Skip to product information
1 of 4

Other Websites

နေဝင်းမြင့် - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ဗျိုင်းမည်း
( ၁ )

           မိုးသည် အငြိုးတကြီး ရွာချနေသည်။ ဝေါခန် ဝေါခနဲ ရွာချလာသော မိုးကြောင့် ဝင်းရီတို့တဲကလေး လှုပ်ရှားသွားသည်။ ပထမဦး ဆုံး မိုးရေထဲ ထွက်လာသူက အမေညို။

          “ဝင်းရီရေ ... ပေါက်စရေ ......."

           “လာပြီ အမေညိုရေ၊ ဆန်ခါခုံး ရှာနေလို့"

          ဝင်းရီက ပြောပြောဆိုဆို မိုးရေထဲ ထွက်လိုက်သည်။

          “အမေ ... အေးလိုက်တာ”

          ဝင်းရီက ပလတ်စတစ်စကို ကျောပေါ်သို့ ရစ်ပိုက်၍ ရှေ့ ကို ခပ်ငိုက်ငိုက် ဆွဲချသည်။ လက်ထဲတွင် ဆန်ခါခုံး၊ အဝတ်စုတ် ရေငင်ပုံး၊ ဆီထည့်ရန် ပလတ်စတစ်ပုံးများ အသင့်ရှိနေသည်။ ,

           “ဘုရားသိကြား မလို့ ကနေ့ ထွက်ပါစေနော်”

          အမေညိုက ကွမ်းကို မြို့ရင်း ဆုတောင်းနေသည်။ မိုးကား တဝုန်းဝုန်း ရွာဆဲ။

 

          “အမေညိုက ကျုပ်တို့တောင် မခေါ်ဘူးနော်၊ ဝင်းရီတို့က ချွေးမ တော်ရမယ့်သူ ကျနေတာပဲ”

          အမာကြည်က အမေညိုကို သည်။

          "သေချင်းဆိုးမ၊ ကဲ ..ငါပြောလိုက်ရ၊ အားလုံး အော် ခေါ်နေတဲ့ဟာကို၊ ကဲ ကဲ ... အားလုံး ခေါ်၊ တော်ကြာမှ သူ ပါ တယ်၊ ငါ ပါတယ် ဖြစ်နေမယ်”

          အမေညိုက ထဘီတိုတို ပြင်ဝတ်ရင်း အမာကြည့်ကို လှမ်း ဆိုသည်။ ဝင်းရီက တဲစုများဆီသို့ ပြန်ဝင်သွားသည်။ တစ်အိမ်ချင်း လိုက်ခေါ်သည်။ တချို့ကလေးတွေသာ ထွက်လာသည်။ တချို့တဲက လူ မရှိ၍ မလိုက်နိုင်။ ။

          “သိပ်ငယ်တဲ့ကလေးတွေ ထည့်လို့တော့ အပိုပေါ့၊ ဘာမှ လုပ်နိုင်တာ မဟုတ်ဘဲနဲ့ ဝေစု မပေးနိုင်ပေါင်"

          အမာကြည်က ရင်ရှားထားသော ရင်အထက်ပိုင်းကို မိုး ရေနှင့် ကြေးတွန်းရင်း သည်။

          "အမာကြည်ရယ် ... ကိုယ့်အချင်းချင်းတွေပဲ ရသလောက် ပေါ့"

          ဝင်းရီက ဖျောင်းဖျသည်။

          "အိုး ... ညည်းက သူတော်ကောင်း မလုပ်ပါနဲ့၊ လူက ဆယ့်လေးငါးယောက်၊ ရတာက တစ်ဂါလန် ရ နှစ်ဂါလန် ရ၌ လိုက်ရင် တစ်ယောက် ပြားရှစ်ဆယ်၊ ပြားကိုးဆယ်နဲ့ ညည်းပဲ လုပ်""

          "ကဲပါအေ .. ဆီကဖြင့် ဘယ်မှာ နေမှန်း မသိသေးဘူး။

          အမေညိုက ရှေ့မှ ဦးဆောင်ထွက်လာသည်။ အမေညိုတို့ အိမ်စုကလေးကို ကျူးကျော်အိမ်စုဟု ရပ်ကွက်က သတ်မှတ်လာသည်။ လူတွေကလည်း ပျံကျ ဖြစ်သည်။ စရိုက်တွေကလည်း အမျိုး မျိုး ဖြစ်သည်။ ဘယ်က ဘယ်လို ရောက်လာကြမှန်း မသိရသော်လည်း သည်မှာတော့ လုပ်ငန်းတူ ဖြစ်သည်။ စီးပွားတူ ဖြစ်သည်။ ပထမတော့ တစ်အိမ်စ၊ နှစ်အိမ်စ။ အခုတော့ အိမ်ခြေ ၂၀ ခန့် ရှိနေပြီ။ မိမိတို့ ကျူးကျော်အိမ်စုများအနီး စက်ရုံကြီး နှစ်ခုမှ ရေဆိုးထုတ်မြောင်းအတိုင်း စိမ့်ယိုထွက်ကျလာသော မီးထိုးဆီဟောင်းများကို ခပ်ယူ၍ ပြန်လည်ရောင်းချသည့်အလုပ် ဖြစ်သည်။ မီးထိုးဆီ ဆိုသည်ကလည်း နေ့တိုင်း ပုံမှန်ထွက်နေသည် မဟုတ်။ မိုးကြီးကြီးရွာလျှင် ဖြစ်စေ၊ နေကျဲကျဲ ပူလျှင် ဖြစ်စေ ဆီတိုင်ကီများ ထားရာ ဆီလှောင်ကန်များမှ ရေဆိုးထုတ်မြောင်းအတိုင်း မျောကျလာခြင်း ဖြစ်သည်။ အခုလို မိုးတွင်း ဆိုပါက လွယ်သည်။ မိုးရေနှင့်အတူ ဆီများ လိုက်ပါလာတတ်သည်။ ရေထဲတွင် ပေါလောမျောပါလာတတ်သော ဆီများကို ခပ်ယူရခြင်း ဖြစ်သည်။ ခပ်ယူရာတွင်လည်း အတတ်ပညာ ပါရသည်။ နွေမှာက စက်ရုံက ထွက်သည့် ရေနည်းနည်းသာ စီးတတ်သည့်အတွက် ဆီခပ်ရသည့် လုပ်ငန်းမှာ လွယ်သည်။ မိုးတွင်းမှာက ရေဆိုးမြောင်းအတိုင်း ဒလဟော ထိုးကျလာသော ရေများပေါ်တွင် ဆီကလည်း အရှိန်ပြင်းစွာ ထိုး ထွက်လာသည်။ ထိုအခါ နိုင်အောင် ခပ်ကြဖို့ လိုသည်။ ထိုအခါတွင် ဝင်းရီတို့လူစုအဖို့ မောရပန်းရမှန်း မသိ။ ပျော်စရာ အတိ။

          “ဟဲ . ဟဲ လုပ်ကြပါတဲ့၊ အဝတ်စုတ် အဝတ်စုတ်၊ ဟဲ .. ဆန်ခါခုံး ပေးစမ်း၊ ပုံးတွေ စီထားလေ၊ မသာမ .... အရေးထဲ ဆေးလိပ်ပဲ သောက်နေဟေ့ သိလား"

          တမံတုတ်သူက တုတ်သည်။ ခပ်၍ မရနိုင်သည့်ဆီများ ထွက်သွားမှာ စိုး၍ ဖြစ်သည်။ အနားမှာရှိသည့် လူများ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ရသည်။ ရေပေါ်တွင် လိုက်လာသော ဆီမည်းမည်း ပျစ် ပျစ်ကို အဝတ်စုတ် ခပ်ပါးပါးဖြင့် လိုက်၍ အုပ်ရသည်။ ထိုအခါ ဆီက အဝတ်တွင် ကပ်သည်။ အဝတ်စုတ်မှာ ဆီဝပြီး ဆီများများ ကပ်သည် ဆိုသည်နှင့် ပုံးထဲသို့ ညှစ်ချလိုက်ရသည်။ ညှစ်ချရသည့် အခါ၌ တစ်ခါတည်း ညှစ်ချလိုက်ရသည် မဟုတ်။ အဝတ်မှာကံ ရတွေ ပါနေသေးသည်။ ထိုရေကို အပြင်မှာ ခပ်ဖွဖွကလေး ရေ ချည်းသတ်သတ် ကျသွားရုံ ညှစ်လိုက်ရသေးသည်။ ညှစ်တာကလည်း ပညာပါသည်။

          ဆီ လုံးဝ ပါမသွားစေရ။ ရေစစ်သွားသည်နှင့် အဝတ်ကို ပုံးထဲသို့ တအားညှစ်ချသည်။ တစ်စက်မှ မကျန်အောင် ညှစ်ချသည်။

          နောက်တစ်ခါ ရေပေါ်မှ ဆီများကို လိုက်အုပ်ယူ ရေစစ်ချ။ ပုံးထဲသို့ ဆီချည်းသတ်သတ် ညှစ်ချ။ သည်လိုနှင့် ဆီအထွက် များလျှင် များ သလို နည်းလျှင် နည်းသလို လေးထောင့်သံပုံးတစ်လုံး (လေးဂါလန် ခန့်)မှ ဂါလန် နှစ်ဆယ်၊ အစိတ်လည်း ရချင်ရသည်။ တစ်ခါတစ်ရံ တစ်နေ့လုံး စောင့်လို့မှ တစ်ပုလင်းပင် မရချင်။

          စင်စစ် ဆီတွေကလည်း အမြဲတမ်း ဆီလှောင်ကန်တစ်ဝိုက် တွင် ရှိနေသည် မဟုတ်။ ဘွိုင်လာများအတွင်း ဆီဘောက်ဆာကား များ ဆီ လာထည့်သည့်အခါ ဆီတိုင်ကီအတွင်း မထည့်မီ ရေ ပါ မပါ စစ်ဆေးသည့်သဘောနှင့် အနည်းငယ် ဖောက်ကြည့်ရသည်။ ထိုအခါတွင် ဆီတွေ အိုင်ထွန်းနေတတ်သည်။ နောက်တစ်နည်းက ဆီတိုင်ကီတွေထဲ ဆီထည့်ရင်း လျှံကျသွားသည့်အခါ ဖြစ်သည်။ အချိန် မီ သိရှိ၍ ဆီဘားကို ပိတ်နိုင်သော်လည်း ဂါလံ နှစ်ဆယ်၊ သုံးဆယ် ထွက်သွားတတ်သည်။ စက်နှင့် မောင်းထည့်ခြင်း ဖြစ်သဖြင့်လည်းတစ်ခါတစ်ရံတွင် လျှံကျပြီ ဆိုလျှင် ဝေါခနဲ။ တစ်ခါတလေတော့ လည်း ဆီထည့်စဉ် ဆီပိုက် ကွဲသွားခြင်း၊ ဆီပိုက်အရစ် ပြတ်သွား ခြင်းတို့ကြောင့် ဝေါခန် သွန်ကျသွားတတ်သည်။ မည်သည့်နည်းနှင့် ပင် ကျသည် ဖြစ်စေ ဆီလှောင်ကန် ပတ်ဝန်းကျင်တွင် ဆီများ ပေ ကံ့မနေစေရန် သန့်ရှင်းရေး လုပ်ကြရသည်။ သို့သော် ကျသွားသည့် ဆီက ရေဆိုးထုတ်မြောင်း အတွင်း၌ ခိုနေမြဲ။ ဆိုခဲ့ပြီးသည့်အတိုင်း ရေလုံးများများ အင်အားနှင့် ကျလာသည်နှင့် စက်ရုံပြင်ပသို့ ဆီများ ရေနှင့်အတူ ထွက်လာမြဲ ဖြစ်သည်။

          ဤဆီများကိုပင် ဝင်းရီတို့လူစုက စောင့်ဆိုင်းခပ်ယူကြရခြင်း ဖြစ်သည်။ စက်ရုံပြင်ပ ချောင်းစပ်မှ ဆီထွက်အလာကို မျှော်၍ ကျ လာမှ ခပ်ယူရသူတို့အဖို့ ဆီတွင်းက ဆီလှောင်ကန်ဘေးမှာ ဆီ ရှိ မရှိ ရေဆိုးမြောင်းတွင်းမှာ ဆီ ခိုနေ မနေ ဘယ်သူမှ သိနိုင်ကြသည် မဟုတ်။ စက်ရုံတွင်း ဝင်ကြည့်လို့ကလည်း ရသည် မဟုတ်။ ထွက် လာနိုးနိုး၊ ကျလာနိုးနိုးနှင့် မျှော်ကြရသူများသာ ဖြစ်သည်။

          အချို့က လုံခြုံရေးဝန်ထမ်း အလစ်တွင် စက်ရုံအတွင်းသို့ ဝင်သည်။ အတင့်ရဲစွာဖြင့် ဆီဂိုဒေါင်း ဆီလှောင်ကန်တွေနားအထိ ဝင်သည်။ လစ်လျှင် ဆီပါ ခပ်လာသည်။ မိလျှင် ခံပေရော့၊ တချို့က ဆီသာ မဟုတ်၊ အခြားပစ္စည်းတွေပါ ခိုးသည်။ ထို့ကြောင့်လည်း ရဲ စခန်း ရောက်သူ၊ ကောင်စီရုံး ရောက်သူ၊ စက်ရုံမှူးရုံးခန်း ရောက်သူ၊ တရားရုံး ရောက်သူ၊ ဒဏ်ငွေ ဆောင်ရသူ၊ ထောင်ကျသူတွေ ဒုနှင့် ဒေး။ ကိုမောင်စိန် ဆိုလျှင် မကြာသေးမီ အချိန်ကမှ အာမခံ ရသည်။ ခင်စိန် ဆိုလျှင် အမျိုးသမီးဆောင်မှာ တစ်လခွဲ ကြာခဲ့သည်။ ဝင်း တို့ကတော့ သည်အထိ မလုပ်ရဲ ရတာလေးနှင့်သာ တင်းတိမ်သည်။

          အလှမ်းမကျယ်ရဲ၊ မိန်းကလေးတန်မဲ့ အတင့်မရဲခြင်း၊ သဘာဝအလျောက် ထွက်လာသည့် ဆီစကလေး အနည်းအကျဉ်းကိုသာ မျှော်သည်။ ရ သလောက် စားသည်။

          ထို့ကြောင့် သူတို့ကို ကတွတ်ဝမှ ငါးချောင်းသော ဗျိုင်းတို့နှင့် သဘာဝချင်း တူသည်ဟု ဆိုနိုင်သည်။ သို့သော် ဖြူဖြူဖွေးဖွေးလှလှပပ ဂျိုင်းများ မဟုတ်ကြ။ သူတို့ကို ကြည့်။ အမြဲတမ်း ဆီရောင်ထနေတတ် သည်။ မျက်နှာတွေမှာ အဆီတဝင်းဝင်း ခြောက်သယောင်းနေသော ဆံပင်များ၊ နားကပ်မဲ့ နားရွက်များ၊ သနပ်ခါးမဲ့ မျက်နှာများ။ ဒါကြောင့် လည်း သူတို့ကို ချိုင်းမည်းများဟု ခေါ်ကြခြင်း ဖြစ်နိုင်သည်။

          သူတို့ ချောင်းစပ်သို့ ရောက်ကြပြီး ဝင်းရီက ချောင်းထဲ စဆင်းသည်။ ချောင်းမကြီးထဲသို့ ဆက်သွယ်ထားသော စက်ရုံမြောင်း ထိပ်မှ အတွင်းဘက်သို့ လှမ်းမျှော်ကြည့်သည်။ စူးရဲသော မျက်လုံး များက မြောင်းတစ်လျှောက် ဆီများ ရှိမရှိ ရှာဖွေနေသည်။ မတွေ့။ ရေချည်းသတ်သတ်သာ အရှိန်အဟုန်နှင့် ထွက်နေသည်။ ဆီ ဆို၍ တစ်စက်တလေတောင် မပါလာ။

          “ဘယ်လိုလဲ ကောင်မ၊ နိုး ..... ပဲလား ”

          ချောင်းထိပ်က ရပ်စောင့်နေသူထဲက မေးလိုက်သည်။ ဝင်းရီ ၏ အဖြေကို ငံ့လင့်နေကြသည်။

          “မတွေ့ဘူး။ တချို့ ဟိုဘက် ဆက်သွားကြည့်ပါလား၊ တို့ ဒီမှာ စောင့်နေမယ်။ အမေညို လိုက်သွားလိုက်၊ ငစိုးပါ. ခေါ်သွား”

          ဝင်းရီက ချောင်းရေထဲက စီမံခန့်ခွဲနေသည်။ အမေညိုက ငစိုးနှင့် သုခကို ခေါ်သွားသည်။ သည်ဘက်မှာ ကျန်ခဲ့တာက ဝင်းစီ အမာကြည်၊ မစိန်လှ၊ မြအေးနှင့် စိုးညွန့်၊

 

          "အမေညိုရေ .. ဟိုဘက် စက်က ထွက်ရင်လည်း အတူ လှုပ်နော်"

          အမာကြည်က လှမ်းကွန့်သည်။ အမေညိုကို လှမ်း၍ အော် ခြင်း ဖြစ်သည်။ ဝင်းရီက မျက်စောင်းထိုးသည်။

          “ညည်းက လုပ်ပြန်ပြီ၊ အထူးအဆန်း လုပ်လို့၊ သူတို့ လည်း သိပါတယ် အေရယ်...၊ ဒီလောက်တောင် မဟုတ်ပါဘူး”

          “ပြောနိုင်မှ တန်ကာအေ့”

          မိုးက သဲသဲမဲမဲရွာဘဲဗျိုင်းမည်းများကား စောင့်ဆဲ။ အသား တွေပင် ပြာနေပြီ။ နှုတ်ခမ်းကလေးတွေပင် တုန်နေပြီ။ လက်ချောင်း ကလေးတွေပင် ပဲကြီးရေတွန့်နေပြီ။

          မည်သို့ပင်ဆိုစေ၊ ညနေစောင်းတော့ မိုးစဲသွားသည်။ အမေ ညိုတို့နှင့် သူတို့ ပေါင်းလိုက်သည့်အခါ သုံးဂါလန်လောက် ရသည်။ တစ်ဂါလန် တစ်ဆယ် ဆိုတော့ သုံးဆယ်။ လူက ရှစ်ယောက်။ တစ်ယောက်ကို လေးကျပ် မတ်တင်း။ ဝင်းရီ တဲကို ပြန်ရောက် တော့ မှောင်နေပြီ။

( ၂ )

          " အမေ "

          "သမီး"

          ဝင်းရီက အမေ့ကို ခေါ်ရင်း တဲထဲသို့ ဝင်သည်။ အမေသည် တ်ထောင့်တစ်နေရာရှိ ကွပ်ပျစ်ပေါ်တွင် လဲလျောင်းလျက် အောက်ခံစောင်ပိုင်း ခပ်နွမ်းနွမ်းတစ်ထည် ခင်းထားသည်။ မည်းညစ်နေသော ခေါင်းအုံး၏ ချုပ်ရိုးပြေနေသော နေရာများတွင် မြို့များ ထွက်လျက်ရှိသည် တစ်ပိုင်းက ခြုံစောင်ကို ခြုံထားသည်။ အနီးတွင်ကား ပုလင်း များ၊ ဆေးထုပ်များ၊ ရေနွေးကရားနှင့် ပန်းကန်ပွဲ သုံးလုံး။

          “အမေ နေကောင်းရဲ့လား”

          “ဒီလိုပါပဲ သမီးရယ်။ သမီး ဆတ် မြန်မြန်လဲပါကွယ်၊ အအေးပတ်နေအုံးမယ်"

          “သမီးတို့ကို အအေးပတ်တဲ့ ရောဂါက မတိုးနိုင်တော့ပါဘူး ( ဝင်းရီက အမေ အားရှိအောင်သာ ပြောရသည်။ တကယ် တော့ စိမ့်အေးနေပြီ။ ချမ်းလှပြီ။ ထင်းမီးဖိုဆီ လှမ်းကြည့်မိသည်။ မီးငွေ့ရဲရဲ ကျန်နေသေးသည်။ ဝင်းရီက အင်္ကျီနှင့် ထဘီအဟောင်းတစ်ထည် လဲဝတ်လိုက်သည်။ ပြီးမှ မီးငွေ့ ရဲရဲမှာ လက်ကလေးတွေ မီးကင်ရသည်။

          “အမာကြည် လာရင်တော့ လေးကျပ် မတ်တင်းလောက် ရမယ် အမေ၊ ဆရာမောင်လည်း မှာလိုက်တယ်၊ ငါးပိရေကျို နှစ်ဆယ် သားလည်း မှာလိုက်တယ်၊ အမေ ဆာပြီလား"

          “အမေ မဆာသေးပါဘူး၊ စားချင်စိတ်လည်း မရှိလှပါဘူး။ ဆန် ရှိသေးရဲ့လား သမီး"

          “ရှိတယ် အမေ၊ မနေ့က နှစ်ပြည် ဝယ်ထားတာ ကျန် သေးတယ်"

          ဝင်းရီက ထမင်းအိုး တည်ဖို့ပြင်သည်။ အမာကြည် လာရင် ငါးပိရည်ကျို ပါလာမည်။ ငါးပိရည်နှင့် တို့စရာနှင့် ယနေ့ည ပြီးရ မည်။ တို့စရာကလည်း ချောင်းစပ် ကန်စွန်းရွက်ကို ပြုတ်လိုက်ရုံ။ ဒါကလည်း အကြောင်း မဟုတ်။ သူ စားနိုင်သည်။ အမေ့ဖို့သာပြဿနာ။ လူနာအတွက်က အဓိက။ ငါးခြောက်ငါးခြမ်းလေးနှင့် ဆန်ကောင်းကောင်းလေး ပြုတ်ချင်သည်။ ငါးခူလေး၊ ငါးရံလေးကြော်ကျွေးချင်သည်။ တစ်နေ့နေ့တော့ ကျွေးနိုင်မှာပေါ့ဟု ဝင်းရီ အားတော့ ခဲထားသည်။

          တဲထဲမှာ အမှောင်က နေရာယူလျက်ရှိပြီ။ ရေနံဆီ မီးခွက် ကို ယူ၍ မီးစာသီးများကို တုတ်နှင့် ခြစ်ချလိုက်သည်။ ရေနံဆီ မီး ခွက် ဆိုသော်လည်း ဒီဇယ်ဆီ မီးခွက်ဟု ခေါ်ရတော့မည်။ ရံဖန် ရံခါ ရေနံဆီလေးဘာလေး ရသော်လည်း အမြတ်နှင့် ရောင်းလိုက် ရသည်။ ဒီဇယ်တောင်မှ ဟိုက တောင်း၊ သည်က တောင်း။ ။

          မီးစာကို မီးညှိလိုက်သည်နှင့် တဲအတွင်းမှာ နီကျင်ကျင် မီးရောင်က ချည့်နဲ့စွာ တောက်ပလျက်။ ဝင်းရီ၏ မျက်နှာကလေးပေါ် တွင် မီးရောင်က နီစွေးစွေ ထင်ဟပ်လျက်ရှိသည်။ ကွင်းဘက်မှ လေက တဲထဲသို့ တိုးဝင်လာသည်။ မီးတိုင်မှ မီးညွန့်က ဇက်ပုသွား သည်။ လေအငြိမ်မှာ မီးတောက်က ယိမ်းထိုးလှုပ်ရှားလျက်။ မှိန် သွားလိုက်၊ လင်းသွားလိုက်။

          ဝင်းရီက အမေ့ဘက်သို့ ကြည့်သည်။ အမေကလည်း မီးတိုင် ခွက်ကမီးညွန့်လို တစ်နေ့ရွှေတစ်နေ့ငွေ။ အမေကား မျက်လုံးကို စင်း မေ့လျက် အိပ်နေသလား၊ မှိန်းနေသလားမသိ။ မီးရောင်မဲ့သဲ့အောက် တွင် ငြိမ်သက်လျက်။ ဝင်းရီက သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

          အမေသည် အရိုးပေါ် အရေတင်နေပြီ။ ချိုင့်ခွက်နေသော နားထင်များကား နက်ရှိုင်းလွန်းလှသည်။ ယိမ်းထိုးနေသော မီးတောက် ကို တစ်လှည့်၊ အမွေကို တစ်လှည့် ကြည့်ရင်း ဝင်းရီ ငိုင်သွားသည် အဖေ ရှိစဉ်က အမေသည် ဖျားသည်၊ နာသည်ဟု မရှိခဲ့။ သည်တုန်းကဝင်းရီတို့က သည်ရပ်ကွက်မှာ မဟုတ် တိုးကြောင်ကလေးမှာ နေကြ သည်။ အဖေ၊ အမေတို့နှင့် ဝင်းရီတို့ သားအဖသုံးယောက်သာ ရှိသော အိမ်ထောင်စုကလေးဟု ဆိုသော်လည်း အဖေလုပ်စာကလေးနှင့် လောက် သည် မဟုတ်။ အဖေက ပလတ်စတစ်အိတ် ခွဲသည်။ ပလတ်စတစ် လျှော်သည်။ ဒန်အိုးစက်မှာလည်း လုပ်လိုက်သေးသည်။ စာကလေး ခွေ အကြော်သည်။ အဖေက အရက်ကလေးဘာလေး သောက် ချင်သေးသည်။ သည်အချိန်တွင် ဝင်းရီက ဆယ်နှစ်သာသာ အိမ်မှာ ထမင်းချက် လေးတန်းအထိတော့ ဝင်းရီ ကျောင်းနေဖူးသည်။ သည့် နောက်တော့ မိသားစုဘဝ သွက်သွက်ခါအောင် လှုပ်ခါသွားရသည့် တရားခံသည် အဖေဟု ဆိုရမည်။ အရက်ကို နည်းနည်း သောက်ရာ က များများ သောက်သည်။ အရက်ကိုသာ သဲကြီးမဲကြီး လိုက်ရှာ သည်။ မနက်မိုးလင်းက မိုးချုပ် အရက်၏ သားကောင်အဖြစ် ရောက် မှန်းမသိ ရောက်သွားတော့သည်။

          သည်တော့ ဝင်းရီက အပျိုပေါက်အရွယ် ဖြစ်သည်။ ဝင်းရီ ရှက်တတ်ပြီ။ အဖေ့ကို စကားပင် မပြောတော့။ အမေက အဖေနှိပ်စက် မှုကြောင့် ထင်သည်။ စိတ်ထောင်း၍ ကိုယ်ကြေသည်ဟု ပြောရမည်။ မတ်တတ်က လဲသည်။ သည်အဖြစ်များသည် ဘဝ၏ ခါးသီးသော အတွေ့အကြုံများ၏ အစမို့ ထင်သည်။ ဝင်းရီက လောကဓံ၏ ဒဏ်ကို သိပ်မခံနိုင်။ သို့သော် တဖြည်းဖြည်း ရင့်ကျက်လာသည်ဟု ပြောရ မည်။ မပြောလို့ကလည်း မဖြစ် သည်အိမ်ထောင်စုကြီး၏ တာဝန်ကို ဝင်းရီ ပခုံးပြောင်း ယူလိုက်ရသည်။

          ရပ်ကွက်ထဲမှာ ရေထမ်းသည်။ ရင်တွန်း ထိုးသည်။ ကန်စွန်း ခူးသည်။ ဝက်ဆီဖတ် အငှား ချက်သည်။ ဆယ့်ခြောက်နှစ် အရွယ်သွေးသား ဆူဖြိုးစ၊ ချစ်စိတ်ကလေးတွေ နိုးကြားစ၊ ဘဝ၏ မသိ နားမလည်သေးသော လျှို့ဝှက်ချက်ကို စမ်းတဝါးဝါး လိုက်လံ အဖြေ ရှာတတ်စ အရွယ် ဖြစ်သော်လည်း ဝင်းရီ ဒါတွေကို စိတ်မဝင်စား အား။ ထမင်း စားဖို့ အရင် ရှာရသည့် ဘဝ။ ဝင်းရီ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများသည် အသက်ရှင်နေထိုင်ရေး ဘဝထဲမှာ ဦးစောက်ကျွမ်းပြန် နစ်မြုပ်လျက်ရှိသည်။ ဝင်းရီလည်း သွေးနှင့်သားနှင့် နှလုံးသားနှင့်မို့လား။ တစ်ခါတစ်ခါတော့လည်း ငုပ်လျှိုးနေသယောင် မယောင်၊ ပျောက်ကွယ်နေသယောင်ယောင် ရှိနေသော ချစ်စိတ်ကလေး က နိုးထချင်သေးသည်။ သည်စဉ်မှာပင် အဖေက သူတို့ သုံးယောက် ၏ မပြည့်စုံသော ဘဝထဲမှ မလှမပ ထွက်သွားသည်။ အရက်၏ ကျေးကျွန် အဖြစ် ပတ်ဝန်းကျင်နှင့် မိသားစု၏ ငြိုငြင်မှုကို ခံယူရင်း လောကမှ အပြီးအပိုင် ထွက်ခွာသွားသည်။ ထိုအခါ သားအမိနှစ်ယောက် တည်း လောကကို ဖြတ်သန်းရတော့သည်။ အမေသည် ကာလများကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့ရသူမို့ မကောင်းတာလှသော်လည်း ဝင်းရီကမူ ငယ်စိတ်မို့ ကြောက်သည်။ ထို့ကြောင့်လည်း ချစ်စိတ် ကလေး နိုးအထမှာ မြတိုးကို ဘဝအဖော် အဖြစ် လက်ခံခဲ့သည်။ သည်တုန်းက မြတိုးက ဆေးလိပ်ခုံမှာ ဆေးစပ်သမား။ ဘာ ဆေး လိပ်ခုံ ဆိုလဲ ပြောတော့ ပြောသည်။ မြတိုး မနက်ပိုင်း ဆေးလိပ်ခုံ သို့ သွားချိန် ဆိုလျှင် လမ်းထိပ်မှာ ရေထမ်းနေသော ဝင်းရီနှင့် ဆုံ သည်က များသည်။ ပထမတော့ ဝင်းရီ ကြည့်မရေး လူကောင်က မည်းမည်းပိန်ပိန်။ ဝါးခြမ်းပြား ငါးပိ သုတ်ထားသည်နှင့် တူသည်ဟု ဝင်းရီ ထင်သည်။ တစ်ခုတော့ ပြောစရာ ရှိသည်။ အမြဲတမ်း ပြီး ရယ်နေတတ်ခြင်း ဖြစ်သည်။ သူ့ကို ဘာပြောပြော မနာတက်ခြင်းဖြစ်သည်။ ဝင်းရီက ပိုးစိုးပက်စက် ပြောလိုက်လျှင်လည်း ရယ်ကျဲ ကျဲ လုပ်နေတတ်သည်။

          “ဝင်းရီရယ် ပင်ပန်းလိုက်တာ”

           “နင့်အလုပ် မဟုတ်ပါဘူး”

          “ရော . ခက်ပါ့၊ တို့က သနားလို့ ပြောတာဗျ”

          “သနားစရာ မလိုပေါင်တော် ... တော် သနားမှလည်း မဟုတ်ပါဘူး"

          “အေးပါဗျာ၊ နောက်တော့မှ သနားတယ် ဆိုရင်လား”

          “သေလိုက်ပါလား”

          မည်သို့ပင်ဆိုစေ၊ သည့်နောက်ကာလများတွင် ဝင်းရီ မြတိုး ကို သနားဖြစ်သွားသည်။ ရယ်ကျဲကျဲမျက်နှာကလေးကို ဝင်းရီ လိုလို ချင်ချင် မြင်ချင်တွေ့ချင်နေတတ်သည်။ ရိသဲ့သဲ့ စကားလေးတွေကိုပဲ ကြားချင်နေသည်။ ထိုနေ့က မတိုး ပေးသည့် စာကလေးကို ဝင်းရီ ကြိုးစားဖတ်ရသည်။ အမေ မသိအောင် ညဘက်ကျမှ မီးတိုင်ခွက်အား ပြ၍ ဖတ်ရသည်။ မြတိုးကို ဘယ်သူ ရေးပေးသည် မသိ။ စာထဲမှာ ကြယ်ကြွေတာတွေပါသည်။ ချောင်းခြားတာတွေလည်းပါသည်။ မြင့်မိုရ်တောင် ပြိုကျသည် ဆိုလား ပါလိုက်သေးသည်။ ဒါတွေကို ဝင်းရီ စိတ်မဝင်စား။ စာကလေးတစ်ကြောင်းတည်းကိုပင် စိတ်ဝင်စားသည်။

          “ဝင်းရီကို တို့ သိပ်ချစ်တယ်” ဆိုတာကိုပင် ဖြစ်သည်။ တို့ ဆိုတာ ဘယ်သူတွေလဲ မသိ။ သူ တစ်ယောက်တည်းက ချစ် တာ မဟုတ်ဘူးလား။ ဘယ်သူတွေနဲ့များ အောင်သွယ်နေတာလဲ မသိ။ မြတိုး တွေမှ သေသေချာချာ မေးရဦးမည်။ ထိုညက ဝင်းရီ အိပ် မပျော်။ မနက်မိုးလင်းတော့ မြတိုးကို တွေ့သည်။

 

          “နင် ... နင် ပေးတဲ့ စာထဲမှာ တို့ ဆိုတာ ဘယ်သူတွေလဲ”

           “ဟ ..ငါပေါ့ဟ”

          “ဟင် ...... နင်ကလည်း တို့ ဆိုတော့ ဒိပြင်လူတွေ ပါ သေးသလားလို့”

          “ဟာ ... ဝင်းရီကလည်း ဒါတောင် မသိဘူးလား၊ အခု အဲသလိုပဲ ရေးကြတာ၊ နင် စာအုပ်တွေ မဖတ်ဘူးလား”

          “သိပေါင်"

          "အဲဒါ... ဘယ်လိုလဲ၊ ပြောဦးလေဟာ”

          ဝင်းရီက မဖြေ။ ပြီးရုံတော့ ပြုံးပြဖြစ်ခဲ့သည်။ မြတိုးက မချင့်မရဲ မေးသည်။

          “ချစ်တယ်ပေါ့နော်”

          “ဘယ်သူက ပြောလို့လဲ”

           “ဟင် ... နင့်ဟာက"

          ““မြတိုးရယ်” ။

          ဝင်းရီက ပြောရင်း ပြေးသည်။ မြတိုးကမူ ထုံးစံအတိုင်း ရယ်ကျဲကျဲ ကျန်ရစ်သည်။ သည်လိုဆိုတော့လည်း အချစ် ဆိုတာ ချမ်းမြေ့စရာ အကောင်းသား။ ချစ်သူတွေပေမဲ့ သူများ ချစ်သူတွေ လို ချိန်းလိုက်၊ တွေ့လိုက်၊ ကြည်နူးလိုက် လုပ်နေရသည် မဟုတ်။ မနက်မနက် မြတိုးက အလုပ် လား ဝင်းရီက ရေထမ်း ထွက်၊ ခဏ တစ်ဖြုတ် တဒင်္ဂ တွေရရုံ။ မှာစရာကလေး မှာလိုက်ရုံ။ ပြောစရာ ကလေး ပြောလိုက်ရုံ။ ရင်ကလေး ဖိုရရုံ။ ပင့်သက်ကလေး ရှိုက်ရရုံ။ ဒါပဲ ဖြစ်သည်။ သည့်ထက် ပိုလို့ကလည်း မရ။ တစ်ခါတစ်ခါ မယ်လမုဘုရား၊ ရွှေတိဂုံဘုရား သွားဖို့ မြတိုးက ခေါ်သည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)