Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - ရွေးကောက်ပွဲများနှင့်နိုင်ငံရေးအသိအမြင်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
နိုင်ငံတော်၊ နိုင်ငံသားနှင့် အစိုးရ
19th November 2009

          A state is a government structure, usually sovereign and powerful enough to enforce its writ.

          နိုင်ငံဆိုသည်မှာ အစိုးရအဖွဲ့ တစ်ခု၏ ဖွဲ့စည်းထားမှုနှင့် အချုပ်အခြာ အာဏာတည်ရှိကာ လိုက်နာဆောင်ရွက်ရန် အမိန့်စာတို့ကို ဥပဒေဖြင့် လိုက်နာစေ သည်။ နိုင်ငံတစ်ခုဟု သတ်မှတ်ရန် အရည်အချင်း (၄) ပါးနှင့် ညီညွတ်ရသည်။

 

(၁)အစိုးရတစ်ရပ်ရှိခြင်း (Government)

(၂) သတ်မှတ်နယ်မြေတစ်ခုရှိခြင်း  (Territory) 

(၃)လူဦးရေ  (Population) 

(၄)အချုပ်အခြာအာဏာတစ်ရပ်ရှိခြင်း   (Sovereignty)

 

          ဤတွင် “နိုင်ငံ” ဟူသည်ကို တချို့က “State? ၊ တချို့က “Nation” ဟု သုံးနှုန်းကြသည်။ အမှန်အားဖြင့် “Nation” အဆင့် ဖွံ့ဖြိုးတိုးတက်လာသောအခါ “State” ဟူ၍ ဖြစ်လာသည်။ (Nations must have developed before states.) ။ အာဖရိကမှ “Zulus” များသည် “Tribe? ဟူသော မျိုးနွယ်စု အဆင့်မဟုတ်ဘဲ “Nation” ဟူသော လူမျိုးစုကြီး ဖြစ်သည်။ လွန်ခဲ့သော ရာစု နှစ်ခုက ရက်စက်ကြမ်းကြုတ်သော စစ်သူရဲများဖြစ်သည့် “Shaka” စသော လူမျိုးစုများမှ ဆင်းသက်လာပြီး ယခုအခါ Zulu လူမျိုးအဖြစ်သာ အားလုံး ခံယူထားကြသည်။ ထို့နောက်မှ ဇူးလူးတို့၏ နိုင်ငံဖြစ်လာသည်။

          အမေရိကန်ပြည်ထောင်စုသည် ကိုလိုနီ (၁၃) ခုကို စုစည်း၍ ဖွဲ့စည်း ထားသည်။ ရွှေ့ပြောင်းလာကြသူများ၊ မတူညီသော ယဉ်ကျေးမှု၊ ဘာသာစကား များ ကွဲပြားသော်လည်း ပြည်နယ် (၅၀)အဖြစ် သတ်မှတ်ကာ အမေရိကန်နိုင်ငံ ဟူ၍ ဖန်တီးဖြစ်ပေါ်လာသည်။

          အရပ်စကားအားဖြင့် နိုင်ငံ (Country) ဟု အသုံးအနှုန်းများသည်။ Nation ဟူသော အသုံးအနှုန်းသည် ရာစုနှစ်များစွာကပင် ပေါ်ပေါက်ခဲ့သော် လည်း ထိုစဉ်က “နိုင်ငံ”ဟူသော ယခု အသိ၊ နားလည်မှုမျိုးဖြင့် မဟုတ်ခဲ့ချေ။ နေရာဒေသတစ်ခုအတွင်း နေထိုင်ကြသော လူစု၊ အဖွဲ့များက သူတို့ကိုယ်သူတို့ “Nations” ဟု ခေါ်ဝေါ်ခဲ့ကြပြီး လူမျိုးစုများဟူသော အဓိပ္ပာယ်မျိုး သက်ရောက် ခဲ့သည်။ လက်တင်တို့၏အဓိပ္ပာယ်အရ “မွေးဖွားခြင်း” “မွေးရပ်” ဟု အဓိပ္ပာယ် ရပြန်သည်။ ဓလေ့ထုံးစံတစ်ခုကို လူမျိုးစုများစွာက မျှဝေကျင့်သုံးခြင်းဟူသော အယူအဆလည်း ရှိပြန်သည်။

         (၁၇) ရာစုမှစ၍ ယနေ့ နားလည်ကြသော အဓိပ္ပာယ်မျိုးသို့ စတင် ကူးပြောင်းလာခဲ့ပါသည်။ Nation-State ဟူသည် လူထု (Nation) နှင့်အစိုးရဖွဲ့စည်းမှု (State) တို့၏ အစုအပေါင်းဖြစ်ပြီးအတိုအားဖြင့် Nation ဟူသော လူတိုင်းနားလည်သည့် နိုင်ငံအဖြစ် နှောင်းလူတို့ အသုံးပြုလာကြ၏။

 

 

 

နိုင်ငံသား

         

           နိုင်ငံတစ်ခုအတွင်း မှီတင်းနေထိုင်ကြသူများဟု ယေဘုယျ နားလည်နိုင် သည်။ ထိုနိုင်ငံ၏ အသိအမှတ်ပြုမှုရရှိရန် လိုသည်။ လက်တင်ဘာသာမှ ဆင်းသက်လာပြီး ဦးစွာ မြို့ပြ (City) တွင်း နေထိုင်သူကို “Citizen” ဟူသော နိုင်ငံသားအဖြစ် ဆိုလိုသည်။ (၁၇၈၉) ပြင်သစ်တော်လှန်ရေးအပြီးတွင် အယူအဆ အနည်းငယ် ပြောင်းလဲလာပြီး ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ဒေသလက္ခဏာများ ပါဝင်သော အယူအဆသည် နိုင်ငံသားဟူသော အဓိပ္ပာယ်ကို ပို၍ လေးနက်လာစေ သည်။ ဤအယူအဆက အခြားနိုင်ငံနှင့် ကမ္ဘာသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံတစ်ခုအတွင်း နေထိုင်သောသူ သို့မဟုတ် ပြင်ပတွင် နေ ထိုင်သော်လည်း ထိုနိုင်ငံက အသိအမှတ်ပြုသူကို နိုင်ငံသားဟု သတ်မှတ်သည်။

          နိုင်ငံရေးပညာရှင်များက နိုင်ငံသားများအနေဖြင့် အောက်ပါအချက် (၉) ချက်ကို အခြေခံအားဖြင့် ရရှိသင့်သည်ဟု တညီတညွတ်တည်း သဘောတူသည်။

ရွေးကောက်ပွဲများနှင့်နိုင်ငံရေးအသိအမြင် 

(၁)      အဖွဲ့ အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်း၊ ပါဝင်ခွင့်

          Freedom to form and join organizations 

(၂)      လွတ်လပ်စွာထုတ်ဖော်ခွင့် 

          Freedom of expression 

(၃)     ဆန္ဒမဲပေးပိုင်ခွင့် 

          Freedom to vote 

(၄)     အများဆိုင်ရာ ရုံး၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံနိုင်ခွင့် 

          Eligibility for public offices

(၅)     ထောက်ခံမှုတစ်ရပ်အတွက် နိုင်ငံရေးခေါင်းဆောင်များ ယှဉ်ပြိုင်နိုင်ခွင့် 

          Right of political leaders to compete for supports 

(၆)     ဆန္ဒမဲအတွက် နိုင်ငံရေးခေါင်းဆောင်များ ယှဉ်ပြိုင်နိုင်ခွင့် 

          Right of political leadersto compete for votes 

(၇)     သတင်းအချက်အလက်များအတွက် အခြားအရင်းအမြစ်များ 

          Alternative sources of information 

(၈)     လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲ 

          Free and fair elections 

(၉)     မဲဆန္ဒနှင့် ပြည်သူ့ဆန္ဒပေါ်အခြေခံသော အစိုးရ၏ မူဝါဒများချမှတ်နိုင်ရန် ဥပဒေများ၊ 

          Insittutions for making government policies depend on votes and other expressions of prefercences.

 

နိုင်ငံတော်တည်ဆောက်ခြင်း

          နိုင်ငံတော်တစ်ခုကို တည်ဆောက်ရာတွင် လူမှုသိပ္ပံပညာရှင်များက အဆင့် (၅)ဆင့် လိုအပ်သည်ဟု ဆို၏။

 

(၁) စရိုက်လက္ခဏာ

          နိုင်ငံတစ်နိုင်ငံ၏ စရိုက်လက္ခဏာ (Identity) သည် နိုင်ငံတစ်ခု တည် ဆောက်ရာတွင် ဦးစွာတွေ့ရမည့်အရေး ဖြစ်သည်။ ထိုနိုင်ငံတွင်း ယခင်က နေထိုင် ကြသော လူမျိုးများကို ကိုယ်စားပြုသင့်သည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် အကျပ်အတည်းများ ရှိလာနိုင်သည်။ ဆိုဗီယက်ပြည်ထောင်စုကြီးခေတ်ကာလကစတာလင်၊ လီနင်တို့၏ နိုင်ငံရေးသြဇာကြီးမားမှုကြောင့် နိုင်ငံ၏ စရိုက်လက္ခဏာ (Identity) ထက် ကွန်မြူနစ်စနစ်၏သြဇာက ကြီးစိုးနေသည်။ ကွန်မြူနစ် တန်ခိုး သြဇာ လက်သီးဆုပ်သည်နှင့် ဆိုဗီယက်ပြည်ထောင်စုတွင်း ပါဝင်သော နိုင်ငံ ငယ်များမှာ သူတို့ကို ကိုယ်စားမပြုဟူသောပေါက်ကွဲမှုဖြင့် ခွဲထွက်ခဲ့ကြသည်။

          ဗြိတိသျှအင်ပါယာတွင်းမှ အမေရိကန်တို့ ခွဲထွက်ခဲ့ကြရခြင်းမှာလည်း ဤသို့သော ခံစားချက်ကြောင့် ဖြစ်သည်။ နိုင်ငံတွင်း နေထိုင်ကြသော လူမျိုးများကို သာတူညီမျှရှိစေခြင်းသည် ထိုနိုင်ငံ၏ သွင်ပြင်လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

          ပို၍ထင်ရှားသော သာဓကတစ်ခုမှာ ယူဂိုဆလားဗီးယား ဖြစ်သည်။ ထို နိုင်ငံတွင်း နေထိုင်ကြသော ဆော့ဗ်၊ ခရိုအက်၊ ဆလိုဗင်၊ ဘော့စနီးယားစသည်တို့ကို ကိုယ်စားမပြုခဲ့။ နိုင်ငံရေးမငြိမ်မသက်မှု၊ ခွဲထွက်မှုများကို ရင်ဆိုင်ရသည်။ ဤ သည်ကို “Identity Crisis” ဟုဆိုသည်။

 

(၂)      တရားဝင်မှု 

 

          Legitimacy ဖြစ်သည်။ ဥပဒေအရ တရားဝင်မှု ပါဝင်သကဲ့သို့ ထိုနိုင်ငံ တွင်း နေထိုင်ကြသော ပြည်သူအများစု၏ လက်ခံနိုင်မှုလည်း ဖြစ်သည်။ အစိုးရ တစ်ရပ်သည် နိုင်ငံသားတို့၏ လေးစားမှု၊ လိုက်ပါဆောင်ရွက်မှုတို့ကို ရရှိရန်ကောင်းစွာ ပျိုးထောင်နိုင်ရမည် ဖြစ်သည်။ အစိုးရက ချမှတ်ကျင့်သုံးသော ဥပဒေ တို့သည် မှန်ကန်သည်၊ အများက လိုက်နာကျင့်သုံးနိုင်သည်ဟု ပြည်သူများက ယုံကြည်ရမည်။ တရားဝင်မှု၊ အများ၏လက်ခံနိုင်မှုမရှိလျှင် နိုင်ငံမရှိဟု ဆို၏။ (No legitimacy means no nation.)

 

(၃)      ပျံ့နှံ့၊ တစ်ပြေးညီ

 

          နိုင်ငံတစ်ခု၏ စရိုက်လက္ခဏာ၊ တရားဝင်မှုတို့နှင့် ဆက်စပ်ပြီး အစိုးရ တစ်ရပ်သည် ပြည်သူအများစုအပေါ် သာတူညီမျှမှု ရှိရမည်။ ဥပဒေတစ်ရပ်ကို လိုက်နာကျင့်သုံးရာ၌ ယဉ်ကျေးမှု၊ ဒေသကွာခြားသည်မှလွဲ၍ အားလုံး တူညီသင့် သည်။ ဥပမာအားဖြင့် နိုင်ငံတစ်ခုတွင်းရှိ ဒေသများကွဲပြား၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေကာမူ ပြည်သူအားလုံး အခွန်ထမ်းဆောင်ရသည့်ပုံစံမျိုး၊ နိုင်ငံတော် ပြဋ္ဌာန်း သည့် ရုံးပိတ်ရက်များကိုလည်း ဒေသအားလုံးမှ ခံစားစေသည်။

          အစိုးရများသည် မြို့တော်များတွင် ဦးစွာ ဥပဒေကျင့်ထုံးများကို ချမှတ် လိုက်နာ စေသည်။ ထို့နောက် တဖြည်းဖြည်း ချဲ့ထွင်၍ အခြားမြို့၊ ရွာ၊ ဒေသများကိုပါ အကျိုးသက်ရောက်စေ၏။ ဤသည်ကို Penetration ဟု ခေါ်သည်။ ဥပဒေတစ်ရပ်ကို နက်ရှိုင်းစွာ မလိုက်နာစေနိုင်မှု (Lack of Penetration) ဆိုသည်မှာ အချို့ အစိုးရများသည် ဥပဒေကို စာအုပ်ထဲတွင်သာ ရေးသားကြပြီး လက်တွေ့တွင် ပြည့်ဝစွာ မလိုက်နာခြင်း၊ ခြွင်းချက်များထားခြင်း ဖြစ်သည်။

 

(၄)     ပါဝင်ခြင်း

          

          Participation ဟုဆိုသည်။ ပြည်သူများသည် အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်ဟူသော အသိရှိရန်ဖြစ်သကဲ့သို့ ၊ အစိုးရအပေါ် တွင်လည်း တောင်းဆိုခွင့်၊ ပြောဆိုခွင့်ရှိခြင်း ဖြစ်သည်။ အချို့သော နိုင်ငံများဝင်များ အခွန်ကင်းလွတ်နေခြင်းမျိုးသည် အားလုံး ပါဝင်မှုမရှိ” ခြင်းကို ပြသရာ

ရောက်သည်။ အသက်ပြည့်သူအားလုံး စစ်မှုထမ်းရခြင်း၊ ဆန္ဒမဲပေးခွင့်ရှိခြင်း စသည်တို့ကို အားလုံး သီးခြားကင်းလွတ်ခွင့်မရှိဘဲ ပါဝင်ဆောင်ရွက်ရခြင်းမျိုး ဖြစ်သည်။

          လူဖြူလူနည်းစုအုပ်စိုးသော အာဖရိကနိုင်ငံတချို့တွင် အခွင့်အရေးရရှိမှုနှင့် ဥပဒေသက်ရောက်မှုများ တူညီမှုမရှိကြချေ။ ဤသည်ကို “ParticipationCrisis? ဟုဆိုသည်။ ဤအကျပ်အတည်းမျိုးကို မှန်မှန်ဖြည်းဖြည်းချင်း ဆောင်ရွက်ရ သည်။ (၁၉) ရာစုတွင် ပြန်လည်ပြုပြင်ရေး ဥပဒေများကို (Reform Acts) တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန် ဆောင်ရွက်နိုင်ခဲ့သည်။

          ရွေးကောက်ပွဲများ၊ မဲဆန္ဒပေးပိုင်ခွင့်နှင့်ပတ်သက်၍ ဗြိတိသျှတို့ထက် စပိန် လူမျိုးတို့က များစွာ ရှေ့တန်းရောက်ခဲ့ဖူးသည်။ သို့ သော်လည်း ရွေးကောက်ပွဲ ရလဒ်များကို ဒေသဆိုင်ရာ အကြီးအမှူးများက ထိန်းချုပ်ထားခဲ့ကြ၏။ ဤသို့ဖြင့် အားလုံး ညီမျှစွာပါဝင်မှုကို စပိန်တို့ မရခဲ့ကြတော့။

 

(၅)      ဖြန့်ဝေခြင်း

          

          ဘယ်သူ ဘာရသလဲ? ဟူသော (Who gets what) ပေါ် အခြေခံ သည်။ Crisis of Distribution ကို ပုံသေဖြေရှင်း၍ မရချေ။ ရွေးကောက်ပွဲများ တွင် နိုင်ငံသားတို့ ညီမျှစွာ ပါဝင်မဲပေးခဲ့ကြသော်လည်း အရွေးချယ်ခံတို့ အာဏာ ရလာသောအခါ ညီမျှသော အခွင့်အရေးများကို နိုင်ငံသားတိုင်းအား မပေးကြချေ။ ညီမျှစွာ ဖြန့်ဝေခြင်း မဟုတ်ဟု ဆိုသည်။ ဗြိတိန်မှ လေဘာပါတီ၊ နော်ဝေ၊ ဆွီဒင်နှင့်