Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နေဇင်လတ် - ပညာမတတ်သောပညာရှိပညာမရှိသောပညာတတ်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အတိတ်သမိုင်းနှင့် အနာဂတ်ရနံ့သစ်

 

          ကျောက်ခေတ်က လူတို့အသိသည် ယနေ့ကလေးငယ်များ၏ ဉာဏ်ရည်မျှ ကိုပင် မမီသေး၊ ပညာရှင်တို့က လူသားတို့၏ အသိအဆင့်ကို ကာလဖြင့် ၃ ပိုင်း ခွဲခြားထားသည်။ BC ၆ ရာစုမတိုင်မီ လူတို့၏ အသိအဆင့်ကို ရင့်ကျက်မှု မရှိသေးသောခေတ်နှင့် BC ၆ ရာစုကို ဝိဇာရှုထောင့်၊ စရဏရှုထောင့်မှ အသိ ပေါက်ကွဲသောခေတ်၊ ယနေ့ လူသားများ ပိုင်ဆိုင်သော ဉာဏ်ရည်ဉာဏ်သွေးကို စတင်ရရှိသောခေတ်ဟု သတ်မှတ်သည်။ ၂၀ ရာစုကို သိပ္ပံအသိပေါက်ကွဲသော Age of Knowledge ပညာခေတ်ဟု တင်စားကြသည်။ BC ၆ ရာစုတွင် အတွေးအခေါ်ပညာရှင်ကြီးများ ထူးခြားစွာပေါ်ထွက်လာပြီး အထူးသဖြင့် အရှေ့ တိုင်းတွင် ထိုပညာရှိကြီးများကို တိုင်းပြည်အုပ်ချုပ်သော မင်းများက အထူး အလေးပေးခဲ့သည်။

          တရုတ်ပြည်၌ Lau Tzu နှင့် Confucius ၊ ဂရိ၌ Permerides နှင့် Empedocies၊ ပါးရှင်း၌ Zarathustra၊ အိန္ဒိယ၌ မဟာဝီရနှင့် ဗုဒ္ဓတို့သည် သိမ့်သိမ့်တုန် ထင်ရှားသော ပညာရှိကြီးများဖြစ်ကြပြီး ၎င်းတို့ထဲမှ ဗုဒ္ဓသည် ဉာဏ် ပညာအရာ၌ အတုမရှိသော ဘုရားတစ်ဆူဖြစ်ခဲ့သည်။ လောင်ဇူးနှင့် ကွန်ဖြူးရှပ်(စ်) တို့၏ အယူအဆများမှာ အလွန်တရာဩဇာကြီးမားပြီး ယနေ့ကမ္ဘာကို တစ်စိတ် တစ်ပိုင်း လွှမ်းမိုးထားဆဲဖြစ်သည်။ ရုပ်ဝတ္ထု ထက် စိတ်ပိုင်းဆိုင်ရာ အလေးပေး ဝိဇ္ဇာပညာရပ် အသိပေါက်ကွဲခဲ့သောခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ ခန့်က ဖြစ်၏။

         သိပ္ပံအသိကိုအခြေခံပြီး သမိုင်းပညာရှင်များက ခေတ် ၄ ခေတ် ခွဲခြားပြန် သည်။

          ခရစ်နှစ် ၄၇၆ မတိုင်မီကို ရှေးဟောင်းခေတ်၊ 

          ၄၇၆ - ၁၄၅၃ ကို အလယ်ခေတ်၊ 

          ၁၄၅၃ - ၁၉၈ဝ (ခန့်)ကို မျက်မှောက်ခေတ် (ထိုစဉ်က)၊ 

          ၁၉၈၀ - နောက် ကို သိပ္ပံဆိုင်ရာ အသိပေါက်ကွဲသောခေတ် ဟူ၍ဖြစ်သည်။

 

           BC ၆ ရာစုသည် ဝိဇ္ဇာပညာအသိပေါက်ကွဲခဲ့သောခေတ်ဖြစ်ပြီး ယနေ့ ၂၁ ရာစုသည် သိပ္ပံအသိပေါက်ကွဲသောခေတ်ဖြစ်သည်။

 

တန်ဖိုး

 

          Quality of Life သည်လက်လှမ်းမီသူတို့ရလိုသောတောင့်တမှုတတစ်ခု ဖြစ်သည်။ အရည်အသွေးဟုအကြမ်းဖျင်း General Sense အရ သိနိုင်မည်ဖြစ်ပြီး ဝိဇ္ဇာပညာထွန်းကားသောခေတ်က စိတ်ပိုင်းဆိုင်ရာအရည်အသွေးကို ရှာဖွေ ခဲ့ကြပြီးဖြစ်သည်။ ဆွန်ဇူး၊ လောင်ဇူး၊ ကွန်ဖြူးရှပ်(စ်)စသော တရုတ်ပညာရှိများက ဘဝတစ်ခု၏တန်ဖိုးရရှိရန် စိတ်ပိုင်းဆိုင်ရာအရည်အသွေးမြင့်မားဖို့လိုကြောင်း လူနှင့်ပတ်ဝန်းကျင်တို့၏ Interactive ဖြစ်ပုံကို အညမညသဘောများဖြင့် အတွေးအခေါ်တစ်ရပ် ထူထောင်ခဲ့ကြသည်။ ဘုရင်တစ်ပါးဖြစ်သော မဟာဝီရနှင့် သာကီဝင်မင်းမျိုး ဗုဒ္ဓတို့က ပို၍နက်နဲသော ဒဿနဖြင့် ဘဝဖြစ်ရခြင်း၏ အကြောင်း ရင်းနှင့် သံသရာမှလွတ်မြောက်ရာ လွတ်မြောက်ကြောင်းတို့ကို ရှာဖွေခဲ့ကြသူများ ဖြစ်သည်။ ဗုဒ္ဓတစ်ဦးတည်းသာလျှင် အဆုံးစွန်သောပညာကိုရရှိပြီး သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးဖြင့် သံသရာမှ လွတ်မြောက်ရာလမ်းကို တွေ့ ရှိပြီး Quality of Life အပြည့်အဝရရှိရန် နေထိုင်ကျင့်ကြံနည်းများကို ဝါဒတစ်ရပ်ထူထောင်နိုင်သည်အထိ ဩဇာကြီးခဲ့ပါသည်။ ဗုဒ္ဓ၏ လွန်ခဲ့သော နှစ်ပေါင်း ၂၆ဝဝ ခန့်က အဆုံးအမ လမ်းကြောင်းနှင့်ကျင့်စဉ်၊ ဘဝတစ်ခုအပေါ် အမြင်ဒဿနများသည် အံ့မခန်း ထူးကဲလှပြီး ယနေ့ အသိပညာပေါက်ကွဲနေပါသည်ဆိုသော သိပ္ပံခေတ်၏ အတတ် ပညာရှင်၊ အသိပညာရှင်များပင် လိုက်မမီကြသေးပါ။ Quality of Life အမှန်ရ ရန်နှင့် တန်ဖိုးမြင့်ရန် မဂ္ဂင်ရှစ်ပါးကို အခြေခံအုတ်မြစ်ချပေးခဲ့ပါသည်။ ပညာ ဦးစီးသောအမြင်မှန်၊ အကြံမှန်ရန်လည်းကောင်း၊ သီလဦးစီးသော အပြောမှန်၊အလုပ်မှန်၊ အသက်မွေးမှန်ရန်လည်းကောင်း၊ သမာဓိဦးစီးသော ဝီရိယမှန်၊ သတိ မှန်၊ သမာဓိမှန်ရန် လည်းကောင်း ဘဝတစ်ခု၏အမြင့်ဆုံးတန်ဖိုးကို ရရှိရန် မဟာအလင်းရောင်ကို ထွန်းညှိခဲ့ပါသည်။

          ယနေ့ပညာခေတ်ဟု အော်နေကြသောကမ္ဘာကြီးတွင် ဗုဒ္ဓလက်ထက် ကတည်းက မည်မျှပညာအခြေခံခဲ့သည်ကို အဂ္ဂသာဝကနှင့် မဟာသာဝကတို့၏ နေရာပေးပုံကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ ပဉ္စဝဂ္ဂီဝင်အရ ရှင်ကောဏ္ဍည သည် သာသနာတော်တွင် အစောဆုံးရဟန်းဖြစ်သော်လည်း ရဟန်းသက် ၁၅ ရက်မျှသာရသေးသော ပညာအရာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာကို အဂ္ဂသာဝက ပေးခြင်း၊ တန်ခိုးအရာတွင် ဧတဒဂ်ရ ရှင်မောဂ္ဂလန်ကို မဟာသာဝကပေးခြင်းဖြင့် သိသာစေပါသည်။ ရဟန္တာများဖြစ်ကြ၍ အကျင့်သီလမြင့်မြတ်ပုံ တူကြသော် လည်း ဉာဏ်အရာကြီးသူကို တန်ခိုးအရာကြီးသူထက် ဦးစားပေးသည့်သဘော ဖြစ်သည်။ ယနေ့ လူတော်လူကောင်းနှင့် လူကောင်းလူတော်တို့ အတုယူနိုင် ဖွယ်ရာရှိသည်။

          အမြင့်ဆုံးတန်ဖိုးတစ်ခုရနိုင်စေရန် ဗုဒ္ဓက အရည်အချင်း ၄ ပါးနှင့် ပြည့်စုံရ မည်ဖြစ်ကြောင်း ဟောကြားခဲ့သည်။      

          (၁) အချိန်အခါနှင့်ပြည့်စုံမှု(ကာလသမ္ပတ္တိ) 

          (၂) ဒေသ၏ပြည့်စုံမှု (ဂတိသမ္ပတ္တိ) 

          (၃) ပင်ကိုအရည်အသွေးပြည့်စုံမှု (ဥပဓိသမ္ပတ္တိ) 

          (၄) ဆောင်ရွက်ပုံထိရောက်မှု  (ပယောဂသမ္ပတ္တိ)

          ထမင်းတစ်ပန်းကန်၏တန်ဖိုးသည် သူ့အနေဖြင့်သာရှိပြီး ဆာချိန်၌ တန်ဖိုး မြင့်၍ မဆာချိန်၌ ပကတိတန်ဖိုးမျှသာ ရှိခြင်းသည် အချိန်အခါ၏တန်ဖိုးကို ညွှန်းပါသည်။

           ပင်ကိုအရည်အသွေးပြည့်စုံရန် စိတ်ပိုင်းဆိုင်ရာအရည်အချင်းနှင့် ရုပ်ပိုင်း ဆိုင်ရာအရည်အချင်းများ ပြည့်ဝစွာရှိရန်လိုသည်။

           ဆောင်ရွက်ပုံထိရောက်မှုတွင် အဂ္ဂဗျူဟာ၊ မဟာဗျူဟာနှင့် နည်းဗျူဟာ များအချင်းချင်း လိုက်လျောညီထွေမှုဖြင့် သဟဇာတဖြစ်ရန် လိုအပ်ပေသည်။

ပြောင်းလွယ်ပြင်လွယ်ခြင်းသည် လုပ်နည်းထိန်းညှိခြင်းသာဖြစ်၍ ရည်ရွယ်ချက် မှဖယ်ခွါခြင်းမဟုတ်ပေ။ ယခုခေတ် Grand Strategy, Strategy, Tactic တို့နှင့် သဘောတရားတူ၏။

           Value of Life သည် Quality of Life ရှိမှဖြစ်သည်။ Quality ofLife ရရန် ပုဂ္ဂလိကအရည်အချင်းများဖြစ်သော All and Qualification ဖြစ်ရန်လိုသည်။ Quality of Life ကို မိမိကိုယ်တိုင်ကသာ သိရှိနိုင်ပြီး ကျေနပ်မှု၊ မကျေနပ်မှုကို ကာယကံရှင်က ဆုံးဖြတ်နိုင်သော်လည်း Value of Life ကိုမူ ပတ်ဝန်းကျင်က အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

           ကျောက်တစ်လုံးဈေးကောင်းရရန် ကျောက်အရည်အသွေးနှင့် အပြစ်အနာ အဆာ ကင်းရမည်ဖြစ်သည်။ အရည်အသွေးကောင်းခြင်း (Qualified) ဖြစ်ခြင်း နှင့် အပြစ်ကင်းခြင်း (Flawless) ဖြစ်ပါမှ ထို ကျောက်၏တန်ဖိုး (Value) ကို ရမည်ဖြစ်သည်။

 

အသိပညာ

           

           ယနေ့ တွင်တွင်သုံးနေသော “ပညာ”ဟူသောဝေါဟာရကို ဗုဒ္ဓက “ပညာ အစစ်” ရနိုင်ရန် မှန်ကန်သောအသိရရာပမာဏများဖြင့် ခွဲခြမ်းစိတ်ဖြာပေးခဲ့၏။ အတတ်ကို အခြေခံသောပညာထက် အသိကိုအခြေခံသောပညာကို အလေး ထားခဲ့ကြောင်း သိသာနိုင်သည်။ ထိုစဉ်ကပင် Intellectual Quotient ခေါ် I.Q နှင့် E.Q ခေါ် Emotional Quotient တို၏တန်ဖိုးကို ဗုဒ္ဓက ထင်ရှားစွာ ခွဲခြားပေးခဲ့ပြီးဖြစ်သည်။

          (၁) ကိုယ်တွေ့သိနည်း (ပစ္စက္ခတ်ပမာဏ) 

          (၂) အဆင်အခြင်သိနည်း (အနုမာဏပမာဏ) 

          (၃) နှိုင်းယှဉ်သိနည်း (ဥပမာနပမာဏ) 

          (၄) စာပေသိနည်း (သပမာဏ) 

          (၅) ချင့်ချိန်သိနည်း (အတ္တာပတ္တိပမာဏ) 

          (၆) အာရုံပြုသိနည်း (အနုပလန္ဒိပမာဏ) 

          (၇) အလားတူအားဖြင့်သိနည်း (သမ္ဘဝပမာဏ) 

          (၈) ထုံးဓလေ့အစဉ်အလာအားဖြင့်သိနည်း (ဧတိတျပမာဏ) 

          (၉) မျက်မှောက်ပြုသိနည်း (သစ္ဆိကရဏပမာဏ)

          အသိချွတ်ခြုံမကျစေရန် မယုံကြည်ရာ ၁၀ ပါးဖြင့် ယနေ့တိုင် ကျော် ကြားသော ကာလာမသုတ်ဖြင့် ဗုဒ္ဓက ထိန်းကွပ်ပေးခဲ့ပြန်သည်။ သဒ္ဒါအားများ၍ ပညာအားနည်းမှုကို Balance လုပ်ပေးခြင်းဖြစ်၏။

          ယနေ့ခေတ်တွင် 

          Basic Education ဟူသောအခြေခံပညာရေး Higher Education

ဟူသော အထက်တန်းပညာရေး၊ Vocational Education ဟူသော သက်မွေး ဝမ်းကျောင်းပညာရေးနှင့်၊ Non-Formal Education ဟူသော ပြင်ပ ပညာ ရေးဟု ပညာဆည်းပူးရာ ပမာဏ ၄ မျိုးကို ခွဲခြားထားသည်။ ၁၉၅၇ ခုနှစ်တွင် အမေရိကန်အပါအဝင် ဥရောပနိုင်ငံများမှာ First Educational Shock ရခဲ့ပေသည်။ ဆိုဗီယက်က ထိုနှစ်တွင်လူပါသောအာကာသယာဉ် လွှတ်တင်နိုင်ခဲ့၍ ဖြစ်သည်။ ထိုနှစ်မှစ၍ ပညာဇောင်းပေးအစီအစဉ်ကို ချမှတ်၍ Classroom Education ထက် Non-Formal Education ကိုဦးစားပေး၍ Brain Storming ဦးနှောက်အလုပ် ပေးခဲ့ကြရင်း ယနေ့ပြိုင်ဘက်ကင်း မဟာအင်အားကြီးနိုင်ငံ အမေ ရိကန်ဖြစ်လာရသည်။ BC ၆ ရာစုမတိုင်မီကို Pre-knowledge Society ဟု သတ်မှတ်သော် ယနေ့ လူမှုအဖွဲ့အစည်းကြီးသည် Knowledge Society သို့ နိုင်ငံအလိုက် တတ်စွမ်းသမျှ အလုအယက် ဝင်ရောက်နေရာယူကြသည်။ အမြင် ကျယ်အင်အားကြီးသောနိုင်ငံများက Post Knowledge Society ကို တက် လှမ်းရန်ပြင်ဆင်နေကြလေပြီ။ Post Knowledge Society တွင် ရနံ့သစ်များရှိ၏။ အလုံးစုံအတတ်ပညာပေါ်အခြေခံမည်လား၊ အသိပေါ် အခြေခံမည်လား၊ ရုပ်ပိုင်းဆိုင်ရာကအဓိကလား၊ အနှစ်သာရရှိသော နာမ်ပိုင်း ဆိုင်ရာရော မပါဝင်ဘူးလား။ အမြင့်ဆုံးတန်ဖိုး ဘယ်မှာရှိသလဲဟူသော မေးခွန်း များက စောင့်ကြိုလျက်ရှိသည်။

 

Quality နှင့် Value

 

          ရုပ်ဝတ္ထုပေါ်အခြေခံသော အတတ်ပညာဆိုင်ရာများ အံ့မခန်းတိုးတက်လာ သော်လည်း ဘဝ၏တန်ဖိုးကို တွက်ချက်ရာတွင် ရှုထောင့်အမျိုးမျိုး၊ စံနှုန်းအသွယ် သွယ်ဖြစ်သည်။ ဘဝ၏ အရည်အသွေးက ဘာလဲ? ဘဝ၏တန်ဖိုးကိုရော ဘယ် လို ရှုမြင်မှာလဲ? သာမာန်အမြင်အရ အကောင်းစားအိမ်၊ အကောင်းစားကားစီး၍ အကောင်းဆုံးစည်းစိမ်ခံစားနေရ သူတစ်ဦး၏ဘဝကို အားကျကြမည်မှာ ဓမ္မတာ ဖြစ်သည်။ ကောင်းလိုက်တဲ့ဘဝ (Valued Life) ဟု အပေါ်ယံအမြင်ရှိနိုင်

သော်လည်း ထိုသူ၏ နေ့စဉ်ဖြတ်သန်းနေရသော အရည်အသွေး Quality ကို မေ့ထား၍မရ။ မည်မျှစိတ်ချမ်းသာ၍ မိမိ ကိုယ်ကိုမည်မျှကျေနပ်ခြင်းသည် ၎င်း၏ Quality of Life ဖြစ်၏။ ရုပ်ဝတ္ထုပေါ်အခြေခံကျေနပ်မှုနှင့် အလုံးစုံကျေနပ်မှု Total Satisfaction ဟူ၍ ပြောစရာရှိလာမည်ဖြစ်သည်။ ပြီး

ယနေ့ခေတ်စားနေသော Changes ဟူသော အပြောင်းအလဲ” သည်