Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - လူတော်လားလူကောင်းလား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
ထားတတ်လျှင်တန်ဖိုး
10th Jan 2004

          “ချင်းလက်ပတ္တမြားရောက်” ဟူသောဆိုရိုးသည် တစ်ချိန်က တောင်ပေါ်သား တို့ ရိုးသားလွန်းသောကြောင့် တန်ဖိုးမသိနိုင်ခြင်းကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ ရိုးဂုဏ်”ကို ဖော်ညွန်းသည်ဖြစ်၍ ဂုဏ်ယူဖွယ်ဖြစ်သော်လည်း၊ ယနေ့ရိုးသားမှုတွင် သံသယရှိပြီး တန်ဖိုးမထားတတ်သူများ အများအပြားတွေ့နိုင်ပြီဖြစ်သည်။ အရာ တိုင်းသည် သူ့တန်ဖိုးနှင့်သူရှိနေသည်ဟု မခံယူပါက မည်မျှ တန်ဖိုးရှိသည့်အရာဖြစ် ပါစေ “လူမိုက်လက်ငမောက်ရောက်”သကဲ့သို့သာ ရှိနေမည်ဖြစ်သည်။ အရာတိုင်း သည် တန်ဖိုးကိုယ်စီရှိသည်မှာ မှန်ပါ၏။ ယူတတ်ထားတတ်ဖို့သာ လိုသည်ဖြစ် သည်။

တန်ဖိုးရှိကြသည်ဟူသော အရာတိုင်းတွင် ပစ္စည်းများသာမက အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ်၊ အသိအမြင်၊ ဉာဏ်ပညာများပါဝင်သည်။ စီးပွားဖြစ်ရန် ငွေကြေးအရင်းအနှီးများများလိုသည်ဟု ညည်းတွားပြီး လမ်းဘေးလက်ဖက်ရည်ဆိုင် တွင် နေ့စဉ်ထိုင်၍ အချိန်ဖြုန်းနေသော လူငယ်ထုအတွက် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး Microsoft နှင့် Bill Gate အကြောင်းဖတ်စေချင်သည်။အရင်းအနှီးမများဘဲ မိမိ၏ ဉာဏ်ပညာနှင့် အတွေ့အကြုံကို ပေါင်းစပ်ကာ ညပေါင်းများစွာ မအိပ်မနေကြိုးစားခဲ့သော ဝီရိယကို တွေ့ရမည်ဖြစ်သည်။ နေရာတိုင်းတွင် အရင်းအနှီး လိုအပ်ပါသည်။ ထိုအရင်းအနှီးသည် ငွေကြေးတစ်မျိုးတည်းမဟုတ်ပါ။ ကမ္ဘာကြီး သည် အပေးအယူဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

          အရင်းအနှီးတွင် ငွေကြေးအရင်းအနှီးသည် တစ်စွန်းတစ်ပိုင်းမျှသာပါနေပြီး ပိုပြီးချမ်းသာကြသူများအတွက် “ပညာ” နှင့် “အသိ” အရင်းအနှီး အဓိကဖြစ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဏ်”၏ ဝန်ဆောင်မှုများ ဖွံ့ဖြိုးမှုလုံလောက်စွာမရှိသေးဘဲ 'ဘဏ် ၏အထောက်အပံ့ကို တခြားတိုးတက်သော နိုင်ငံ တိုင်းတွင် လူတိုင်းရနိုင်ကြပြီ ဖြစ်သည် ။ အလကားပဲတင်း တောင်းသလောက် ရသည်တော့ မဟုတ်ချေ။ Project Proposal တင်ပြသည့်အခါ တာဝန်ရှိသူတို့က မည်မျှ ဖြစ်နိုင်ချေရှိ /မရှိနှင့် မည်မျှတိုးတက်နိုင်ချေရှိ / မရှိကို သုံးသပ်ကြပါသည်။ လက်လုပ်လက်စားမှသည် ပညာအရင်းအနှီး အဓိကလုပ်ငန်းများ ဘဏ်၏ အထောက်အပံ့ရသော ပမာဏမတူကြချေ။

          ပညာအဓိကမကျလျှင်၊ ပညာအရင်အနှီး အဓိကမလိုအပ်လျှင် ယနေ့ကမ္ဘာကို ပညာခေတ်ဟု မည်သူမျှ တင်စားကြမည်မဟုတ်ချေ။ ပညာဟုဆိုသည်နှင့် စာသင် ခန်းထဲကပညာများကို ပါရဂူအထိတတ်ရမှာလားဟု မေးရန်ရှိသည်။ မဟော်သဓာ တို့လက်ထက်က MBA မပေါ်ခဲ့သေးပါ။ Ph.D လည်းမရှိသေးပါ။ အဌာရသ (၁၈) ရပ်ကို အခြေခံသင်ကြားခဲ့ရပါသည်။ ထိုက်သင့်သော စာသင်ခန်းထဲမှ ပညာရပ်များ ကို သင်ကြားခြင်းဖြင့် ဘာသာစုံတို့အပေါ် စေ့ငုမိသော အတွေးအခေါ် အယူအဆ များကို အခြေခံအားဖြင့်ရရှိမည်ဖြစ်သည်။ ပညာတတ်မှတစ်ဆင့် ကူးသော ပညာရှိ တို့ပို၍ တောက်ပြောင်လေ့ရှိကြပါသည်။ Educated ဖြစ်ရန် Graduated ဖြစ်လျှင်ပို၍ “ကိုယ်လုံ”သည်ဟု ကောက်ချက်ချနိုင်မည်ဖြစ်သည်။ ပါရမီရှင် လူတော်များ အခြေခံ အတန်းပညာသင်ကြားခွင့်မရှိဘဲ Educated ဖြစ်လာသူတချို့ရှိသော်လည်း အများစု မှာ လူတော်၊ ပါရမီရှင်များမဟုတ်၍ Graduated ဖြစ်ရန် ဦးစွာ လိုအပ်ပါသည်။ 

          အတန်းပညာမှာပင်လျှင် ခေတ်နောက်ပြန်ဆွဲသော၊ အဆင့်အတန်းမမီသော ပညာကိုသင်ကြားခဲ့ရသူ Graduate များမှာ ပေမမီ ဒေါက်မမီ Graduate များနှင့် ယှဉ်လျှင် သိမ်ငယ်ကြရသည်ကို သတိထားသင့်ကြသည်။ အမေရိကန်တွင် သင်ရိုး များကို နှစ်နှစ်၊ သုံးနှစ်တစ်ကြိမ်ပြောင်းလဲ၍ ခေတ်နှင့်ယှဉ်ကာ သင်ကြားမှု အတတ် ပညာများကိုတိုးမြှင့်နိုင်ခဲ့၍ ထိပ်တန်းကမ္ဘာ့နိုင်ငံဖြစ်သွားသည်မှာ ပညာတန်ဖိုးကို ပြဆိုခြင်းဖြစ်သည်။

          သင်ရိုးညွှန်းတမ်းတွင် မပါဝင်သော ပြင်ပစာပေသည်လည်း ထားတတ်လျှင် တန်ဖိုးကြီး၏။ အပျော်ဖတ်အနေဖြင့် ဖတ်ပြီးပြီးရော” သဘောထားလျှင် “မဖတ်သူ” နှင့် ဘာမှခြားနားမည်မဟုတ်၊ စာစုံတွင်တန်ဖိုးစုံ” ရှိ၏ ။ တချို့စာဖတ်ကြ၏ ။ တချို့ စာဖတ်အားနည်းကြသည်။ စာဖတ်သူများက အသိမကြေညက်ကြ၊ လက်တွေ့ အသုံးမချတတ်ကြ။ များသောအားဖြင့် တိုက်ရိုက်အသုံးချနိုင်မှုနည်းပါး၍ မိမိ အတွေ့အကြုံနှင့် ပေါင်းစပ်ကာ လိမ္မာပါးနပ်စွာ ပြုပြင်ပြောင်းလဲကြရလေ့ရှိသည်။ Compromise လုပ်ခြင်းဖြစ်သည်။ “လျော်ညီစွာဆောင်ရွက်ရမည်”ဆိုသောအသိပင်“သိခြင်း” တစ်မျိုးဖြစ်သည်။ ရှုထောင့်စုံကမစဉ်းစားဘဲ၊ ဖြစ်လာမည် Consequences နောက်တွဲပြဿနာများကို မမျှော်လင့်ဘဲ သီအိုရီနှင့် စာပါအတိုင်း

ဆောင်ရွက်လျှင် အကယ်စင်စစ် အသိနည်း” သူသာဖြစ်ပေလိမ့်မည်။ “တတ်သူ” သာဖြစ်၍ သိသူအဆင့်မဟုတ်ချေ။ တန်ဖိုးတစ်ခုကို ရယူနိုင်သူမဟုတ်ချေ။

          အတွေ့အကြုံသည်လည်းထားတတ်လျှင် တန်ဖိုးကြီး၏ ။ အတွေ့အကြုံရ အောင် လက်တွေ့ လုပ်ကြည့်ခြင်းသည် ကောင်းမွန်သော်လည်း ကျယ်ပြန့်များမြောင် သော အတွေ့အကြုံကို လက်တွေ့သာယူနေရလျှင် ဘဝပေါင်းများစွာ ရင်းနှီးလျှင်ပင် ကုန်နိုင်မည်မဟုတ်၊ အသက်ငါးဆယ်တန်း၏ “ကိုယ်တွေ့ ” အတွေ့ အကြုံများကို အသက် “သုံးဆယ်”က “ကိုယ်တွေ့”ဘယ်တော့မှ ရနိုင်မည်မဟုတ်ချေ။ ကြီးသူတို့၏ ဆုံးမ’စကားမှ ထုတ်နှုတ်မျှော်မှန်း၊ ပြင်ဆင်ခြင်းအားဖြင့် ယူတတ်လျှင် ငယ်ရွယ်စဉ် မှာပင်ရ၏ ။ ယူတတ်ဖို့သာလိုသည်။ ယူတတ်လျှင်တန်ဖိုးဖြစ်၏။ ကြီးသူတို့၏ “အတွေ့အကြုံ ” 'အတွေးအခေါ်”တို့ကို သက်ကြီးစကား သက်ငယ်” ဖြင့် ယူတတ်သူ အတွက် အချိန်ကို မရပ်တန့်နိုင်ဟူသော စကားပုံကို ပညာရှိစွာ ပြုပြင်နိုင်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။ အချိန်ကိုရပ်တန့်နိုင်သည့်ပြင် အချိန်ကိုဆွဲဆန့်နိုင်သူများအဖြစ် စွမ်းရည်တိုးလာပါလိမ့်မည်။

          အတွေးအခေါ်အယူအဆများသည် မိမိတွေ့ကြုံခဲ့ရသော၊ ဖြတ်သန်းခဲ့ရသော ဘဝနှင့်ယှဉ်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားစွာဖြစ်ပေါ်ရရှိလေ့ရှိကြသည်။ တစ်ဖက်စွန်း ကျသူများမှတစ်ပါး လူတိုင်း၏ အသိဉာဏ်တွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သော စွမ်းရည်ထူးရှိနေပြီးဖြစ်သည်။ “ရင့်ကျက်မြင့်မားသော” အတွေးအခေါ် အယူအဆ များကိုလည်း 'ကြီးသူ”များနှင့် ဆွေးနွေးခြင်းဖြင့် ငယ်သူတို့က အချိန်ကုန်ခံပြီး ရှာနေစရာမလို၊ လက်ဆင့်ကမ်း၍စုဆောင်းနိုင်သည်။ လူတိုင်း အသက်ငါးဆယ် ရောက်လျှင် ထိုက်သင့်သော အသိ၊ အတွေး၊ အတွေ့အကြုံများရကြ၏။ ထိုအသက် အရွယ်ရောက်မှရလျှင် ဘာမှထူးခြားမည်မဟုတ်၊ ဆယ်နှစ်စော၍ရသူတစ်ဦးသည် ဆယ်နှစ်စာရှေ့ရောက်သည်ဟု ယူဆနိုင်ပြီး စွမ်းရည်ပိုသူဟု မှတ်ချက်ပေးနိုင်မည်ဖြစ် သည်။ အချိန်တန်ဖိုး၊ အသိတန်ဖိုး” များကို ပြည့်ဝစွာ ရသူတစ်ဦးဟုလည်း ချီးကျူး နိုင်မည်ဖြစ်သည်။

          ပညာနှင့်အတွေ့အကြုံအတွက် ယနေ့လူငယ်များသင်တန်းတက်ကြခြင်းမှာ ကောင်းသောလက္ခဏာဟု ဆိုနိုင်ပါသည်။ အလုပ်လျှောက်ထားရာတွင် သင်တန်း မျိုးစုံတို့မှ Certificates များတင်ပြနိုင်သည်ကို တွေ့ရသော်လည်း လက်တွေ့ပိုင်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာအသုံးမချနိုင်ကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့ရပိုးသာကုန် မောင်ပုံစောင်းမတတ်သကဲ့သို့ဖြစ်နေပြီး ငါးသိုင်းများသော ကြောင့်ဟင်းဟု” နေခြင်းလည်း ဖြစ်ပါသည်။ ငယ်ရွယ်စဉ်တွင် အတွေ့အကြုံ မရှိသေး၍ Specialize ၊ ဘာသာရပ်အလိုက်ကျွမ်းကျင်သင့်ပြီး၊ အတွေ့အကြုံနှင့် အသက်အရွယ်ပေါင်းဖက်ကာ တဖြည်းဖြည်းဦးဆောင်သူ ဖြစ်သည့် အချိန်ကျမှ Generalize ဖြစ်သင့်ကြသည်။ Specialist များသည် တစ်ခုသောလုပ်ငန်းအတွက် သာ တာဝန်ရှိပြီး၊ Expertise ဟူသော ဆိုင်ရာပညာရပ် အသုံးချကျွမ်းကျင်မှု အတွက်သာ တာဝန်ရှိကြရသည်။ ဦးဆောင်သူဖြစ်သည့်အခါ လုပ်ငန်းတစ်ခုလုံးအောင်မြင်နိုင်ရေးအတွက် လုပ်ငန်းခွဲများကို သင့်လျော်သလို ပဲ့ထိန်းရင်း အောင်မြင် ရန် ဆောင်ရွက်ရာတွင် ရှုထောင့်စုံကို အမြင်ရှိရသည့်အပြင် အနာဂတ်အရေးကိုပါ ထည့်သွင်းတွက်ချက်ရသဖြင့် မဖြစ်မနေ Generalization ဘက်သွားရမည် ဖြစ်သည်။

          ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ သတင်းအချက်အလက်များ ကူးလူး ဆက်ဆံ မှုမြန်ဆန်သဖြင့် ကမ္ဘာ့ရွာကြီး ဖြစ်မှန်းမသိဖြစ်လာသော ယနေ့ Globalization တွင် အမြင်သည်လည်းတန်ဖိုးကြီး၏။ အမြင်မရှိသူတစ်ယောက် ယနေ့ အောင်မြင်နေ

သော်လည်း မနက်ဖြန်ဆက်လက်အောင်မြင်မည်ဟု အာမခံချက် မရှိနိုင်ချေ။ Computer များ၏အရေးပါမှု၊ ရုံးတိုင်းကွန်ပျူတာ မလွဲမသွေ အသုံးချရမည့် အခြေအနေကို ကြိုတင်မြင်နိုင်ခဲ့သော Bill Gate သည် စားပွဲတိုင်းပေါ် ကွန်ပျူတာ တစ်လုံးစီရှိရမည်ဟူသော Vision ဖြင့် Microsoft ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ကြိုတင်မြင်နိုင်ခဲ့သော Bill Gate သည် ၎င်း၏အမြင်နှင့်ကြိုးစားမှုကပင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးအဖြစ် အမြင်စူးရှမှု၏ ပေးဆပ်မှုရလဒ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

          အရာရာသည် ‘ထားတတ်လျှင်တန်ဖိုး” ဖြစ်သော်လည်း ကြည့်တတ်ဖို့လိုပေသည်။ ထို့ကြောင့် တစ်ချိန်က စာရေးဆရာ၊ သတင်းစာဆရာကြီးတစ်ဦးက 'ကြည့်သောသူမြင်၏”ဟု ရေးခဲ့ခြင်းဖြစ်သည်။ ကြည့်ကား ကြည့်သော်လည်း မမြင်ကြသူ များ အများအပြားရှိပါသည်။ မျက်စိ၏ပသာဒအနေဖြင့်ကြည့်သူများ တန်ဖိုးအမှန်ကို သိနိုင်မည်မဟုတ်၊ မျက်လုံးမှတစ်ဆင့် အရာရာကိုစေခိုင်းသော ဦးနှောက်သို့ပို့နိုင်ပါမှ တန်ဖိုးအမှန်တို့ ရနိုင်မည်ဖြစ်သည်။ မည်မျှဝီရိယရှိသည်၊ မည်မျှထိရောက်အောင် လုပ်ဆောင်နိုင်သည်ဟူသောလုပ်ရပ်များက ထပ်ဆင့်တန်ဖိုးများကို ပေး၏။ အမြင်မရှိသူများ အနာဂတ် မသေချာသော်လည်း၊ အမြင်ရှိသူများ အနာဂတ်ရှိကြရ လေ့ရှိသည်။ အမြင်ရှိသူများ ကြီးကျယ်စွာ မဖြစ်ထွန်းသည့်တိုင် အခြေအနေမဲ့ မျိုးဖြင့်တော့ ရင်ဆိုင်ရတတ်လေ့မရှိနိုင်။

          ယနေ့ခေတ်သစ်သည် ရှေးရိုးအစဉ်အလာအတိုင်းတွေးခေါ်ပြီး ဘဝ တည် ဆောက်၍မရတော့ချေ။ ဘဝတစ်ခု၏ အရေးကြီးသော ပညာ၊ အမြင်၊ အတွေ့အကြုံ စသော တန်ဖိုးမြင့်များကို အသိဖြင့်ပေါင်းဖက်ကာ စွမ်းအားဖြည့် ထုတ်နှုတ် သုံးစွဲကာမှ တန်ရာကျသောခေတ်ဖြစ်ပေသည်။ တိမ်တိမ်တွေးသူတစ်ယောက်သည် တစ်ရက်နှစ်ရက် ဘာမှမထူးခြားသော်လည်း နက်နက်တွေးခေါ် ဘဝတည်ဆောက် သူများနှင့် နှစ်ဆယ်ဂဏန်းတစ်ခုရောက်လျှင် အဝေးကြီးနောက်မှာ ကျန်ခဲ့မည်ဖြစ် သည်။ အသိအမှန် ပြန်ရသည့်ခဏ ကြိုးစားသော်လည်း ခေတ်၏အခြေအနေကြောင့် ပြန်၍လိုက်မီရန် မဖြစ်နိုင်တော့သည့် ခေတ်မျိုးလည်းဖြစ်သည်။

          တစ်ချိန်က မြန်မာ့သမိုင်းတွင် သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်လည် ရာ၌ အခြေထိရောက်၍ ဆင်းရဲသူမ ထမင်းင့်သည်ကိုတွေ့ရာ ထိုဖြစ်ရပ်ကို မင်းတရားကြီးတန်ဖိုးထားခဲ့၏။ အချည်းအနှီးမဲ့ ထမင်းရည် မြေထဲဝင်သည်ထက် “ဝက်”ကျွေးလျှင် မထိရောက်ဖူးလားဟူသော အဆုံးအမသည် ဆင်းရဲသူတို့အပေါ် အမြင်လည်းဖွင့်ပေးရာ ရောက်ခဲ့သည်။ သာမန်ဖြစ်ရပ်ကိုပင် မင်းတရားကြီးတန်ဖိုး ထားခဲ့၍ ပြည်သူတို့ကို စနစ်တကျသုံးစွဲတတ်ရန် သွန်သင်နိုင်ခဲ့ခြင်းသည် တိုင်းပြည် စည်ပင်စေခဲ့သော အကြောင်းထဲမှတစ်ရပ်ဖြစ်ခဲ့ပေသည်။ နေနိုင်သော “မင်း”ပင်လျှင် အကြောင်းခြင်းရာတို့အပေါ် တန်ဖိုးထားနိုင်ခဲ့သေးလျှင် ကိုယ့်ဘဝကိုယ် ပဲ့ကိုင် နေကြရသော ယနေ့သာမန်လူတို့ အရာရာကို တန်ဖိုးထားသင့်ကြသည်။ Seminar တစ်ခုတွင် ချမ်းသာသောသူများ ပိုအလုပ်လုပ်ကြသည်ဟု ဆွေးနွေးဖူး၏။ အလုပ် အပေါ်၊ အလုပ်လုပ်ခြင်းအပေါ် ပို၍တန်ဖိုးထားခြင်းဟု နားလည်နိုင်မည်ဖြစ်သည်။

          တစ်ချိန်က မိဖုရားတစ်ပါးသည် “ပေါင်တို” ကိုမြင်သည့်တစ်ခဏ နှစ်သက်၍ နန်းတော်မှဆင်းကာ အိမ်ထောင်ပြု၍ “ပေါင်တိုမယား” ဖြစ်ခဲ့ဖူးသည်။ မိဖုရားသည် ပြောင်းလဲမှုမရှိ၊ မင်းနှင့်ညား၍ မိဖုရားတန်ဖိုးမှ ပေါင်တိုမယား’ တန်ဖိုးသို့ တန်ဖိုးသာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ထင်ရှားရန် ဥပမာပေးခြင်းသာဖြစ်၍ အရာရာတိုင်းတွင် သူ့တန်ဖိုးရှိကြသော်လည်း ခံယူသူ ၊ ဆက်ခံသူတို့အပေါ်မူတည်၍ တန်ဖိုးခြားနား သွားနိုင်ခြင်းကိုသာ ထင်ရှားစေလိုခြင်း ဖြစ်ပါသည်။ တန်ဖိုးကို ထားတတ်ရန်သာ လို၍ တန်ဖိုးအမှန်ကို အကဲဖြတ်ကြည့်တတ်ရန်သာ လိုပေသည်။