Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

နေမျိုးထွန်း - ဘဝတက်လမ်းဇာတ်လမ်းကလေးများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

လုပ်ငန်းရှင်ပေါက်စကလေး 

          

          တစ်နေ့သော မွန်းလွဲပိုင်းမှာဖြစ်သည်။ 

          ကျွန်တော် ရောက်ရှိနေသည့်အရပ်က ပီရူးနိုင်ငံ၊ လီမာမြို့တော်။

          လီမာမြို့တွင်း လျှောက်လည်ကြည့်ရှုရင်း လမ်းကြိုလမ်းကြား တစ်ခုအတွင်း ရောက်ရှိသွားခဲ့လေသည်။ ဆင်းရဲသားရပ်ကွက် ဖြစ် သည်မို့ လမ်းက ညစ်ပတ်ပေရေလှသည်။ အမှိုက်သရိုက်တွေက နေရာ တိုင်းမှာ။ မြင်မကောင်းအောင် ပြန့်ကျဲလျက်။ ရှုပ်ပွလျက်။

          ထိုစဉ် ... ။ 

          “အစ်ကိုကြီးရို့ ပေးမှကမ်းမှ စားရမယ့်၊ သောက်ရမယ့်ဘဝပါ ခင်ဗျာ။ ထမင်းဖိုးလေး ... ဟင်းဖိုးလေးများ နည်းများမဆို သဒ္ဓါ တတ်အားသရွေ့ ပေးအပ်စွန့်ကြဲခဲ့ပါခင်ဗျာ ...” 

           လမ်းနံဘေးတစ်နေရာမှာ ထိုင်၍ ပိုက်ဆံတောင်းနေသည့်အသံ။ စပိန်ဘာသာစကားဖြင့် ပိုက်ဆံတောင်းနေသော ကောင်လေးတစ် ယောက်၏အသံ။

           အခြား .. အခြားသော တတိယကမ္ဘာမြို့တော်တွေမှာကဲ့သို့ပင် လီမာမြို့မှာလည်း စားဝတ်နေရေးအတွက် ဒုက္ခပင်လယ်ဝေလျက် ရှိကြသည့် လူငယ်ကလေးတွေက ဒုနဲ့ဒေး။ ယင်းကဲ့သို့ သော ကလေး သူငယ်များနှင့် လူငယ်များတွင် အများစုသည် မိဘမဲ့များဖြစ်ကြသည်။

           အသံကြားရာဘက်ဆီသို့ ကျွန်တော် လှည့်ကြည့်လိုက်၏။ ပိုက်ဆံ တောင်းနေသည်က ကောင်လေးတစ်ယောက်။ ၁ဝ နှစ် ၁၁ နှစ်လောက် ရှိမည်။ ဆံပင်နက်နက်၊ နှာတံပေါ်ပေါ်၊ ဝတ်ထားသည်က တီရှပ်နှင့် ဂျင်းဘောင်းဘီ။ တီရှပ်က ညစ်ညစ်နွမ်းနွမ်း စုတ်စုတ်ပြဲပဲ။ ကောင် လေးက ကျွန်တော့်ထံ လမ်းလျှောက်ချဉ်းကပ်လာသည်။ အစုံသော သူ့မျက်လုံးများကတော့ ကျီးကြည့်ကြောင်ကြည့်၊ ဟိုသည်ကြည့်။

          “မင်းက လူချောကလေးပဲ။ မျက်နှာကလေးတောင် ဖောင်းတင်း ဝဖြိုးလို့ပါပဲကလား”

          ကျွန်တော်က ပြုံးရယ်ရင်း စ၍ စကားဆိုလိုက်၏။

          “ဟုတ်တယ် ဦးရယ်၊ ပြောရမယ်ဆိုရင်တော့ ဦးတို့လို ကမ္ဘာလှည့် ခရီးသည် တိုးရစ်တွေရဲ့ ကျေးဇူးကြောင့်လို့ ဆိုရမှာပဲ” 

           “နေပါဦးကွ။ အမဲသားစဉ်းကော ကောင်းကောင်း စားချင်လို့ ဆိုင်ကောင်းကောင်း ငါလိုက်ရှာနေတာကွယ့်။ လက်ရာကောင်းတဲ့ဆိုင် ဒီနားမှာရှိသလား”

          “ဒီမှာ .. အာမီးဂိုး (မိတ်ဆွေကြီး) .. လီမာမြို့မှာ အမဲသား စဉ်းကော အကောင်းဆုံးရောင်းတဲ့ ဆိုင်တွေကို ကျွန်တော် သိပါတယ်” 

          “အဲ့ဒါဆိုရင် ဦးကိုလိုက်ပြပေးကွာ” 

         သို့နှင့် ...

         အမဲသားစဉ်းကော ရောင်းသည့်ဆိုင်တစ်ဆိုင်သို့ ရောက်သွားကြ သည်။ ဆိုင်က ခပ်ကျဉ်းကျဉ်း။ ထိုင်စရာခုံတန်းနှင့် စားပွဲတွေကလည်း ခပ်ယိုင်ယိုင် ခပ်နဲ့နဲ့။ ဆိုင်က အမြင်နုပ်သော်လည်း အမဲသားစဉ်းကော ကတော့ အတော်ကလေး ကောင်းသည်။ ကော်ဖီကလည်း ကောင်းသည်။

           ကျွန်တော်သည် ပီရူးသို့ အလုပ်တာဝန်ဖြင့် ရောက်နေခြင်းဖြစ် သည်။ ကျွန်တော့်အလုပ်က အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်။ သည်အလုပ် သည်တာဝန်ဖြင့် ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံအများအပြားသို့ ကျွန်တော်ရောက်ခဲ့သည်။ ရောက်လေရာနိုင်ငံ တို့မှာ စားဝတ်နေရေး ဒုက္ခရောက်နေကြရသည့် ကလေးငယ် အများ အပြားကို တွေ့ခဲ့ရသည်။ ကျွန်တော် တွေ့ခဲ့ရသည့် ကလေးဟူသမျှကို လည်း ကျွန်တော် တတ်စွမ်းသလောက် ငွေကလေး ကြေးကလေးများ ပေးကမ်းစွန့်ကြဲခဲ့ဖူးသည်။

         သို့ပေမဲ့ ... 

         ခုဒီ လီမာမှာ လာတွေ့ရသည့် ကောင်လေးကတော့ တခြား ကလေးတွေနှင့်မတူ။ တစ်မူထူးခြားသည်။ တစ်ဘာသာ ဖြစ်သည်။ လမ်းပေါ်မှာ တောင်းရမ်းစား လမ်းသလားနေရသည့်ဘဝ၊ အန္တရာယ် ထွေပြားလှသည့်ဘဝကို နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရသော်ငြား လည်း သူ့ဘဝအောင်မြင်ရေးအတွက် သူ့မှာ ဆန္ဒတွေအပြည့်ရှိကြောင်း သူ့ဟန်ပန်၊ သူ့အမူအရာတွေက ဖော်ပြလျက်ရှိသည်။ သူ့ဘဝတက်လမ်း အတွက် မဆုတ်မနစ်တက်လှမ်းရန် ကြံရွယ်ချက် ရှိနေသူ ကလေးပင်။

          “နေပါဦးကွ။ ဒါထက် ... မင်းရဲ့ နာမည် ဘယ်လိုခေါ်သလဲကွယ့်..” 

          “ဒေးဗစ် ... ခင်ဗျ”

           ကောင်လေး၏ သူ့အမည်ကို ထုတ်ဖော်ပြောဆိုပုံက အားပါးတရ ရှိလှသည်။

           ဟုတ်ပါသည်။ ဒေးဗစ်။ သည်အမည်က သမ္မာကျမ်းထဲမှာ “ဂိုလိုက်ယက်” ဘီလူးကြီးကို လောက်လေးခွတစ်လက်နှင့် ပစ်ခတ် ရင်ဆိုင် အနိုင်ယူခဲ့သူ၏ အမည်ပဲဖြစ်သည်။ သူ့လူမျိုးနှင့် သူ့တိုင်းပြည် ကို မြတ်နိုးကာကွယ်လိုစိတ်ဖြင့် ကမ္ဘာမှာ ကျော်ကြားအောင်မြင် ရေမြေ့ရှင်တစ်ယောက် ဖြစ်ခဲ့ရသူ။

           မိမိ၏ အတွေးစဉ်အမျှင်တန်းများက သိပ်ကို အလှမ်းကျယ်သွားခဲ့ ပြီပဲ။ သည်အတွေးများကို မြန်မြန် ဘရိတ်အုပ် ဦးခေါင်းထဲမှ ခါထုတ် ပစ်လိုက်ကာ .... ။

           “ဪ ... မင်းနာမည်က ဒေးဗစ်တဲ့လား။ ဒေးဗစ်ဆိုတာ တကယ့် ကို ယောက်ျားပီသတဲ့ နာမည်ပဲ။ အဲ ... ငါ့နာမည်လည်း မှတ်ထားဦး.. “ဘရုစ်”တဲ့”

           “ဒါဖြင့် ဆီညော် ... ဘရူးဆေးလို့ပဲ ခေါ်မယ်နော်”

           ဆီညော်” ဟူသည် စပိန်ဘာသာဖြင့် 'မစ္စတာ ́ဟူသော အဓိပ္ပာယ် ရသည်။

           ဒေးဗစ်က သူ၏စပိန်သံခပ်ဝဲဝဲဖြင့် ခေါ်ဆိုလိုက်မှုကြောင့် ကျွန်တော် ၏ အမည်သည်ပင် ဘရုစ်” ဘဝမှ ဘရူးဆေး” ဖြစ်သွားခဲ့ရ၏။

           ဒေးဗစ်သည် သူ့အတွက် သီးသန့်လာချပေးသော အမဲသား စဉ်းကောတစ်ပွဲကို ပလုတ်ပလောင်းစား၍နေ၏။ နောက်တစ်ခါ သူ့ကို ပြန်ကြည့်တော့ သူ့ပန်းကန်မှာ ကုန်၍နေပြီ။ ဒီကောင်လေး တင်းတိမ်ပုံ မရသေး။ သူ့အတွက် နောက်ထပ်တစ်ပွဲ ကျွန်တော် ထပ်မှာပေးလိုက် သည်။ သူ့မျက်နှာမှာ သဘောကျသည့် အရိပ်အယောင်များ ဝင်းလက် ၍သွား၏။

          “ဒီမှာဒေးဗစ်။ လက်ကြောတင်းအောင် ဘာမှမလုပ်ဘဲ အလကား ပိုက်ဆံလိုက်တောင်းနေလို့ကတော့ ရေရှည်အလုပ်ဖြစ်ဖို့ မမြင်ဘူး။

ကြာရင် သူများတွေ စေတနာပျက်တတ်တယ်။ ဒါကြောင့် မင်း အလုပ် တစ်ခုခုကိုတော့ ဇောက်ချပြီး လုပ်သင့်တယ်။ ဒီတော့ မင်း ဘာလုပ် မယ်လို့ စိတ်ကူးသလဲ။ မင်းရဲ့ဘဝကို ဘယ်လိုအသက်မွေးဝမ်းကျောင်း အလုပ်မျိုးနဲ့ ရပ်တည်ချင်သလဲ။ ဘယ်လိုဘဝမျိုးကို ရယူချင်သလဲ”