နေစိုးထက် - မဟာသီယာမိုဟာမက်
ယခုတလော ကမ္ဘာ့နိုင်ငံရေးနှင့် အာဆီယံနိုင်ငံရေးအသိုက် အဝန်းတွင် မှတ်မှတ်ထင်ထင် ပေါ်ပေါက်မှုတစ်ခု ရှိခဲ့သည်။ .
အခြား မဟုတ်။
မလေးရှားနိုင်ငံ ရွေးကောက်ပွဲသတင်းနှင့် အသက်ကြီးပေ မယ့် မပျက်စီးသေးဟု ဆိုရမည့် လူငယ်ခြေတက်တွေနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရဲပြီး အောင်ပွဲခံနိုင်သူတစ်ဦး၏ အကြောင်းဖြစ်သည်။
တိတိပပပြောရလျှင် “မဟာသီယာမိုဟာမက်”နှင့် မလေး ရှားရွေးကောက်ပွဲသတင်း ဖြစ်သည်။ မဟာသီယာမိုဟာမက်သည် ယခုဆိုလျှင် အသက်(၉၀)ကျော်ပြီ၊ (၉၂)သို့ ရောက်နေပြီ။
ဇရာဖိစီး၍ အဘိုးကြီး ဖြစ်နေပြီ။
သို့သော် ဤအဘိုးကြီး မဟာသီက တိုးတက်ခေတ်မီပါ သည်ဆိုသည့် လူငယ်တို့အား နှာတစ်ဖျားသာဖြင့် ရွေးကောက်ပွဲ အောင်ပွဲခံနိုင်ခဲ့ပြီ။
မဟာသီကလည်း “ငါမသေသေးဘူးဟေ့” ကြွေးကြော် ခြင်းဖြင့် အောင်ပွဲခံခဲ့သည်။
သဘောက မဟာသီသည် အသက်ကြီးပြီ ဖြစ်သော်လည်း နိုင်ငံအတွက် လူမျိုးအတွက် အလုပ် လုပ်နိုင်သေးသည်ဟု ကြွေး ကြော်လိုက်ခြင်းဟု ဆိုရမည်။ “ကျွန်တော့်ကို အသက်ကြီးပြီ၊ မစွမ်းဆောင်နိုင်တော့ဘူး လို့ လူငယ်တွေက ထင်ချင်ထင်ကြမယ်၊ ဒါပေမဲ့ ကျွန်တော် မှာ စေတနာမှန်နဲ့ တိုင်းပြည်တိုးတက်စေချင်တဲ့ စိတ်ဓာတ် တွေ၊ ဆန္ဒတွေ ရှိသေးတယ်။ ဒါတွေက တွန်းအားတွေ လေ၊ ကျွန်တော် စွမ်းဆောင်နိုင်သမျှ နိုင်ငံနဲ့ ပြည်သူအတွက် လုပ်သင့်တာ၊ လုပ်နိုင်သလောက် လုပ်ဦးမှာပါ" ဟု သူက ပြော၏။
တကယ်တော့ အောင်မြင်သူတစ်ယောက်ရဲ့ဘဝမှာ စေတနာ ရှိဖို့နဲ့ အမြင်မှန်ကန် ကြည်လင်ဖို့၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်ဖို့လို မည် မဟုတ်လား။
မဟာသီမှာကား စေတနာမှန်သည်၊ အမြင်မှန်ကန် ကြည် လင်သည်၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်ခဲ့သည် မဟုတ်လား။
မဟာသီမှာကား စေတနာ မှန်သည်၊ အမြင်မှန်ကန်ကြည် လင်သည်။ မျိုးချစ်စိတ် ရှိသည်။
စင်စစ် ဤသည်ကပင် မဟာသီအား အောင်မြင်မှုလမ်း ကြောင်းပေါ်သို့ တွန်းတင်ခဲ့သည် မဟုတ်လား။
ကျွန်တော် မဟာသီ၏ အကြောင်းကို စဉ်းစားပေးရင်း မြန်မာရာဇဝင်မှ မင်းတစ်ပါးအကြောင်း ဖျတ်ခနဲ သတိရလိုက်သည်။
အလောင်းစည်သူမင်း ဖြစ်သည်။
တစ်ခါသော် အလောင်းစည်သူမင်း လက်ပျဉ်းကျနေသည် ကိုမြင်၍ မှူးမတ်အချို့ကအသက်ကြီးပြီဟု ပြောဆိုကြ၏။ အသက်
ကြီးပြီဖြစ်သဖြင့် စွမ်းဆောင်ရည်အား ကျပြီဟု ဆိုခြင်းဖြစ်၏။ ဤစကား မင်းကြီးကြားသော်... “ငါ မအိုသေးကြောင်း ပြသင့် ပြီ"ဟု ဆင်ခြင်မိ၏။
“အို... မင်းချင်းတို့၊ ဦးပေါင်းစင်းနှင့် မြင်းညိုစီးသူတစ်ဦး သည် ငါ့တိုင်းပြည်အား အံတုနေပြီဟု ကြားရ၏။ သင်တို့ နှိမ်နင်းလော့”
ဟု မင်းတရားက မင်းချင်းတို့အား မိန့်ကြား၏။ မင်းချင်း တို့ မြင်းညိုရှင်အား နှိမ်နင်းရန် နေပြည်တော်မှ ထွက်ကြပြီ။ ထို့ အတူ အလောင်းစည်သူမင်းသည်လည်း ငါ၏စွမ်းဆောင်ရည်မကျသေးကြောင်း ပြသရန် အချိန်ကျပြီဟု စဉ်းစားပြီး မင်းချင်းတို့နှင့် ရင်ဆိုင်၏။
မင်းချင်းတို့ မယှဉ်နိုင်း ။
ထို့ကြောင့် မင်းတရားက ညီလာခံသဘင်တွင် ထို အကြောင်းအား မြွက်ကြား၏။ ငါ မအိုသေးဟု ကြွေးကြော်၏။ ထို့အတူ မင်းတရားကြီးက မင်းချင်းတို့အား
“အသက်အရွယ် ဆိုတာ ကိန်းဂဏန်းပြဆိုချက် သတ်မှတ် ချက်ပဲ လူတစ်ဦးရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်အင်အားကို အသက်အရွယ်နဲ့ နှိုင်းဆလို့ မရဘူး” ဟု ရှင်းပြခဲ့သည်။
ယခုလည်း မဟာသီသည် ရွေးကောက်ပွဲရလဒ်နှင့် အတူ သူ၏အမြင် မှန်ကန်မှု၊ ကြည်လင်မှု၊ စေတနာမှန်မှုတို့က ပြည်သူ တို့အားပြသနိုင်ခဲ့ပြီ။
"ကျုပ်ဟာ အသက်အရွယ်အရ၊ အရွယ်ခွန်အားအရရ ယ်
တွေနဲ့ ယှဉ်လို့ရချင်မှ ရမယ်၊ ဒါပေမဲ့ အမြင်မှန်ကန်ကြည် လင်မှုနဲ့ စေတန ပြဋ္ဌာန်းမှု၊ မျိုးချစ်စိတ် အရတော့ ကျုပ် ကို သူတို့ လိုက်မမီနိုင်ဘူး” ဟု သူ ဆိုခဲ့၏။ “ကျုပ်အသက်အရွယ်အရ ကျုပ်သက်တမ်းပြည့် လုပ်နိုင် ချင်မှ လုပ်နိုင်မယ်။ ဒါပေမဲ့ လုပ်နိုင်သလောက် လုပ်ရာမှာလည်း ကျုပ်ရဲ့ အမြင်ကြည်လင်မှုနဲ့ စွမ်းဆောင်ရည်ကိုလျှော့မှာ မဟုတ်ဘူး။ တာဝန်ကျေအောင် လုပ်မယ်။ တာဝန်သိသူတွေကို လမ်းဖွင့်ပေးဖို့ အမြဲမျက်စိဖွင့်ထား မယ်၊ ကျပ်ကတော့ နေရာပေးသင့်သူကို နေရာပေးဖို့ အဆင်သင့်ပဲ”
ဟု ပြော၏။
စင်စစ် မဟာသီက မလေးရှားနိုင်ငံ၏ အမှတ်သညာလည်း ဖြစ်၏။ မလေးရှားနှင့် မဟာသီသည် ခွဲခြားလို့လည်း မရပေ။
ပြောရလျှင် မဟာသီသည် မလေးရှား၏ သက်တမ်းရင့် ဝန်ကြီးချုပ် ဖြစ်၏။
' သူသည် ရွေးကောက်ပွဲ ရှုံးနိမ့်၍ နိုင်ငံရေးလောကမှ ထွက် ခွာခဲ့သူလည်း မဟုတ်။
မဟာသီသည် မလေးရှားနိုင်ငံအား အာရှကျားတစ်ကောင် အဖြစ် မွေးဖွားပေးခဲ့သူ၊
အရှေ့အတွက် ကဏ္ဍသစ်တစ်ခု ဖွင့်ပေးခဲ့သူလည်း ဖြစ်၏။ “ကျုပ်ဟာ ဆရာဝန်တစ်ယောက်ပါ၊ ကျပ်ဟာ အသက် ကယ်ရင်း လူတွေရဲ့ချစ်ခင်မှုကို အများကြီး ရယူနိုင်တယ်၊ ကျုပ် ဆရာဝန်ဖြစ်ပြီး ဆေးမကုဘဲ နိုင်ငံရေးဘက် ကူးခဲ့ တာက ပြည်သူတွေရဲ့ လူမှုဘဝ ဖူလုံဖို့ပဲ၊ မလေးရှားနိုင်ငံ နဲ့ ပြည်သူ့ဘဝ တိုးတက်စေချင်လို့ပဲ” ဟု သူ အမြဲပြော၏။ သူသည် မလေးရှား နိုင်ငံအား ကမ္ဘာ့အလယ်၌ ဝင့်ထယ်လာစေရန် ဖန်တည်းစွမ်းဆောင်ခဲ့ပြီးနောက်နိုင်ငံရေးမှ အနားယူခဲ့သည်။
သို့သော် မလေးရှားနိုင်ငံ၏ နိုင်ငံရေးသမားတွေ နိုင်ငံရေး ကစားကွက် ထွင်ပုံတွေ မူမမှန်တော့ သူ အတိုက်အခံအဖြစ် နိုင်ငံ ရေးလောကတွင်းသို့ ပြန်ဝင်ခဲ့၏။
“ အာဏာရပါတီနှင့် ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူခဲ့။ သူက အသက်ကြီးပေမယ့် မပျက်စီးသေး။ အမြင်ကြည်လင် စေတနာ မှန်သူ ဖြစ်သော်လည်း အသက်အရွယ်အရ သူက ခါချဉ်ကောင် မာန်ကြီး တောင်ကြီးဖြိုမယ်ကြံ ခါးကမသန် ဟူသည့် စကားရယ် ဖြစ်နေပြီး၊ . မည်သို့ဆိုစေ၊ သူက လူမှန်သလို စေတနာမှန်သည်။
ထို့ကြောင့် မသန်ပေမယ့် စွမ်းနိုင်သမျှတော့ နိုင်ငံအတွက် စွမ်းဆောင် ဦးမည်ဟု ယုံသည်။
နေစိုးထက်
(၁)
ဘဝသိသဖြင့် အလှရှိခဲ့သူ
လောက၌ လူ့ဘဝ လူ့လောကအကြောင်းကို သေချာစွာ . ဆန်းစစ်ကြည့်လျှင် လူ့ဘဝနှင့် လူ့အလှကို သိသူတိုင်းတွင် သာမန် လူနှင့် မတူညီသောအချက် ရှိနေသည်ကို တွေ့ရသည်။
မဟာသီယာ၏ ဘဝကို ပြန်ကြည့်လျှင် မဟာသီယာသည် လူ့ဘဝ လူ့လောကနှင့် အလှတရားကို သိသူဖြစ်သည်။
သူသည် အတ္တထက် ပရကို ဦးစားပေးသူဖြစ်၏။ တစ်ဦး တစ်ယောက် အကျိုးထက်၊ တစ်ရာ တစ်ထောင် အကျိုးကို အလေး ထားသူ ဖြစ်၏။
ပြီးတော့ မဟာသီယာနှင့် အခြားသူများ ကမ္ဘာကို ရှုမြင်ပုံချင်း မတူညီသည်ကို တွေ့ရမည်ဖြစ်၏။
မဟာသီယာက “လူတွေဟာ အရာရာကို အပေါ်ယံကလေး ရှပ်ကြည့် ကြတယ်။ အလေးအနက် မစဉ်းစားကြဘူး။ တစ်ခုခုဖြစ်ပြီဆိုရင် ဒါဟာ စနစ်ကြောင့်လို့ ပြောကြတယ်။ ဒါဟာ အမှားပဲ”” ဟု ပြောသည်။ “တကယ်တော့ စနစ်ဆိုတာ လက်ညှိုးထိုးခံ မဟုတ်ဘူး၊ ဖြစ်စဉ်အားလုံးမှာ အကျိုးဆက် အကြောင်းဆက်ဆိုတာ ရှိတယ်” ဟု သူက ပြောသည်။ “ကျွန်တော် မလေးရှားကို တိုးတက်စေချင်တယ်။ ကမ္ဘာ့ အလယ်မှာ ဝင့်ထည်စေချင်တယ်။ ဒီလိုစိတ်ဓာတ်တွေ ကိန်းအောင်းလာတာ အကြောင်းမဲ့ မဟုတ်ဘူး”
မှန်တော့ မှန်သည်။ မဟာသီယာသည် အရှင်မွေး နေ့ချင်း ကြီးလာသူ မဟုတ်။ သူက စစ်ကို ကြုံဖူးသလို၊ ခြပုံလိုဘဝမျိုး လည်း ကြုံတွေ့ခဲ့သည်။
" အတွေ့အကြုံဟာ အရောင်ကို တက်စေတယ်၊ အတွေး အမြင်၊ အတွေ့အကြုံ မရှိရင် ဘယ်တော့မှ လောကအမြင် မကြည်လင်နိုင်ဘူး” “ပြောရရင် အတွေ့အကြုံဆိုတာ ဘဝရဲ့ အင်အားတစ်ခုပဲ။ ဒီအင်အားကို ဆန်းစစ်ခြင်းနဲ့ အရောင်တင်ဖို့ လိုတယ်” ဟု သူ ပြောခဲ့သည်။ ,
စင်စစ် မဟာသီယာက အတွေ့အကြုံကို ရှာဖွေသလို၊ အတွေ့အကြုံကို ဆန်းစစ်ဝေဖန်ခြင်းနှင့် အမြဲတမ်း အရောင်တင်ဖို့ ကြိုးစားနေသူဖြစ်သည်။
“ဦးဆောင်သူဟာ ဦးဆောင်သူ ပီသဖို့ လိုတယ် နောက် လိုက်လို နေလို့မရဘူး၊ ပြီးတော့ ကိုယ့်ရဲ့ ကြုံတွေ့မှုတိုင်း ကို ကိုယ့်ပြည်သူ တွေ့ကြုံမှုတွေနဲ့ နှိုင်းဆရမယ်။ ကိုယ့်ရဲ့ ခါးသီးတဲ့ ခံစားမှုမျိုး ပြည်သူ မခံစားရအောင် ကြိုးစား ရမယ်” ဟုပြောသည်။
စင်စစ်၊ မဟာသိယာသည် ဗြိတိသျှတို့ အုပ်စိုးမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသူဖြစ်သည်။ သွေးခွဲအုပ်ချုပ်ခြင်း၏ ဆိုး `ကျိုးကို သူ သိခဲ့သူ။
“ဒီတုန်းက မလေးရှားပြည်သူတွေဟာ ဗြိတိသျှရဲ့ အုပ်စိုး မှုအောက်မှာ ဒုက္ခကြီးငယ်နဲ့ နေခဲ့ရတာ၊ ဒီလိုအဖြစ်၊ ဒီလို ခံစားမှုမျိုး ပြည်သူတွေ မခံစားစေရဘူး” ဟု သူက ပြောသည်။ “တကယ်တော့ လောကမှာ အသားစားဖူးတဲ့ကျားဟာ အသားပဲ စားချင်တာ၊ ပြီးတော့ စကားအရသာ ဥပုသ်စောင့်
တဲ့ကျားဆိုတာ ရှိတာ၊ အပြင်မှာ မရှိဘူး။ အဲဒီလိုပဲ နယ်ချဲ့ အရင်းရှင်တွေဟာ နယ်ချဲ့ခြင်းရဲ့ ရလဒ်နဲ့ အမြတ်ကြီးစား ခြင်းရဲ့ အရသာကို သိနေသူတွေဖြစ်လို့ ဒီအရသာကို ဆက် လက်ခံစားရဖို့ ကြိုးစားမှာပဲ၊ ကြိုးစားမှုနေရာမှာ ကြိုးစား ပုံခြင်းသာ ခြားနားသွားမှာ”
မဟာသီယာသည် ကိုယ်တွေ့ကြုံလာသူတစ်ဦး ဖြစ်သဖြင့် သူတို့အကြောင်းကို သိသလို၊ စူးစမ်းလေ့လာသူ၊ ဦးဆောင်မှုပြု နိုင်ရန် ကြိုးစားသူ ဖြစ်သဖြင့် သူတို့ခြေလှမ်းကို သိနေသည်။ ထို့ကြောင့် သူက ပြတ်သားစွာ ကြွေးကြော်ခဲ့သည်။
“မလေးရှားဟာ အနောက်အုပ်စုရဲ့ မာယာအောက်မှာ မနှစ် မြုပ်စေရဘူး၊ မလေးရှားနိုင်ငံဟာ မလေးရှားပြည်သူ့အင် အားနဲ့ အောင်ပွဲခံနိုင်ရမယ်”