Skip to product information
1 of 2

Other Websites

နွမ်ဂျာသိုင်း - တစ်မျိုးညာနွဲ့တွေမဖယ်စိုးပါနဲ့မေရယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          “ဘယ်လိုပဲဖြစ်ဖြစ်လေ၊ နောက်ဆုံးကျတော့ ကိုကို မရိုင်းတတ်ကြောင်း၊ ကိုကို သဘောထားကြီးကြောင်း ပြဖို့အတွက် အေးငယ်ပဲ အသည်းကွဲရတော့မှာ မဟုတ်လား၊ ကိုကို အေးငယ်ကို စွန့်ပစ်သွားဖို့ စဉ်းစားရပြီ မဟုတ်လား”

          အေးငယ်စကားများက ထက်ရှသော ဓားသွားတစ်ခုလို ရင်ထဲ သို့ ထိုးခွဲဝင်လာသည်။ စကားနှင့်အတူ တစ်ပြိုင်တည်း ရစ်ဝဲလာသော မျက်ရည်များကို အေးငယ်က လက်ကိုင်ပဝါအစွန်းစများဖြင့် တို့သည်။

          ထို့နောက် လက်ကိုင်ပဝါကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ...

          “နောက်ဆုံးတော့ ကိုကိုတို့တိုက်ပွဲမှာ တကယ်ရှုံးရတာက အေးငယ်ပါ ကိုကို၊ အချစ်ဆိုတာ လျော်ကြေးပေးစရာပစ္စည်းလို့တော့ကိုကို မထင်သင့်ပါဘူး၊ ကိုကို မချစ်တော့ဘူးဆိုတာနဲ့ပဲ အေးငယ်က ကိုကို့ကို မေ့ပစ်နိုင်မယ်လို့ ကိုကို ထင်နေလို့လား အေးငယ် ကိုကိုက လွဲလို့ ဘယ်သူ့ကိုမှ မချစ်ဘူး၊ ကိုကို့ကိုလည်း အေးငယ် မခွဲနိုင်ဘူး”

          ပြောရင်းနှင့်ပင် အေးငယ်ရင်က ပွင့်ထွက်သွားသည်။ စကား အဆုံးသတ်သည်၊ ပီသသော စကားလုံးများ ဖြစ်မလာတော့ဘဲ ငိုသံ နှင့် ရောသွားသည်။ ထို့နောက် ကျွန်တော့်စားပွဲပေါ်မှာ မျက်နှာအပ် ၍ ရှိုက်ကြီးတငင် ငိုချတော့သည်။ ။

          ကျွန်တော် မျက်လုံးအစုံကို ယောင်ယမ်း၍ ပိတ်လိုက်မိ၏။

          မူလ တွေးခေါ်ခဲ့သော စိတ်အစဉ်အားလုံးသည်လည်း အင်္ဂတေဖျော်စက်ထဲ ထည့်အလှည့်ခံရသလို ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်ကုန်သည်။ ရင်ထဲမှာလည်း စို့နှင့် နာကျင်လျက် ရှိသည်။

          ကျောပြင်တစ်ခုလုံး သိမ့်သိမ့်ခါနေအောင် ရှိုက်၍ငိုနေရာမှ အေးငယ်က ဆတ်ခနဲပြန်မော့သည်။ မျက်ရည်များကြားမှနေ အကြည့်စူးစူးဖြင့် လှမ်းကြည့်ရင်း အေးငယ် အက်ကွဲသောလေသံဖြင့် မေးသည်။

          'နေပါဦး ကိုကို၊ ဒီကိစ္စတစ်ခုလုံးအတွက် အေးငယ်မှာ ဘာ အပြစ်ရှိလဲ၊ ကိုကို့ရဲ့ အမှန်တရားကိုချစ်ပါတယ်ဆိုတဲ့စိတ်က အေးငယ် ဘက်ကိုကော ထည့်မတွက်တော့ဘူးလား၊ ကိုကို မရိုင်းဘူးဆိုတဲ့ကိစ္စ အေးငယ်အပေါ်မှာကော မပြတော့ဘူးလား”

          ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်လောက်အောင် နာကျင်လာ သဖြင့် အေးငယ်ကို လက်ကာပြရသည်။ မောလှသောကြောင့် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ...

          “တော်ပါတော့ အေးငယ်ရယ်၊ အေးငယ်ပြောချင်တဲ့ စကားတွေ၊ အေးငယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်တွေ ကိုကို သိပါတယ်၊ ကိုကို မှားနေပြီလား ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်သံသယ ဝင်နေပါ တယ်၊ အေးငယ် ခဏလေးတိတ်ပြီး ကိုကို့ကို တစ်ယောက်တည်း ထားခဲ့စမ်းပါ၊ ကိုကို အားလုံးကို ပြန်စဉ်းစားပြီးရင် အေးငယ်ဆီ လာခဲ့ ပါ့မယ်၊ အဲဒီတော့မှ ကိုကို့ဆုံးဖြတ်ချက်ဟာ ဘာဆိုတာ ကိုကိုပြောပြ ပါ့မယ်၊ ကိုကို့ကို ခဏလေး ခွင့်ပေးပါ အေးငယ်ရယ်နော်'

          အေးငယ်က မျက်ရည်သုတ်ရင်း ထ,ရပ်သည်။ သည်တိုင်း လှည့်ထွက်တော့မည် ဖြစ်သဖြင့် ကျွန်တော် မနေနိုင်ဘဲ ...

          'မျက်နှာလေး နည်းနည်းသေသပ်အောင် လုပ်လိုက်ပါလား အေးငယ်၊ အေးငယ်က စက်ရုံထဲကနေ ဖြတ်သွားရမှာ”

          အေးငယ်က သက်ပြင်းချရင်း သူ့မျက်နှာကို လက်ကိုင်ပဝါဖြင့် သေချာသန့်ရှင်းသည်။ ဆံပင်များကိုလည်း သပ်တင်သည်။ ပြီးမှ ကျွန်တော့်စားပွဲပေါ် တင်ထားသော သူ့လက်ကိုင်အိတ်ထဲမှ ကရင် ပတ်ဖ်ဘူးကို ထုတ်၍ အသာတို့လိုက်ပြီး ... ။

          'အေးငယ် ကိုကို့စကားကို အမြဲနားထောင်ပါတယ်၊ ခုလည်း ကိုကိုစကားကို နားထောင်တဲ့အနေနဲ့ မပူရုပ်ကို ဟန်လုပ်ပြီး ထိန်းထား ပေးပါ့မယ်၊ ဒါပေမဲ့ အေးငယ်ရင်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကိုတော့ ကိုကို မေ့မပစ်စေချင်ဘူး၊ အေးငယ် အချစ်မှာ နောက်ထပ်ရွေး စရာလည်း မရှိဘူးဆိုတာ ကိုကို နားလည်ပါ၊ ဒါပါပဲ ကိုကို၊ အေးငယ် ကို ခွင့်ပြုပါဦး”

          ကျွန်တော် သက်ပြင်းချလျက်နှင့် ခေါင်းညိတ်ပြသည်။

          ခဏကြာသောအခါ ကျွန်တော့်ရုံးခန်းထဲတွင် ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့သည်။

          အေးငယ် ထွက်သွားသဖြင့် လှုပ်ယမ်းကျန်ခဲ့သော ဆင်နား ရွက်တံခါးလေးကို ကျွန်တော် လှမ်းကြည့်လိုက်၏။

          ဆင်နားရွက်တံခါးလေးများကတော့ ကျွန်တော့်နှလုံးသားနှင့် မတူစွာ။ မကြာမီ ပြန်ငြိမ်သက်သွားပေလိမ့်မည်။

          အေးငယ်ကြောင့် တုန်ခါကျန်ခဲ့သော ကျွန်တော့်နှလုံးသား သည်သာ ...

          “တောက် ...”

          ရင်ထဲက နာကျင်ခံခက်သော ဒေါသကို မထိန်းနိုင်တော့သဖြင့် ကျွန်တော် တောက်တစ်ချက် ခေါက်လိုက်သည်။ ။

          မျက်လုံးထဲမှာလည်း လှသမျှ အနိုင်ယူတတ်သော ချမ်းသာ သလောက် ဂုဏ်ဝင့်မာန်ကြီးလှသော မာနကြီးသလောက် ရက်စက် တတ်သော မျက်နှာတစ်ခုကို မြင်မိသည်။

          တင်းမာသမျှ ကောက်ကျစ်ရှုပ်ထွေးသော အသံကိုလည်း ပြန် ကြားယောင်သည်။ ။

          'လူဆိုတာ အထက်စီးရတိုင်း တစ်ဖက်သတ် အနိုင်မကျင့်သင့် ပါဘူး ခင်မောင်လတ်၊ ငါ့အလှည့်ရောက်လို့ ပြန်လက်စားချေလိုက် မယ်ဆိုတဲ့ အာဃာတဆိုတာလည်း အင်မတန် ရိုင်းစိုင်းတဲ့လူတွေမှ ထားအပ်တဲ့ စိတ်ဓာတ်ပါ၊ နင် ငါ့ကို လက်စားချေချင်တာ မဟုတ်လား၊ ငါ့ကို အနိုင်မယူသာလို့ ကြက်ကလေး ငှက်ကလေးလို နိုင်လို့ရတဲ့သူဆီ လှည့်မဲတာ မဟုတ်လား၊ အဲသလိုဆိုရင်တော့ နင့်သဘောပါ နှင့်ဘက်က အပိုင်ချည်းဖြစ်နေတော့လည်း ငါ နင့်ကို အရှုံးပေးရုံရှိတော့ တာပေါ့၊ နင် ကလဲ့စားချေတာ အောင်မြင်ပါတယ်၊ ငါ့ကို နင် အလဲထိုး ယူလိုက်နိုင်ပါတယ်” ။

          ဪ ... သည်စကားကို သူကပဲ ပြောရတယ်ရှိသေးတယ် ဟု ကျွန်တော် မကျေမချမ်း ရေရွတ်မိသည်။

          စိတ်က ဘယ်လိုမှ ဆောက်တည်ရာမရတော့သဖြင့် ကျွန် တော် ကုလားထိုင်မှနေ ဆတ်ခနဲ ထရပ်သည်။ ။

          စားပွဲထောင့်စွန်းရှိ စီးကရက်ဘူးထဲမှ တစ်လိပ်ထုတ်ယူပြီး မီး ညှိဖွာရှိုက်သည်။ အဆုပ်တွင်းတွင် အဆိပ်များ ထားခဲ့ပြီး ပြန်ထွက် လာသော မီးခိုးငွေ့များက အခန်းမျက်နှာကြက်အထိ လုံးခဲတက်သွား

          “ကရင် ... ရင် ... ရင် ...”

          စောစောက အိတ်ချိန်းကို လှမ်းတောင်းထားသော အဝေးခေါ် ရန်ကုန်ဖုန်း ဖြစ်မည်ဟု စိတ်ထဲက အောက်မေ့သည်။ မျှော်လင့်တကြီး ဖြင့် တယ်လီဖုန်းခွက်ကို ကောက်မလိုက်၏။

'ကိုလတ်လား''

          'ဪ ... ဟုတ်တယ် ကိုစောဝင်း၊ ကျွန်တော် ခင်မောင် လတ်ပါ"

          တယ်လီဖုန်းအော်ပရေတာက ရင်းနှီးနေသောသူမို့ အော်တို လိုင်း မရှိသော နယ်မြို့လေးဖြစ်သော်လည်း ကျွန်တော့်မှာ ဆက်သွယ် ရေး လွယ်ကူသည်။

          “ကိုလတ် ခေါ် ထားတဲ့ ရန်ကုန်ရပြီ၊ ပြောတော့ ကိုလတ်'

          ဟုတ်ကဲ့၊ ကျေးဇူးပဲ ကိုစောဝင်း၊ ဟယ်လို ... ဟယ်လို”

          ကိုစောဝင်းက သူ့စကားဆုံးသည်နှင့် ရန်ကုန်လိုင်းနှင့် လွှဲပေး သည်။ ကျွန်တော့် ဟယ်လိုသံအဆုံးတွင် တစ်ဖက်မှ ကျွန်တော် အင်မတန် မှတ်မိနေသော အသံသြကြီးတစ်ခု ဝင်လာ၏။

          “ဟယ်လို ... ပြောပါ၊ အောင်မင်း စကားပြောနေပါတယ်”

          “ဟေ့ကောင် ... စိန်အောင်မင်း ... ငါပါ၊ ခင်မောင်လတ်

          'ဟာ ... ကိုလတ်၊ မအေပေး စက်ရုံမှူးကြီး၊ မင်း ဘယ်က ဆက်နေတာလဲ တောသား၊ ကျယ်ကျယ်ပြော မကြားရဘူး "

          အောင်မင်း၏ ရှေးမူမပျက် ပက်စက်ရင်းနှီးသော လေသံ ကြောင့် စိတ်ဓာတ်ပျက်ပြားနေသည့်ကြားက ကျွန်တော် ပြုံးလိုက်မိ သည်။

          ‘အောင်မင်း၊ မင်း အခု မအားဘူးလားကွာ”

          'အားပါတယ်၊ ဟေ့ကောင် ... မင်း အဲဒီမေးခွန်းကို နောက် ဘယ်တော့မှမမေးနဲ့၊ တစ်လျှောက်လုံး ဘာတာဝန်မှ မရှိဘူးဆိုတဲ့ကျောင်းသားဘဝတုန်းက အလုပ်များသလောက် အခု တိုင်းပြည် တာဝန် ထမ်းဆောင်နေရတဲ့ အရာရှိတစ်ယောက်ကို အားလား မေး တာ စော်ကားတာပဲ၊ ဒါမျိုး ငါ သိပ်စိတ်ဆိုးတယ်” ။

          'အေး ... စိတ်ဆိုးရင်လည်း နောက်မှဆိုးကွာ၊ လောလော ဆယ် မင်း ငါ့ဆီ လာခဲ့စမ်းပါ၊ ငါ အခု စက်ရုံက စကားပြောနေတာ၊ ခဏလေး လာဖို့ ပြောတာ မဟုတ်ဘူး၊ အနည်းဆုံး နှစ်ည သုံးညအိပ် လာခဲ့၊ ဖြစ်နိုင်ရင် အခု ထွက်ခဲ့"

          “ဟာ ... မင်းဇနပုဒ် ငါ မလာချင်ပါဘူး၊ ငါ့ဆီ မြို့ကြီးပြကြီး မင်း လာခဲ့ပါလား၊ တို့ရန်ကုန်မှာ လေယာဉ်ကွင်း ရှိတယ်၊ လေယာဉ်မမြင်ဖူးတဲ့ တောက ကောင်တွေကို လိုက်ပြလို့ရတယ်”

          အရေးထဲ သူက နောက်ဖို့ချည်း စဉ်းစားနေသဖြင့် ကျွန်တော် လေသံကို ခပ်တင်းတင်း လုပ်လိုက်ပြီး ...

          “နောက်မနေနဲ့ ဟေ့ကောင်၊ ငါ့မှာ သေရေးရှင်ရေးလောက် အရေးကြီးနေတဲ့ကိစ္စရှိလို့ မင်းနဲ့ မတိုင်ပင်လို့ မဖြစ်လို့ ငါ အကူအညီ တောင်းနေတာ၊ ဒီညကို မင်းနဲ့ငါ တွေ့ချင်တယ်”

          “ဘာလဲ ... စက်ရုံက ငွေတွေ ပစ္စည်းတွေ အလွဲသုံးစားလုပ် မှုနဲ့ မင်း အချုပ်ထဲ ရောက်နေပြီ မဟုတ်လား၊ ငါ ထင်သားပဲ၊ အာအိုင် တီက ကျောင်းဆင်းလို့ တစ်နှစ်မှ မပြည့်သေးတဲ့ကောင်ကို ဒီရာထူး ပေးထားမှတော့ စက်ရုံတစ်ရုံလုံး ဖဲပေါင်ရိုက်ပစ်တာနဲ့ ကုန်ရောနေမှာ ပေါ့၊ အေး ... အေး ... ဘာမှမပူနဲ့ သားတော်၊ ခမည်းတော် ခု ချက်ချင်း ကြွခဲ့မယ်၊ ရှင်ရေးဆိုရင် အာမခံနဲ့ ထောင်ဝင်စာပစ္စည်း တစ်ခါတည်း ယူလာခဲ့မယ်၊ သေရေးဆိုရင်လည်း ခေါင်းအတွက် ကော သင်္ဂြိုဟ်စရိတ်ကော ငါ တာဝန်ယူတယ်၊ ဒါပဲ မဟုတ်လား”

          ကျွန်တော် သက်ပြင်းချသည်။ သူ့စကားများကို အသေးစိတ် ပြန်ချေပဖို့ထက် သူ ခုချက်ချင်း ကြွလာခဲ့မည်ဆိုသော ကိစ္စကသာ အရေးကြီးသည်မို့ ခပ်တိုတိုပဲ ပြောလိုက်သည်။

          “အေး • • • ဒါပဲ”

           “ဒါဆိုလည်း ပြီးရော”

          “ဂွပ်”

          စကားအဆုံးနှင့် ဖုန်းချသံ သိပ်မကွာဘဲ ပေါ်လာသည်။ ရင်ထဲမှာ နည်းနည်းတော့ သက်သာသွား၏။ ခုချိန်မှာ ရင်ထဲက ခံစားရသမျှကို ယုံကြည်စိတ်ချစွာဖြင့် ဖွင့်ပြောအန်ထုတ်ဖို့ သူငယ်ချင်း အရင်းအချာ တစ်ယောက် အင်မတန်မှ အရေးကြီးစွာ လိုအပ်နေသည် မဟုတ်ပါလား။

          “ကဲကွာ ညဉ့်လည်း နက်လှပြီ၊ မနက်ကျမှ ဆက်ဆွေးနွေးတာပေါ့။ ခုတော့ အိပ်ကြရအောင်"

          ညဆယ့်နှစ်နာရီလောက်မှာ အောင်မင်းက စကားစဖြတ်ပြီး အိပ်ရာဝင်သည်။ ကျွန်တော်မှ အိပ်ရာထဲ မဝင်ရသေး။ အောင်မင်းထံ မှ ဟောက်သံပေါ်လာ၏။

          ကောင်းလိုက်တာဟု စိတ်ထဲကနေ အားကျမိသည်။

          သည်ပုဂ္ဂိုလ်မှာ အပူမရှိ။ အပူဖြစ်လာရာ လမ်းစဖြစ်သော အတွယ်အတာ အနှောင်အငင်လည်း မရှိ။ အသင့်အတင့် ပြည့်စုံလာ ပြီဖြစ်သောဘဝမှာ သက်သောင့်သက်သာ စိတ်ချမ်းသာစွာ နေရပြီ လည်းဖြစ်၊ ပင်ကိုယ်သဘာဝအတိုင်း ပျော်ရာရှာ၍ ပျော်သလိုနေတတ်သူလည်းဖြစ်ဖို့ သောကတရားများက သူနှင့် ဝေးလှစွာသည်။

          အိမ်မှာလည်း ကလေးလိုပဲနေ၊ သူငယ်ချင်း အပေါင်းအသင်း များနှင့်လည်း လူကြီးလို မပေါင်း၊ ပေါတောတောဟု ကင်ပွန်းတပ် စရာအကြောင်း ရှိသည်မှအပ ခေါင်းချလိုက်လျှင် အိပ်ပျော်သွားနိုင်သော လူ့ဘဝ၏ သုခကြီးတစ်ခု သူ့မှာ အလိုလို ရနေသည်။ လူလည်း တဖြည်းဖြည်းနှင့် ပုတ်ကြီးလို ဖြစ်နေပြီ။

          သူနှင့်ကျွန်တော် ဆွေးနွေးပွဲက စာရင်းမပြတ်သေးသော်လည်း ကျွန်တော့်ကိစ္စ အကြမ်းဖျင်းပြောပြအပြီးတွင် သူမှတ်ချက်ချသော စကားလုံးတစ်လုံးကတော့ ခုတိုင် ကျွန်တော့်နားထဲ စွဲနေသည်။

          'အဲဒီမိန်းမက မင်းဆီ ဘယ်လိုလုပ် ရောက်လာရပြန်တာလဲ ကိုလတ်ရာ၊ အဲဒါကိုက မင်းအတွက် ဂြိုဟ်ဆိုးတွေ၊ အကုသိုလ်တွေ အလုံးလိုက်အခဲလိုက် ဝင်လာဖို့ ဖြစ်လာတာပဲ၊ အဲဒီမိန်းမနဲ့ ပတ်သက် တိုင်း မင်းမှာ ကံကောင်းတယ်လို့ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ၊ မင်းသေ ချာ ပြန်စဉ်းစားကြည့်၊ တကယ့် ပြဿနာမမှ တကယ့်ပြဿနာမ”

          ကျွန်တော် သက်ပြင်းချသည်။ ။

          သည်စကားမျိုးနှင့် အလားတူ ဆင်ဆင်တူသော စကားများကို အောင်မင်း ခုမှ စပြောသည် မဟုတ်။ သူ့ကောက်ချက်နှင့်သူ ပြဿနာမဟု မလှမပ တင်စားလိုက်သော “ခင်ကြီး' နှင့် ပတ်သက် သမျှ အခါခပ်သိမ်း ဤကဲ့သို့ပင် သူ ဆိုခဲ့သည်။

          ခင်ကြီး ... ခင်ကြီး။

          သူပြောသည့် စကားကလည်း ဘယ်လိုမှ လွန်သည်ဟု ပြောမ ရ ။

          အတိတ်၌ဖြစ်စေ၊ ပစ္စုပ္ပန်၌ဖြစ်စေ ခင်ကြီးဆိုသော ခင်ကြီးသည် ကျွန်တော့်အား ရင်နာကြေကွဲစရာချည်း ဖန်တီးပေးခဲ့တယ် သည် မဟုတ်ပါလား။

          ခုလည်း ခင်ကြီးရောက်လာမှ သည်ပြဿနာများ ပေါ်လာခြင်း ဖြစ်သည်။

          အရာရာကို ဆင်ခြင်တုံတရားဖြင့် ကုစား၍ လှုပ်ရှားဆောင် ဘင်ခတ်ခဲ့သော ကျွန်တော့်ဘဝ ရေမျက်နှာပြင်ကို တည်ငြိမ်အောင် လုပ်နိုင်သည်ဆိုရုံ ရှိသေးသည်။ ခုတစ်ခါ ပြန်လှုပ်ရှားနေရပြီ ဖြစ် သည်။

          ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့သော အိပ်မပျော်သည့် သန်းခေါင်ကျော်ညများသည်လည်း ခုခါ ကျွန်တော်နှင့် ပြန်ဆုံစည်းနေစိတ်မောမောနှင့် ဧည့်ခန်း ဆက်တီကုလားထိုင်ပေါ်တွင် ခန္ဓာ ကိုယ်တစ်ခုလုံး အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင်း ကုလားထိုင် နောက်မှီ တန်းပေါ်တွင် ခေါင်းတင် မော့ထားလိုက်သည်။

          မကြာသေးခင်ကမှ ပြုပြင်ဆေးသုတ်ထားသော မျက်နှာကြက် ဖြူဖြူကို အဓိပ္ပာယ်မဲ့ ငေးစိုက်ကြည့်မိ၏။ မျက်နှာကြက်ဖြူဖြူသည် မျက်စိရှေ့၌ပင်လျှင် မှိန်၍ပျောက်ထွက်သွား၏။

          မျက်နှာကြက်ကြီးနေရာတွင် အစားရောက်ရှိ ထင်ဟပ်လာ သော မြင်ကွင်းလှုပ်ရှားမှုများက ကျွန်တော်၏ တစ်ရံရောအခါက အတိတ်ဇာတ်လမ်းများ ဖြစ်နေသည်။

          ဘယ်လိုကနေဘယ်လို ဆက်စပ်သွားသည်တော့မသိ။ ဖတ်ဖူး မြင်ဖူးဖြစ်နေသော ရှေးရေး ကဗျာလေးတစ်ပုဒ်ကလည်း အသံထွက် ၍ နားထဲ ကြားလာသည်။

          ခင်ကြီးနှင့် ပတ်သက်သည်လား၊ အေးငယ်နှင့် ပတ်သက်သည် လားတော့ ကျွန်တော် မဝေခွဲတတ်။

          သတိရမိသော ဒွေးချိုးကဗျာလေးက ...

ချစ်တယ် ကြိုက်တယ်
ဆိုပေတယ်လို့..
သေအောင် မင်းဆုတောင်း
ကြောင်းဆုံမှ ပေါင်း

ဟု ဖြစ် ၏ ။

 

          “တော်လောက်ပြီထင်တယ် ကိုလတ်၊ ကြာရင် မင်း ဒီနားမှာတင် မတ် တတ်ကျောက်ရုပ် ဖြစ်သွားလိမ့်မယ်”

          အောင်မင်းစကားကြောင့် ကျွန်တော် ပြုံးမိပါသည်။ ကျွန်တော် သည်နားမှာ ရပ်နေသည်မှာ သည်လောက်ပင် ကြာပြီလား။

          ကိုယ့်ဟာကိုယ် ပြန်ကြည့်ရန် သတိရဖို့ မေ့နေသော လက်မှ နာရီကို ငုံ့ကြည့်သည်။

          အားပါး ... ကျွန်တော် သည်နားမှာရပ်၍ ခင်ကြီးကို ကြည့် နေမိသည်မှာ တစ်နာရီကျော်ကျော် ကြာနေပြီဖြစ်၏။

          ကျွန်တော့်စိတ်ထဲမှာ တစ်နာရီ မထင်မိ။ စုစုပေါင်းမှ တစ်မိနစ် တောင် ပြည့်မပြည့်သေးရဲ့ လား အောက်မေ့နေသည်။ ခင်ကြီးသည် မည်ကဲ့သို့သော် တန်ခိုးသတ္တိများဖြင့် အချိန်ကာလများစွာ ပျောက်ဆုံး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)