Skip to product information
1 of 3

Other Websites

နေ၀င်းမြင့် - မြို့ပြပိုးမွှားများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အသက်မကြီးသေးပေါင် ရှင်ရယ် 

(ပုသိမ်ကြီးနယ် ရွှေစာရံဘုရားပွဲ) 

အောင်ပင်လယ် ကန် ပေါင်တာရိုးပေါ်ကို ကားတက်လိုက်သည်နှင့် လတ်ဆတ် သော ကွင်းလေက သူ့ကို တိုးဝှေ့နေလေသည်။ တာရိုးကြီးရဲ့ ဘယ်ဘက်မှာတော့ အောင်ပင်လယ် ကန်တော်စိမ်းမြ။ အဝေးတစ်မျှော်တစ်ခေါ်အထိ စိမ်းသစ်သော အရောင်တွေ တောက်ပနေသည်။ အနားသတ် မျဉ်းမှာတော့ ကောင်းကင်ပြာ တိမ်ဖြူ ဖွေးဖွေး အလိပ်အလိပ်။ သိပ်လှတဲ့ အောင်ပင်လယ်။ နန်းတော်ရှေ့ရဲ့ အောင်ပင်လယ်။ သူကတော့ ဘာကို လွမ်းရမှန်းမသိပါ ။ လွမ်းတော့ လွမ်းနေလေသည်။

ညာဘက် အနိမ့်မှာတော့ မြို့သစ်ရှိသည်။ မြို့သစ်ဆိုသော်လည်း မြို့ပြ အရိပ် အယောင် မတွေ့ရပါ။ အိမ်ကလေးတွေ စီကာရီကာ ဟိုတစ်ကွက် သည်တစ်ကွက်။ တစ်ခါတုန်းကတော့ သည်မြို့သစ်ကိုသူရောက်ဖူးသည်။ အဲသည်တုန်းက မိုးသက်လေ တွေ ကျ နေ ကာ မြို့သစ်တစ်ခွင်လုံး မည်းမှောင်နေလေသည်။ စိမ့်အေးနေသော လေကား မန္တလေးနှင့်မတူ။ ကလော အောင်ပန်းဘက်က လေနှင့်တူနေသည်။

“ဆီတို့ဟူးနဲ့ ထနောင်းပိုင်ကလေးတော့ လုပ်သွားဦး ကိုယ့်လူရဲ့ အနွေးဓာတ် ကလေးပေါ့ ”

မိတ်ဆွေ ကဗျာဆရာ ကိုငြိမ်းက ဧည့်သည်ကို ဧည့်ခံချင်တာ နည်းနည်း သူ သောက်ချင်တာ များများဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကဗျာတွေ ရွတ်ခဲ့ကြ သီချင်းတွေ ဆိုခဲ့ကြ။ အောင်ပင်လယ်မြို့သစ်အစမှာပဲ မြတဘက်ကျစေတီကို ဖူးတွေ့ ရသည်။

“စောမွန်လှက ပြေးရင်းလွှားရင်း သည်နားရောက်တော့ မြတဘက်ကျခဲ့တာတဲ့ ဗျ နားတောင်းတွေ ကျလိုက် တဘက်ကျလိုက်နဲ့”

သူ့ဘေးက ခပ်ထွေထွေ ခရီးသည်က ပြောနေခြင်းဖြစ်သည်။ ကားဒရိုင်ဘာ ကတော့ သည်လမ်းခရီးမှာ သည်လို ပြောနေတာကို ကြိုက်ဟန်မရှိပါ။ လမ်းဘေးက လူတွေကိုလည်း ကားမောင်းရင်းက လိုက်မလားချည်း မေးနေလေသည်။ နောက်က စပယ်ယာကလည်း “ရွှေစာရံကို . .ရွှေစာရံကို” အော်နေတာ မန္တလေးအထွက်ကတည်း က ဖြစ်၏။ လူတစ်ယောက် ကားပေါ်တက်တာနဲ့ ၃၀ ရမှာကိုး။ ကားခေါင်းထဲကတော့ ကားခ ၅၀ ဖြစ်သည်။ သူ မန္တလေးရောက်စက ရွှေစာရံဘုရားပွဲရှိမှန်း မသိပါ။ သည် ဘုရားပွဲက နှစ်စဉ် တပေါင်းလပြည့် ကျော် ၃ ရက်နေ့တွင် စ၍ တပေါင်းလပြည့်ကျော် ၈ ရက်နေ့တွင် သိမ်းသည်ဟု ဆိုသည်။ မြန်မာရက်စွဲတွေကို သူသိပ်မသိတာလည်း ပါပါသည်။ ဖြတ်သွား ဖြတ်လာ ဘတ်စ်ကားတွေ ဘေးမှာ ကပ်ထားသော ပွဲတော် ပိုစတာတွေကြောင့် သူသတိထားမိသွားခြင်း ဖြစ်လေသည်။

 

ရွှေစာရံဘုရားပွဲ၊ သူငယ်ငယ်က ကြည့်ခဲ့ဖူးသော မြို့တော် မောင်ယဉ်အောင်ရဲ့ စင်တင်ပြဇာတ်တစ်ပုဒ်ကို သူ သတိရနေလေသည်။ နွားကြန်စုံ ခြေကုန်မောင်းတော့ မြေကုန် စောင်းပေါ့၊ လှည်းဘီးကလေးက ချာချာလည်တဲ့။ အသက်မကြီးသေးပေါင် ရှင်ရယ်၊ ထရွက် (ထန်းရွက်) ပုတီးကလေး ဆွဲလို့ ရွှေစာရံကို အရောက်သွားမယ်” ဆိုလား။ တစ်ပိုင်းတစ်စ ရနေသည့် သီချင်းကလေး။ သူ တည်းခိုရာ တည်းခိုခန်း ကလေးရှေ့က ခုံတန်းလျားမှာ ထိုင်ရင်း ရွှေစာရံကို သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ သူ ဘယ်လို သွားရမယ်ဆိုတာ မသိပါ။ မေးကြည့်တော့ ၃၅ လမ်းအတိုင်း အရှေ့ဘက်ကိုဆင်း၊ ၇၆ လမ်းထောင့်မှာ ရွှေစာရံဘုရားပွဲကားတွေပြည့်လို့'ဟု ဆိုသူက ဆိုသည်။ “စက်ကျသီဟ (သကျသီဟ) ဘုရားမြောက်ပေါက်မှာ ရွှေစာရံကားတွေ

ရှိပါ့။ နံပါတ် ၁၁ လိုင်းကားလဲ ရောက်တာပဲ” ဟု ပြောသူက ပြောသည်။ ဒါနဲ့ပဲ သကျသီဟ ဘုရားကို ဆိုက်ကားနှင့် သူသွားသည်။ လမ်းမှာ ဆိုက်ကားဆရာကို ရွှေစာရံဘုရား သမိုင်းကိုမေးတော့ သူရယ်ရသေးသည်။ ။

“နေဦးဗျ၊ စောမွန်လှညီမ ရှင်မွန်လှဆိုတာတောင် ရှိသေးသလားလို့၊ ကျုပ်လည်း မေ့တေ့တေ့ရယ်”

“စောမွန်လှနဲ့ ရှင်မွန်လှဆိုတာ တစ်ယောက်တည်း မဟုတ်ဘူးလား” “မဟုတ်လောက်ဘူး ထင်တာပဲ ဆရာရဲ့”

ဆိုက်ကားဆရာက မဟုတ်လောက်ဘူးနဲ့ မေ့တေ့တေ့တွေက များနေသည်။သကျသီဟ ဘုရားပေါက်မှာ တကယ်လည်း ရွှေစာရံဘုရားကားတွေ အများကြီး။

လိုင်းကားလည်း ရှိသည်။ ကြားကားလည်း ရှိသည်။ ကြားကား ခေါင်းခန်းကို သူဝင် လိုက်သည်။

“ရွှေစာရံကို ... ရွှေစာရံကို ...” ကြားကား စပယ်ယာက တကြော်ကြော် အော်နေသော်လည်း လူတွေက ခရီးသည်တွေ ပြည့်ကျပ်နေသော လိုင်းကားပေါ်ကိုပဲ တက်ကြသည်။ လိုင်းကားပေါ်မှာ မိန်းမတွေ၊ ကလေးတွေ၊ ယောက်ျားတွေကတော့ နောက်မှာမတ်တတ်။ ထမင်းချိုင်တွေ၊ ဆွဲခြင်းတွေ မနိုင်မနင်း။ ။

“လိုင်းကားတွေက ဈေးသက်သာလို့လား”

“ဈေးတော့ သက်သာပါတယ်။ ဒါပေမဲ့ လမ်းမှာ ဟိုရပ် သည်ရပ်ပါ ဗျာ၊ ဆရာသမား စိတ်ရှည်မှာ မဟုတ်ပါဘူး”

ကြားကား ဒရိုင်ဘာက လိုင်းကားကို စိတ်ပျက်လက်ပျက်ကြည့်ရင်းက ပြောနေ ခြင်းဖြစ်သည်။ ခဏကြာတော့ ကားပြည့်သွားသည်။ နောက် ခဏကလေးမှာတော့ ကားက ပြင်ဦးလွင် ကားလမ်းပေါ် ရောက်သွားလေသည်။ မြတဘက်ကျ ဘုရားကို ကျော်တော့ ပုသိမ်ကြီးမြို့နယ်ထဲ ရောက်ပြီ။ ပုသိမ်ကြီးကား အေးချမ်းသလောက် စိမ်းလန်းလှပနေလေသည်။ ပုသိမ်ကြီးကို သူဟာပြောပွဲ ရောက်ဖူးသည်ကော။ သည်မြို့ကလေးကို ဘာကြောင့်မှန်းမသိ သူချစ်ခင်နေမိလေသည်။

“ကျွန်တော်တို့မြို့နယ်က အဘယဂီရိလို့ ဘွဲ့မည်ရတဲ့ ရန်ကင်းတောင်ရှိတယ်။ရေတံခွန်တောင်ရှိတယ်။ မရွှေ့တောင်တော်ရှိတယ်။ နောက် တန်ခိုးကြီးဘုရား ရွှေစာရံ ရှိတယ်။ အောင်ပင်လယ်နဲ့ နန္ဒာကန်လည်း ရှိတယ်ဗျ”

သူ့မိတ်ဆွေ ပုသိမ်ကြီးသား ကဗျာဆရာမောင်ဖူလုံက ပြောဖူးသည်။ မန္တလေးက သွေ့ ခြောက်သလောက် ပုသိမ်ကြီးက စိမ်းသစ်စိုမြနေလေသည်။ အရင်ကတော့ သည် နားရွာတွေက ရွှေစာရံဘုရားကို လှည်းတွေနှင့် သွားဖူးကြတာတဲ့။ လှည်းတန်းက တအီအီ စည်ပါပေ့သည်ပွဲ ပေလား။ အငြိမ့်သီချင်း တစ်ပုဒ်မှာတော့ ရွှေစာရံကို သွား ဖို့ စီစဉ် ဘိုကေ မဟာလင် လိုက်ပို့မလားရှင် လှည်းပြင်” တဲ့။

“ကျွန်တော်တို့ ငယ်ငယ်က ရွှေစာရံဘုရားဖူးသွားရင် လှည်းတွေနဲ့ သွားရတာဗျ။ ပျော်ဖို့ သိပ်ကောင်းတာ၊ သည် နားဝန်းကျင်ရွာတွေကလည်း လှည်းတပ်ကြီးတွေနဲ့ ဘုရားသွားဖူးကြတာ၊ ဘုရားဝင်းကြီးထဲမှာ လှည်းတွေဆိုတာ နည်းမှတ်လို့”

ကျေးလက်ဘုရားပွဲနဲ့ လှည်းဝိုင်း။ သူ့ငယ်ဘဝတွေထဲမှာလည်း သည်မြင်ကွင်း တွေ ရှိသည်။ ဘုရားပွဲကို လာရင်း တစ်နှစ်စာ လိုသမျှ ဝယ်ကြခြမ်းကြ၊ သိုကြလှောင် ကြ။ ရွာမှာ ကျန်ရစ်သူတွေဖို့ ဘုရားပြန် လက်ဆောင်တွေ ဝယ်ကြ။ ပွဲလည်း ကြည့်၊ ဘုရားလည်း ဖူး၊ ဈေးလည်း ဝယ်။ ဤသို့ဖြင့် ဘုရားပွဲဈေးသည် ကျေးလက်၏ Super Marlet၊ ကျေးလက်၏ Shopping Centre ဖြစ်လေသည်။ ။

“ကျောက်ဆည်နယ် ရဲရမန်းရွာက ထရွက် (ထန်းရွက်) ပုတီးကလေးတွေ ထွက် တယ်၊ ထန်းရွက် ငါးရုပ်ကြီးတွေလဲ လုပ်တယ်၊ ဘုရားပွဲကို လာရောင်းကြတယ်၊ ထန်းရွက် ပုတီးက ရွှေစာရံဘုရားပွဲရဲ့ သင်္ကေတပေါ့၊ သည်ပွဲတော်မှာ ဝယ်စရာ ခြမ်း စရာက စုံလွန်းလို့ ကျေးလက်အိတ်စပို (Expo) ကုန်စည်ပြပွဲလို့တောင် ခေါ်နိုင်တယ်”

“လှည်းတွေက ဘာဖြစ်လို့ ပျောက်သွားတာလဲ” “ကျောက်လမ်းပေါ် နွားလှည်း မမောင်းရ ဆိုတာက စတာဗျ၊ သည်ဆိုင်းဘုတ် တွေလမ်းဘေးရောက်လာတော့ လှည်းတွေကသွားဖို့ခက်လာရော၊ အုန်းချောလောက်မှာ လှည်းတွေထားပြီး ဘုရားပွဲကို ခြေလျင်သွားကြရတယ်။ နောက်တော့လဲ လူတခြား လှည်းတခြားဖြစ်လာတော့ လှည်းတွေပျောက်ကုန်တာပါပဲ”

အခုတော့ ပွဲတော်လာ နွားလှည်းတွေ နည်းပါးသွားခဲ့ပြီ။ ဘုရားဖူးကားတွေ ကတော့ ဘုရားမုခ်ပေါက်ဘေးက ကွင်းကျယ်ကြီးထဲမှာ နားနိုင်ကြပြီ။ တချို့ လိုင်းကား တွေကတော့ ဘုရားဝင်းထဲက သစ်ရိပ်တွေမှာ။ အခုတော့လည်း အဖော်တွေ ပျော်ပျော် ပါးပါး မော်တော်ကားနဲ့လည်နိုင်ကြပြီကော။ သူစီးလာသော ကားကလည်း ဘုရားရှေ့ မှာပဲ ရပ်သည်။ ကားမျိုးစုံကတော့ နေရာတိုင်းမှာ ပြည့်ကျပ်နေလေသည်။ ဘုရားမုခ် ဦးသို့ ဝင်ရာ လမ်းဘေးတစ်ချက်မှာတော့ ဈေးဆိုင်တန်းတွေ ရှိသည်။ ကက်ဆက်သံ တွေ ဆူညံနေကာ လမ်းပေါ်မှာလည်း လူတွေက အော်ကြဟစ်ကြ။

ကားပေါ်က ဆင်းကာ ဘုရားဝင်းထဲ သူဝင်လိုက်သည်။ ရွှေစာရံစေတီတော်ကို မော့ဖူးသည်။ မြင်နေကျစေတီတွေလို ခုံးခုံးဝန်းဝန်း ပြေပြေလျောလျော မဟုတ်၊ မာတောင့်တောင့် မြင့်မြင့်မားမား။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ က လွမ်းမော ဆွတ်ပျံ့ ဖွယ်အတိတ်သမိုင်း၏ အမှတ်သင်္ကေတအဖြစ် သပ္ပာယ်နေလေသည်။ အချစ်နှင့် အမျက်စောင်မာန်တို့၏ အားပြိုင်ပွဲ၏ နိမိတ်ပုံ စေတီတော်။ စေတီတော်နှင့် မလှမ်း မကမ်းက ဂန္ဓကုဋီတိုက်သို့ဝင်ကာ ဘုရားဖူးသည်။ မှန်စီ အုတ်နံရံတွေက တဖျပ်ဖျပ် လက်လို့။ မှန်စီ တိုင်လုံးကြီးတွေကို မှီရင်း သူခဏ နားသည်။ဘုရားပွဲဈေးတန်းမှာတော့ လူသံတွေ၊ ကက်ဆက်သံတွေ၊ အသံချဲ့စက်သံတွေ၊ | ဆူညံနေသည်။ ခပ်လှမ်းလှမ်း လှေဆိပ်မှာတော့ မိန်းကလေးတော်တော်များများ ဓာတ် ပုံရိုက်နေကြဟန်တူ၏။ flash gun မီးပွင့်တွေက ဒုဋ္ဌဝတီမြစ်ရေကို တဖြန်းဖြန်း ထိစဉ် နေသည်လား။ သူကတော့ နီးရာ လက်ဖက်ရည်ဆိုင်ကလေးကိုဝင်ကာ လက်ဖက် ရည်တစ်ခွက်မှာသည်။ ဈေးတန်း လက်ဖက်ရည်ဆိုင်ကလေးက မြစ်လေကြောင့် အမိုး တွေ လန်နေသည်။ သူကတော့ လက်ဖက်ရည်ဆိုင်ကလေးရှေ့က ဆိုင်းဘုတ်တွေ ကို လိုက်ဖတ်သည်။ မာဃစမုံနက်လေဆေး၊ ရန်ကုန်မုန့်တီခေါက်ဆွဲ၊ မိုးဦးပန်းရောင် စုံ ဓာတ်ပုံ၊ ဆိုင်းဘုတ်မပါသော ဦးထုပ်ဆိုင်ကလေးလည်းရှိသည်။ ဆိုင်တန်းကလေး ရဲ့ နောက်မှာတော့ ဒုဋ္ဌဝတီ၊ သို့မဟုတ် မြစ်ငယ်မြစ်။

သူ့ရှေ့ရောက်လာသော လက်ဖက်ရည်ရောင်က ညစ်ထေးနေသည်။ သူ တစ်စုံ သောက်လိုက်တော့ ဖန်တွတ်နေသည်။

 “နားတောင်းကျကို ... နားတောင်းကျကို ...”

“နဂါးကို ... နဂါးရုံကို ...”

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)