Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

နှင်းဦး - နေပူရွာလူသတ်မှုဝထ္ထုတိုများ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

တစ်ခု ဖြစ်ခဲ့ရပေသည်။

          အထက်အောက် စုန်ဆန်သွားလာသမျှသော သင်္ဘောများ၊ ကုန်လှေများ ရပ်နားဆိုက်ကပ်ရာ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်သည့် အလျောက် ကုန်ကောင်း၊ ကုန်သန့်မဟုတ်သည့် ဘိန်း၊ လှော်စာနှင့် အရက်သေစာ စသည့် ဥပဒေမဝင်သည့် ပစ္စည်းများ အဝင်အထွက် အများဆုံးလည်း ဖြစ်၏။ စစ်ကိုင်း၊ မုံရွာ၊ သပိတ်ကျင်း စသော ဒေသများမှ တောခိုအလံဖြူ၊ အလံနီ၊ ရဲဖြူတို့နှင့် ၎င်းတို့ဆက်သားအစ အဝယ်တော်အဆုံး ဝင်ထွက်သွားလာရာ အပေါက်ဝကြီး တစ်ခုလည်း ဖြစ်ခဲ့ပေသည်။

           ဧရာဝတီကမ်းရိုး တစ်လျှောက်တွင်ကား ဧရာဝတီ သင်္ဘော ကျင်း အလုပ်သမား စခန်းများ၊ ဘီအိုစီ အလုပ်သမားရုံများ၊ အစိုးရ စက်ရုံနှင့် ဂိုဒေါင်များ၊ သစ်စက်၊ သံရေကြိုစက် စသည်များ ရှိပေသေးရာ၊ အထက်ပါ ဌာနအပိုင်ကို တာဝန်ခံ စီမံအုပ်ချုပ်နေရသော ဌာနပိုင် တစ်ဦး၏ တာဝန်ကား အဘယ်မျှ ကြီးလေးလှမည်ကို စာဖတ်သူတို့ စဉ်းစားနိုင်ပေလိမ့်မည်။ ဆိပ်ကမ်းလုံခြုံမှု၊ သာယာမှု၊ ငြိမ်ဝပ်ပိပြားမှုကို မျက်ခြည်မပြတ် အကဲခတ်လျက် စောင့်ကြပ်နေရသည်အတွင်းက ရာဇဝတ်မှု ပပျောက်ရေး တာဝန်များကို မလစ်ဟင်းရအောင် ဆောင်ရွက် နေရပေသေးသည်။

            ကျွန်ုပ်ကား အထက်စိန်ပန်းရဲဌာန၏ တာဝန်ခံပြီး အုပ်ချုပ်ခဲ့ ရသော ဌာနာပိုင် တစ်ဦး ဖြစ်ခဲ့ပေသည်။ ဌာနသို့ရောက်ရှိ၍ တစ်လ မျှအကြာတွင်ပင် ကျွန်ုပ်သည် အောက်ဖော်ပြပါ လူသတ်မှုကို စတင် ရင်ဆိုင်ရပေတော့သည်။ အသစ်စက်စက် ပူပူနွေးနွေး ဌာနာပိုင် တစ်ဦး ဖြစ်သောကြောင့် တုန်လှုပ်သွားစေခဲ့ပေသည်။

            မနက်မိုးလင်းလာပြီဆိုလျှင် အမှုသည်ကို ဂါတ်တဲပေါ်၌အမြဲတွေ့ရသော ဌာနတွင် မမျှော်လင့်သော ထိုလူသတ်မှု တိုင်ချက်ကို ပထမဆုံး ကြားလိုက်ရပေသည်။ လူသတ်မှုကား အမှုကြီးများ အပါ အဝင် ရာဇဝတ်မှုမျိုးဖြစ်၍ ပေါ်ခဲလေမျှသော အမှုမျိုးလည်း ဖြစ်သော

ကြောင့် ရဲအရာရှိတစ်ဦးအနေဖြင့် ရင်လေးစရာပင် ဖြစ်သော်လည်း မိမိအရည်အချင်းကို ပြရန်အတွက်လည်း များစွာကောင်းသော အမှုမျိုး ဖြစ်ပေသည်။

          လူသတ်မှုကား ကျွန်ုပ်မကျွမ်းကျင် မပိုင်နိုင်သော အမှု ဖြစ်၏။ ယခင်အခါများက သုံးလေးမှုကို ကိုင်ခဲ့ဖူးသော်လည်း ၎င်းအမှု များမှာ လူသတ်သမား၏ မပိရိမှုများကြောင့် ဦးနှောက်မသုံးလိုက်ရဘဲ အလွယ်တကူနှင့်ပင် ဖမ်းဆီးရမိခဲ့ပေ၏။ နက်နက်နဲနဲ မတွေးတောခဲ့ရဘဲ

တောင်တစ်ခွန်း မြောက်တစ်ခွန်း မေးရုံဖြင့် ပေါ်ပေါက်ခဲ့သည်ချည်း ဖြစ်ပေသည်။

          ယခုဖော်ပြလတ္တံ့သော လူသတ်မှုကား ကျွန်ုပ် တွေ့ခဲ့ဖူးသမျှ လူသတ်မှုများထဲတွင် အနက်နဲဆုံး အခက်ခဲဆုံးဖြစ်၍ စိတ်ဝင်စားဖွယ် ရာလည် အများဆုံးပါရှိနေကာ ကျွန်ုပ်အားလည်း များစွာသော သင်ခန်း စာများ ပေးခဲ့ပေသည်။

          ထိုနေ့က (၁၀) နာရီထိုးသည့်တိုင်အောင် နေမပွင့်ဘဲ လောက ဓာတ်တစ်ခုလုံးကို မြူနှင်းများက သိုင်းခြုံထားလေသည်။ သစ်ရိပ်၊ ဝါးရိပ် အလွန်ကောင်းသော ဌာနပတ်ဝန်းကျင်သည် ပိုမိုမှိုင်းမှုန်လျက် ရှိနေလေ၏။ အအေးဒဏ်မှာလည်း အခါတိုင်း နံနက်ခင်းများထက် အဆများစွာ ပို၍နေသည်ဟု ထင်ရ၏။ ကျွန်ုပ်လည်း အအေးဒဏ်ကြောင့် လည်းကောင်း၊ ညဦးက ဌာနရှေ့ရှိ ဘီအိုစီကုမ္ပဏီမှ ဓာတ်ဆီ ဖုံးလွတ်များ ခိုးမှုကို လိုက်နေရသဖြင့်၊ ညဉ့်တစ်ချက်တီးကျော်လောက်မှ အိပ်ခဲ့ရသောကြောင့် လည်းကောင်း၊ အခါတိုင်းကဲ့သို့ ဌာနသို့ စောစော