Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - လှည့်စား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း(၁]

          နေ့ခင်းအပြန် လူတင်ရန်ပင် မစောင့်တော့ဘဲ သူ ဆိုက်ကားကို အေးအေးလူလူပင် နင်းကာလာသည်။ ဆိုက်ကားအုံနာခအပြင် ကိုယ့် အတွက် အစိတ်လောက် ပိုနေပြီ။ ဘီအီးတစ်ပိုင်းလောက် ကစ်ပြီး အိမ်ပြန် ထမင်းတစ်ဝကြီးစားပြီး အိပ်ပစ်လိုက်မည်။ သူ့ရွှေစိတ်ကူးကို ကူးရင်း လေချွန်ကာ ရှေ့မှာလူမရှိပါဘဲ ဘဲလ်ကို ပျော်ပျော်ကြီး သုံးကြိမ် တီးပစ်လိုက်၏။

          ဈေးလမ်းအကွေ့ကို ရောက်တော့ သူ ဘရိတ်ကို ထိတ်လန့်စွာ တအားကြုံညှစ်ရ၏။ “လူအုပ်ကြီး ́။ သူ ရုတ်တရက် စိတ်တော်တော် ထိတ်လန့်သွားသည်။

          ကားတိုက်တာလား...။ ဘာဖြစ်တာလဲ...။ 

          မဖြစ်နိုင်။ ကားတိုက်တာဆိုလျှင် လူတွေ ဒီလို အော်ဟစ်ပျော်ရွှင်နေကြမှာ မဟုတ်။ ကထိန်လား...၊ ဘုရားကိုးဆူလား...။ မဖြစ်နိုင်။ ကားက B.M ကား တစ်စင်းတည်။ ဒါနဲ့ သူလည်း ဆိုက်ကားအရှိန် လျှော့ကာ B.Mကားနား ကပ်လာတော့ သူကြည့်ခဲ့ဖူးသည့် ကားထဲက ရုပ်ရှင်သရုပ်ဆောင်တွေ...။

          “ကိုရွှေမဲကြီး...ရယ်ရအောင် သရုပ်ဆောင်နော်...။ အရမ်း ရယ်ရတယ်။ သိလား...”

          “စိတ်ချ...။ ဒီတစ်ကားမှာ နံရိုးတွေပေါ် ချတပ်ကြီး ချီတက် နေသလိုကို အူတယားယားနဲ့ ရယ်ရမှာ...။  စိတ်ချ”          

          ဝိုင်းကြည့်နေသော ပရိတ်သတ်က ဝါးခနဲ ရယ်လိုက်ကြသည်။ လေးထောင့်ဆိုတဲ့ သရုပ်ဆောင်က တစ်ခန်းထပြန်သည်။

          “သိပ်ရယ်ရအောင် မလုပ်နဲ့ကွ။ ညဘက် ထယောင်ရင်း ရယ် ရယ်နေလို့ ယောက်ျားက မသင်္ကာဖြစ်ပြီး ထရိုက်နေဦးမယ်”

          “အောင်မာ...အပျိုကြီးရှင့် အပျိုကြီး။ ရယ်ရတာပဲ စိတ်ဝင်စား တယ်”

           ဝိုင်းကြည့်နေသူတွေက ဝါးခနဲ ရယ်ကြပြန်သည်။

          “ဒါဆို...အတော်ပဲ။ ထိုးဝါးဆိုတဲ့ ကောင်ကလည်း အပျိုကြီး တွေ လိုက်ရှာနေတာ...။ ဒီကောင်က ရှည်သလား မမေးနဲ့”

          လ ဝိုင်းကြည့်နေသူတွေက အပျိုကြီးဆိုသူကို ကြည့်ကာ ရယ်ကြ သည်။ အပျိုကြီး ရှက်ကာသွား၏။ မျက်နှာကြီးနီကာ သူကိုယ်တိုင်လည်း ရယ်သည်။

          “ရှည်ရင် နင့်နှမနဲ့ ပေးစားလိုက်”

          “ဪ...အပျိုကြီးကလည်း ဘာတွေတွေးနေတာလဲ။ အပျို ကြီးများ တွေးလိုက်ရင် တလွဲချည်းပဲ။ စကားကြောရှည်တာကို ပြောတာ။ ဒီကောင်က ရယ်စရာတွေပြောရင် အရှည်ကြီးပြောတတ်တာ။ အပျိုကြီးနဲ့ ဆို OK ပဲ။ ဟေ့ကောင်...ငါ့ အောင်သွယ်ခ အရက်တိုက်”

          ဝါးခနဲ ရယ်ကြသည်။ ထိုးဝါးက ရွှေမဲခေါင်းကို သူ့ပေါင်ပုတ်ရ ပြီး အသံထွက်ကာ မနာအောင် ရိုက်သည်။ အောက်က ပရိတ်သတ်က

ရယ်ကြ၏။

          “အဲ့ဒါဆို...ကျွန်တော့် မယူနဲ့၊ ကပ်ဖဲကိုယူ အပျိုကြီး။ ဒီကောင် က ကပ်ပြီးမှ ဖဲ့တာ...”

          “ဟ...ဘာ ကပ်ဖဲ့တာလဲကွ” ။

          “အပျိုကြီးခေါင်းကို သူ့ရင်ဘတ်ထဲ ဆွဲကပ်ပြီး ဟော့ဒီလို ဆံပင်တွေကိုရှာ...သန်းတွေ့ရင်တော့ ဖဲ့ပြီသာမှတ်”

          “သန်းမတွေ့ရင်ကော...” 

          “သန်းမတွေ့ရင်ကော ဖဲ့တာပဲ”

          တဝါးဝါးနှင့် ပွဲကျနေကြသည်။ သူတို့က အငြိမ့်စင်ကနေ ဖလင်ပေါ်ကို ကူးတဲ့ ဇာတ်ပို့တွေဆိုတော့ အတိုင်အဖောက်ကလေး ညီသည်။ အပေးအယူက ရသည်။ ကားအောက်က ပရိတ်သတ်အတွက် အရပ်ပြဇာတ်ကလေးတစ်ခုလို ဖြစ်နေသည်။

          ထိုအချိန်မှာ B-600 လေးဘီးကားကလေးနှင့် ဘူးသီးနှင့် ကြာစေ့ ရောက်လာကြပြန်သဖြင့် ပရိတ်သတ်က ထိုဘက် အာရုံပြောင်း သွားကြပြန်၏။ အော်ကြ၊ နောက်ကြနှင့် ပျော်စရာကြီးကို ဖြစ်နေသည်။

          “ကိုကြာစေ့...။ ဘယ်မှာသွားရိုက်ကြမှာတုန်း”

           “လကမ္ဘာမှာ” 

           “ကားနာမည်က ဘာလဲ”

           “လမုကိုလမဲ့ မလုပ်နဲ့တဲ့”

           “မင်းသား၊ မင်းသမီးကရော...”

           “မယ်လေညှင်းနဲ့ မောင်လေအိုး...တဲ့”

          တစ်ယောက်လာ တစ်ခါပြော၊ တစ်ခါရယ်နှင့် ဒီကားကြီးကို ထွက်တောင် မထွက်စေချင်တော့။ ကားပြတင်းပေါက်မှာ ပျော်စရာကောင်းသလောက်၊ ကားနောက်ပိုင်းမှာ တိတ်ဆိတ်စွာ ထိုင်နေသူ ငါးယောက်ရှိပါသည်။ သူတို့ကိုတော့ ဘယ်သူမှ မနှုတ်ဆက်ကြ။ သူတို့က မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေ၊ ပါးသိုင်းမွှေးတွေနှင့် မျက်နှာကြီး တွေက ခပ်တည်တည်နှင့် တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေပုံ ရသည်။

          “ဟဲ...ဟဲ...။ ဟိုနောက်မှာ ထိုင်နေတဲ့လူကြီး “ကမ်းပါးမဲ့ မေတ္တာ”ကားမှာ မင်းသားကို သတ်တဲ့ လူကြီးမဟုတ်လား”

          “ဟုတ်တယ်...။ ကြောက်စရာကြီးနော်”

          “နင်တို့ကလည်း ရုပ်ရှင်ပဲ တကယ်သတ်တာမှ မဟုတ်တာ။ အိုက်တင်ပေါ့ဟ...”

          “အို...တင်တင် မတင်တင် ဒီပုံစံကြီးတွေကို ကြည့်လို့ကို မရတာ...။ ကြောက်စရာကြီးတွေ...”

          ဪ..သူတို့ ဒီလို အိုက်တင်ပီပြင်အောင် လုပ်ပြပြန်တော့ လည်း သူတို့ကို လူယုတ်မာ၊ လူ့ကြောက်စရာကြီးတွေလို့ ထင်ကြ၊ မုန်းကြပြန်သည်။ အိုက်တင်လျော့တော့လည်း ဒါရိုက်တာက ဆူသည်။ ဝါသနာကြောင့်ရယ်သာ...။ လူကြမ်းကို မင်းသားတင်ရိုက်မယ့် ကားလေး တစ်ကားလောက်ကို ယက္ခကြီး မျှော်နေမိသည်။

          ယက္ခကြီးလိုပဲ မျှော်နေသူ နှစ်ဦးရှိပါသည်။

          သူတို့က ရင်တထိတ်ထိတ်နဲ့ မျှော်နေရခြင်း ဖြစ်၏။ စက်အဖွဲ့က ကင်မရာနှင့် က ရိန်းပစ္စည်းတွေကို နောက်ကကားပေါ် တင်နေကြသည်။ မင်းသား၊ မင်းသမီးက အခုထိ မလာသေး။ ကားပေါ်မှာ ကျန်အဖွဲ့တွေ တော်တော်စုံနေကြပြီ။

          “ဟေ့ကောင် မှတ်ကြီး...။ အောင်ဝင်းကို သွားခေါ်စမ်းကွာ”

          အောင်ဝင်းက ကင်မရာမင်း ဖြစ်သည်။ ဒီကားရိုက်ဖို့ စစီစဉ် ကတည်းက ပြဿနာရှိနိုင်မှန်း ဒါရိုက်တာကြီး ဦးတင်ကို သိပါသည်။ မင်းသားက အခု ၁၉၈ဝ မှာ တရှိန်ထိုး နာမည်တက်လာသော မင်းသား။ သူ့ကားမှန်သမျှ လူငယ်ပရိတ်သတ် အသည်းစွဲ။ မင်းသမီးက ၁၉၅၉ ခုနှစ်မှာ လျှမ်းလျှမ်းတောက်ခဲ့ပြီး အကယ်ဒမီပင် ရခဲ့သည်။ သူနှင့် မင်းသားသစ် တွဲလျှင် သူ အပို့ကောင်းသည့်အတွက် မင်းသားတစ်နေရာ တော့ ရသွားတာ များသည်။

          ခက်တာက နှစ်ဦးစလုံး အောင်မြင်မှု၏ အထွဋ်အထိပ်မှာ ဆိုတော့ နှစ်ယောက်တွဲပြီး ရိုက်တဲ့ကား မရှိ။ ညှိ၍လည်း မရ။ ဒါကို ဒါရိုက်တာ ဦးတင်ကိုက ရအောင်ညှိခဲ့သည်။ ဇာတ်လမ်းကို စီးနိုင်သည်။ သူရိုက်လို့ အကယ်ဒမီရသွားတဲ့ကားလေးကားရှိပြီ။ သူအလှည့်ကတော့ မရောက်သေး။ သူ စီးကရက်တစ်လိပ်ကို ထုတ်ကာဖွားသည်။ အောင်ဝင်း ရောက်လာ၏။

          “လိုက်တင်(Lighting)ရဦးမလား အောင်ဝင်း”

          “နောက်ထပ် လေးဆယ့်ငါးမိနစ်လောက်တော့ ရဦးမယ် ထင် တယ် ဆရာ။ တိမ်တော့ ကင်းတယ်။ ဒါပေမဲ့ နေက ကျတော့မှာ”

          “မှတ်ကြီး...မှတ်ကြီး...။ လာစမ်း”

           “ဟုတ်ကဲ့ ဆရာ”

           “ဆိုက်ကားတစ်စင်းနဲ့ Phone ဆက်လို့ ရတဲ့အိမ်ကိုသွား။ နှစ်ယောက်စလုံးဆီ Phone ဆက်။ အချိန်မရှိတော့ဘူး၊ အမြန်လာပါလို့။ ငါမှာတယ်လို့ပြော...”

           ရှုတင်မန်နေဂျာ မှတ်ကြီး လွယ်အိတ်ကြီးလွယ်၍ ပြေးထွက်သွား၏။

          “ခက်တယ်ကွာ...”

          “ဟုတ်တယ်ဆရာ...။ သူတို့နှစ်ယောက် ဘာပဲဖြစ်ဖြစ် လု ကြ မှာပဲ။ ကျွန်တော့်ကို လာပြောရင် သိပ်ခွကျတယ်။ နှစ်ယောက်စလုံး ကလည်း ရင်းနှီးနေတော့...”

          “အောင်ဝင်း...ဒီကိစ္စကို ငါစီစဉ်တာ။ မင်းကို ဘာလာပြောပြော ငါ့ဆီပဲ ပို့ပေးလိုက်။ ငါ ဒါ အလုပ်လုပ်နေတာ။ အလုပ်နဲ့မဆိုင်တဲ့ ကိစ္စဆို ငါနဲ့လည်း မဆိုင်ဘူးပေါ့ကွာ...”

               ထိုလမ်းကလမ်းကလေးမျှသာဖြစ်သည်။တစ်ဘက်တစ်ချက်ခြံဝန်းကြီးတွေနှင့်အိမ်ကြီးအိမ်ကောင်းငါးလုံးစီ၊ ပြီးလျှင် ရှေ့မှာ အကြီးဆုံးတိုက်အိမ်ကြီးက ပိတ်ဆောက်ထားသည်။ ထိုအိမ်ဆယ့်တစ်လုံးအတွက် ကိုယ်ပိုင်လမ်းကလေးလို ဖြစ်နေသည်။ ထိုလမ်းကလေးထဲမှာ ဖီယက်ကား ကလေးတစ်စင်း နံဘေးချရပ်ထား၏။

          ကားပေါ်တွင် နာမည်ကြီးမင်းသား ဇော်လတ်...။ ဇာတ်ညွှန်း ကို အသေအချာဖတ်နေသည်။ ဇာတ်ညွှန်းက ဒါရိုက်တာကိုယ်တိုင် ရေးတာဆိုတော့ ပြောစရာမရှိအောင် ပြည့်စုံပါသည်။ သူ တော်တော် စွန့်စားရမည့်အခန်းတွေလည်း ပါသည်။ အပင်ပန်းခံရမည့်အခန်းတွေ လည်း ပါသည်။ ပထမပိုင်းမှာ သူ ပရိတ်သတ်ဆီက ယုံကြည်မှုရအောင် ယူရမည်။ ဒုတိယပိုင်းမှာ ပရိတ်သတ်ဆီက အားကိုးမှု ရအောင်ယူရမည်။ နောက်ဆုံးအပိုင်းမှာ ပရိတ်သတ်ဆီက ကရုဏာကို ရအောင်ယူရမည်ဟု သူ ခွဲကာ မှတ်ထားလိုက်သည်။

           ခက်တာက ဟိုမင်းသမီး။ သူနှင့်လည်း တစ်ခါမှ တွဲမရိုက်ဖူးခဲ့။ အိုက်တင်ကောင်းတာကိုတော့ ဒီမင်းသမီးရဲ့ကားတွေ သူ သွားကြည့် ကြည့်ထားလို့ သိပါသည်။ သရုပ်ဆောင် ပါးနပ်သည်။ တစ်ခါတစ်ရံ တစ်ခြား ဒုတိယဇာတ်ပို့က ဦးဆောင်ရမည့်အခန်းမျိုးကို သူက အိုက်တင် နှင့် လေနှင့် ယူသွားတတ်သည်။ ဝင်လုတာပေမဲ့ ပရိတ်သတ်ကလည်း သတိမထားမိ။ ထိုမင်းသမီးလည်း မသိလိုက်။

          ခက်တာက အခုကားက အက်ရှင်နှင့် စွန့်စားခန်း ရောနေသော ကားဖြစ်၏။ သူက ကြိုးစားသလောက် သူမ ပါမလာလျှင် သေပြီ။ ထိုစဉ်..

         “အစ်ကို...အစ်ကို...။ သူ့ကား ဖြတ်သွားပြီ အစ်ကို”

          “သေချာလို့လား အေးမင်း” ပါ

          “ဟာ...အစ်ကိုကလည်း သူ့ ဘောက်စဂွန်ကားလေးကို ကျွန်တော် သိနေတာပဲ။ သူ ခေါင်းခန်းက ပါသွားတယ်။ အစိမ်းရောင် အင်္ကျီနဲ့။ သူ့မာမီက နောက်က…”

           ဇော်လတ် အပျင်းကြော တစ်ချက်စွဲကာ ငါးသုံးလုံးစီးကရက် တစ်လိပ်ကို မီးညှိသည်။

          “ဒီ စီးကရက်ကုန်ရင် မောင်းမယ်...”

           ကားရှေ့က ဒရိုင်ဘာ အာကာက ခေါင်းကို ပိတ်သည်။ ဇော်လတ် စနိုးနည်းနည်းလူးကာ ခေါင်းကို သပ်ရပ်စွာပြီးသည်။ ပြီးတော့ စီးကရက်ကို ဖွာကာ နာရီကို ကြည့်နေသည်။ 

          မေစိုးမိုးကား ရောက်လာပြီး ကားပေါ်က ဆင်းကတည်းက လူရွှင်တော်တွေဘက် အုံနေသော ပရိတ်သတ်ကြီး ပုန်းခနဲ မင်းသမီးဆီ ပြေးကြသည်။ မင်းသမီးနာမည်ကို အော်ဟစ်ခေါ်ကာ နှုတ်ဆက်ကြသည်။ တစ်ချို့ ရဲသူများက မင်းသမီးလက်မောင်းတို့ လက်တို့ကို ကိုင်ကြည့်ကြ ၏။ မင်းသမီးနောက်က မာမီက စိတ်ဆိုးကာ မာမီသံနှင့် အော်သည်။

           “ဘယ်လိုဖြစ်နေကြတာလဲ...။ မပြောချင်ဘူး...သိလား။ ဟဲ... ...အရမ်းမတို့နဲ့လေ။ ကျွန်မ စိတ်တိုလာပြီနော်...။ ဪ...မကိုင်ပါနဲ့ ဆိုမှ...”

         စက်အဖွဲ့က ကောင်လေးတွေ အတင်းဝင်ထိန်းကာ လမ်းရှင်း ပေးကြရ၏။ မေစိုးမိုးကတော့ ပြုံးကာ အားလုံးသော ပရိတ်သတ်ကြီးကို လက်ပြရင်း တိုးဝင်၍ ဒါရိုက်တာ ဦးတင်ကိုဆီ သွားသည်။ စက်အဖွဲ့က ပရိတ်သတ်ကို မတိုးရအောင် ဝိုင်းတားပေးရ၏။

          “ရေနွေးဘွိုင်က ပျက်နေလို့ ရေနွေးအိုးတည်ပြီး ရေချိုးနေရလို့ နောက်ကျသွားတယ်ဆရာ...။ ခွင့်လွှတ်ပါ”

          မင်းသမီးက လက်အုပ်ကလေးချီကာ အပြုံးဖြင့် ပြောသည်။ ဒါရိုက်တာက ကောင်းကင်ကို လှမ်းကြည့်သည်။ နေမင်းကို လက် အုပ်ဖြင့် မချီထား၍ မရ။

          “မမ...Auto လေး ထိုးပေးပါနော်...။ အမှတ်တရပါ”

          “သမီးကိုလည်း ထိုးပေးနော်”

          “ဟဲ့...ငါ့လည်း ထိုးဖို့ပြောဦး။ ဒေါ်ကုလားမလို့” 

          “ထိုးပေးပါ့မယ်။ ကားပေါ်ရောက်တော့ အားလုံးကို ထိုးပေး