Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နေဇော်နိုင် - သံလမ်းမဲ့ရထား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

သံလမ်းမဲ့ရထား

 

အတိတ်ဟာ 

မေ့ပြီး မသုံးဘဲ ထားထား 

ဒါမှမဟုတ် 

မုန်းပြီး လွှင့်ပစ် ထားထား 

အသွားထက်နေတဲ့ ဓားတစ်လက်ပါပဲ။

 

အရိပ်ဆိုတာ 

အဲဒီ အတိတ်က လာတာဖြစ်ပြီး 

စိတ်နဲ့ အနာဂတ်ထဲ 

ခိုတွဲနေတဲ့ အရာလေ 

တို့အကြောင်း 

တို့ထက် ပိုသိသူလည်း ဖြစ်နေပြန်ရဲ့။

 

ငါကတော့ 

ရည်းစားနဲ့ကွဲရင် 

စာတွေ မီးရှို့ပစ်သလိုမျိုး 

ကိုယ့်အရိပ်ကိုယ်

အသုံးမလိုတော့ဘူး ထင်တာနဲ့ 

အဆုံးစီရင်ပစ်ခဲ့တယ်။

 

ဒါပေမယ့်

ဟိုး.. ဝေးဝေးမှာ 

ငါထားခဲ့တဲ့ အရိပ်တို့ 

တစ္ဆေလို လွင့်မျောလာကြရင် 

လွင့်တဲ့ခဏ 

ပလတ်စတစ်ကောက် သံချွန်လို အတွေးနဲ့

 

ဖြည်းဖြည်းချင်း ပေါက်ယူပြီး 

ရင်အုံထဲ ပစ်..

ပစ်ထည့်မိတာပဲကွယ်။

 

ရထားရေ••

ငါ့ကို သယ်သွားပါတော့၊