသင့်သည်များကတော့ လူတစ်ဦး၊တစ်ယောက်မောကြပ်ပြီးချွေးစေးများထွက်၍အေးနေပါက ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ သွေးများရောက်ရှိမှုနည်းနေသည်ကို ပြတဲ့အတွက်ကြောင့်အမြန်ဆုံးပစ္စည်းကိရိယာစုံလင်သော ဆေးရုံသို့ ပို့ပေးနိုင်ခြင်းနှင့် • သက်ချမ်းသာရာရနိုင်ပါသည်။

 

မောနေသူများ

သာမန်အားဖြင့် မည်သူမျှဆရာဝန်ထံသွားရောက်ပြသလိုစိတ်မရှိကြပါ။ စာပေနှင့်ကျန်းမာရေးပညာဗဟုသုတရှိသူများ၊ ကျန်းမာရေးသက်သက် စစ်ဆေးရန် ဆရာဝန်ထံသို့သွားသူများယခင်ထက်စာလျှင်ပို၍များလာပါသည်။ သို့သော် ကျွန်တော်တို့မြန်မာလူမျိုးများမှာ တော်ရုံတန်ရုံနှင့်ဆရာဝန်ပြလေ့ပြထမရှိပါ။ တကယ် ဖြစ်မှသာလျှင် သွားပြလေ့ အလေ့အထရှိပါသည် ။

နေ့စဉ်နှင့်အမျှ မောနေပြီဆိုသောလူနာကို ကျွန်တော်ကြည့်ပေးနေရပါ သည်။ နှလုံးရောဂါရှိသူတစ်ဦးသည်မောနေခြင်း၊အသက်ရှူမဝခြင်းစသည်တို့သည်အဓိကကျသောရောဂါလက္ခဏာများဖြစ်ပါသည်း ဗဟုသုတအဖြစ်သိထားသင့်သည် များကို ကျွန်တော်ပြောပြလိုပါသည်း မောရခြင်းအကြောင်းနောက်တွင်အမျိုးမျိုးရှိနိုင်ပါသည်းမာနေတိုင်းနလုံးရောဂါကြောင့်ဖြစ်ရသည်မဟုတ်ပါ။ မောနေသည့်သူများသည် နှလုံးရောဂါရှိ မရှိကိုစစ်ဆေးသင့်သည်မှာမှန်သော်လည်း မောတိုင်းနှလုံးရောဂါမဟုတ် သည်ကို သိထားသင့်သည်း ကျွန်တော်နေ့စဉ်နှင့်အမျှ မောနေသူဟူသောလူနာများ ကို ကြည့်ရှုရာတွင် အဆုတ်မကောင်း၍မောနေသူများ၊ တီဘီရှိသူများ ဆေးလိပ် အလွန်အမင်းသောက်နေသူများ စသည်တို့ကို မကြာခဏဆိုသလိုတွေ့ရပါသည်။ နောက်တစ်ခုမှာ တုပ်ကွေးရောဂါဖြစ်၍ အစာမစားနိုင်ဘဲအိပ်ရာထဲတွင် (၃-၄)ရက်လ် နေသူများလည်းရှိပါသည်း မောနေသည် နှလုံးရောဂါများရှိသလားဟူ၍ လာရောက် ပြသသူများကိုလည်းတွေ့ရပါသည်။နာတာရှည်ရောဂါ ဥပမာအားဖြင့် ကင်ဆာရောဂါ၊ လေဖြတ်ထား၍ လုပ် ရှားမှုနည်းသူများသည် ရုတ်တရက်လမ်းလျှောက်လိုက်သောအခါတွင် မောလာတတ် ပါသည်။ ၎င်းဝေဒနာရှင်များ၏ကိုယ်ခန္ဓာကိုယ်တစ်ခုလုံးမှာ ကင်ဆာ၏ဒဏ်ကြောင့် အစားပျက်၊ အသောက်ပျက်ဖြစ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်းများ စွမ်းအင်ကျလာပြီး မောနေကြသူများကိုလည်း မကြာခဏတွေ့ရပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)