နေဇင်လတ် - သခင်စိတ်ကျွန်စိတ်
လက်တွေ့ကျကျခေါင်းဆောင်မှု
ဆရာအေးကျော် (CEO, MHR, Myanmar Human Resources) ရဲ့အစီအစဉ်နဲ့ နာဂစ်ရန်ပုံငွေအတွက် IBC (International Business Centre) မှာ Seminar တစ်ခုလုပ်ဖြစ်ကြတယ်"Leadership Skills" ဆိုတဲ့ခေါင်းစဥ်အောက် မှာ ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ကျွန်တော် (ဒေါက်တာနေဇင်လတ်) နဲ့ ဆရာဦးအေးကျော်တို့ သုံးယောက် ကိုယ့်ကဏ္ဍ ကိုယ့်ရှုထောင့်က ဆွေးနွေး ဖြစ်ကြတယ်။ လူတစ်ဦးတက်ရောက်ခွင့် ကျပ်လေးသောင်းနဲ့ သိန်းလေးဆယ်ရပြီး နာဂစ်ရန်ပုံငွေကို ထည့်ဝင်နိုင်ပါတယ်၊ အဓိကစီစဉ်သူက ဆရာဦးအေးကျော် ဖြစ်ပါတယ်။
Seminar တက်ရောက်ခွင့်တစ်ဦးကို လေးသောင်းကျပ်ဆိုတာ သည်နေ့အထိ အမြင့်ဆုံးကြေးပါ။ စာရင်းပေးသွင်းသူတွေက သတ်မှတ်လူဦးရေထက် နှစ်ဆကျော်လောက် တောင်းဆိုတာသိရတော့ မြန်မာ့လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် အင်မတန်ကောင်းတဲ့ အလားအလာတစ်ရပ်ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ဆိုတာက မြန်မာပြည်မှာ ဆွေးနွေးပွဲအကြိမ် အရေအတွက် အများဆုံးဆောင်ရွက်ပေးနေသူ/ အထင်ရှားဆုံးလူဖြစ်ပြီး ဆရာ ဦးအေးကျော်ဆိုတာလည်း MHR ကို တစိုက်မတ်မတ် ဆောင်ရွက်ရင်း Human Resource Training gs မှာထင်ရှးသူတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်ကမူလဗိသုကာပညာကိုသင်၊ နောက်အင်ဂျင်နီယာတပ်မှာ အမှုထမ်း၊ အငြိမ်းစားယူပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်၊ ပြီးတော့ စီမံခန့်ခွဲမှုနဲ့ဆောင်းပါးတော်တော်များများ ရေးဖြစ်ခဲ့သူပါ။ "Leaderhip inAction" “လက်တွေ့ကျကျခေါင်းဆောင်မှု”ဆိုတဲ့ခေါင်းစဉ်နဲ့ (၂၄၈-၂၀၀၈) မှာ ပြောဖြစ်ပါတယ်။
“လက်တွေ့ကျကျခေါင်းဆောင်မှု”
ကျွန်တော် အပိုင်း (၃) ပိုင်း ခွဲပြောဖြစ်တယ်၊ သတ်မှတ်တဲ့အချိန် (၃) နာရီမှာ ပြည့်စုံအောင်ပြောနိုင်တဲ့ ခေါင်းစဉ်မျိုးမဟုတ်ပေမဲ့ မမြင့်လွန်း၊ မနိမ့်လွန်း၊ လက်တွေ့ဆန်တဲ့အပိုင်းတွေကို ဇောင်းပေးနိုင်ခဲ့ပါတယ်။ အပိုင်း (၁) Globalization & Leadership
(၂) Power & Leaders
(၃) Comparative to Competitive Advantage
အမေးအဖြေကဏ္ဍ
အမေးအဖြေကဏ္ဍမှာ တော်တော်လေး မေးကြပါတယ်။ MBA သမားတွေ၊ အဆင့်မြင့်စီမံခန့်ခွဲသူတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေပါဝင်ပြီး အခြေခံ တော်တော် ပြည့်ပြီးသူများလို့ သုံးသပ်ရပါတယ်။ မေးခွန်းမြင့်မြင့် မေးတတ်သူတွေကို သဘော ကျလေ့ရှိတဲ့အတွက် ကျွန်တော် ပီတိဖြစ်ရတဲ့ပွဲပါ။
* * *
အပိုင်း (၁)
Globalization
ကမ္ဘာဆန်မှုကို ဘာကြောင့်ထည့်ပြီး ဆွေးနွေးရသလဲဆိုရင် ခေါင်းဆောင် တွေရဲ့ အရည်အသွေးဟာ ကမ္ဘာဆန်မှုကြောင့် နှိုင်းယှဉ်လာနိုင်လို့ပါ။ မိသားစုဝင် ကနေ ကုမ္ပဏီကြီးတွေ အလယ်၊ နိုင်ငံတကာ ခေါင်းဆောင်၊ ဒေသဆိုင်ရာ ခေါင်းဆောင်တွေအထိ၊ ကိုယ့်စကေးနဲ့ ကိုယ်သွားလို့မရတော့ပါဘူး၊ ခေါင်းဆောင်ချင်းတွေ့ တဲ့အခါ စကေးညှိလာရပါပြီ၊ အဲဒါ ကမ္ဘာဆန်မှုဆိုတဲ့ Globalizationရဲ့ကောင်းကျိုး ရလဒ်တစ်ခု ဖြစ်ပါတယ်။