နွမ်ဂျာသိုင်း - တို့လျှေက်ခဲ့ရာလမ်းကန္တာ၀ယ်
ဘဝမှာ ပထမဆုံးလမ်းလျှောက်တတ်သည့်နေ့ကို ကျွန်တော်မမှတ်မိပါ။
သို့သော် ထိုနေ့တွင် ကျွန်တော်မှတစ်ပါး ကျွန်တော့်အနီးအပါးတွင် ရှိသူအားလုံး ဝမ်းသာပျော်ရွှင်ကြမှာ အမှန်ဖြစ်သည်။ ကျွန်တော့်အဘွား။ ကျွန်မတော် မမနှင့် ကျွန်တော့်ကို ဝိုင်းဝန်းချစ်ခင်ချီပိုးကြသော အိမ်နီးနားချင်းတချို့ ကျွန်တော့်အနားတွင် ရှိနေနိုင်ပါသည်။
ကျွန်တော် မတ်တတ်ရပ်နိုင်သည့်နေ့က “ရပ်နိုင်ပေ့ = ရပ်နိုင်ပေ့ ...”ဟု ဝိုင်းအားပေးအော်ဟစ်၊ လက်ခုပ်တီးခဲ့ကြသလို လျှောက်သည့်နေ့ကလည်း “လျှောက်နိုင်ပေ့ - လျှောက်နိုင်ပေ့ –'ဟု အော်ဟစ်အားပေးနေကောင်းလည်း ပေးနေပါလိမ့်မည်။
ကျွန်တော် မမှတ်မိပါ။ လျှောက်ခဲ့သည်ကတော့ သေချာပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့ကစ၍ လျှောက်ခဲ့ရသောခရီးလမ်းသည် ယခုထိတိုင်လည်း မပြီးဆုံးသေး။ ၍ဖြစ်ပါသည်။ “ရပ်နိုင်ပေ့ ... ရပ်နိုင်ပေ့ ”ဟု အော်ဟစ်အားပေးသူများ မရှိတော့သော် လည်း လျှောက်လှမ်းမြတော့ လျှောက်လှမ်းနေရဆဲဖြစ်ပါ၏။
“မင်း ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းနဲ့ပတ်သက်လို့ စာတစ်စောင်၊ ပေတစ်ဖွဲ့ စာအုပ်တစ်အုပ်တော့ ရေးလားကွာ ....
စသည်ဖြင့် ... ကျွန်တော့်ဘဝနှင့်ပတ်သက်ပြီး တစ်စွန်းတစ်စ သို့မဟုတ် အစွန်းအစ ပေါင်းများစွာ သိထားခဲ့ကြသော ကျွန်တော့်မိတ်ဆွေ သူငယ်ချင်းများက မကြာခဏ တိုက်တွန်းခဲ့ကြသည်။ စာဖတ်ပရိသတ်များ၊ စာပေအပေါင်။အသင်းများကလည်း အလားတူ စကားများပြောကြသည်။
သို့သော် ကျွန်တော် ထိုစကားများကို နာယူလက်ခံရန် ကောလင်းမြင့်စွာဝန်လေး တို့နေနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ကျွန်တော်နှင့်ပတ်သက်၍ အဖြစ်အပျက်များ၊ ခြေလေးများကိုသာမှတ်မိနေ့စွဲ၊ ရက်စွဲ ထိုအဖြစ်အပျက်များနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်အမည်နာမများစွာကို မှတ်တမ်းမထား ဦးနှောက်ထဲတွင်လည်း မမှတ်မိတော့၍ဖြစ်ပါသည်။
နေ့စွဲ၊ ရက်စွဲဖြင့် အတိအကျမပြောပြနိုင်၍ ပရိသတ်များကို အားနာသလို ဆက်စပ် ပတ်သက်သူများနှင့်ပတ်သက်၍ အမည်နာမနှင့်တကွ ပြည့်ပြည့်စုံစုံ မတင်ပြနိုင်မှာလည်း စိုးရိမ်၍ဖြစ်ပါသည်။ အလားတူမှတ်တမ်းမှတ်ရာ ရေးသားရန် ပျင်းရိ၊ အားနည်းသော ကျွန်တော်ချို့ယွင်းချက်ကြောင့် ကျွန်တော့်ဘ၀မှာအရေးသားချင်ဆုံးဖြစ်လျက်နှင့် မရေးရသေးသောစာအုပ်ကြီးနှစ်အုပ်ရှိခဲ့ပါသည်။
ပထမစာအုပ်မှာ ၁၉၈၁ ခုနှစ်ကစ၍ ယခုတိုင် (၂၀၀၉ ခုနှစ်အထိ) မပြီးဆုံးနိုင်သေး သော စာပေနှင့်စာပေဟောပြောပွဲ ခရီးရှည်ကြီးအကြောင်းဖြစ်သည်။ မြို့နယ်ပေါင်း ၃၀၀ ခန့်၊ ပွဲပေါင်း ၁၀၀၀ကျော်ခန့်ကို သက်ရှိထင် ရှားရှိနေဆဲဖြစ်သော တချို့ ကွယ်လွန်ကြကုန် သောရေးဆရာ အနုပညာရှင် ဆရာ ဆရာမပေါင်းများစွာနှင့် တွဲဖက်၍ မလှုပ် ရှားခဲ့ရသောခရီးစဉ်များသည် များစွာစိတ်ဝင်စားစရာကောင်းပါသည်။
ဆရာကြီး ဦးဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဆရာကြီးမူရသခင်ချစ်မောင်၊ ဆရာကြီး ဦးရန်အောင် စသည့်ပုဂ္ဂိုလ်ကြီးများနှင့် အတူတကွဟောပြောခဲ့ရသောခရီးသွားခဲ့ရသော အဖြစ်အပျက်များကို စကားဝိုင်းတချို့တွင် ပြောပြသောအခါ အလွန်စိတ်ဝင်စားကြပါသည်။
“စာအဖြစ် ပြန်ရေးပါလား”ဟုလည်။ ပြောဆိုတိုက်တွန်းကြပါသည်။ ယခုထိ ကျွန် တော် မလိုက်နာဖြစ်သေးပါ။
ဒုတိယစာအုပ်မှာ ၁၉၈၅ ခုနှစ်ပတ်ဝန်းကျင်က ဗုဒ္ဓဂဃာအပါအဝင် သံဝေဇနိယ လေးဌာနသို့ သွားရောက်ခဲ့သောဘုရားဖူးနှင့် သာသနာပြုလုပ်အားပေးခရီးစဉ်ဖြစ်ပါသည်။
ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ဒေါက်တာအောင်သန်း (သွား/ဆေး ပါမောက္ခချုပ်-ငြိမ်း)၊ ဒေါ်ခင်မေအေးမိသားစု၏ အလှူဒါနဖြစ်သော မုဉ္စလိန္ဒာအိုင် (ဗုဒ္ဓ ဂယာ)မှ နဂါးရုံဘုရား(ရုပ်ပွားတော်) အနေကဇာတင်ပွဲမှတ်တမ်းတင်၊ လုပ်အားပေး (မိမိ ဆန္ဒအလျောက်) လိုက်ပါခဲ့သောခရီးစဉ်ဖြစ်သည်။ ထိုခရီးစဉ်တွင် လိုင်လားမားဘုန်းတော်ကြီးကိုဖူးခဲ့ရသည်။ ကာလကတ္တားမြို့မှာရထာလမ်းများတူးဖော်နေစဉ် လုပ်ငန်းဆောင်ရွက်ပုံများ မြင်တွေ့ခဲ့ရသည်။ နေရာနအတွင် တစ္ဆေခြောက်ခံရသည့်ဆန်ဆန် ထူးဆန်းသောအဖြစ်အပျက်များကို (နေရှင်နယ်လို၊ မတ်ပိုအဖွဲ့မှကိုလှမြင့်၊ကိုမောင်မောင်လွင်တို့နှင့်အတူ သက်သေအခိုင် အလုံးဖြင့်)တွေ့ကြုံခဲ့ရသည်။
ခရီးတစ်လျှောက်ရောက်ခဲ့ရသောဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦများ ဌာနများ အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ နေရာဌာနများနှင့် သက်ဆိုင်သောသမိုင်း သုတေသနခရီးသွားမှတ်တမ်း၊ စသောစာအုပ်၊ စာတမ်းများ နှင့် ချီ၍ စုဆောင်းခဲ့သည်။ မြန်မာပြည်မှ ပုဂံခေတ် ကုန်းဘောင်ခေတ် စသည်တို့မှ ယာဘုရားဖူး သွားရောက်ခဲ့မှု မှတ်တမ်း ပေပုရပိုက်မှုတို့ကို (တက္ကသိုလ် စာကြည့်တိုက်မှ) ကူယူစုဆောင်။ ခဲ့သည်။ ရေးသင့်သည့်စာအုပ်ကိုမူ ယနေ့မရေးနိုင်သေး။
အထူးသဖြင့် ခုနှစ်သက္ကရာဇ်၊ နေ့စွဲ၊ ရက်စွဲ၊ အမည်နာမများ (ခရီးစဉ်နှင့်ဆိုင်ရာ) ကောင်းစွာမမှတ်မိခြင်းကို အားနာင့်ကွက်နေမိသည်။
သို့အတွက် ဘဝခရီးလမ်း ဖြတ်သန်းမှုအကြောင်းများကိုရေးဖြစ်ရန်မှာ ပို၍ဝေးနေ ခဲ့သည်။ သို့သော်- ရေးခဲ့လျှင် ရေးဖြစ်လျှင် ထိုစာ၊ ထိုစာအုပ်ကိုပေးရမည့် ခေါင်းစဉ်ကို တော့ အစောကြီးကတည်းက ရွေးချယ်ထားခဲ့သည်။ ထိုခေါင်းစဉ်မှာယခု ဤစားဆောင်းပါး၏ခေါင်းစဉ်ပင်ဖြစ်ပါသည်။
ဆရာဓဖြူကျော်ထွန်း၏။ ဤသစ္စာချစ်သည် သူနှင့်တွဲ၍ (မူလတုန်းက“ချစ်သဲ” ဟုပေါင်းသည်။) ကဗျာကို ဖတ်ဖူးသူနည်းပါလိမ့်မည်။
၁၉၇၀ ပြည့်နှစ် ပတ်ဝန်းကျင် အင်းစိန်ကကျွန်တော်နှင့် ကျွန်တော်စာပေသူငယ် ချင်းများဖြစ်ကြသော မောင်ငယ်မြိုင်(မြင်းခြံ)၊ မောင်ငယ်မွန်တို့ စုစည်းစီစဉ်ထုတ်ဝေ ကြသော“ပန်းပွဲ ကဗျာစာအုပ်အတွက် ဆရာရေးပေးခဲ့သောကားဖြစ်ပါသည်။ ထိုစဉ် က ကျွန်တော်သည် ဆရာနေဖြူကျော်ထွန်း (ဆရာကွေး)နှင့် ခင်ဖို့ဝေး၍ မြင်ပင်မမြင်ဖူး ။
ထိုစဉ်က ကျွန်တော်တို့သုံးယောက်သည် အခြားသူငယ်ချင်းများနှင့်ပါ စုပေါင်း၍ “ညီရင်းအစ်ကိုကဗျာဝိုင်ဟု စာပေဝိုင်းလေးတစ်ခု (ကိုယ့်ဟာကိုယ်)ဖွဲ့ထားခဲ့ကြပါသည်။
ထိုစဉ်က ကဗျာရူး စာရူးများဘီနှင့် ကိုယ်နိုင်သလောက် စာပေအလုပ်လုပ်ကြပုံ စာပေလှုပ်ရှားကြပုံလေးတွေကိုလည်း ပြန်ရေးချင်ပါသေးသည်။ ကျွန်တော်မှတ်မိ သလောက် ကျွန်တော်စာ(ကဗျာ)ကို ပုံနှိပ်စာလုံးဖြင့် စတင်မြင်ဖူးသည်မှာ ၁၉၆၉ ခုနှစ်က ဖြစ်ပါသည်။ ကျွန်တော် ၁၇ နှစ်သာရှိပါပြီ။
ထိုအချိန်မှာ ကဗျာဆိုတာကို လေးလုံးစပ်၊ သံပေါက်၊ ဒွေးမျိုး လေးမျိုး - စသဖြင့် (အနည်းဆုံး ကာရန်မှန်အောင်တော့)ရေးတတ်နေပါပြီ။
ဆရာကြီး မင်းသုဝဏ်၏”ကဗျာရေးချင် စာစပ်သင်”ဆိုသော ဆရာဇဝန၏ ကလေး ဂျာနယ် လစဉ်ထုတ်စာအုပ်မှ အခန်းဆက်ဆောင်းပါးကိုဖတ်ပြီး သံပေါက်ကဗျာလေးများ သုံးနှစ်ခန့်အရေးကျင့်ခဲ့သေးသည်။
ထိုကာလကိုထပ်နတ်လျှင် ကျွန်တော့်အသက် ၁၄နှစ်သားကစ၍ ကဗျာရေးကျင့်ခဲ့ သည်ဟု ပြောနိုင်သည်။ မကပါ။ ၁၂ နှစ်သားလောက်ကဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆို သော် သံပေါက်ကနေ လေးလုံးစပ်ကဗျာရှည်ကြီးများရေးနိုင်ဖို့ အနည်းဆုံး နှစ်နှစ်ကြာသည်။
ထိုပထမဆုံးပုံနှိပ်ကဗျာသည်“ကဗျာဒိတ်စာ”အမည်ရှိ စာကြောင်း၊ မရ ၁၈ ရောင်။ အကြောင်း ၂၀ ခန့်ရှိသည့် ကဗျာရှည်ဖြစ်နေသောကြောင့် ထိုမတိုင်မီ ငါးနှစ်ခန့်ကတည်းက ကဗျာရေး စကျင့်သည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ဘယ်အချိန်ကစပြီး ကျွန်တော်စာပေ။ စာဖတ် ဝါသနာပါခဲ့ပါသနည်း။ အစကာလ အတိအကျကိုတော့ကျွန်တော်လုံးဝ မမှတ်မိ တော့ ။
မှတ်မိသည့် အဖြစ်အပျက်တချို့ကိုသာပြောရလျှင် ကျွန်တော့်ကို သာစည်မြို့၌မွေး သည်ဟု ကျွန်တော့်မိဘများနှင့် အဘွား(အမေ့အမေ)က ပြောသည်။ သို့သော်တစ်နှစ်ခွဲ သားလောက်အထိသာ နေခဲ့ရသောသောစည်မှ အဖြစ်အပျက်များကို ဘာတစ်ခုမှ ကျွန်တော်မမှတ်မိ ။
သာစည်မှာကျွန်တော်တို့နေခဲ့သော ကျွန်တော့်ကိုမွေးခဲ့သောအိမ် ဆိုသည်ကိုပင် အသက် ၂၄ နှစ်ကျော် အိမ်ထောင်ပြုခါနီးအခါကျမှ မေမလိုက်သဖြင့် တွေ့ဖူး၊ မြင်ဖူး၊ ရောက်ဖူးသည်။ ငယ်စဉ်က ကျွန်တော့်ကို အရမ်းချစ်ခင်၊ ထိန်းကျောင်းခဲ့သည်ဆိုသော အိမ်ရှင်မိသားစု (မေမေတို့က ထိုအိမ်မှာ အခန်းတစ်ခန်း ငှားနေခဲ့ခြင်းဖြစ်သည်) ကို တွေ့ဖူးခဲ့သည်။
သူတို့က ကျွန်တော်၏ ကြီးနာမည်ကိုမသိ။ ငယ်စဉ်က ပေးထားခဲ့သော“ခင်မောင်ဦး ဆိုသော နာမည်ကိုသာသိသည်။ “ခင်မောင်ဦးက ဒီအရွယ်တောင်ရောက်နေပြီလား”ဟု တအံ့တဩဖြစ်ကြသည်။ အဲသည့်နေရာရောက်မှ ကျွန်တော်ကြီးနာမည် “ဝင်းမြင့်မောင်” ဆိုသည်ကို ဝေဘူဆရာတော်ကပြုပြင်မှည့်ပေးမှန်းသိရသည်။
“ဝင်မြင့်” ဟု မှည့်ရန် မိန့်သောအခါ မေမေက ရိုးနေ၍ နောက်က “မောင်”တစ်လုံး တိုးပြီး “ဝင်းမြင့်မောင်”ဟုမှည့်၍မရဘူးလာဟု လျှောက်တင်သည် ဆို၏။ ဆရာတော် ဘုရားကြီးက ရသည်ဟုခွင့်ပြုကြောင်းပြောပြသည်။
မေမေ၏ ခေတ်မီမှုကို ကျေးဇူးတင်မိသည်။ မေမေသည် ထို့ထက်မက ခေတ်မီ တာ တွေရှိသည်။ ကျောင်းစတက်တော့ အစိုးရမူလတန်းကျောင်းလေးမှာ စထားသည်။ အိမ်နှင့် မနီးမဝေးက ကျောင်းလေးဖြစ်၏။
ထိုကျောင်းလေးမှာသူငယ်တန်းအောင်ပြီးမှ တစ်တန်းကို ထိုကျောင်းလေးမှာဆက် မတက်ခိုင်းဘဲကျွန်တော်တို့မြို့ရှိ နာမည်အကြီးဆုံး အင်္ဂလိပ်မစ်ရှင်ကျောင်း၊ စိန်ဂျိုးဇက်မှာ ကျောင်းပြောင်းထားသည်။ ထိုအချိန်မှာကျွန်တော်တို့ အင်းစိန်မြို့ကို ရောက်နေကြပြီဖြစ်၏။
စိန်ဂျိုးဇက်မှာ L.K Ki M.K.Gill.K.CG ဟု သူငယ်တန်း သုံးနှစ်ထားသည်။ ထို သုံးနှစ်လုံးမှာတစ်နှစ်၊ စာသင်ဖူးသဖြင့် စာလိုက်နိုင်နေသောကျွန်တော်ကို Double I'r> motish နှစ်ဆင့်အတန်းတင်ပေးသည်။
ဒီနေ့တင်ပေးလိုက်နောက်နေ့ တစ်တန်း ပြန်ချဖို့ ကျောင်းကိုသွားပြောပြီး အတန်း ကျော်မတက်ခိုင်လိုက်နှင့် ကျွန်တော် သူငယ်တန်းချည်း သုံးနှစ်ထပ်နေရသည်။
တစ်တန်းလောက်ရောက်သောအခါ ကျွန်တော့်မှာ ကျောင်းနေသက်ရော စာသင် အတွေ့အကြုံရေးကျောင်းတက်ရန် ဉာဏ်မီသည့်အရွယ်ရောပြည့်ဝရောက်ရှိနေပြီဖြစ်၏။ | သို့အတွက် ကျွန်တော့်ဘဝ စာသင်ရက်သက်တမ်းများမှာ ကျောင်းစာနှင့်ပတ်သက်၍ဘယ်သောအခါကမှ ပြင်းပြင်းထန်ထန် အခက်အခဲရှိတာမျိုးကြုံခဲ့ရကျောင်ထားစေချင်ကြသော အတန်းတက် လာချင်ကြသော မိတ၊ စဉ်းစား သင့်သည်။ ထိုစာသင်သက်တမ်းဖြင့် တွက်ကြည့်လျှင် ကျွန်တော်တစ်တန်းသို့ ရောက်သည့် အချိန်မှာ အသက် ၉နှစ်ကျော် ၁၀နှစ်ထဲ ရောက်နေပြီဖြစ်၏။
ထိုအချိန်မှာကျွန်တော်ကလေးဂျာနယ်၊ သတင်းစာနှင့် မော်ဒန်ကာတွန်းကာတွန်း ပဒေသား ပေါ်ပြူလာကာတွန်း ကာတွန်းညွန့်ပေါင်း စသည်တို့ ဖတ်နိုင်နေပြီဟု ရေးတေး တေးမှတ်မိသလိုဖြစ်နေသည်။
ထို့ပြင် နောက်ထပ်မှတ်မိသလိုရှိသည့်ကိစ္စမှာအဘွားနှင့် အမကကျွန်တော့်အား စာအုပ်၊ စာတမ်းလေးများကို ဝယ်ပေးတတ်ခြင်းဖြစ်သည်။ ဘာema #လင်စကား စသောစာစောင်လေးများ ဖတ်ရသည်ကိုလည်း မှတ်မိသည်။ဝတ္ထုကို ဖတ်ဖြစ်သည်ကာ။ နောက်တစ်နှစ်၊ နှစ်နှစ်အကြာလောက်မှာမှဖြစ်၏။
ပထမဆုံးဖတ်ဖူးသည့် ဝတ္ထုရှည်လုံးချင်းမှာဆရာတက္ကသိုလ်ဘုန်းနိုင်၏ “စိမ်းနေဦး မည့် ကျွန်တော်မြေ ဖြစ်၏။ ထိုစာအုပ်သည် ၁၉၆၃ ခုနှစ်၏ သည်ဘက်ပိုင်းမှာမှ ထွက်ခဲ့ သောစာအုပ်ဖြစ်ကြောင်း ကြီးမှသတိထားမိသည်။
စာပေဝါသနာပါခြင်။ စာဖတ်ဝါသနာပါခြင်းတို့၏ အခြေခံအကြောင်း တစ်ခုမှာ အဘွားနှင့်အမေကကျွန်တော့်ကို အပြင်ထွက်မှာစိုးခြင်းဖြစ်သည်။ အပြင်ထွက်ဆော့လျှင်နောက်ကနေ တုတ်တစ်ချောင်းနှင့် လိုက်ရိုက်တတ်၍ အိမ်ထဲမှတ်နေလျှင် သဘော ကျသည်။ စာအုပ်ဝယ်ဖတ်ခြင်းအတွက် ကုန်ကျစရိတ်ကို မနှမြောတတ်။
ထိုစဉ်ကစာအုပ်တန်ဖိုးများမှာလည်း ခုခေတ်ပိုက်ဆံနှင့် နှိုင်းယှဉ်လျှင်သာဈေးသက် သာသလို ရှိသော်လည်း သူ့ခေတ်နှင့်သူ တန်ဖိုးကြီးသည်။
လင်စကား ဘာစကား စာစောင်များက ၁၀များ ကလေး ဂျာနယ်ကတစ်ကျပ် ကာတွန်းစာအုပ်များက ပြား ၆၀ ထိုအချိန်မှာ ကောက်ညှင်းပေါင်း တစ်ထုပ် ၅ပြား၊ အ ကြော်တစ်ခု ၅ ပြား၊ မုန့်ဟင်းခါးတစ်ပွဲ အကြော်မပါ ၁၅ အကြော်နှင့် ပြား ၂၀ နှိုင်းယှဉ်ကြည့်ရန်ဖြစ်ပါသည်။ တစ်လတွင် ကျွန်တော့်စာဖတ်စရိတ်မှာငါးကျပ်အထက်မှာရှိ၏။