Skip to product information
1 of 3

Other Websites

နွမ်ဂျာသိုင်း - အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          “အချိန်စာရင်းလေးခဏကြည့်ချင်လို့ပါ”

          ကိုယ့်စကားအဆုံးမှာ ကျောင်းသားရေးရာဌာနက မမပြုံး မော့ကြည့်လိုက်ပြီး... ။

           “ဟော.. ဘယ်သူ့ဆီ သွားမလို့လဲအထွန်း”

           "ကိုသက်အောင်ထိ သွားမလို့မမပြီး”

          မမပြုံးကအချိန်စာရင်းစာအုပ်ကိုတစ်ရွက်ချင်းလှန်ပြီးသေသေ ချာချာရှာနေရာက

           “ဆရာ ဦးသက်အောင် ဟိုက်တိတ်လက်ပ်မှာ ရှိလိမ့်မယ်”

          မမပြုံးကို ကိုယ်နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

          ကျောင်းသား ရေးရာဌာနကို ကျောခိုင်းပြီး အားဖြင့် စမ်းသပ်ခန်းဘက်သွားနေတဲ့ကိုယ့်ရင်ထဲမှာမလုံလဲတဲ့ ဝေဒနာ ခံစားနေရသလိုပဲ။

          ကိုယ့် နောက်ကျောကို အတွေးတစ်ခုခုနဲ့ ကြည့်နေလိမ့်မယ်လို့ လဲ သိနေသလိုပဲ မြလေး..။

          အဆောင်တစ် နဲ့ အဆောင်နှစ် ကူးတဲ့တံတား နှစ်ဖက်ကြား ရောက်တော့ ရေပန်းလေးကိုလှမ်းကြည့်မိတယ်။ရပန်းက ရေမကျတာကြာပြီမို့ ကန်လေးခန်းခြောက်နေတယ်။

          အဆောင်နှစ်ရဲ့ ပထမအက့န် အလွန်လေဝရောက်တော့ ကျောင်းရဲ့ အထင်ကရစွယ်တော်ပင်ကြီးကို တွေ့လိုက်ရတယ်။ ဆောင်းရက်ရှည်ကို အကြာကြီး ဖြတ်လာခဲ့ရလို့ စွယ်တော်ပင်ကြီး လည်း ခြောက်သွေ့ပြိုင်နေတယ်။

          အဆောင်နစ်ရှိ တတိယကန့် အရောက်မှာ ဘယ်ဘက်ကို ကွေ့တယ်။ အခန်းအနည်းငယ်ကျော်မိတော့ ဗို့အားမြင့် စမ်းသပ်ခန်း ရှေ့ရောက်လာတယ်။

          တစ်ချပ်ပွင့်နေတဲ့ တံခါးကနေ ကိုယ်ကိုငဲ့ကြည့်လိုက်တဲ့အခါ ကျောင်းသားတွေကြားမှာ ကိရိယာပစ္စည်းတွန့် အလုပ်ရှုပ်နေတဲ့ သက်အောင်ကို မြင်ရတယ်။ ကိုယ်လည်း အပြင်ကော်ရစ်ဒါကနေ အလိုက်တသိနဲ့ရပ်စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။

          ကော်ရစ်ဒါလမ်း အပေါ်အမိုးက နာရီမှာ သုံးနာရီထိုးဖို့ ဆယ်ငါး မိနစ်ပြနေတယ်။ဆယ့်ငါးမိနစ်လောက်စောင့်ဖို့ကိုယ့်မှာအခက်အခဲ မရှိပါဘူး။

          ကော်ရစ်ဒါ လက်ရန်းကို မှီလိုက်ရင် ကိုယ့်မျက်လုံးအစုံက လက်တွေ့စမ်းသပ်ခန်းထဲဝှေ့သွားတယ်။

          အဲဒီမှာ အခန်၍ အနောက်ဘက်နံရံမှာရှိတဲ့ စာကြောင်းက မျက်လုံးထဲတည့်တည့်ဝင်လာတယ်။

          အန္တရာယ်ရှိသည်။

(၁)

          ပြန်တွေးကြည့်လိုက်တော့လည်း ခဏလေးလိုပဲ မြလေးရယ်၊ အားလုံးကိုရင်ထဲမှာ အသေးစိတ် မှတ်မိနေတယ်။

          ကိုယ်တို့ သုံးပိုင်း နှစ်ပိုင်း အင်ဂျင်နီယာသင်တန်းလို့ ခေါ်တဲ့ စတုတ္ထနှစ်လျှပ်စစ်အင်ဂျင်နီယာတန်းစတက်စတုန်းပေါ့။

          အဲဒီနှစ်ကပထမဆုံးဝင်ရတဲ့လက်ဗ်ကဟိုက်ပို့တိတ်ချလက်ဗ်။

          အတန်းကလည်းတက်၊ စိတ်ကလည်းတက်ကြွကြွ၊အဲဒီအချိန် စမ်းသပ်ခန်းထဲမှာလည်းကြည့်ဦး။ ။

          ခါတိုင်း လက်တွေ့များတွင် စားပွဲပေါ်တင် စမ်း၍ရသော မီတာ အသေးစားလေးများ၊ ဂျင်နရေတာလေးများ၊ ဝါယာဒေသ မျှင်မျှင်လေးများစသည့် ကိရိယာ အသေးစားလေးများသာ ဖြစ်၏။

          ယခုမူ ထရန်စဖော်မာ ဆိုလျှင်လည်း အကြီးကြီးလျှပ်ခံသေတ္တာ၊ ဂျင်နရေတာ ဖြတ်တောက်ရလေး စသည်ဖြင့် ပစ္စည်းကလည်းစုံ အရွယ် ပမာဏများကလည်း အတော်ကြီးကျယ်။

          သည့်အပြင် အခန်းကလည်း အလွန်နတ်ကြီး၏။ အခန်းတွင်း ဝင်သော တံခါးပေါက်ရှိရာ မှန်အကာဘက်မှလွဲလျှင် ရှိသမျှ နိုရီ သုံးဖက်စလုံး အရေးတကြီး သတိပေးချက်များသာ တွေ့နေရ၏။ “အန္တရာယ်ရှိသည်”ကဦးဆောင်၍သူနာပြုနည်းများစည်းကမ်းချက် များ၊ အရေးကြီးလျှင် အသုံးပြုရန် ဖုန်းနံပါတ်များ တော်ရုံလူ ဖျားသွား နိုင်သည်။

          သည်ကြားထဲ ဆရာများကလည်း ဟိုဟာမကိုင်ရ၊ သည်ဟာ မကိုင်ရ တားမြစ်ချက်တွေက များလွန်းနေသဖြင့် ကိုယ်လုပ်ရမည် အလုပ်သည် နယ်နယ်ရရ မဟုတ်၊ တော်ရုံပုဂ္ဂိုလ်များပင် အနား မသီနိုင်။

          လျှပ်စစ်အင်ဂျင်နီယာကျောင်းတောင်တုတ္ထနစ်ရောက်၍ အင်ဂျင်နီယာဘောင်ထဲ အတော်ဝင်လာပြီဆိုမှ ကိုင်တွယ်ရသော ကိစ္စဟု စိတ်ကြီးအဝင်ကြီးဝင်နေမိသည်။

          သည်အသိက ကောင်းတော့ ကောင်းသည်။ အင်ဂျင်နီယာ လောကထဲ ရောက်နေပြီဟု ဂုဏ်ယူ တွေ့နိုင်လာပြီပေါ့။

          ဆရာ လုပ်သော လုပ်ငန်းစဉ်များကို နှစ်တိုင်းနှင့် မတူ အာရုံ စိုက်၍ကြည့်နေမိသည်။ဆရာကဝါယာကြိုးကြီးများနှင့်ကိရိယာများ ကို ဆက်သွယ်သော ခလုတ်နှိပ်လိုက်လျှင် တဝီဝီမြည်သံများနှင့် ပတ်လမ်း စတင် အလုပ်လုပ်၏။ ဆရာလည်း ပတ်လမ်း၊ အလုပ်လုပ် ပုံကို နှုတ်မှလည်း တတွတ်တွတ်ရှင်းပြ၊ လက်ကလည်း ဟိုညွန်သည် ညွှန်နှင့် အလုပ်များနေသည်။

          ရှင်းလင်းမှုများ ပြည့်စုံသလောက်ရှိမှ ဆရာက ခလုတ်ပိတ်

          “ကဲ... ဒီအတိုင်းခင်ဗျားတို့ ဆက်လုပ်ကြပေတော့”

          ဆိုပြီးဘေးဖယ်ပေးလိုက်သည်။

          ဤတွင် ကျောင်းသားတစ်ယောက်က စလုပ်ရန် ဝါယာငုတ် တစ်ခုကိုလှမ်းကိုင်မည်အပြု..          

          “ ဟေး....ဟေ့....နေဦး..နေဦး..

          ဆရာက သူ့လက်ကို ဖျတ်ခနဲ ဆွဲယူလိုက်သည် ပြီးမှ ဝါယာကြီး ကြီး တစ်ချောင်းကို ယူ၍ ထရန်စဖော်မာ၏ ငုပ်နှစ်ခုကို ဆက်လိုက် သည်။

          " ဗြောင်း "

          မထင်မှတ်ဘဲထွက်လာသောအသံကြောင့် ကျွန်တော် ဆတ်ခ နဲတုန်သွားတယ်။ ခုနကကျောင်းသားမျက်လုံးဝိုင်းလျက်...။

          သည်တော့မှဆရာက "ဒီစမ်းသပ်ချက်တွေလုပ်ရင် လုပ်ပြီးတဲ့ အခါတိုင်း အမြဲတမ်း ရှော့ရိုက်ပြီးမှ ကိုင်ပါ ဖြုတ်ပါ ။ လျှပ်စစ်ဓာတ်တွေ ခိုနေတတ်တယ်။ အဲဒါကို ဘယ်တော့မှမမေ့ပါနဲ့”

          ကျွန်တော် သက်ပြင်းချလိုက်သည်။ စမ်းသပ်မှုများကို စိတ်ဝင်စားပါ၏။ သို့သော်သည့်ထက် စိတ်ဝင် စားစရာကောင်းသောအရာလေးတစ်ခုကကျွန်တော့်မှာရှိနေသေး သည်။ သည့်အတွက် နာရီကို မော့ကြည့်လိုက်ရာ ၂နာရီခွဲ။

          မဆိုးပါ။ နောက်နာရီဝက်ဆိုလျှင် ပြီးတော့မည် ဖြစ်၏။ ကျွန် မတော်မှာလည်း ဒုက္ခလေးက တစ်မှောင့်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနစ်၊ ခက်ခဲသော စာမေးပွဲများကို ကျော်လွှား၍ စတုတ္ထနှစ် ရောက်လာနိုင်သည်။ သို့သော် ... ပထမနှစ်ကစ၍ ကျော်လွှားရန် ကြိုးစားခဲ့သော ချောင်းကူးတံတားလေးတစ်ခုကို ခုထိ ဖြတ်မသွားနိုင်သေးသဖြင့် ကြိုးစားရပေဦးမည်။

          နိုဝင်ဘာ”

          နိုဝင်ဘာဆီ သွားရန်ပင်......

( ၂ )

          ကျောက်ပြားနံရံကြီးတွင် ကျောက်ပြားငယ် ရောင်စုံလေးများ စီခြယ်ထားသဖြင့် ရေတံခွန်ကြီးတစ်ခု သွင်သွင်စီးကျနေသည်။ ရေတံခွန်ကြီးနောက်တွင်ဓာတ်အားပို့တိုင်ကြီးရှိသည်။တိုင်ထိပ်တွင် ဝင်းလက်သောရောင်ခြည်များ ဖြာထွက်နေသည်။

          ဆေးတက္ကသိုလ် (၁) သည် အင်ဂျင်နီယာကောလိပ် ဖြစ်ခဲ့ဖူး သော သမိုင်းလက္ခဏာများဖြစ်သည့် ဦးအုန်းလွင်၏ နံရံကပ် ပန်းချီ ကားကြီးများပင် ဖြစ်သည်။ ။

          အလယ်မြက်ခင်းပြင်၏အစပ် ပန်းချီကားကြီးများ၏ ရှေ့တည့် တည့်တွင် တိုင်တစ်တိုင်ကို ကျောမှီထိုင်ရင်း နိုဝင်ဘာအလာကိုမျှော်နေမိသည်။ သည်ပန်းချီကားများကို ကြည့်ရင်းစိတ်ကူးလည်း ယဉ်နေမိ၏။

            ကျွန်တော် အလွန် စိတ်ကူးယဉ်တတ်သည်။

မြလေးကလည်း ခဏခဏပြောဖူးသည်။

 “ကိုကိုက သိပ်စိတ်ကူးယဉ်တတ်တာပဲ..ဟု။

မေမေကလည်း ခဏခဏပြောဖူးသည်။

“သားကသိပ်စိတ်ကူးယဉ်တာကိုး .. တဲ့။

ကျွန်တော်အလွန် စိတ်ကူးယဉ်တတ်သည်။

          သည်အချက်ကြောင့်ပင် စက်မှုတက္ကသိုလ်ရောက်၍ စိတ်ကူး နနနှင့် မနီးစပ်သော လက်တွေ့လုပ်ငန်းများတွင် နစ်နေသည့် ကြားမှကဗျာနုနုလေးများရေးတတ်သောကျွန်တော်ဖြစ်နေခြင်းပင်။

          ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှကဗျာရေးဖက်သူငယ်ချင်းတစ်ယောက် ကဆို “ယန္တရားဖြင့် ပြုလုပ်ထားသော ကဗျာဆရာ ဟုအမြဲတမ်း နောက်သည်။

          အမှန်တော့ စိတ်ကူးယဉ်သည် ဆိုခြင်းမှာ ယဉ်ချင်တိုင်းယဉ်၍ ရသော အရာမျိုးမဟုတ်မရှက်တမ်းဝန်ခံရလျှင် စိတ်ကူစလေးတွေ ယဉ်ရအောင်၊ ကဗျာလေးများ လွမ်းရအောင် လုပ်ပေးနေသူမှာ နိုဝင်ဘာဖြစ်သည်။

          ကျွန်တော်ကလေးတွေရေးတတ်သည်။ သို့သော်ဆယ်တန်း မအောင်ခင်လောက်အထိ ဆိုပါစို့။ နိုဝင်ဘာနဲ့ မတွေ့ခင်ထိ။ ကျွန်တော် ရေးခဲ့တာကဗျာမျိုးသည် လုပ်အားတန်ဖိုး ချစ်မြတ်နိုး ... တို့ ပညာတံခွန် လူရည်ချွန်တို့၊ မြတ်ဆရာတို့ စသည့် စကားလုံးများ လှိုင်လှိုင်ပါသောငယ်ဖြူ ကဗျာများသာဖြစ်ခဲ့ပါ၏။

          သည်ဘက်ပိုင်းကျတော့ သည်လိုမဟုတ်တော့။

          ကဗျာလေးများတွင် နှလုံးသားတို့ ဝေဒနာတို့၊ ပန်းပွင့်တို့၊ သစ်ရွက်တို့ အနမ်းတို့၊ ပန်းခြောက်တို့မျက်ရည်တို့ ပါလာတတ်ပြီ။

          ဤသို့သောကျွန်တော်မှာဆေး(၁)၏ပရိဝုဏ်အတွင်း အင်ဂျင်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)