နေဇင်လတ် - အမွေပေးသူဆိုရာမှာ
တစ်ချိန်တုန်းဆီက နိုင်ငံတွေချမ်းသာတယ်ဆိုတဲ့နေရာမှာ သဘာဝရင်းမြစ် တွေ ဘယ်လောက်ကြွယ်ဝတယ်ဆိုတာပေါ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နှိုင်းယှဉ်ပြောလေ့ ရှိကြပါတယ်။ Comparative Advantage ပါ။ နည်းပညာကို စွမ်းစွမ်းတမံ အသုံးမချနိုင်သေးတဲ့ကာလများလို့ ဆိုနိုင်ပါတယ်။ 1980s နှစ်များဆီမှာ Singapore, Taiwan, Hong စတဲ့နိုင်ငံတွေတိုးတက်လာကြတာမျက်၀ါး ထင်ထင်တွေ့လာကြပါတယ်။ တိုးတက်မှုအရင်းခံကို ပညာရှင်တွေလေ့လာကြတော့ သယံဇာတ ဘာမှမယ်မယ်ရရမရှိဘဲ လူတွေရဲ့ စွမ်းအား၊ နည်းပညာအကူအညီတွေနဲ့ တိုးတက်သွားကြတယ်ဆိုတာ တွေ့လာကြရပါတယ်။ အတွေးအခေါ် အယူအဆနဲ့ သီအိုရီတွေ ပြောင်းကြရပါတော့တယ်။ Competitive Advantage ဆိုတဲ့ခေတ်ကို ရောက်မှန်းမသိ ရောက်လာပါတော့တယ်။
1950s ကိုရီးယားစစ်ပွဲကြောင့် ပြာပုံဘဝကစခဲ့တဲ့ South Korea နဲ့ North Korea ကို နှိုင်းယှဉ်ကြည့်ကြပါတယ်။ အရင်းရှင်စနစ်ကိုကျင့်သုံးတဲ့တောင်ကိုရီးယားက တိုးတက်သွားပြီး ကွန်မြူနစ်စနစ်ကို ကျင့်သုံးတဲ့ မြောက်ကိုရီး ယားတိုးတက်မှု တုံ့နှေးနေတာက ထင်ရှားတဲ့သာဓကအဖြစ် တညီတညွတ်ထဲ တွေ့ လာကြပါတယ်။ စနစ်တစ်ခုရဲ့ ဖေးမကူညီမှုနဲ့ Institutional Building ဆိုတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အခွင့်အရေး အကာအကွယ်တွေကောင်းတဲ့ တောင်ကိုရီး ယားက ကမ္ဘာ့စီးပွားရေးမျက်နှာစာမှာ နေ့ချင်းညချင်းကြီးထွားလာတဲ့ ကျားတစ် ကောင် ဖြစ်လာပါတယ်။
တစ်ချိန်က ဆိုဗီယက်ယူနီယံဆိုတဲ့ ရုရှားနိုင်ငံကြီးကလည်း စစ်ရေးတည် ဆောက်မှုဘက်မှာသာ အလေးထားပြီး အမေရိကန်နဲ့ ယှဉ်ပြိုင်ဖို့ကြိုးစားနေရတာနဲ့ ပုဂ္ဂလိကလုပ်ငန်းအပေါ် အားပေးမှုတွေ အတော်ကြီးလျော့ကျပြီး နောက်ဆုံးCompetitive Edge ဆိုတဲ့ ပြိုင်ဆိုင်မှုစွမ်းရည်တွေ ဆိတ်သုဉ်းသွားခဲ့ပါတယ်။ “အဖြစ်လုပ်”တာနဲ့ ‘အလုပ်ဖြစ်”တာ သည်နေရာမှာ သိသိသာသာကြီး ပေါ်ထွက် လာပါတယ်။ ရလဒ်ကတော့ နောက်ဆုံး ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားပြီး Competitive Advantage ကို တန်ဖိုးထားတဲ့နိုင်ငံငယ်လေးတွေ အရင်းရှင်စနစ် ဘက် ကူးပြောင်းခြင်း ခံလိုက်ရတာပါပဲ။
နှိုင်းရအသာစီး... ဒါမှမဟုတ် ယှဉ်ပြိုင်နိုင်စွမ်းအား” ဆိုတဲ့ ဥစ္စာ စောင့်မလေးရဲ့ အလှ”ကို မမြင်ဘူးသေးတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် နိုင်ငံတချို့က ဆက်ပြီးခေါင်းမာနေကြပေမယ့် အုပ်ချုပ်သူတွေ ပညာရှိလာကြတာနဲ့အမျှ တရုတ်၊ ဗီယက်နမ်စတဲ့ ကွန်မြူနစ်အရင့်အမာကြီးတွေတောင် မနေနိုင်ကြတော့ပါဘူး။ Institutional Building ကို ပြင်ဆင်ကြရပါတော့တယ်။ နိုင်ငံရေးအုပ်ချုပ်မှု ဆင့်ထက်ကဲစနစ်ကို မပြင်ကြပေမယ့် စီးပွားရေးကဏ္ဍကို သိသိသာသာခွဲထုတ်လိုက် ပြီး အရင်းရှင်အခြေခံစနစ်ကို ပြောင်းလဲကျင့်သုံးရင်း စွမ်းရည်အသာစီးခေတ်”ကို မွေးစားကြပါတော့တယ်။
“အရင်းရှင်” လို့ ပြောရင် တချို့က “ကုပ်သွေးစုပ်” “လက်ဝါးကြီးအုပ်” “ငွေအရင်းရှိသူတွေအတွက်”လို့သာ မြင်ကြပါတယ်။ တစ်ချိန်တုန်းက အရင်းအနှီး” ဆိုတာ “ငွေ” အဓိကဇာတ်ဆောင်ဖြစ်ခဲ့ပေမယ့် သည်နေ့ခေတ်ရဲ့ အရင်းအနှီး ́ဆိုရာ မှာ “ပညာ၊ နည်းပညာ၊ သတင်းအချက်အလက်၊ မဟာဗျူဟာ” စတာတွေ ပါဝင်လာ ပါပြီ။ အဲဒီကဏ္ဍစုံ အရင်းအနှီး” ကို အခြေခံပြီး၊ သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ နှာတစ်ဖျားသာအောင် ကြိုးစားနေကြတဲ့ခေတ်ပါ။
အရင်းရှင်' ဆိုတာ လူနည်းစုကောင်းစားရေးပါလို့ ကြွေးကြော်တတ်ကြတဲ့ ဆန့်ကျင် ဘက်နိုင်ငံရေးစနစ်ကို ယုံကြည်သူတွေက သူတို့လည်းဘာမှမလုပ်နိုင်၊ ရှိတဲ့ သယံဇာတတွေကိုလည်း အရမ်းကာရော ထုတ်ရောင်းစားရင်း မွဲသွားတဲ့ တိုင်းပြည်တွေ မနည်းလှပါ။ နောက်ဆုံး သူများနောက်လိုက်ဖြစ်ကျန်ခဲ့ပြီး “မှားသွား ပါတယ်” ဆိုတဲ့ ဖြောင့်ချက်နဲ့ စခန်းသိမ်းသွားကြပေမယ့် အဲဒီ “ရသဆိုး” ကို နောက်မျိုးဆက်တွေ အရေထူထူနဲ့ ခံလိုက်ကြရတာ ဝမ်းနည်းစရာဖြစ်ပါတယ်။
(၂၁) ရာစုကို နည်းပညာနဲ့ ဦးဆောင်သူလည်းဖြစ်၊ နှိုင်းရစွမ်းရည်အသာစီးရ သူလည်းဖြစ်၊ ကမ္ဘာ့စီးပွားရေး အတောင့်တင်းဆုံးလည်းဖြစ်တဲ့အမေရိကန်လိုနိုင်ငံကတောင် အရင်ထက်စာရင် ယှဉ်ပြိုင်မှုတွေ နှစ်ဆတိုးလာတယ်ဆိုပြီး သက်ပြင်းချခဲ့ဖူးပါ တယ်။ တစ်ချိန်က လျှမ်းလျှမ်းတောက် ကိုလိုနီနယ်ချဲ့ခဲ့တဲ့ ဗြိတိသျှ၊ ဂျာမနီ၊ ပြင်သစ်တို့ တစ်ခေတ်စီဖြစ်ခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ မျက်မှောက်ခေတ်မှာ Competitive Edge ကျဆင်းသွားလို့ ကမ္ဘာ့မျက်နှာစာမှာ ခပ်လျှိုလျှို နေသွားကြရပါတယ်။ နောက်ပိုင်းတိုးတက်လာတဲ့ တရုတ်၊ အိန္ဒိယ၊ တိုးတက်ပြီးဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်တိုင်ပေ၊ ဟောင်ကောင် စတဲ့နိုင်ငံတွေနဲ့ ပြည့်စုံတိုးတက်ပြီးဖြစ်တဲ့ အမေရိကန် ရဲ့ (၂၁) ရာစု စီးပွားရေးမဟာဗျူဟာအခင်းအကျင်းဟာ စွမ်းရည်အသာစီး”ဆိုတဲ့ Competitive Advantage အရယူရာမှာ စိတ်ဝင်စားစရာကောင်းမယ့် ပွဲတစ်ပွဲဖြစ် ပါတယ်။
တရုတ်တို့ရဲ့ ယွမ်ငွေကို ရှိသင့်တဲ့တန်ဖိုးထက် နှိမ့်ချထားပြီး ကုန်သွယ်ရေး အသာစီးယူနေတာကို ညှိနှိုင်းမှုနဲ့အဖြေရှာလို့မရရင် ဘဏ္ဍာရေးတိုက်ပွဲတစ်ခု အသွင်ပြောင်းဖို့ အမေရိကန်ရဲ့ သံတမန်ဆန်ဆန် အရိပ်အမြွက်အပြောက တွေးကြည့်ရင် တုန်လှုပ်စရာကောင်းပါတယ်။ ၁၉၉၇ ခုနှစ် အာရှငွေကြေးပြဿနာက ASEAN နိုင်ငံတွေကို အထိနာစေခဲ့တာ အမှတ်ရမိကြပါဦးမယ်။ စွမ်းရည်ပြိုင်ဆိုင်ပွဲတွေမှာ ငထွားတွေ ကြားက ခါးနာနိုင်ပါသေးတယ်။ တကယ်စွမ်းရည် ဘယ်သူပိုရှိသလဲ ဆိုတာ တစ်နှစ်လောက်ကြာရင် အဖြေတစ်ခုပေါ်လာလောက်တယ်လို့ သုံးသပ်ရ ပါတယ်။
(၂၁) ရာစုမှာ သယံဇာတ ဘယ်လောက်ကြွယ်ဝချမ်းသာတယ်ဆိုတာ သိပ် စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ခုတော့ မဟုတ်လောက်တော့ပါဘူး၊ Competitive Edge ဘယ်လောက်ရှိတယ်ဆိုတာကသာ သူရဲကောင်း ဖြစ်နေပါတယ်။ ခေတ်က အပြောင်းအလဲအလွန်မြန်ဆန်နေပါတယ်။ မျှော်လင့်ထားတဲ့အရှိန်၊ အလျင် ထက်ကို ပိုပြီးမြန်နေတာပါ။ Apple က iPhone ထုတ်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် Mobile စျေးကွက်မှာနေရာယူထာကြတဲ့ Nokia, Motorolla, Samsung, Sony Erricson စတဲ့ထုတ်လုပ်သူအထင်ကရကြီးတွေရဲ့ Shere စျေးကွက်ကိုမိနစ်ပိုင်းအတွင်း ထိခိုက်သွားခဲ့ပါတယ်။ Apple ရဲ့ နည်းပညာထက်မြက်တယ်ဆို
တာ စားသုံးသူတွေသိထားပြီးလို့ ဖြစ်ပါတယ်။ စွမ်းရည်ရှိသူဝင်လာပြီဆိုတဲ့အသံက ပြိုင်ဘက်တွေကို တုန်ခါသွားစေတာ၊ သည်ခေတ်ရဲ့ စွမ်းရည်အပေါ်အသိအမှတ်ပြုမှု ဘယ်လောက်အင်အားရှိတယ်ဆိုတာကို တိုက်ရိုက်ပြလိုက်တာပဲ ဖြစ်ပါတယ်။
တိုးတက်တဲ့နိုင်ငံတွေကလည်း ကိုယ့်အဆင့် ကျမသွားအောင် စွမ်းရည်တွေ ကို “ထပ်ဆောင်း” နိုင်ဖို့ ကြိုးစားနေကြရင်း Competitiveness ပိုကောင်းလာ ပါတယ်။ အိပ်မောကျနေတဲ့နိုင်ငံတွေနဲ့ ကွာမှန်းမသိ ကွာ... ကွာလာပါတယ်။
ဖွတ်မွဲပြာ စု၊ ခရုဆံကျွတ် ဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။ အာဖရိကနိုင်ငံတွေဆိုရင် ပိုဆိုးပါတယ်။
ခေတ်ကရွေ့ လာရင်း နှိုင်းရအသာစီးမှ စွမ်းရည် အသာစီး” (From Comparative Advantage to Competitive Advantage) ဆီရှေးရှုမှု ပိုပြီးပီပြင်နေပါပြီ။ နည်းပညာအသာစီးရမှု၊ သတင်းအချက်အလက်အသာစီးရမှု၊ ဘဏ္ဍာရေးစနစ် ကောင်းမွန်မှု၊ အုပ်ချုပ်ရေးနဲ့ဥပဒေအကာအကွယ်တွေဟာ စွမ်းရည် ရဲ့အင်္ဂါရပ်အပိုင်းအစတွေ ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းနဲ့ မျိုးဆက်သစ်တွေ အတွက် အခြေခံပညာခိုင်ခံ့မှုက အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ။
နိုင်ငံအဆင့် Competitive Advantage of Nation ဆိုတဲ့ ယှဉ်ပြိုင်နိုင် စွမ်းအားဆိုတာလည်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းရဲ့ စွမ်းရည်တွေနဲ့ တိုက်ရိုက်ဆက်စပ် Gșulosusil Capacity Building copuloso Capacity Building ဆိုတာ သိပ်ခက်လှတဲ့အရာတော့မဟုတ်ပါဘူး၊ သူ့ကိုအကာအကွယ်ပေးပြီး ထိန်းသိမ်း၊ လမ်းကြောင်းပေးမယ့် Institutional Building ရှိရင် ဖြစ်လာမယ့်အရာ ဖြစ်ပါ တယ်။
တစ်ဦးနဲ့တစ်ဦး နေ့စဉ်ကွာခြားမှုက သိပ်မသိသာပါဘူး။ အိပ်မောကျနေသူနဲ့ ပုံမှန်တိုးတက်နေသူ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုလောက်ကွာသွားရင် တော်တော်ကြီး သိသာသွားပါတယ်။ တချို့နေရာတွေမှာ လိုက်ယူလို့ရပေမယ့် တချို့နေရာတွေမှာ လိုက်ယူလို့မရတော့လောက်အောင် အချိန်ဆိုတာက မျက်နှာသာပေးမှာ မဟုတ်ပါ ဘူး။ “မိဘက ဘယ်လောက် ချမ်းသာတယ်” ဆိုတာထက် “ကိုယ်က ဘယ်လောက် လုပ်နိုင်တယ်” ဆိုတာက အရေးကြီးတာဖြစ်ပါတယ်။