Skip to product information
1 of 2

Other Websites

နေ၀င်းမြင့် - မာလီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နေဝင်းမြင့်ရဲ့ အမှာ

ကျွန်တော့်တွင် အမှာစာ ရေးလောက်စရာ အကြောင်းအရာ သိပ်မရှိပါ။ သည်စာအုပ်မူရင်းကို မန္တလေးမြို့ စာအုပ်ပြပွဲတစ်ခုမှာ ခင်းကျင်းထားသည့် ဥတ္တရလွင်ပြင် စာအုပ်ဆိုင်က ရခဲ့ခြင်း ဖြစ်ပါ သည်။ အိမ်ရောက်ရောက်ချင်း ကျွန်တော် ဖတ်ကြည့်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်။ ဇာတ်လမ်းက အိန္ဒိယလူမျိုး မာလီ တစ်ယောက်ကို အခြေခံထားသည့်ဇာတ်လမ်း ဖြစ်နေသည်။ တစ် နည်းအားဖြင့် ကလေးငယ်တစ်ယောက်နှင့် အိုကြီးအိုမ လူကြီး တစ်ယောက်တို့၏ သံယောဇဉ်ဖွဲ့ဖြစ်ပါသည်။ သို့သော် ကတိ သစ္စာ၊ ချစ်ခြင်းမေတ္တာနှင့် စွန့်စားရုန်းကန်ခြင်းများက သည်ဝတ္ထု ၏ ပင်မသွေးကြော ဖြစ်နေတာကလည်း ထူးခြားသည်ဟု ဆိုရ ပါမည်။

မူရင်းဝတ္ထု၏ စာအုပ်နောက်ကျောဖုံးမှာ သည်လို ရေးထား သည်။ “အရွယ်ရောက်သူတို့၏ သရုပ်ဖော် အဖွဲ့အနွဲ့တစ်ရပ်ပေလား? ကုသိုလ်အကျိုးပေးအရ ပေးဆပ်ရသော စာရိတ္တ အဖွဲ့အနွဲ့ ပေလား? သို့တည်းမဟုတ်... အိန္ဒိယနိုင်ငံ သစ်တောကြီးတစ်တောထဲက

ရိုးစင်းသော သာမန်တောဘွဲ့ဇာတ်လမ်းတစ်ပုဒ်ပေလား? - သည်သုံးမျိုးစလုံးလည်း ဖြစ်နိုင်ကောင်းပါသည်။

ပို၍ဖြစ်နိုင်သည့် အကြောင်းတစ်ချက်မှာ ရှေးက ရေးခဲ့ကြပြီး ဖြစ်သော နုမျစ်ခြင်းနှင့် ကြီးရင့်ခြင်းကြားက သို့မဟုတ် လူငယ်နှင့် လူကြီးကြားက အကြောင်းအရာ သရုပ်ဖော်ချက်များထက် သာ လွန်သော အချက်ဖြစ်သည့် ခွန်အားနှင့် ဝေမျှပေးဆပ်ခြင်း”ကို ဖော်ပြနိုင်စွမ်းရှိခြင်းဖြစ်ပါသည်။သည်အညွှန်းကောက်စာကပဲ ပြည့်စုံနေပါပြီ။

သည်စာအုပ်ကလေးကို ထုတ်ဝေပေးသည့် စာအုပ်ဈေး စာအုပ်တိုက်ကို ကျွန်တော် ကျေးဇူးတင်ပါသည်။

နေဝင်းမြင့် ၂၈၊ မေ၊ ၂၀၀၁

မန္တလေးမြို့၊

 

မျက်လုံးတွေကို မြေပေါ်မှာ စူးစူးစိုက်စိုက် နှစ်ထားရင်း ခေါင်း ကို တစ်အား ငုံ့ထားလိုက်သည်။ အနည်းငယ် ဆာတာတာဖြစ်နေ သည့် ခြေလှမ်းများဖြင့် လှေကားထစ်တွေကို တစ်ထစ်ချင်း ခပ် ဆဆ တက်သည်။ သည်လှေကားကျောက်ထစ်တွေ သုံးဆယ့် ရှစ်ထစ်ရှိတာ သူသိပါသည်။ လှေကားထစ်တွေက ကျောက် ကြမ်းကြီးတွေဖြစ်သည်။ တစ်ထစ် တစ်ထစ်ကို နှစ်ကိုက် ကျယ် သည်။ တကယ်တော့ လှေကားထစ်တွေကို တစ်ခါမှ စိတ်လို လက်ရ ရေတွက်ခဲ့တာတော့ မဟုတ်။ သည်တော့ သုံးဆယ့်ရှစ် ထစ် တိတိကျကျ ရှိပါသည်လို့ သေသေချာချာပြောဖို့တော့ ခက် သည်။ သို့သော် သူသိနေတာ သေချာလောက်ပါသည်။တစ်နေ့တစ်နေ့ သည်ကျောက်လှေကားထစ်တွေပေါ်မှာ အကြိမ် တော် တော်များများ ဆင်းဟယ် တက်ဟယ် လုပ်ခဲ့သည့် နှစ်တွေကပဲ ကြာလှပြီ။ ခုနှစ်နှစ်တောင် ရှိပြီပဲ။ သည်ကနေ့ တော့ သည်ကျောက်လှေကားထစ်ပေါ်ကို ခါတိုင်းလို ခုန်ခုန်တက်ဖို့ မဖြစ်နိုင်မှန်း သူတွေးထားပြီးဖြစ်သည်။ သည်မနက် ကပဲ ကျောင်းအုပ်ဆရာကြီးက သူ့ကို ကြိမ်တစ်လုံးနှင့် တအုန်းအုန်းရိုက်ခဲ့လို့ ဖြစ်သည်။ ခုတင်တွေ တော်တော်များများရှိသည့် အခန်းအမှတ် ခခွေးမှာ အရိုက်ခံရခြင်း ဖြစ်သည်။ စုစုပေါင်း ၁၃ ချက်။ ဘောင်းဘီတိုကလေးတောင် ကျွတ်ကျရသည်အထိ။ သည်ရိုက်ချက်တွေက ခုထိ သူ့စိတ်ထဲမှာ စူးစူးကဲကဲ ရှိနေဆဲ။

သူတို့ သူငယ်ချင်းသုံးယောက်စလုံး အရိုက်ခံရခြင်းဖြစ်သည်။ အပြစ် ကျူးလွန်သူများဟု ဆိုနိုင်ပါသည်။ ကိုယ့်ခုတင်ဘေးမှာ ကိုယ်ရပ်ရင်း

ကျောင်းအုပ်ဆရာကြီး ဝင်အလာကို စောင့်နေကြရသည်။ မနေ့က ကျောင်း နားက စိုက်ခင်းတွေထဲမှာ သူတို့လွန်းထိုးနေခဲ့သည့်အပြစ်ဖြစ်သည်။ စိုက်ခင်း ထဲက ပြောင်းဖူးတွေ ပိုင်ရှင်မသိဘဲ ခိုးယူခဲ့ကြလို့ ဖြစ်သည်။ ကျောင်းတစ်ကျောင်းလုံးက စာသင်သားများအတွက် သည်ဖြစ်ရပ်သည် ပထမဆုံးဖြစ်ခဲ့ရ သည့် ပြစ်မှုဖြစ်သည်။ အပြစ်ကျူးလွန်သူ (ပြောင်းဖူးခိုးသူ) သုံးယောက်ထဲ က သူငယ်တန်းဆရာမ၏ သားကို စိုက်ခင်းရှင် ရွာသားတွေက မှတ်မိသွား ခြင်းက စပြီး တရားခံပေါ်လာရခြင်း ဖြစ်သည်။ ။

စစ်ဆေးမေးမြန်းမှုများပြီးတော့ သူငယ်တန်းဆရာမ၏သားက အပြစ်ကို ဝန်ခံပြီးသားဖြစ်နေပြီ။ သူက ပြောင်းဖူးချိုးတာကို ပြစ်မှုလို့မထင်။ စောင့်ကြည့် သူမရှိသည့်စိုက်ခင်းထဲ ဝင်ချည်ထွက်ချည်လုပ်ရင်း ချိုးမိခြင်းသာဖြစ်သည်ဟု ထင်သည်။ ပြောင်းခင်းထဲ ပြေးရလွှားရတာကို ကလေးပီပီ သဘောကျခဲ့တာ ပဲရှိသည်။ ဆောင့်ကြီးအောင့်ကြီး ခုန်ကြပေါက်ကြ၊ ပြေးကြလွှာကြေးပြောင်း ဖူးတွေကို စိုက်ခင်းဘေးမှာပဲ ရဲနေအောင် မီးဖုတ်ရင်း စားကြသောက်ကြ။

ဂျက်ဖရီက နောက်ဆုံးအလှည့်ဖြစ်သည်။ တစ်ချိန်လုံး သူ့ရှေ့က နှစ် ယောက် ကြိမ်ရိုက်ခံရတာကို ကြည့်ရင်း ထိတ်လန့်ချောက်ချားနေသည်။ ပထမဆုံး အရိုက်ခံရသူက ဂျယ်ရီ ဂျယ်ရီကို ရိုက်တော့ အမေရေ၊ အဘရေ အော်တော့သည်။ ကြိမ်တစ်ချက် တင်ပါးပေါ်ကျတိုင်း အသံပြဲကြီးနှင့် အော် သည်။ သည်လိုအော်သံတွေကြားရလေ ဂျက်ဖရီကြောက်လေဖြစ်နေရသည်။ သူ့အလှည့်မရောက်ခင်မှာ လူကြီးတစ်ယောက်လို တတ်သမျှမှတ်သမျှ ဆု တောင်းနေရသေးသည်။ ။

ဂျယ်ရီအလှည့်ပြီးတော့ ဒေဗီအလှည့်။ ဒေဗီကတော့ မဆိုးပါ။ ကြိမ်ချက် အဖော် တိုင်းမှာ သူ့ဆီက အသံကလေး ထွက်သည်ဆိုရုံကလေး ထွက်လာတတ်တာပဲရှိသည်။ ဒါတောင် နောက်ဆုံးကြိမ်ချက် နှစ်ချက်ကျတော့မှ ထွက်လာ ခြင်း ဖြစ်၏။

သိပ်မစဉ်းစားတော့။ သူ့မျက်နှာပေါ်က အရေပြား ပါးပါးကလေးကတော့ကြိမ်ချက်တိုင်းမှာ ရုန်းကြွလာခဲ့သည်။ တဖြည်းဖြည်း မျက်နှာကလေး မည်းညစ်လာခဲ့သည်။ မည်းညစ်ညစ်အရောင်မှ ခပ်ပုပ်ပုပ်အရောင်ကို ပြောင်းသွားကာ နောက်တော့ မျက်နှာမှာ အနီကွက်တွေ ထင်လာခဲ့သည်။ ကြိမ်ချက် ရှစ်ချက်မှာ အနီကွက်တွေ တစုန့်စုန့် ထွက်လာခဲ့ပြီ။ သိပ်မသေချာလှ သော်လည်း ကြိမ်ချက်တွေက နောက်ဆုံးအချက်ကိုရောက်ဖို့ တော်တော် ကြာဦးမည်ဆိုတာမျိုး သူခံစားနေရသည်။ ။

ဂျယ်ရီလောက် အော်ကြီးဟစ်ကျယ်မဟုတ်သော်လည်း တချို့ ကြိမ် ချက်တွေမှာတော့ ဂျက်ဖရီလည်း ညည်းညူမိတာတွေရှိသည်။ မီးပေါက် မီးဆန်ကြိမ်ချက်များ ကျနေသော်လည်း သက်သာရာသက်သာကြောင်းမှ ဖြစ်စေတော့ဟု တွေးရင်း မသိမသာ လှည့်လှည့်ပေးနေရသည်။ သို့သော် ကြိမ်ချက်များဆီက လွတ်ထွက်သွားနိုင်တာမျိုး မဟုတ်တော့ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးမှာ ကြိမ်ချက်တွေ တရွှမ်းရွှမ်းကျနေတာပါပဲ။ ကျောင်း အုပ်ကြီးပါးစပ်က “ဆယ့်သုံး”ဆိုသည့် ကြိမ်ချက်ရေတွက်သံကို ကြားလိုက် ရသည်။ သည်နောက်တော့ ဂျက်ဖရီ သူ့ခုတင်ကလေးပေါ်မှာသူ လဲလျောင်း နေရတော့သည်။ ကျောင်းအုပ်ကြီးကတော့ သည်ပြစ်မှုသည် ကျက်သရေ မင်္ဂလာမရှိသည့် ပြစ်မှုဖြစ်ကြောင်း၊ ဆင်းရဲသူ ဆင်းရဲသားများ၏ ပါးစပ်က ထမင်းလုတ်ကို လုယက်စားတာမျိုးနှင့် တူကြောင်း၊ နောင်ကျူးလွန်လျှင် အခန်းတွင်းမှာ မရိုက်တော့ဘဲ တစ်ကျောင်းလုံးက ကျောင်းသားတွေရှေ့မှာ ဆုံးမမှာဖြစ်ကြောင်းတွေ တတွတ်တွတ် ရေရွတ်နေတာကို နာကျင်သည့် ကြားက ကြားနေရသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)