Skip to product information
1 of 3

Other Websites

နီကိုရဲ - အနောက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

          "မလုပ်ကြနဲ့ အဲ... အဲလို မလုပ်ကြပါနဲ့။ ရပ်... ရပ်ကြ ရပ်ကြပါ။ မင်းတို့ အဲလိုလုပ်ရင် အဖေ့ကိုသာ အရင်သတ်လိုက်ကြပါ။ မလုပ်ကြပါ နဲ့၊ အဖေ့ကို သနားပါ ငါ့သားတို့ရယ်”

          သတို့သမီးနေရာမှာ လက်မှတ်ထိုးရန် ဟန်ပြင်လိုက်မှာပင် တရား ရေး ခန်းမထဲ ဒရောသောပါး ပြေးဝင်လာပြီး ဟန့်တားလိုက်သောအသံကြောင့် လရိပ်သည် အထိတ်တလန့်နှင့် ဦးခေါင်းကို လှည့်ကြည့်လိုက် သည်။ သူမ တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသလို ဖြန်းခနဲ တုန်သွား ကာ လက်ထဲမှ ဖောင်တိန်လေး ပြုတ်ကျသွားသည်။ ရှေ့မှာ ထိုင်နေသော တရားသူကြီးမင်းလည်း ရုတ်တရက် လန့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လရိပ်၏ နံဘေးမှာ ယှဉ်တွဲ ထိုင်နေသော ရဲရင့်လည်း နံနက်ခင်းမှာ မိုးကြိုးထစ်ချုန်းသံ ကြားလိုက်ရသည့်နှယ် ခေါင်းနပန်းကြီး ကာ ပါးစပ်အဟောင်းသားနှင့် ကြောင်သွားသည်။ အတူပါလာသော သူငယ်ချင်းတွေလည်း ထိတ်လန့် တုန်လှုပ်သွားသည်။

          “မလုပ်ကြပါနဲ့၊ အဖေ့ကိုသာ သတ်လိုက်ကြ၊ အဖေ့ကိုသာ သတ် လိုက်ပါ ရဲရင့်ရယ်”

 

          မျက်ရည်တွေ တွေတွေစီးကျရင်း ဦးရည်မွန်သည် ကတုန်ကယင်နှင့် ဝင်လာ၏။ လရိပ်သည် လိပ်ပြာလွင့်စင်သွားစေလောက်သည့် ထိတ်လန့် မှုနှင့် ကြောက်ရွံ့ နေသည်။

          “ဒါက တရားရုံးပါ။ ခင်ဗျားအပြုအမူက ရုံးတော်ကို မထီမဲ့မြင် ပြု နေသလိုပဲ။ ခင်ဗျား ဘယ်သူလဲ”

          တရားသူကြီးက တည်ငြိမ် အေးဆေးစွာ မေးသည်။ ဦးရည်မွန်က မျက်နှာငယ်လေးနှင့် ဖြေသည်။

          “ကျွန်တော့်နာမည်က ရည်မွန်ပါ။ ခွင့်လွှတ်ပါ တရားသူကြီးမင်း ခင်ဗျာ၊ သားသမီးဇောကြောင့် ကျွန်တော် ဘာလုပ်လို့ လုပ်မိမှန်း မသိတော့ ပါဘူး၊    ရဲရင့်က ကျွန်.. ကျွန်တော့်သားပါ""

          လရိပ် ဘုရားတန်မိလိုက်သည်။ ဖြူသွယ်သော လက်ချောင်းလေးတွေ က သူမ၏ ရင်ကို ဖိမိလိုက်သည်။ မျက်ရည်တွေ လိမ့်ဆင်းကျလာ၏။ သူမ ခေါင်းငိုက်စိုက်ကျသွားသည်။ လရိပ်၏ ရှိုက်သံသည် ရဲရင့်၏ နှလုံး တိမ်အား ဆွဲကိုင် လှုပ်ခါနေလေသည်။ ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် အဖေ့စကားကို မနာခံသော သားမိုက် ဖြစ်သွားသည်။ အချစ်၏ ရုန်းကြွ ခွန်အားတွေက ရင်မှာ လှိုက်တက်လာသည်။

          “ကျွန်တော်တို့ ဆယ့်ရှစ်နှစ်အရွယ်ကို ကျော်ခဲ့ကြပြီး အိမ်ထောင်ရေး မှာ ကျွန်တော်တို့ စိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်နိုင်ပြီ။ အဖေ ကျွန်တော့်ကို သားအဖြစ်က စွန့်လွှတ်ရင် စွန့်လွှတ်လိုက် လရိပ်ကိုတော့ ကျွန်တော် လုံးဝ မစွန့်လွှတ်ဘူး အဖေ"

          “မဟုတ်ဘူး၊ အဲလိုမလုပ်နဲ့ ရဲရင့်။ နင့်ကို ငါငါ မယူနိုင်ဘူး၊ မယူ နိုင်ဘူး ရဲရင့်"

          ချစ်သူ၏ ငိုရှိုက်သံထက် ခါးသီးစွာ ငြင်းပယ်ခံရခြင်းက သူ၏ နှလုံး အိမ်ကို ပိုပြီး နှင့်သက်သွားစေသည်။ သူသည် လရိပ်၏ မျက်နှာအား စူးစူးကြည့်လိုက်၏။ လရိပ်သည် အဖေ့အား မကြည့်ဝံ့အောင် ကြောက်ရွံ့နေသည်။ လရိပ်ရယ် နင့်အကြောင်းကို ငါ သိပါတယ်။ နင် ဦးရည်မွန် ဆိုတဲ့ ငါ့အဖေကို အဲလောက် ကြောက်စရာ မလိုတော့ပါဘူး။ ဒီက နေ့ နင် သူ့လောင်းရိပ်မှာ မရှိစေရဘူး၊ သူ့ ပေးကမ်းမှုတွေကို နင် မျက်နှာ ဆောက်စရာ မလိုတော့ဘူး။ ငါ အဖေနဲ့ အပြတ်စာရင်းရှင်းတော့မှာပါ။ မိုးကြိုး ဆက်တိုက် အပစ်ခံရတော့မယ့် သားလိမ္မာပါပဲ။

          သူသည် အဖေ့အား ရဲရဲရင်ဆိုင်လိုက်၏။ အဖေ ရိုက်လျှင်လည်း ရိုက်ပါစေတော့။ သူ့ဆုံးဖြတ်ချက်က ခိုင်မာပြီးသားပါလေး

          “အဖေ.. အဖေနဲ့ ကျွန်တော် လူကြီးတွေရှေ့မှာ ပြောမကောင်းလို့ အပြင်ခဏထွက်ပြီးပြောကြရအောင်။ သားအဖ မဟုတ်ဘဲ ယောက်ျား ချင်း စကားပြောကြတာပေါ့ ။

          တရားသူကြီးမင်းကို ခဏလေးပါဟု တောင်းပန်ကာ သားအဖ နှစ် ယောက် အပြင်ဘက် ထွက်သွားကြသည်။ ဝမ်းနည်းခြင်းကြီးစွာ လရိပ် ငိုရှိုက် ကျန်ရစ်ခဲ့သည်။ အမေ့ ကျောပြင်ကို ကြည့်လျက် အတွင်းသိ အစင်း သီ သူငယ်ချင်း မျိုးရည်က ကောင်းချီးပေးသည်။

          “ဘဝမှာ သူ့သားဖြစ်ရတာကိုက ငရဲကံဆိုးတာပါပဲ။ ဒီကောင့် ဖားသား ကြီးက တကယ့်ကို အနောက်ပါပဲကွာ”

          မျိုးရည်၏ အဆိုပြုချက်ကို လရိပ်မှလွဲ၍ အားလုံးက တညီတညွတ် တည်း ထောက်ခံကြလေသည်။

          အပေါ်ထပ်က သန့်စင်ခန်းတွေဘက်သွားရာ စကြံကော်ရစ်ဒါမှာ လူသွားလူလာ ရှင်းသည်။ အဖေသည် သူ့အား ရင်ဆိုင်ရမှာ မျက်နှာပူနေ သည်ကို သူ သိပါသည်။ မျက်နှာပူတော့ အဖေက မျက်နှာလွှဲကာ ကျော ပေးထားပြီး ကောင်းကင်ကို မျှော်ကြည့်နေသည်။ ခုအဖြစ်က ယောက်ျား သား နှစ်ဦး နှလုံးသားချင်း စစ်ခင်းရမည့်ကိစ္စ၊ မိန်းမနှင့် ပတ်သက်လျှင်အဖေက အတ္တကြီးသည်။ သူပဲ ပိုင်ချင်သည်။ ဇင်မာမျိုးတုန်းကလည်းသားအဖ ထိပ်တိုက် ကွန်ဖရန်တေးရှင်း (Confrontation) တွေ့ခဲ့ကြဖူး သည်။ သနား၍ ကူညီပေးခဲ့ရာမှ ကရုဏာစိတ်ကြောင့် ဇင်မာမျိုးကို သံယောဇဉ် နွယ်ခဲ့သလို ဖြစ်ခဲ့သည်။ ဇင်မာမျိုးကလည်း စိမ်းသော ကျက်သော သားသော အဖေသော စည်းခွဲခဲ့သူ မဟုတ်။ သည်တုန်းကလည်း လက္ခဏ တောင်မှ ရာမ အတွက် လေးမတင်ဘဲ သီတာဒေဝီကို လွှဲခဲ့လိုက် တာပဲ။ သူတို့က ညီအစ်ကို မင်းနဲ့ ငါက သားအဖ မင်းကိုယ်မင်း ဖခင်ကြီး အတွက် စွန့်လွှတ် အနစ်နာခံတဲ့ သားလိမ္မာကြီးအဖြစ် နောင်လာနောက် သားတွေ စံနမူနာယူနိုင်ဖို့ သမိုင်းကမ္ပည်းမှာ မော်ကွန်းထိုးပစ်လိုက်စမ်း ပါ ရဲရင့်ရာ တဲ့။ အဲဒီတုန်းကတော့ သူက အချစ်ဆိုတာ ဘာမှန်းတောင် မသိခဲ့တဲ့သူ၊ ဘာမှလည်း ခံစားမှုမရှိ အေးဆေးပါပဲ။ တန်ဖိုးမထားတတ် ခဲ့တော့လည်း တန်ဖိုးမသိခဲ့တာပဲ ဖြစ်လိမ့်မည်။ အခုလရိပ်ကျတော့ အဲလို မဟုတ်တော့ လုံးဝ ဆန့်ကျင်သွားပြီ၊ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အနှိုင်းမဲ့ အရာ။ လက္ခဏတွေ ရာမတွေ၊ ကျန်စစ်သားတွေ၊ အနော်ရထာတွေ ဘာမှလာမပြောနဲ့။ အားလုံး နေခဲ့တော့။ အားလုံးကို အဟောင်းတန်းမှာ ပို့ပစ်လိုက်ခဲ့ပြီ၊

          သူသည် အဖေ့ကို ဘယ်က စပြောရမည်မသိ ဖြစ်နေစဉ် အဖေက စပြောသည်

          “ရှေ့မျက်နှာ နောက်ထားပြီး ဆိုက်ကားပြောင်းပြန်စီးသလို မျက်နှာ ပူပူနဲ့ ပြောရတော့မှာပဲ။ တကယ်တမ်း စဉ်းစားကြည့်ရင် ငါ့ကိုယ်ငါပဲ သနား တယ် ရဲရင့်။ ချစ်တတ်ခဲ့ခြင်းရဲ့ အပြစ်ဒဏ်ပေါ့။ ရည်မွန်ဟာ မိန်းမတွေ အပေါ်မှာ သစ္စာရှိခဲ့တယ်။ ဒါပေမဲ့ မိန်းမတွေအားလုံးကတော့ ရည်မွန့် ကို သစ္စာဖောက်သွားကြတာချည်းပဲ”

          ခုချိန်မှာ အဲသည်လို ခြေဆင်းတွေ၊ ပတ်ပျိုးတွေ၊ intro တွေကို သူ သည်းမခံချင်တော့ပါ။ အမေသာ အဖေ တော်ကီတစ်ကြောမှာ မျှော်ရီမောလျက် မျောပါသွားလိမ့်မည်။ သူ့ကိုတော့ ဒီလိုလုပ်လို့ မရ။ သူက အဖေ့အကြောကို နောကျေနေပြီ။

          “ကျွန်တော့်ကို စင်ပေါ်မှာ တောပြဇာတ် ကသလို လက်ခုပ်တဖြောင်း ကြောင်း တီးမယ့် စကားလုံးတွေ လာရွတ်ပြရမယ့်အချိန် မဟုတ်ဘူး အဖေ။ အကောင်းဆုံးက အဖေ အခုအိမ်ပြန်ပါတော့ဗျာ။ ပြီးတော့ ကျွန်တော့် ကို အမွေစား အမွေခံသားအဖြစ်မှ စွန့်လွှတ်ကြောင်း သတင်းစာထဲ ထည့် လိုက်တော့။ ကဲ... ပြန်တော့ အဖေ"

          “ဟေ့ကောင် မင်း ဘယ်လိုပြောလိုက်တာလဲ ရဲရင့်” အဖေက မျက်နှာကြီး ရဲသွားကာ ဒေါသနှင့် အော်လိုက်တော့ သူ ကြောင်သွားသည်။ သူ ဒီအသက်အရွယ်ထိ အဖေ အခုလို ဒေါသနှင့် ပြောခြင်းကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါ။ ဘယ်သူနှင့်ပဲပြောပြော အဖေ စကားတွေသည် ပန်းကလေးတွေ ဖြစ်နေတတ်စမြဲ။ အခုတော့ အရင်က ဗုံစံနှင့် လုံးဝ ဖီလာ။

          “မင်း ဘာစကားပြောတာလဲ ရဲရင့်။ မိဘမေတ္တာကို နားမလည်ချင် နေ မစော်ကားနဲ့။ မင်းကွာ ဒီမှာ မင်း နားဝင်ခံသာမယ့် စကားကို ငါ ဘယ်က စပြောရမှန်းမသိလို့ မနည်းစဉ်းစားနေရတဲ့ ငါ့မေတ္တာကို မင်း စော်ကားတယ်။ ရဲရင့် မင်းဟာ ငါ့ရဲ့ တစ်ဦးတည်းသော သားပါ။ မင်းကို ငါက သူငယ်ချင်းလိုပဲ ပေါင်းခဲ့တာ။ ဝါသနာကို မဖျောက်နိုင်လို့ ငါ small လေးတွေ ထားခဲ့မိတယ်။ ကျန်းမာရေးကို အကြောင်းပြပြီး နေညိုလို့ လေ ပိုရင် စင်ကင်လေးတွေကို ရီဝေဝေ ခံစားရင်း ဒါ အပုပ်ကောင်တွေပဲလို့ တရားသဘောကို နှလုံးသွင်း ဆင်ခြင်ပြီး ရှုတယ်။ ငါ့မှာ အပြစ်ဆိုလို့ အဲ့လောက် ပိစိညှောင့်လေးပဲ ရှိတာပါကွာ”

          သူသည် အဖေ့အား တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟန်းဖုန်းမြည်သံ ထွက်လာသည်။ အဖေဖုန်းမှ ဖြစ်သည်။ မျက်မှောင် ကြတ်လျက် စကရင်ပေါ်မှ နံပါတ်ကို အဖေ ကြည့်သည်။ နံပါတ်မပေါ်ဘဲ နာမ ပေါ်နေ၏။

           " Puy Soe Mhu Aye Ka Yi ပိုင်စိုးမှု ဧကရီ ဆိုတော့ ဟ... မင်း အမေရဲ့ ဖုန်းပဲ”

          " Lady First, Baby Second... 88.000 Sucou & သည် ဒုတိယတဲ့။ မင်းနဲ့ပြောတာ ခဏနားမယ်။ မင်းအမေကို ဦးစားပေး လိုက်မယ်”

          အဖေက ဖုန်းဖွင့်သည်။

          “ပြောပါ မြက်နွယ်၊ ငါပါ ရည်မွန်ပါ "

          “ကိုရည်မွန် ရှင် အခု ဘယ်မှာလဲ သားကရော ဘယ်မှာရှိနိုင်လဲ။ သားဆီ ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ်။ ကျွန်မ... ကျွန်မ အခု ဆေးရုံမှာ အဖေလည်း ပါလာတယ်အဖေနဲ့ ကျွန်မ ဘာလုပ်ရမှန်းမသိ ဖြစ်နေလို့။ ကိုကြီး... ကိုကြီးဩ ဆုံးတော့မယ်။ အခု သူ့ရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပါပြီ ကိုရည်မွန်ရယ်”

           အမေ့စကားကြောင့် အဖေ့မျက်နှာထက်မှာ ပြိုလူ မိုးသားညိုတွေ မှိုင်းတက်လာသည်။ အမေ့မျက်ဝန်းတွေထဲမှာ ကြေကွဲရိပ်တွေ ရှိနေသည်။ အမေ့ရိုက်သံမှ မမြင်ရသော လက်ချောင်းတွေသည် အနှလုံးအိမ်အား ဆွဲကိုင် ဖျစ်ညှစ်ထားလေသည်။ အဖေနှလုံးအိမ်သည် နုနယ်၏။ မိန်းမ တစ်ယောက်၏ မျက်ရည်တစ်စက်သည် အနှလုံးအိမ်အတွက် အက်ဆစ် တစ်စက်နှယ် အစွမ်းထက်လှသည်။

          “မငိုပါနဲ့ မြခက်ရယ်မငိုနဲ့နော်၊ အားတင်းထား ကိုရည်မွန် မြခက် ဆီ အခုချက်ချင်း လိုက်လာခဲ့မယ်။ ဘာမှ အားမငယ်နဲ့။ သားလည်း ကိုရည်မွန့် ဘေးမှာ အခုရှိတယ်ရော့.. သား မင်းအမေနဲ့ စကားပြော လိုက်ဦး "

          ဘာမှန်းမသိဘဲ အဖေ လှမ်းပေးလိုက်သည့် ဖုန်းကို သူ လက်ခံလိုက် ရပြီး အူကြောင်ကြောင်နှင့် “ဟဲလို” လိုက်ရသည်။

          “သား ရဲရင့်၊ အခု ဘယ်မှာလဲ”

          “သားရော အဖေရော တရားရုံးကို ရောက်နေတယ် အမေ။ ကြော် အမေ ဘာမှမစိုးရိမ်နဲ့၊ ပြဿနာနဲ့ရောက်တာ မဟုတ်ဘူး။ သားကိစ္စနဲ့  လာတာ။ အဲဒါ အဖေက ကဖျက်ယဖျက် လိုက်လုပ်နေတာ အမေ အမေ တစ်ခုခုများ ဖြစ်နေလို့လား"

          “ကိုကြီးဩ ဆုံးတော့မယ် သား၊ နောက်ဆုံးအချိန် ရောက်နေပြီ။ မင်း ဦးကြီးက မင်းကို သံယောဇဉ် သိပ်ကြီးရှာတာ။ သူ မင်းကို နှုတ်ဆက် ဖို့ စောင့်နေရှာတယ်။ သူ့လမ်းသူ ဖြောင့်ဖြောင့်သွားနိုင်အောင်လို့ သား ဆေးရုံကို အမြန်လိုက်ခဲ့ပါ ။

          အမေ့စကားကြောင့် သူ့နှလုံးသားတစ်ခုလုံး "ဒိန်း' ခနဲ ခုန်လှုပ်သွား သည်။ ပြဿနာပါ။ လာပြန်ပြီ တစ်ယောက်၊ ကံကြမ္မာကလည်း တကယ့်ကို မိုက်ချက်က ကမ်းကုန်လှပါလား။ ငါ လက်ထပ်တဲ့နေ့မှာမှ အဖေက သူ့အီစီကလီလေးဖြစ်တဲ့ ငါ့သတို့သမီးကို ဆွဲထုတ်ကာ မင်္ဂလာပွဲ လာဖျက်သည်။ ဆေးရုံမှာ နှစ်လကျော်အိပ်ရာထဲ လဲနေသော အဆုတ် ကင်ဆာရောဂါသည် ဦးကြီးကလည်း ဒီကနေ့ မနက်မှာမှ ကောက်ကာ ငင်ကာ သေရှာတော့မည် ဆိုပါလား။ လရိပ်ရယ် နင်နဲ့ ငါရဲ့ နှလုံးသား နှစ်ခု ဆက်သွယ်ပြီး ခင်းထားတဲ့ တံတားလေးကို ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်မယ် စီစဉ်နေတုန်းမှာပဲ သူတို့ ချိန်ကိုက် လာတပ်ကြတာပါလား။ ဒါပေမဲ့ အဆုံးသတ်ထိ ငါ ဆက်လျှောက်သွားမှာကို နင် ကြည့်နေပါ လရိပ်။

          ဒီလိုနေရာမျိုးမှာ အဖေ့ဘက်က ဗီဇလည်း မပါ အမေ့ဘက်က ဦး လည်း မရှိပါလေပဲ ရဲရင့်တို့က ဉာဏ်ပြေးသည်။ ယခု သူ ကြုံတွေ့နေရသော မဟာပြဿနာမှ အကောင်းဆုံး ဖောက်ထွက်နိုင်မည့် လမ်းစကို လက်ခနဲ ပြေးမြင်လိုက်ပြီ ဖြစ်သည်။ ရဲရင့်တို့ ကံကောင်းချင်တော့ ခုတုံး လုပ်စရာ သေကာနီး ဦးလေး မသာလောင်းကလည်း အဆင်သင့် ရှိနေ သည်။ စစ်ပွဲအား အနိုင်ရတော့မည့် စစ်သူကြီးတစ်ယောက်နှယ် သု ပြီးသည်။ အမေ့မျက်နှာအား ပြုံးပြုံးကြီး ကြည့်လိုက်ပြီး အမေ့ဆီ စ ဆက်ပြောလိုက်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)