Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နုနုရည်အင်းဝ - မြစိမ်းဖြာကမာရွတ်

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မြစိမ်းပြာလမ်း သွယ်၊ အမှတ် ၂၂၂ မှာ...

          ဒီနေ့ မြို့တော်ရန်ကုန်ရဲ့ ခေတ်အစားဆုံး ဟောင်ကောင်ပုံစံ...။ အမြင့်ရှစ်ပေ၊ အကျယ်ဆယ် ပေ၊ အလျားအရှည် လေးဆယ့်ငါးပေရှိတဲ့ အလွှာပေါင်း ဆယ့်နှစ်လွှာနဲ့ ဖွဲ့စည်းတည်ဆောက် ထားတဲ့... ကန်ထရိုက် သုံးထပ်တိုက်တစ်လုံး ရှိ တယ်။

           နံနက် လေးနာရီမှာ မီးလုံးဝါလေး ဖျတ်ခနဲ လင်းလာခဲ့တယ်။

          မီးလုံးဝါလေးနဲ့အတူ လတ်လတ် တစ်ယောက်လည်း ခုတင်ဘေးမှာ ဖျတ်ခနဲ ရပ်ပြီးသား ဖြစ်နေပြီ။

          လတ်လတ်ရပ်နေရာ ခုတင်ဘေးဟာထိုင်းနိုင်ငံဖြစ် ခေါက်မှန်တင်ခုံ အနက်လေးရဲ့ ရှေ့တည့်တည့်လည်း ဖြစ်တာမို့ လုပ်နေကျအတိုင်း မှန်တင် ခုံပေါ်က ပလတ်စတစ် ဘီးကို ကောက်ကိုင်ဖြိုးပြီးသားလည်း ဖြစ်နေပြီ။

          နဖူးကနေလှန်ပြီး နောက်ကို လေးငါးချက် ခုတ်ပြီးလိုက်ရုံနဲ့ ဆံပင် ကုပ်ဝဲပြီးခြင်း၊ ရှင်းခြင်းကိစ္စ ပြီးသွားတယ်။ ဒီလိုဆိုတော့လည်း ခုတင်ပေါ် မှာ ထုံးစံအတိုင်း ရှင်းလင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ လတ်လတ်ရဲ့ “ဦး” ကို ကျေးဇူးတင်ရမယ်။ ဦးက “လတ်လတ် ဆံပင်ရှည် တာကို မကြိုက်ဘူး။ ဆံပင် ကုပ်ကိုကျော်တာနဲ့ ဟိန်းတတ် ဟောက်တတ် တယ်။ (စိုးမြတ်သူဇာတို့၊ ဇင်မာဦးတို့ကို ကြိုက်တယ် ပြောတာကျတော့ တစ်မျိုးပေါ့လေ)။ 

          ဦးဟာလေ တကယ်ပဲ သိလား။ ခုတင်ပေါ်က အလွတ်လပ် အရှင်း လင်းဆုံး ကမ္ဘာဦး လူသားကြီးကို လတ်လတ် လှမ်းကြည့်တယ်။ ခြေရင်းက စောင်ပါးလေးကို လှမ်းတင်ပေးဖို့ လတ်လတ် စိတ်ကူးထဲတောင် မထည့်ရဲ ပါ။ ညားခါစက တယုတယနဲ့ စောင်ပါးလေးကို လွှမ်းခြုံပေးဖူးပြီ။ ဝုန်းဆို ကန်ပစ်ပြီး ဒေါသတကြီး အော်လိုက်ကတည်းက လတ်လတ်မှတ်သားခဲ့ရပြီ။ ဤသည်မှာ သူ၏ မူပိုင်ပုံစံ။ လတ်တို့များ ကိုယ်အိပ်နေတုန်း ချစ်တဲ့သူက စောင်လေးလာခြုံပေးကြည့်၊ ကျေနပ်လွန်းလို့ ပါးစပ်ကတောင် တဟင့်ဟင့်နဲ့ လုပ်လိုက်ချင်သေး။

          အိပ်ခန်းထဲတွင် ခြင်ထောင် မထောင်ရ။ ခြင်ဆေးပဲထွန်းရမည်။ မီးဖွင့် ပြီး မအိပ်ရ။ အိပ်ခါနီး ခြင်သံ၊ ယင်သံ မကြားစေရ၊ ကြောင် ဝင်မနေစေရ။ လတ်လတ် မှတ်သားခဲ့ရပြီ။

          မီးလုံးကို ဖျတ်ဆိုပိတ်ပြီး လတ်လတ်ရဲ့ ခန္ဓာကိုယ်သေးသေး ကလေး လေရဲ့ လျင်မြန်ခြင်းမျိုးနဲ့ အိပ်ခန်းကနေ ဧည့်ခန်းကို ထွက်တယ်။ ဧည့်ခန်း မီးကိုဖွင့်၊ ဖျတ်ဆို ပြန်ပိတ်၊ ခြေလှမ်းကျဲကျဲ၊ ခြောက်လှမ်းလှမ်းပြီး ထမင်းစားခန်း၊ မီးဖိုခန်းထဲ ရောက်၊ မီးဖွင့်၊ လျှပ်စစ်မီးဖိုခလုတ်ဖွင့်၊ ရေနွေး အိုးတင်၊ ညကတည်းက ဆန်ဆေးရေထည့်ပြီး လျှပ်စစ်ထမင်းအိုး ခလုတ် ဖွင့်။ 

         ဒါတွေပြီးတော့မှ လတ်လတ် အိမ်သာ ဝင်တယ်။ ခဏလေး၊ နံနက် ဘက် ကိုယ်လက်သန့်ရှင်း ဝမ်းသွားခြင်းအကျင့် လတ်လတ်မှာ မရှိ။ အိမ် သာက ဆင်းပြီး လတ်လတ် ရေချိုးခန်း ဝင်တယ်။ ရေချိုးခန်းက တစ်ခန်း သတ်သတ်။ အိမ်သာနဲ့ တခြားစီ။ ဒါကို လတ်လတ် သဘောကျတယ်။ အိမ်သာနဲ့ ရေချိုးခန်းတစ်ခန်းတည်း အတူတွဲထားတာမျိုးကို လတ်လတ် အလွန်မုန်း။ နံနက်စောစောစီးစီး အိမ်သာကြွေခွက်ကို ကြည့်ပြီး မျက်နှာသစ် သွားတိုက်ရတာ ဘယ်လောက်ဆိုးလဲ။ အိမ်ထောင်မကျခင် ၃၂ နှစ်လုံးလုံး လတ်လတ် အဲလို မျက်နှာသစ်ခဲ့ရတာပဲ။ လတ်လတ်မိဘများတိုက်ခန်းမှာ ပေါ့၊ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ဦးအတွက် သွားတိုက်တံကို အဆင် သင့်ဖြစ်အောင် မျက်နှာသစ်ကြွေခွက်အစွန်းမှာ တင်တယ်၊ သွားတိုက်ဆေး အနေတော်၊ မနည်းမများ၊ သွားတိုက်ဆေးဆို ကိုးလ်ဂိတ်မှ ဦးက ကြိုက် တယ်။ တရုတ်သွားတိုက်ဆေးဆို ဦး အလွန် မုန်းတယ်။ ပြီးတာနဲ့ လတ်လတ် ရေသောက်တယ်။ စတီးခွက်အလတ်နဲ့ နှစ်ခွက်တိတိ။ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန် ကျစေတယ်လို့ နိုင်ငံတကာ ကျန်းမာရေး စာစောင်တစ်ခုမှာ ဦး ဖတ်ရပြီးကတည်းက လတ်လတ် ရေသောက်ရတော့တယ်။ သူ့မိန်းမ ပိန်ပိန်သေးသေးလေး ဝိတ်တက်လာမှာကိုလည်း ဦးက သေမလောက် ကြောက်တယ်။ သူဝိတ်တက် လာမှာကိုလည်း ဦးအလွန်ကြောက်တယ်။ ဗိုက်မပူအောင်၊ ဝ မလာအောင် သူ့ကိုယ်သူ အမြဲတမ်း ထိန်းတတ်တယ်။ ဒါကြောင့်လည်း ဒီက မိန်းမမှာ ငါးဆယ့်ငါးနှစ် ရှိနေပြီဖြစ်တဲ့ ယောက်ျား တစ်ယောက်ကို လေးဆယ့်ငါးလောက် ထင်ပြီး ကြိုက်ခဲ့မိတာပေါ့နော်။

          လတ်လတ်က ပြုံးနေမိရင်း လက်ကလည်း ကြက်သွန်နီနဲ့ ခရမ်းချဉ် သီးတွေကို သွက်သွက်လက်လက် လှီးတယ်။ ချင်း၊ ကြက်သွန်ဖြူနွားတယ်။ ဆေးပြယ်ကွာစ ရေခဲသေတ္တာလေးထဲက ဘူးသီးစိတ်နဲ့ ပုစွန်လုံးထားတာကို ထုတ်တယ်။ ပုစွန်ကိုအနံ့မပျံ့အောင် ချိုင့်ကိုအဖုံးအုပ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ရတယ်။ ရေခဲနဲ့ သူ့ဘီယာဘူးကို အနံ့ကူးမှာ ဦးက ကြောက်တယ် လေ။ ဒီတစ်ခါ ပိုက်ဆံစုမိရင်တော့ ဦး သိပ်လိုချင်နေတဲ့ တစ်ယောက်သုံး ဒေဝူးရေခဲသေတ္တာအစိမ်းလေးကို ဝယ်ပေးလိုက်ဦးမယ်။ ဦးအိပ်ခန်းထဲမှာ ထား၊ ဦးအတွက် သီးသန့်သုံး၊ ဒီတစ်ပတ်နွမ်း ရေခဲသေတ္တာလေးကတော့ လတ်လတ်ရဲ့ မီးဖိုချောင်သုံးပေါ့ ၊ မကောင်းဘူးလား၊ ဦးရဲ့ ရေခဲသေတ္တာ လေးထဲမှာ အကောင်းကြိုက်ဦးအတွက် ဂျာမန် ဘီယာသံဘူးတွေအပြည့်။ ချိစ်ဘူးတွေနဲ့ ဘလက်လေဘယ်၊ ဝီစကီနှစ်ပုလင်းလောက်ကိုလည်း အမြဲ ဖြည့်ထားပေးလို့။ ဦး သိပ်သဘောကျမှာ၊ တကယ်ပါဦးရယ်။ ဂျာမန်ဘီယာ ဟာ တစ်ရာကျော်မဟုတ်ဘဲ တစ်ဆယ်လောက်ဆိုရင်၊ ဝီစကီကလည်း ထောင်ကျော်မဟုတ်ဘဲ ရာကျော်ဆိုရင် လတ်က ဝယ်ထည့်ပေးပါတယ်။ ပန်းချီဆရာ (အင်္ဂလိပ်စာ လက်ထောက် ကထိကဟောင်း)၊ ဆယ်တန်း အင်္ဂလိပ်သင်တန်းဆရာ ဦးသက်ဦးရဲ့ ဝင်ငွေဟာ တစ်လကို ငါးသောင်း

လောက် ဆိုရင်လည်း ကောင်းသား။ တစ်လကို တစ်သောင်းကျော်လောက် ဝင်ငွေနဲ့တော့ မဖြစ်နိုင်သေးဘူး ဆရာ။ ရေခဲသေတ္တာ အသစ်များလည်း ကပ်နိုင်သေးမှာ မဟုတ်ဘူး။ ဝီစကီတို့ ဘီယာဘူးတို့နဲ့တော့ အဝေးကြီး။ ဒါပေမဲ့နော်၊ ဒီတိုက်မှာတော့ လတ်လတ်တို့ တစ်ခန်းပဲ ရေခဲသေတ္တာ ရှိတာ။ ကျန်တဲ့အခန်းတွေ ဘယ်သူမှ မရှိဘူး။ လတ်လတ်တို့ အောက်လွှာ က မိန်းမဆို တော်တော်လိုချင်နေရှာပုံရတယ်။ ဟိုတစ်နေ့က ဈေးနား ရေခဲ သေတ္တာ အဟောင်းဆိုင်ထဲမှာ တွေ့ခဲ့တယ်။ သယ်လာတာတော့ မမြင်ပါဘူး၊ တစ်ပတ်ရစ် ရေခဲသေတ္တာ တစ်လုံးကလည်း အကြီးဆို သောင်းကျော်မှာ လေ၊ လတ်တို့ တစ်ပတ်ရစ် အသေးလေးကို ငါးထောင်ပေးရတာပဲ။

          ချင်းနဲ့ကြက်သွန်ဖြူကို လတ်လတ် ငရုတ်ဆုံထဲထည့်လိုက်တဲ့အချိန် မှာ ရေနွေးအိုးဆူပြီ။ ထမင်းစားပွဲပေါ်က ဓာတ်ဘူးကြီးထဲကို လက်ဖက် ခြောက်ခတ်၊ ရေနွေးထည့်။ ရေနွေးအိုးထဲရေပြန်ထည့်၊ ပြန်တည်။ ကော်ဖီ ဖျော် ရေနွေးလိုသေးတယ်။

          ငရုတ်ဆုံဆွဲပြီး ထောင်းမယ်လုပ်ပြီးမှ မထောင်းသေးဘဲ ကြောင်အိမ် အောက်က ဂုန်နီအိတ်ပိုင်း လေးခေါက်ချိုးကို ဆွဲယူရပြန်တယ်။ ငရုတ်ဆုံ အောက်က ခံထောင်းဖို့လေ။ ဒီအတိုင်း လတ်လတ် လက်သံပြောင်လိုက် လို့ကတော့ အောက်လွှာက လူတွေနဲ့ ရန်ပွဲကျင်းပရလိမ့်မယ်။ ဒီတိုက်ရောက် ခါစ လတ်လတ် လက်သံပြောင်လိုက်တာ အောက်လွှာက လူတွေ တံခါး လာခေါက်ရော။ ဒါတောင် ဒီတိုက်က အပေါ်လွှာနဲ့ အောက်လွှာ အင်္ဂတေ ခင်း ခြားထားလို့။ တချို့တိုက်ဆို သစ်သား ကြမ်းခင်းပဲခြားထားတာ။ အင်္ဂတေခင်းကလည်း အင်္ဂတေခင်းလို့သာ ဆိုရုံပါ။ ကန်ထရိုက်အင်္ဂတေ ခင်းလေ၊ ပါးပါးလေး။ အိုးစည်တို့ ဗုံတို့သားရေကြက်ထားသလိုပဲ။ တစ်ခန်း က တစ်ခုခုထုရင် ရိုက်ရင် လိုဏ်သံပေါက်ပြီး တစ်တိုက်လုံး ကြားရတယ်။

          ချင်း၊ ကြက်သွန်ဖြူကို မညက်တညက်ပဲ မြန်မြန်ထောင်းလိုက်တယ်။ ဘူးသီး ပုစွန် ဟင်းခါးထဲ ထည့်ဖို့က ရတယ်။ မညက်လည်း ကိစ္စမရှိဘူး။ ဘူးသီးလှီးပြီးသားနဲ့ ပုစွန်နဲ့အိုးထဲရောထည့်၊ ချင်း ကြက်သွန်ဖြူတစ်ဝက် နဲ့ ကြက်သွန်နီထည့်၊ ဆား၊ နနွင်း၊ ဆီထည့်ပြီးပြီ တစ်အိုး။ ရေနွေးဆူရင် တည်ရုံပဲ။ ဟင်းခါးအိုးကျရင် ဝက်သားပြုတ်ထားတာနဲ့ ကြက်သွန်၊ ခရမ်း ချဉ်သီး၊ ချင်း၊ ကြက်သွန်ဖြူလေးနဲ့ ကုန်းဘောင်ကြီးကြော် သဘောမျိုးလေး ကြော်ရုံပဲ။

          ဝက်သားပြုတ်လှီးဖို့ ရေခဲသေတ္တာကို ဖွင့်ရပြန်တယ်။ နှစ်ရက်စာ ကျန်သေးတဲ့ ဝက်သားပြုတ်လေးတွေက အေးစက်မာကျောနေကြတယ်။ ဒီနေ့ကုန်းဘောင်ကြီးကြော်ဆိုတော့ နက်ဖြန်ပြုတ်ထောင်းကြော်ပေါ့။ နေ့တိုင်း ဈေးမသွားနိုင်တဲ့ လတ်တို့လို အိမ်ရှင်မတွေအတွက်က ရေခဲ သေတ္တာလေးဟာ အင်မတန် အသုံးဝင်တာ။ ကြိုက်တာထည့်၊ ထမင်းကျန် လည်း ထည့်၊ ဟင်းကျန်လည်း ထည့်၊ အကုန်ရ။ အဲ... မီးမပျက်ရင်ပေါ့ လေ။ မီးက ခုတလော သဘောကောင်းနေပြန်ပြီ။ တစ်ပတ်ကို နှစ်ရက်ပဲ နေ့ဝက်ထိ ပြတ်တော့တယ်။ နေ့တိုင်း မဖြစ်တော့ ပြန်ဘူး။ မီးက လာမှ။ မလာရင် လတ်လတ်တို့ အခန်းတွေက နေ့ခင်းကြောင်တောင်မှာကို မှောင်အတိကျနေတတ်တယ်။ ဖယောင်းတိုင်ထွန်းနေရတယ်။ လတ်လတ် တို့ တိုက်က ဟိုဘက်တိုက် ဒီဘက်တိုက်တွေကြားမှာ ညပ်နေပြီး ပြတင်း ပေါက်လည်း မရှိဘူး။ မှန်တရုတ်ကတ်လေးတွေပဲ ရှိတယ်။ ဦးက အိပ်ခန်း ခေါင်းရင်း တရုတ်ကတ်တွေကို ဖြုတ်ခိုင်းပြီး အုတ်နဲ့ အလုံပိတ်ခိုင်းလိုက်တော့ အိပ်ခန်းက ပိုမှောင်တယ်။ လမ်းမဘက် ဝရန်တာ တံခါးကို ဖွင့်ထားမှ အလင်းရောင်ဝင်တယ်။ အဲဒီ ဝရန်တာ တံခါးကလည်း ဆယ့်နှစ်ရာသီ ပိတ်ထားရတာပါ။ အိပ်ခန်းထဲ ကြောင်ဝင်မှာ စိုးလို့လေ။ အဖြစ်က..။

           ဝက်သားပြုတ်လေးတွေကို ပါးပါး၊ ပါးပါး လှီးပြီးတာနဲ့ ရေနွေးအိုး ဆူပြီ။ ဪ... ထမင်းအိုး ခလုတ်ကျနေပြီပဲ။ ပလတ်ဖြုတ်ဦးမှ။ ရေနွေး အိုးချ။ ဟင်းခါးအိုးတည်။ မတ်ခွက် ကော်ဖီမှုန့်ထည့်။ ရေနွေးထည့်။ အဖုံး အုပ်ပြီး အသာနှပ်ထား။ ဟင်းခါးအိုး နှစ်ချက် သုံးချက် မွှေလိုက်။ ဧည့်ခန်း ထဲ ပြန်ထွက်ပြီး စာအုပ်ဗီရို အပုလေးပေါ်မှာ စံပယ်သီတင်းသုံးရရှာတဲ့ ဘုရားကိုယ်တော်နဲ့ ဘုရားဆောင်လေးရှေ့က သောက်တော်ရေခွက်နဲ့ ဆွမ်းတော်ပန်းကန်ကို ယူခဲ့တယ်။ ရေချိုးခန်းထဲမှာ ဆေးကြောပြီး စားပွဲ ပေါ်ချ။ တရှဲရှဲဖြစ်နေတဲ့ ဟင်းခါးအိုးကို နာနာမွှေလုံးပြီး ရေထည့်။ ဆွမ်းတော် ပန်းကန်ပြားထဲ ဆွမ်းတော်ခူးထည့်၊ ရေခဲသေတ္တာထဲက ရေပုလင်းယူပြီး

သောက်တော်ရေထည့်။ တစ်လက်စတည်း ရေခဲသေတ္တာထဲက ကြက်ဥ နှစ်လုံးထုတ်။ ဟင်းခါးအိုးဆူပြီ။ အချိုမှုန့် ခတ်ရဦးမယ်။ အချိုမှုန့်ကတော့ အားမနာနဲ့၊ နာနာခတ်နိုင်မှ ချိုမယ်။ ဘူးသီးက ရက်ကြာ၊ ပုစွန် ရေခဲရိုက် ပိစိကွေးလေးတွေကလည်း ဘာချိုတာလိုက်လို့။ ငရုတ်ကောင်း ကိုတော့ နေ့လယ်စားခါနီးမွှေးမှ ခတ်တော့မယ်။

          ဟင်းခါးအိုးချပြီး ဆီဒယ်အိုးတင်တယ်။ ကြက်ဥနှစ်လုံးဟဖ်ဖရိုက် ကြော်တယ်။ ဟဖ်ဘွိုင်မဟုတ်။ ညားခါစက ကြက်ဥ မကျက်တကျက်ကြော် ကို ဟဖ်ဘွိုင်ခေါ်မှုနဲ့ အငေါက်ခံခဲ့ရပြီးပြီ။ ဟဖ်ဘွိုင်ဆိုသည်မှာ မကျက် တကျက် ပြုတ်မှတ်ထား၊ ဘွဲ့ရ ပညာတတ်တစ်ယောက် လုပ်နေပြီး ဒါလောက်ညံ့ရသလားတဲ့။ လတ်လတ် မညံ့ပါ။ ဖရိုက်ဒ်ဆိုတာ ကြော်ပြီး