Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - အမေရိကန်အလွန်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
အခန်း (၁) 
ကျန်သူများအတက်
 

          အမေရိကား၏ကျဆုံးမှုကို ရေးသောစာအုပ် မဟုတ်ပါ။ သို့သော်လည်း ကျန်သောနိုင်ငံများ၏ တိုးတက်မှုကို ဖော်ပြသည့်စာအုပ်တော့ဖြစ်သည်။ ကမ္ဘာအနှံ့ ကြီးစွာသော အသွင်ကူးပြောင်းမှုများ နေရာယူလာကြခြင်းအကြောင်း မကြာခဏ ဆွေးနွေးဖြစ်သည်။ သို့သော်လည်း ဤအပေါ်နားလည်ခြင်း အတော်အားနည်းလျက် ရှိကြသေးသည်။ သဘာဝတော့ဖြစ်ပါသည်။ “အပြောင်းအလဲ” များ နေရာအနှံ့ ဖြစ်ပေါ်နေပါသည်။ပင်လယ်ပြင်အနေအထားတောင်မှပုံမှန်ပြောင်းလဲမှုဖြစ်နေပါ၏။ခေတ်သစ်အကြောင်းပြောကြဆိုကြရာတွင် ကမ္ဘာအကြောင်းသည် ရင်းနှီးပြီးဖြစ်သော အကြောင်းအရာတစ်ခုဖြစ်သော်လည်း အခြားအပြောင်းအလဲများနှင့် ခြားနား စွာ ဖြစ်ပေါ်ပြောင်းလဲလျက် ရှိသည်။

          လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ မှစ၍ ကမ္ဘာ့မြေပြင်တွင် ကြီးမားသော အဓိက ပါဝါကြီး (၃) ခု အပြောင်းအလဲဖြစ်ခဲ့သည်။ နိုင်ငံတကာဘဝများကို အသစ်ပုံဖော် ပေးလိုက်သော အခြေခံကျသည့်လူတန်းစားအမျိုးမျိုးကို ပိုင်ဆိုင်သော နိုင်ငံများ ၏ စုစုပေါင်းဓနသည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု”ဟူသော ကမ္ဘာကြီး များတွင် အပြောင်းအလဲကြီးများ ဖြစ်ခဲ့သည်။

          ပထမအပြောင်းအလဲသည် အနောက်ကမ္ဘာ၏ ထွန်းသစ်ခြင်းဖြစ်သည်။ ၁၅ ရာစုတွင် အစပျိုးခဲ့ပြီး ၁၈ ရာစု နှစ်နောက်ပိုင်းကာလများတွင် အရှိန်တိုးတက် ကြီးမားလာခဲ့သည်။ ထိုအပြောင်းအလဲမှ “ခေတ်မီတိုးတက်မှု' ဟူသော ကျွန်တော် တို့သိထားကြသည့် သိပ္ပံနှင့်နည်းပညာ” “ကုန်သွယ်ရေးနှင့် အရင်းရှင်ဝါဒ၊ “လက်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း တော်လှန်ရေးများ” ပါဝင်ခဲ့၏။ ၎င်းမှပင် အနောက်နိုင်ငံများ၏ ရှည်ကြာလှစွာသော နိုင်ငံရေးလွှမ်းမိုးမှုကို ထုတ်လုပ်၊ မွေးဖွားပေးခဲ့ပါသည်။

          ဒုတိယအရွေ့မှာ ၁၉ ရာစုနှစ်ကုန်ခါနီးတွင် စတင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ‘အတက်ခရီး” ဖြစ်၏။ စက်မှုတော်လှန်ရေးဖြင့် စက်မှုနိုင်ငံတည်ထောင်ခဲ့သော အမေရိကန်သည် ရောမအင်ပါယာပြီးသည့်နောက် ကမ္ဘာပေါ်တွင် အင်အားအကြီး ဆုံးသော နိုင်ငံတစ်ခုဖြစ်လာသည်။ အခြားသော ပေါင်းစပ်ထားသည့် နိုင်ငံများထက် လည်း ပို၍သန်စွမ်းခဲ့သည်။ (ဆိုဗီယက်ယူနီယမ်သည် နိုင်ငံပေါင်းများစွာ စုပေါင်း ထားသော နိုင်ငံကြီးဖြစ်သည် - စာရေးသူ) လွန်ခဲ့သော ရာစုနှစ်တစ်ခုလုံးနီးပါးတွင် အမေရိကန်သည် ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုစသော ကဏ္ဍများ တွင် အမေရိကန်၏အင်အားက လွှမ်းမိုးထားသည်။ ယှဉ်ပြိုင်ဘက်မရှိ လွှမ်းမိုးနိုင်ခဲ့ ခြင်းဖြစ်သည်။ ခေတ်သစ်သမိုင်းတွင် ယခင်က မရှိဖူးသေးခဲ့သော အစဉ်အလာဖြင့် ကမ္ဘာပေါ်တွင် အရေးပါခြင်း ဖြစ်သည်။

          ခေတ်သစ်တွင် ကျွန်တော်တို့သည် ယခုအခါ ကမ္ဘာ့တတိယအရွေ့နှင့်အတူ ကျွန်တော်တို့ နေထိုင်နေကြခြင်းဖြစ်သည်။ ထိုအရွေ့ကို “ကျန်သူများအတက်ခရီး” ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်က ကမ္ဘာ့နိုင်ငံ အသီးသီးတွင် “စီးပွားတိုးတက်နှုန်း” ဆိုသောအရာနှင့် လက်ပွန်းတတီး ရှိခဲ့ကြ သည်။ တစ်ချိန်က ဤအရာသည် မစဉ်းစားနိုင်ခဲ့သောအရာ ဖြစ်ခဲ့၏။ စီးပွားရေး တစ်ခု တိုးတက်ခြင်း”ပေါက်ကွဲခြင်း” ဖြစ်သောအခါ ခပ်သိမ်းကုန်သောအရာတို့ သည် အဓိပ္ပာယ်နှစ်မျိုးဖြင့် ရွေ့ လျားကုန်ကြသည်။ ဤသို့ သော တိုးတက်မှုမျိုးကို အာရှတွင် ထင်သာမြင်သာစွာတွေ့ရပြီး ယခုအခါ နယ်နမိတ်မရှိတော့ချေ။ ဤအရွေ့ ကို အာရှ၏စန်းပွင့်ချိန်” ဟု ခေါ်ဆိုကြသော်လည်း တိကျသော အဓိပ္ပာယ်ဖွင့်ဆိုမှု တစ်ရပ်တော့ မဟုတ်ချေ။

          ခရစ်နှစ် ၂၀၀၀ နှင့် ၂၀၀၇ တို့တွင် နိုင်ငံပေါင်း ၁၂၄ နိုင်ငံက (၄%) သို့မဟုတ် ထို့ထက်ပိုသောနှုန်းများဖြင့် တိုးတက်ခဲ့ကြသည်။ အာဖရိကနိုင်ငံများမှ နိုင်ငံပေါင်း ၃ဝ ပါဝင်ပြီး အာဖရိကတိုက်ကြီး၏ သုံးပုံနှစ်ပုံ ဖြစ်သည်။ Antoine van Agtmaelဟူသော ရန်ပုံငွေတစ်ခု၏ မန်နေဂျာက “ထွန်းသစ်စ ဈေးကွက်များ” ဟု စတင်အသုံးပြုခဲ့ပြီး နောင်လာမည့် နိုင်ငံတကာ အကြီးကျယ်ဆုံးကုမ္ပဏီကြီး (၂၅) ခုကို ရွေးချယ်ခဲ့ပါသည်။ သူရွေးချယ်ခဲ့သောစာရင်းထဲတွင် ဘရာဇီး၊ မက္ကဆီကို၊တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေတို့မှ ကုမ္ပဏီ (၄) ခုစီပါဝင်ပြီး အိန္ဒိယမှ (၃) ခုနှင့် တရုတ်မှ ကုမ္ပဏီ (၂) ခု၊ အာဂျင်တီးနား၊ ချီလီ၊ မလေးရှားနှင့် တောင်အာဖရိက မှ ကုမ္ပဏီတစ်ခုစီ ပါဝင်သည်။

          တစ်ပတ်လောက် ငဲ့ကြည့်လိုက်ပါ။ လောလောဆယ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦသည် တိုင်ပေတွင် ရှိသည်။ ဒူဘိုင်းတွင် ဆောက်လုပ်နေသော မိုးမျှော်အဆောက်အဦက မကြာမီမှာ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာပါလိမ့်မည်။ ကမ္ဘာ့ အချမ်းသာဆုံးသူက မက္ကဆီကန်လူမျိုးဖြစ်သည်။ သူ၏ အများနှင့်ဆိုင်ရာ ကုန်သွယ် ရေးကော်ပိုရေးရှင်းကြီးမှာ တရုတ်ကုမ္ပဏီ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ ကြီးကို ရုရှားနှင့် ယူကရိန်းတို့က တည်ဆောက်နေကြပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက် စက်ရုံကြီးကိုမူ အိန္ဒိယတွင် တည်ဆောက်နေပြီဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စက်ရုံကြီး အများစုမှာလည်း တရုတ်နိုင်ငံတွင် တည်ရှိနေသည်။

          တိုင်းတာချက်အမျိုးမျိုးအရ လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဘဏ္ဍာရေး ဗဟို soqoslo: UAE (United Arab Emirates) was my saqd:205a9:2742: စုဝေးရာ စုပေါင်းရန်ပုံငွေ ထူထောင်ထားသည့်နိုင်ငံ ဖြစ်သည်။ အမေရိကန်တို့ ၏ တစ်ချိန်က စံချိန်များသည် ယခုအခါ အခြားနိုင်ငံများသို့ ဖြန့်ကျက်သွားပြီဖြစ်သည်။

          ကမ္ဘာ့အကြီးဆုံး ခြားရဟတ်သည် ယခုအခါ စင်ကာပူနိုင်ငံတွင် ရှိနေလေပြီ၊ ယခင်က အမေရိကန်တို့၏ Las Vegasရှိ ကမ္ဘာ့အကြီးဆုံးလောင်းကစားဝိုင်းသည် ယင်း၏ရာထူးကို မကာအိုသို့ လွှဲပေးလိုက်ရသည်။ စံချိန်တင် လောင်းကစားဝိုင်းမှ ရသော ဝင်ငွေသည်လည်း မကာအိုကိုမမီတော့။ ရုပ်ရှင်လုပ်ငန်းဘက် စေ့စောင်းလိုက်လျှင်လည်း ဇာတ်ကားအရေအတွက်ဖြင့်ကြည့်ကြည့်၊ လက်မှတ်အရောင်းဖြင့် ကြည့်ကြည့် အမေရိကန်တို့က နံပါတ် (၁) မဟုတ်တော့ပါ။ နောက်ပိုင်း တဟုန် ထိုးတက်လာသော အိန္ဒိယက ဘောလီးဝုဒ် (Bollywood) က နံပါတ် (၁) ဖြစ်သွား ချေပြီ။ Hollywooodက Bollywoodထံ ရာထူးလွှဲပြောင်းပေးလိုက်သည်မှာ (၂) နှစ်ခန့် ရှိသွားပြီ ဖြစ်သည်။

          ဈေးဝယ်ခြင်းကိစ္စမှာပင်လျှင် ကမ္ဘာ့အကြီးဆုံး မောလ် (Mall) ဆယ်ခုတွင် အမေရိကန်တို့ တစ်ခုသာ ပိုင်ဆိုင်တော့သည်။ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်နေရာ (Shopping Mall) မှာ အမေရိကန်တွင် ရှိသည်မဟုတ်၊ တရုတ်က ဘေဂျင်းမှာသာဖြစ်သည်။ ဤစာရင်းဇယားများသည် ယေဘုယျကောက်ယူထားသော စာရင်း မျှသာဖြစ်ပြီး ကျန်သောအပိုင်းများတွင်လည်း အမေရိကန်တို့ ကမ္ဘာ့စံချိန်တော်

တော်များများမှ နေရာဖယ်ပေးထားရလျက်ရှိသည်။ ဤအခြင်းအရာများ ဖြည်းဖြည်း မှန်မှန်နှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်ကတည်းက ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

          အချို့ လူသန်းရာပေါင်းများစွာမှာ လွန်စွာ ဆင်းရဲသော အနေအထားတွင် ရှိကြပြီး အလားအလာကောင်းများလည်း ရှိကြသည် မဟုတ်ပါ။ တချို့သောသူတို့သည် တစ်နေ့တစ်ဒေါ်လာဖြင့် အသက်ရှင်သန်နေကြသည်။ ထိုသို့လူများမှာ ၁၉၈၁ တွင် (၄၀%) ရှိနေရာမှ ၂၀၀၄ ခုနှစ်တွင် (၁၈%) သို့ တိုးတက်ကောင်းမွန် ကခဲ့ကြသည်။ ၂၀၁၅ ခုနှစ်ရောက်လျှင် (၁၂%) သို့ လျော့ကျသွားမည်ဟုလည်း ခန့်မှန်းထားသည်။ တရုတ်ပြည်၏ အစဉ်တစိုက် တိုးတက်မှုပြယုဂ် ဖြစ်သည်။

          တရုတ်တို့၏ စီးပွားရေးတိုးတက်မှုက လူသန်းပေါင်း (၄၀၀) ကို ဆင်းရဲတွင်း မှ ဆွဲထုတ်ခဲ့ပြီးဖြစ်သည်။ ဆင်းရဲတွင်းနက်မှု လျော့ပါးလာပြီး အလားအလာကောင်း များလည်း တွေ့ ရဆဲဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးလူများမှာ နိုင်ငံပေါင်း (၅၀) ၌ နေထိုင်ကြပြီး ကမ္ဘာက အာရုံပြုရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အင်ဒိုနီးရှား၊ တူရကီ၊ ကင်ညာ၊ တောင်အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၁၄၂) နိုင်ငံမှာ ဆင်းရဲမှု တဖြည်းဖြည်းလျော့ပါးလာပြီး စီးပွားမှန်မှန်ဖွံ့ဖြိုးလာကာ ထုတ်လုပ်မှုစွမ်းရည် မြင့်တက်လာကြသည်။ ကမ္ဘာ့ ပထမဦးဆုံးသော မျက်မြင်တိုးတက်မှုအမှန်ဖြစ်သည်။ ထိုနိုင်ငံများတွင် နိုင်ငံတကာ စနစ်တစ်ခုကို တည်ထောင်ပြီးဖြစ်၍ လေ့လာသူများ၊ ရပ်ကြည့်သူများအဆင့် မဟုတ် ကြတော့ဘဲ ကမ္ဘာ့အရေးအရာတို့တွင် ကိုယ်တိုင်ပါဝင်ကပြလာကြသူများ ဖြစ်လာ ကြသည်။ တကယ့်စစ်မှန်သော ကမ္ဘာ့အခင်းအကျင်းတစ်ရပ် မွေးဖွားလာခြင်း ဖြစ်သည်။

          ခေတ်သစ်၏ ဆက်နွယ်သောသွင်ပြင်သည် အမေရိကန်မှ အခြားဆီသို့ ကူးပြောင်းရာတွင် ရောထွေးပါဝင်လာသည်။

          “ကျန်သူများ” ဟုဆိုရာတွင် နိုင်ငံမဟုတ်သောသူများလည်း ပါဝင်သည်။ အဖွဲ့အစည်းများ၊ တစ်ဦးချင်းများလည်း ပါဝင်သည်။ အခန်းကဏ္ဍအတော်များများ ကို တစ်ချိန်က အစိုးရများကသာ ထိန်းချုပ်ထားခဲ့ကြသော်လည်း ယခုအခါ အပြည် ပြည်ဆိုင်ရာအဖွဲ့ အစည်းများသို့ မျှဝေလာကြရသည်။ WTO(ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း)၊ EU(ဥရောပယူနီယံ) ကဲ့သို့သော အဖွဲ့များဖြစ်သည်။ အစိုးရမဟုတ် သောအဖွဲ့ များ နေ့စဉ်နှင့်အမျှ ပေါ်ထွက်လာကြပြီး နိုင်ငံတိုင်းအမျှနှင့် ဖြစ်သည်။ ကော်ပိုရေးရှင်းကြီးများ၊ အရင်းအနှီးများသည် အချိန်နှင့်အမျှ တစ်နေရာမှ တစ် နေရာသို့ ရွေ့ပြောင်းစီးဆင်းကြသည်။ စီးပွားရေးလုပ်ငန်း ကောင်းသောနေရာများသို့ အလိုလို စီးဆင်းကြသည်။ အချို့နိုင်ငံများမှ အစိုးရများကလည်း ကြိုဆိုကြသည်။

           Al Queda ကဲ့သို့ အကြမ်းဖက်သမားများ၊ မူးယစ်ရာဇာများ၊ စစ်သွေးကြွ များ စသည်တို့ကလည်း နိုင်ငံတကာစနစ်၏ လွတ်လပ်သောကြားနေရာများသို့ ရနိုင်သမျှ ဝင်ရောက်ရန် ကြိုးစားလျက်ရှိသည်။ ပါဝါဟူသော စွမ်းအားတစ်ရပ်သည်အမျိုးသားနိုင်ငံများမှသည် အပေါ်၊ အောက်၊ ဘေး အသီးသီးသို့ ဝေးရာ ရွေ့ လျား လာကြသည်။ ထိုသို့သော အာဝါသမျိုးတွင် အစဉ်အလာဖြစ်ခဲ့သော အမျိုးသား စွမ်းအား၊ ပါဝါသည် ထိရောက်မှု အနည်းဆုံးအဆင့်ထိ လျော့ကျသွားသည်။ စီးပွား ရေး၊ စစ်ရေးများအပါအဝင် ဖြစ်သည်။

          ထွန်းသစ်လာသော နိုင်ငံတကာစနစ်သည် ယခင်က ရှိခဲ့ပြီးဖြစ်သောစနစ် နှင့် လုံးဝခြားနားပါသည်။ လွန်ခဲ့သောနှစ် (၁၀၀) ကျော်က ကမ္ဘာကြီးကို ဥရောပရှိ အစိုးရများနှင့် ဖွဲ့စည်းထားသော ဝင်ရိုးစုံဖြင့် မောင်းနှင်ခင်းကျင်းခဲ့သည်။ ဖြည်းဖြည်း မှန်မှန်ဖြင့် မဟာမိတ်အဖြစ်မှလည်းကောင်း၊ ယှဉ်ပြိုင်ဘက်များအဖြစ်မှ လည်းကောင်း၊ တွက်ချက်မှုမှားယွင်းခြင်းမှလည်းကောင်း၊ စစ်ပွဲများမှလည်းကောင်း အရွေ့ များ ဖြစ်ပေါ်လာစေခဲ့သည်။ ထိုဝင်ရိုးစုံအရွေ့မှသည် နောက်ဆုံးဝင်ရိုးနှစ်ခု သို့မဟုတ် အင်အားကြီးအုပ်စုနှစ်စု၏ စစ်အေးကာလခေတ်သို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်။ (အမေရိကန်ဦးဆောင်သော နေတိုးအုပ်စု၊ ဆိုဗီယက်ယူနီယံ ဦးဆောင်သော ဝါဆောအုပ်စု - စာရေးသူ) မည်သို့ဆိုစေ နည်းလမ်းပေါင်းများစွာဖြင့် တည်ငြိမ်မှုကို အထိုက် အလျောက် ကမ္ဘာကြီး ရရှိခံစားခဲ့သည်။ သို့သော်လည်း မဟာအင်အားကြီး နိုင်ငံနှစ်ခု မှာ တစ်ဦးနှင့်တစ်ဦး အရွေ့ အပြောင်းတိုင်း စောင့်ကြည့်ခြင်း၊ တုံ့ပြန်ခြင်းများကို အချိန်နှင့်အမျှ ဆောင်ရွက်မျက်ခြေပြတ် မခံခဲ့ကြ။

၁၉၉၁ မှစ၍ ကျွန်တော်တို့သည် အမေရိကန် အင်ပါယာအဝန်းအဝိုင်းထဲ နေထိုင်ခဲ့ရပြီး ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ဝင်ရိုးတစ်ခုတည်းကသာ မောင်းနှင်ပါတော့သည်။ ထိုမှစ၍ ကမ္ဘာ့စီးပွားရေး ပိုမိုပွင့်လင်းလာပြီး အလွန်လျင်မြန်သော အရှိန်ကိုလည်း ရရှိခဲ့ပါသည်။ ဤသို့သော ဖြန့်ကျက်မှု၊ ကျယ်ပြန့်လာမှုကပင် နိုင်ငံတကာအခင်းအကျင်းကို မောင်းနှင်မှုတစ်ခု ဖြစ်လာစေခဲ့သည်။

          နိုင်ငံရေးဦးဆောင် စစ်ရေးအဆင့်တွင် ကျွန်တော်တို့သည် ဧကဝင်ရိုး”စူပါပါဝါကမ္ဘာကြီးတွင် ကျန်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း အခြားသော ရှုထောင့် နယ်များဖြစ်ကြသော စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေး မှု စသည်များတွင်မူ ပါဝါသည် ရွေ့လျားနေပြီ ဖြစ်သည်။ အမေရိကန်လွှမ်းမိုးမှု၏ ဝေးရာသို့ ရွေ့လျားနေခြင်း ဖြစ်သည်။ ဤသို့ဆိုခြင်းဖြင့် အမေရိကန်ဆန့်ကျင်မှုသို့ ရွေ့လျားခြင်းဟုကား မဆိုလိုပါ။ သို့သော်လည်း ထိုရွေ့လျားမှု၏ ဦးတည်ရာသည် “အမေရိကန်အလွန်”ခရီးသို့တော့ ဖြစ်ပါသည်။ အမေရိကန်ကမ္ဘာ”၏ ခရီးအလွန်ကို တစ်ဦးတစ်ယောက်သည် နေရာပေါင်းများစွာမှ အဓိပ္ပာယ်ပေါင်းများစွာကို ဖွင့်ဆိုနိုင် ပါသည်။ လူပေါင်းများစွာကလည်း ကွဲပြားစွာ ရှုမြင်နိုင်သည်။